ပုပ္ပားမျောက်မြှီးရှည် -Popa Langur

  • Home
  • Myanmar
  • Yangon
  • ပုပ္ပားမျောက်မြှီးရှည် -Popa Langur

ပုပ္ပားမျောက်မြှီးရှည် -Popa Langur Popa Langur (Trachypithecus Popa)

Great Hornbill is symbolic of peace
14/05/2025

Great Hornbill is symbolic of peace

A pair of Great Hornbill, male & female. © Kyaw Kyaw Naing-Fauna & Flora Myanmar Programme
Location: Pauksa mountain area, Magway region, Myanmar

ပုပ္ပါးမျောက်မြှီးရှည် (Popa Langur) 🐵🐒🐒✅ဒေသမျိုးစိတ်လေး Popa Langur ပုပ္ပါးမျောက်မြှီးရှည် လို့ခေါ်တဲ့ Popa Langur လေးတ...
09/11/2024

ပုပ္ပါးမျောက်မြှီးရှည် (Popa Langur) 🐵🐒🐒

✅ဒေသမျိုးစိတ်လေး Popa Langur

ပုပ္ပါးမျောက်မြှီးရှည် လို့ခေါ်တဲ့ Popa Langur လေးတွေဟာ မြန်မာနိုင်ငံမှာဘဲ တွေ့ရတဲ့ ဒေသမျိုးစိတ် Endemic Species လေးတွေ ပဲဖြစ်ပါသည် ။

✅ပျံ့နှံ့နေထိုင်မှု

ပုပ္ပါးမျောက်မြှီးရှည် လေးတွေကို ပုပ္ပါးတောင် ၊ ပန်းလောင်-ပြဒါးလင်း၊ ပဲခူးရိုးမ နဲ့ ကရင်ပြည်နယ်ရှိ ရသေ့ပျံတောင် တို့၌တွေ့ရပြီး စုစုပေါင်း အကောင်ရေ ၂၅၀အောက် ဟုခန့်မှန်းထားကြသည်။

✅ပုံပန်းသွင်ပြင်

မီးခိုးရောင်ပါးလွှာနူးညံ့ သည့် အမွှေးများဖုံးလွှမ်း နေပြီး မျက်လုံး ပတ်လည်မှာ အဖြူရောင်ပတ်ပတ်လည် ကွင်းပုံစံရှိပြီး ပါးစပ်ပတ်လည်မှာလည်း အဖြူရောင် အမွှေးလေးများရှိပြီး ရှည်လျားသည့် အမြှီးက ၎င်းကို ပုပ္ပါးမျောက်မြှီးရှည်ဟု ခေါ်ဖို့ဖြစ်လာသည် ။

✅စားသောက်နေထိုင်မှု

အရွက်ကိုသာ အဓိက စားသုံးပြီး အသီးနှင့် သစ်ရွက်ရိုးတံများကိုလည်း စားကြသည်။ အကျယ်အဝန်း ၂၅၀ ဧကလောက်ကို ၎င်းတို့၏ နယ်နမိတ်အဖြစ်သတ်မှတ်ကာ နေထိုင်ကျက်စားလေ့ရှိပါသည်။

✅ခြိမ်းခြောက်မှုများ

သစ်တောဧရိယာတွေကျဆင်းလာသည်နှင့်အတူ ဖမ်းဆီးမွေးမြူခြင်း နှင့် အမဲလိုက်ဖမ်းဆီးသတ်ဖြတ် ခြင်းတို့ကြောင့် ပုပ္ပါးမျောက်မြှီးရှည် အရေအတွက်ကျဆင်းလာပြီး ပျောက်ကွယ်နိုင်သည့် မျိုးစိတ်အဖြစ် IUCN ၏ Red List တွင်ပါဝင်လာသည့် မျိုးစိတ်ဖြစ်သည့်အတွက် အသိပညာပေးလုပ်ငန်းများမှတဆင့် လေ့လာထိန်းသိမ်းကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 📣📣📣

# ပုပ္ပါးမျောက်မြှီးရှည်


Address

Yangon
11091

Website

Alerts

Be the first to know and let us send you an email when ပုပ္ပားမျောက်မြှီးရှည် -Popa Langur posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share