Myanmar SocieTy for Radiation Oncology-MSTRO

Myanmar SocieTy for Radiation Oncology-MSTRO About Cancer Treatments and Research

Behind every beam is a chance for more birthdays, more tomorrows. 💙 Radiotherapy is not just technology—it’s a lifeline ...
07/09/2025

Behind every beam is a chance for more birthdays, more tomorrows. 💙 Radiotherapy is not just technology—it’s a lifeline of hope, time & cure. On WorldRadiotherapyDay, let’s make it accessible for all.

14/04/2025
22/01/2025

2nd Myanmar National Radiation Oncology Conference (Opening Ceremony)

02/01/2025
ဒုတိယအကြိမ်မြောက် ဓာတ်ရောင်ခြည်ပညာရပ်ဆိုင်ရာညီလာခံ (11.1.2025-12.1.2025)ဓာတ်ရောင်ခြည်ကုသမှုများသည် ကင်ဆာရောဂါများအတွက် အ...
18/12/2024

ဒုတိယအကြိမ်မြောက် ဓာတ်ရောင်ခြည်ပညာရပ်ဆိုင်ရာညီလာခံ (11.1.2025-12.1.2025)
ဓာတ်ရောင်ခြည်ကုသမှုများသည် ကင်ဆာရောဂါများအတွက် အဓိကကျသော ကုသမှုတစ်ခုဖြစ်ပါသည်။ ကင်ဆာရောဂါကိုပျောက်ကင်းစေခြင်း၊ ရောဂါကိုထိန်းချုပ်နိုင်ခြင်း၊ ကင်ဆာကြောင့်ဖြစ်သော ဝေဒနာများကို သက်သာစေခြင်း စသည်တို့ဖြင့် ကင်ဆာပျောက်ကင်းမှုနှုန်းမြင့်မားစေရေးနှင့် လူ့ဘဝအရည်အသွေး မြင့်မားစေရေးတွင် ဓာတ်ရောင်ခြည်ကုသမှုသည် အရေးပါသော ကုသမှုလက်နက်တစ်ခုဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကင်ဆာရောဂါစုစုပေါင်း၏ ၅၀-၆၀ % ရာခိုင်နှုန်းမှာ ဓာတ်ရောင်ခြည်ကုသမှုကို လိုအပ်ပါသည်။
နည်းပညာကိုအခြေခံသော ဓာတ်ရာင်ခြည်ကုသမှုများသည် နေ့စဉ်နှင့်အမျှ ကမ္ဘာကြီးတွင် တိုးတက်ပြောင်းလဲလျှက်ရှိပါသည်။ ဓာတ်ရောင်ခြည်ကုသစက်များ၊ ကုသမှုနည်းပညာများ၊ ကုသမှုဆိုင်ရာ အထောက်အပံံ့ပစ္စည်းများ၊ ကင်ဆာရောဂါတစ်ခုချင်းစီအလိုက် နိုင်ငံတကာဓာတ်ရောင်ခြည်ကုသမှုစံနှုန်းများ လက်စွဲများမှာလည်း တိုးတက်ပြောင်းလဲလျှက်ရှိသဖြင့် ဓာတ်ရောင်ခြည်ပညာရပ်ဆိုင်ရာညီလာခံများမှ ရရှိသည့် နောက်ဆုံးပေါ်ကုသမှုပညာရပ်ဆိုင်ရာအသိအမြင်များသည် ကျန်းမာရေးဝန်ထမ်းများအတွက် တိုက်ရိုက်အကျိုးရှိသည်သာမက လူနာများအတွက်ပါ သွယ်ဝိုက်အကျိုးရှိသည်ဟု ပြောနိုင်ပါသည်။
ဒုတိယအကြိမ်မြောက် ဓာတ်ရောင်ခြည်ပညာရပ်ဆိုင်ရာညီလာခံကို ရန်ကုန်မြို့ Wyndham Grand Hotel တွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြည်ပနိုင်ငံ(၇)နိုင်ငံမှ ဓာတ်ရောင်ခြည်ပညာရှင်များနှင့် မြန်မာနိုင်ငံမှ ဓာတ်ရောင်ခြည်ဆေးပညာရှင်များမှ နောက်ဆုံးပေါ်ဓာတ်ရောင်ခြည်ကုသမှုများ၊ ကင်ဆာကုသမှုဗဟုသုတမျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်း၊ မြန်မာနိုင်ငံဓာတ်ရောင်ခြည်ကုသမှုနှင့် ကင်ဆာကုသမှုများ ပိုမိုတိုးတက်စေရေးအတွက် တိုင်ပင်ဆွေးနွေးခြင်း စသည်တို့ကို ပြုလုပ်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ပြုလုပ်ထားသော သုတေသနစာတမ်းပိုစတာများကိုလည်း မူရင်းသုတေသီများမှ ရှင်းပြမည့်အစီအစဉ်လည်းရှိပါသည်။ ဓာတ်ရောင်ခြည်ပညာရှင်များသာမက အခြားနယ်ပယ်မှဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအားလုံးကိုလည်း ပြောင်းလဲနေသော နည်းပညာခေတ်တွင် နောက်ဆုံးပေါ်ကင်ဆာကုသမှုများ၊ ဓာတ်ရောင်ခြည်ကုသမှုများ၊ သုတေသနတွေ့ရှိချက်များကို ကိုယ်တိုင်လာရောက်လေ့လာပြီး မိမိ၏အတွေ့အကြုံများကို ဆွေးနွေးဖလှယ်နိုင် ပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်၁၀၀၀)နှင့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီများရှိ ဓာတ်ရောင်ခြည်ဌာနများနှင့် အောက်ပါ ဖုံးနံပါတ်များတွင် မြန်မာနိုင်ငံ ဒုတိယအကြိမ်မြောက် ဓာတ်ရောင်ခြည်ပညာရပ်ဆိုင်ရာညီလာခံသို့ ပါဝင်တက်ရောက်ရန် စာရင်းပေးသွင်းနိုင်ပါသည်။

Management of Endometrial Cancer!
06/11/2024

Management of Endometrial Cancer!

Address

Bo Gyoke Road
Yangon
11091

Website

Alerts

Be the first to know and let us send you an email when Myanmar SocieTy for Radiation Oncology-MSTRO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share