02/02/2021
Myo Min Tun
ဘာ့ကြောင့် ၇၂ နာရီ စောင့်သင့်တာလဲ ဆိုတဲ့ မေးခွန်းအတွက် အတိကျဆုံး အဖြေ...
၂၀၀၉ခုနှစ်မှာ လက်တင် အမေရိကနိုင်ငံ တစ်ခုဖြစ်တဲ့ ဟွန်ဒူးရပ်နိုင်ငံမှာ စစ်တပ်ရဲ့ အာဏာထိန်းသိမ်းမှု ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်။ အဲ့ဒီ လုပ်ရပ်နဲ့ ပတ်သတ်ပြီး လက်တင် အမေရိကနိုင်ငံ အများစုက ဟွန်ဒူးရပ်နိုင်ငံရဲ့ သမ္မတ ဖြစ်သူ Zelaya လက်ထဲကို အာဏာပြန်လွှဲဖို့ တိုက်တွန်း ပြောကြားခဲ့သလို အမေရိကန် ပြည်ထောင်စုကလည်း စစ်အစိုးရကို ဖိအားပေးခဲ့တယ်။
အဲ့ဒီ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး အမေရိကနိုင်ငံများ အဖွဲ့အစည်းရဲ့ အထွေထွေ အတွင်းရေးမှူး တာဝန်ကို ယူထားတဲ့ Jose Miguel Insulza က " ကျွန်တော်တို့ဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံတဲ့ အကြောင်း ကျွန်တော်တို့ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြသဖို့ လိုအပ်တယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာဘက်ခြမ်းမှာ စစ်တပ် အာဏာသိမ်းမှုဆိုတာဟာ မရှိတော့တဲ့ ခေတ်တစ်ခုကို ရောက်နေပြီလို့ ထင်ပါတယ်" ဆိုပြီး ပြောခဲ့တယ်။
ဒါ့အပြင် ဟွန်ဒူးရပ်နိုင်ငံရဲ့ သမ္မတ ဖြစ်တဲ့ Zelaya က " ကျွန်တော်တို့ဟာ စစ်တပ်ရဲ့ လုပ်ရပ်ကို ပြန်လည် တုံ့ပြန်ဖို့ အတွက် အချိန် ၇၂ နာရီ စောင့်ပါမယ်" ဆိုပြီး ပြောကြားခဲ့တယ်။
ဒါက သမိုင်းဝင် စကားတစ်ခွန်းပါ။ သူက ၇၂နာရီ အတွင်း နိုင်ငံတော် အာဏာကို အစိုးရဆီ ပြန်လည် လွှဲအပ်ဖို့ ဖိအားပေးခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေ အရ ဆိုရင် International Court တွေကို သွားရောက်ပြီး တရားရင်ဆိုင်တဲ့ အခါ ရှေ့မှာ ဖြစ်ခဲ့ဖူးတဲ့ သမိုင်းဖြစ်ရပ်တွေကို ပြန်လည် ကိုးကားပြီး တင်ပြလျှောက်လဲနိုင်သလို ၊ တရားသူကြီးတွေကလည်း အဲ့ဒီ ဖြစ်ရပ်တွေကို အခြေပြု စဉ်းစားပြီး ဆုံးဖြတ်ချက် ချလို့ ရပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဟွန်ဒူးရပ်ကို ပမာယူပြီး ၇၂နာရီ စောင့်ဆိုင်းလို့ ရပါတယ်။ တကယ်လို့ ၇၂နာရီ ကျော်သွားပြီ အာဏာ ထိန်းသိမ်းမှုကိုလည်း မစွန့်လွှတ်ဘူး ဆိုရင် ငါတို့ကို အာဏာသိမ်းတာက အတည် ဖြစ်သွားပြီလား။ ဒါကို စိုးရိမ်စရာ မလိုပါဘူး။ ကျွန်တော်တို့ဟာ ဟွန်ဒူးရပ် ဖြစ်ရပ်ကို အကြောင်းပြပြီး နိုင်ငံတကာကို ကျွန်တော်တို့ဟာ အာဏာသိမ်းတဲ့ ဖြစ်ရပ်ကို အားပေးတာ မဟုတ်ကြောင်းနဲ့ နိုင်ငံတော်ရဲ့ ဖွဲ့်စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ရဲ့ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (က) အရ နိုင်ငံသား တစ်ဦးရဲ့ ရပိုင်ခွင့် အတိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေခြင်းသာ ဖြစ်ကြောင်း ရှင်းပြလို့ ရပါတယ်။
တကယ်လို့ စစ်တပ်က အာဏာ မလွှဲပေးဘူး ဆိုရင်ရော? ဒါဆိုရင် ကျွန်တော်တို့ဟာ မိမိတို့ တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက်ပြီး ဆန္ဒပြကြရမှာပါ။
စစ်တပ်အနေနဲ့လည်း မိမိတို့ဟာ တိုင်းပြည်ရဲ့ ကိုယ်ကျိုး ၊ ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကို တကယ် လုပ်ပေးချင်တယ် ဆိုရင် ပြည်သူလူထုက တင်မြှောက်ထားတဲ့ အစိုးရဆီ ပြန်ပြီးတော့ အာဏာ လွှဲပေးဖို့ တောင်းဆို တိုက်တွန်းအပ်ပါတယ်။ ကျွန်တော်တို့ဟာ အာဏာရှင်စနစ်ကို မလိုချင်ပါဘူး။ ဖြေးဖြေးချင်း ရှေ့ဆက်နေတဲ့ တိုင်းပြည်ကို နောက်ပြန်ဆွဲမယ့် စနစ်ဆိုးတွေကို အလိုမရှိပါဘူး။
အောင်ခန့်ဇင်
(စတုတ္ထနှစ် ၊ ဥပဒေပညာ ၊ ရန်ကုန်တက္ကသိုလ်)
၂.၂.၂၀၂၁
Honduras နိုင်ငံရဲ့ အကြောင်း ဖော်ပြထားတဲ့ သတင်း link ကိုပါ တစ်ပါထဲ ဖော်ပြပေးလိုက်ပါတယ်။
https://www.independent.ie/world-news/americas/honduras-given-72-hours-to-reinstate-president-26547849.html?fbclid=IwAR3_5D2bM_kYGT6XicUxW00mVh9-lhE6-caugUrKpPJ0m8iGhE4SkO1QnYo
LATIN American leaders have given Honduras 72 hours to restore Manuel Zelaya to the presidency or face expulsion from the region's major grouping, as Washington added to the pressure on coup leaders by formally suspending military contact.