19/01/2026
စာတစ်အုပ်ဖတ်ပြီးတိုင်း ဒီစာအုပ်ကနေဘာတွေရလိုက်သလဲ လို့ စဉ်းစားဖူးကြလား ❔
အခုခေတ်မှာ စာကြည့်တိုက်တွေမှာသာမက အွန်လိုင်းမှာပါ စာအုပ်တွေကို အလွယ်တကူရှာဖွေဖတ်ရှုလာနိုင်ပါပြီ။ စာအုပ်ရှာရလွယ်တာနဲ့အညီ၊ စာဖတ်သူတွေတိုးလာတာနဲ့အညီ စာဖတ်လို့ ဗဟုသုတတွေများတဲ့သူ၊ အကျိုးအမြတ်အများကြီးရတဲ့သူတွေ တိုးလာပြီလား
စိတ်မကောင်းစရာက ထင်သလောက် တိုးမလာသေးပါဘူး၊ ဘာ့ကြောင့်ဆိုတာကို အောက်မှာကြည့်လိုက်ရအောင် 👇
စာဖတ်တဲ့နေရာမှာအရေးပါတာက စာဖတ်တဲ့ရည်ရွယ်ချက်ပါ၊ ရေရေရာရာမရှိ သူများဖတ်လို့ဖတ်တယ်၊ ' ငါ ဒီစာအုပ်ကြီး ပြီးပြီကွ' ဆိုပြီး လူပုံအလယ် ကြွားဖို့သက်သက် ဖတ်တယ် ဆိုရင် အဲ့မှာပဲ ရပ်လိုက်ပါ၊ အချိန်ကုန်ခံဖတ်ပြီး ပြီးဖို့သာ အာရုံစိုက်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ဆို ကိုယ့်အတွက် မှတ်စရာ တစွန်းတစတောင်ကျန်မှာ မဟုတ်ပါဘူး။
ကိုယ်က စာအုပ်တစ်အုပ်ကနေဘာယူမှာလဲ ဆိုတာ ကိုယ်ဖတ်ဖို့ရွေးချယ်လိုက်တဲ့ စာအုပ်အမျိုးအစား၊ အဲ့စာအုပ်အပေါ်ထားတဲ့ သဘောထား တွေပေါ်မှာ မူတည်ပါတယ်။ အနှစ်သာရမရှိတဲ့၊ ချစ်ကြည်နူးတစ်တီတူးတဲ့ စာအုပ်မျိုးတွေဆိုရင် အကျိုးရှိတာ ဘာကျန်ခဲ့မှာလဲနော်၊၊ ပြီးတော့ ကိုယ်စိတ်ဝင်စားလောက်တဲ့ စာအုပ်မျိုးကိုပဲ ဖတ်ပါ၊ ဘယ်လောက်ပဲ စာအုပ်တစ်အုပ်ကနာမည်ကြီးပါစေ ကိုယ်စိတ်ဝင်စားမှသာ ဖတ်ရကျိုးနပ်မှာပါ။
တစ်ချို့က စာဖတ်ပြီးဘာမှမရတာလဲမပြောပါနဲ့၊ စာကိုဖတ်ရုံဖတ်တာပါ။မေးခွန်းတွေမမေးဘူး၊ အရင်ရှိတဲ့ Knowledge နဲ့ ဆက်စပ်တွေးခေါ်ဝေဖန်တာတွေမလုပ်ဘူး။ စာအုပ်တစ်အုပ်ဖတ်အပြီး ဒီစာအုပ်ကဖတ်လို့ကောင်းတယ် ဆိုတာပဲသိရင် အဆင်မပြေပါဘူး။ အဲ့ဒါ ကိုယ့်ဆီမှာ ဘာမှမကျန်ခဲ့ဘူး ဆိုတာကို ပြသတာပါ။
ပတ်ဝန်းကျင်တိတ်ဆိတ်မှုနဲ့ အာရုံစူးစိုက်နိုင်မှုတွေက စာအုပ်ဖတ်တဲ့နေရာမှာ အရေးပါပါတယ်၊၊ ဆူတဲ့နေရာ စာသွားဖတ်တယ်၊ ဝတ္တရားအရစာဖတ်လိုက်တယ် ဆိုတာတွေကို မလုပ်သင့်ပါဘူး စာကပေးတဲ့အဖိုးတန်တွေ ဉီးနှောက်ထဲစိမ့်ဝင်ချင်ရင်ပေါ့။
အကျဉ်းချုံးရရင် စာဖတ်တဲ့ရည်ရွယ်ချက်၊ သဘောထား၊ ပတ်ဝန်းကျင်၊ အာရုံအားကောင်းမှု၊ စာအုပ်အမျိုးအစား စတာတွေက နောက်ဆုံး စာဖတ်ခြင်းကနေ ကျန်ခဲ့မဲ့အရာတွေကို အဆုံးအဖြတ်ပေးပါတယ်။
ဒါကြောင့် စာဖတ်တဲ့ နေရာမှာ သတိနဲ့ဖတ်ကြပါ၊ စာပေလိုက်စားပြီး အဲ့လိုလုပ်ရကျိုးနပ်အောင် အပေါ်ကရှင်းပြထားတဲ့ ရှောင်ကြည်ရမယ့်အရာတွေကို ရှောင်ကြဉ်တတ်ဖို့ တိုက်တွန်းလိုက်ရပါတယ် ☀
🌎Global Skills Network
📌page
https://www.facebook.com/GlobalSkillsNetwork.org
📌Telegram Channel
https://t.me/GSN_Free_Edu
📌YouTube Channel
https://www.youtube.com/.FreeEdu
📌Student Affairs Bot