17/09/2026
"ဝိုင်းချစ်မယ့်တိုင်းစစ်" ကမ်ပိန်းကို SCF မှာ ဘေးကင်းလုံခြုံစွာ ထောက်ပို့နိုင်ပါပြီ။
နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေကြသော ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းချစ်ခင်ကြသည့် "အထူးတိုင်းစစ်ဌာန" သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ စုစုပေါင်း တိုင်းစစ်ဌာန (၁၀) ခုအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။ အထူးတိုင်းစစ်ဌာနသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတောင်ပိုင်းတို့တွင် စစ်အာဏာရှင်တော်လှန်ရေးအတွက် တာဝန်ယူလှုပ်ရှားနေသော အလွန်အရေးပါသည့် မဟာဗျူဟာမြောက် တိုင်းစစ်ဌာနတစ်ခုလည်း ဖြစ်ပါသည်။
အထူးတိုင်းစစ်ဌာနလက်အောက်တွင် တပ်ရင်း/တပ်ဖွဲ့ စုစုပေါင်း (၂၅) ဖွဲ့ ဖွဲ့စည်းထားရှိပြီး၊ ၎င်းတပ်ဖွဲ့များ၏ ထင်ရှားသော အောင်ပွဲများမှာ အမှတ် (၅၉၈) ခြေမြန်တပ်ရင်း စခန်းသိမ်းတိုက်ပွဲ၊ ဖာပွန်ဗျူဟာကုန်း၊ ဝေါလေဗျူဟာကုန်း၊ ဖလူး၊ မင်းလက်ပံ၊ လေးကေစခန်း၊ ဝင်းတာပန်စခန်းနှင့် လက်ယက်စခန်းသိမ်း အောင်ပွဲများပင် ဖြစ်ပါသည်။
အထူးတိုင်းစစ်ဌာနအနေဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် မဟာမိတ် KNU/KNLA တို့နှင့် ပူးပေါင်းကာ စစ်အာဏာရှင်တော်လှန်ရေးကို အရှိန်အဟုန်မြှင့် ဖော်ဆောင်လျက်ရှိပါသည်။ ထို့ပြင် ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတောင်ပိုင်းခရိုင် နယ်မြေများတွင်လည်း အောင်ပွဲများ ဆက်လက်ရယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ယခုကဲ့သို့ မိုးအကုန် ဆောင်းအကူး ပွင့်လင်းရာသီသို့ ရောက်ရှိလာချိန်တွင် မြေပြင်နှင့် ဝေဟင်၌ ပြည်သူများ မျှော်လင့်နေသော သတင်းကောင်းများ ဖော်ဆောင်ပေးနိုင်ရန် ရှေ့တန်းမှ တော်လှန်ရေးရဲဘော်များအတွက် လိုအပ်နေသော ချပ်ဝတ်တန်ဆာနှင့် အသက်ကယ်ကျည်ကာများ ဖြည့်တင်းနိုင်ရန်အတွက် ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းတစ်ခုကို စီစဉ်ဆောင်ရွက်ထားပါသည်။
သို့ဖြစ်ပါ၍ “ဝိုင်းချစ်မယ့် တိုင်းစစ်” ကမ်ပိန်းတွင် Spring CrowdFund - နွေဦးလူထုရန်ပုံငွေ (SCF) မှတစ်ဆင့် ပါဝင်ကူညီကြရင်း အထူးတိုင်းစစ်ဌာနအပေါ်ထားရှိသည့် ပြည်သူတို့၏ မေတ္တာကို ဝိုင်းဝန်းပြသပေးကြပါရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#ဝိုင်းချစ်မယ့်တိုင်းစစ်
”ဝိုင်းချစ်မယ့် တိုင်းစစ်” နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေကြသော ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းချစ်ခင်....