Help Me Myanmar

Help Me Myanmar Est.2021

ဂျာမန်သံရုံး၊ရန်ကုန်၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် မတူပီမြို့နယ်ကျေးရွာများရှိ ပြည်သူအခြေပြုကျောင်းများ၏ ဆရာ/မများ အရည်အ...
22/12/2025

ဂျာမန်သံရုံး၊ရန်ကုန်၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် မတူပီမြို့နယ်ကျေးရွာများရှိ ပြည်သူအခြေပြုကျောင်းများ၏ ဆရာ/မများ အရည်အသွေးမြင့်တင်မွမ်းမံသင်တန်းကို ဒေသခံပညာရေးကော်မတီများနှင့်ပူးပေါင်းကာ HELP ME MYANMAR မှ ၂၀၂၅ခုနှစ်၊နိုဝင်ဘာ(၁၇-၂၁)ထိ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။

MAGI Education and learning Center
21/12/2025

MAGI Education and learning Center

German သံရုံး၊ရန်ကုန်၏ ရန်ပုံငွေ‌ထောက်ပံ့မှု ဖြင့် MAGI Education and learning Center   အွန်လိုင်းကျောင်းကို HELP ME MYA...
17/11/2025

German သံရုံး၊ရန်ကုန်၏ ရန်ပုံငွေ‌ထောက်ပံ့မှု ဖြင့် MAGI Education and learning Center အွန်လိုင်းကျောင်းကို HELP ME MYANMAR ဦးဆောင်မှုဖြင့် ဒေသတွင်း GAO အဖွဲ့စည်းများနှင့်ပူးပေါင်းကာ ၂၀၂၅ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် ကျောင်းဖွင့်ပွဲပြုလုပ်နိုင်ခဲ့ကြပါသည်။

ကျောင်း၏အဓိက ရည်ရွယ်ချက်မှာ နိုင်ငံရေးပဋိပက္ခကြောင့် ပညာရေးဝန်ဆောင်မှုများရပ်တံ့ကာ လူငယ်များကျောင်းထွက်များလာခြင်းကို ကာကွယ်တားဆီးနိုင်ရန် အွန်လိုင်းကနေ မိမိနှစ်သက်ရာ သင်တန်း၊ကျောင်းများတက်ရောက်နိုင်ရန်ဖြစ်ပါသည်။

Program
1.Pre-GED,GED( Online)
2.Language (English, German,Japan, Korea via online)
3. Computer Basic ( Campus inperson)
4.Vacational Training( Online)
5. Exchange Program

ဆက်သွယ်ရန်
[email protected]
+959268971623(Viber)

ချင်းပြည်နယ်၊ မတူပီမြို့နယ် ကျေးရွာတရွာတွင် အကောင်အထည်ဖော်လျှက်ရှိသည့် Online Education Center အတွက် လိုအပ်သည့် စက်ပစ္စည...
10/09/2025

ချင်းပြည်နယ်၊ မတူပီမြို့နယ် ကျေးရွာတရွာတွင် အကောင်အထည်ဖော်လျှက်ရှိသည့် Online Education Center အတွက် လိုအပ်သည့် စက်ပစ္စည်းများ တင်သွင်းနိုင်ရန် တင်ဒါခေါ်ယူထားပါသည်။ အသေးစိတ်ကို [email protected]သို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။

Tender_Form_HMM-2025.pdfhttps://themimu.info/sites/themimu.info/files/jobs/Tender_Form_HMM-2025.pdf

29/05/2025

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွက် ပညာရေးဝန်ထမ်းအတွက်လျှောက်လွှာခေါ်ယူထားပါသည်။ စိတ်ဝင်စားသူများအနေဖြင့် ၂၀၂၅ခုနှစ်၊ဇွန်လ ၅ရက်နေ့နောက်ဆုံးထားပြီး [email protected]သို့ လိုအပ်သည့်အချက်အလက်များပေးပို့နိုင်ပါသည်။
https://themimu.info/sites/themimu.info/files/jobs/Paletwa_Education_Teacher2025.pdf

သတိပြုနိုင်ကြဖို့ပါ။လေပွေလှိုင်းမှ နောက် ၂ ရက်အတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှ...
13/09/2024

သတိပြုနိုင်ကြဖို့ပါ။
လေပွေလှိုင်းမှ နောက် ၂ ရက်အတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့ မိုးကြီးနိုင်။

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ ပိုမိုအားကောင်းလာနေပြီး လေဖိအားနည်းရပ်ဝန်းကနေ နောက် ၂ ရက်အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်နဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ ဆက်လက်အားကောင်းနေတာကြောင့် ယနေ့နံနက်မှ စက်တင်ဘာ ၁၅ ရက်နေ့အတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး မိုးသည်းထန်စွာ ရွာသွန်းမှုခြင်းနဲ့အတူ လေပြင်းတိုက်ခက်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်လို့ ဆိုပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။

ဒါ့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ပြောပါတယ်။

ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုကြဖို့နဲ့ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးကိုလည်း ကြိုတင်သတိပြုကြဖို့ အသိပေးထားပါတယ်။

သတင်း - BETV Business ၊

ထိုင်း ၊ စင်ကာပူ တို့အထိရောက်ရှိလာပြီဖြစ်သော မျောက်ကျောက်ရောဂါWHO မှ ကမ္ဘာအနှံ့ဖြစ်ပွားသောရောဂါ (Pandemic) အဖြစ် ကြေညာလိ...
22/08/2024

ထိုင်း ၊ စင်ကာပူ တို့အထိရောက်ရှိလာပြီဖြစ်သော မျောက်ကျောက်ရောဂါ

WHO မှ ကမ္ဘာအနှံ့ဖြစ်ပွားသောရောဂါ (Pandemic) အဖြစ် ကြေညာလိုက်သည့်
မျောက်ကျောက်ရောဂါ
=================================

မျောက်ကျောက်က အာဖရိကနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဖြစ်ပွားပြီးနောက်မှာ အခုဆိုရင် ပြင်းထန်တဲ့စိုးရိမ်စရာတစ်ခုဖြစ်နေပါပြီ။ တခြားနိုင်ငံတွေအထိ ကူးစက်ပြန့်ပွားမှုတွေ တွေ့နေရတာကြောင့်ပါ။

ကိုဗစ်ရောဂါဟာ ကမ္ဘာတစ်ဝန်းကိုပျံ့နှံ့ပြီးနောက် (၂) နှစ်အတွင်းမှာ မျောက်ကျောက်ရောဂါဟာ ကူးစက်မှုမြန်တဲ့ ရောဂါတစ်မျိုးအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ ယခုဆိုလျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က မျောက်ကျောက်ရောဂါကို အဓိကကျန်းမာရေးပြဿနာတစ်ခုအဖြစ် မှတ်ယူဖို့ ကြေညာလိုက်ပြီး အာရှတိုက်ရှိ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တရုတ်စသည့် လူထူထပ်သောနယ်မြေတစ်ချို့မှာ ပျံ့နှံ့နိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

လက်ရှိမှာ မျောက်ကျောက်ရောဂါကူးစက်မှုအတွက် ကုသမှု မရှိသေးပါဘူး။ မျောက်ကျောက်ရောဂါကူးစက်ခံရသူ လူနာများအတွက် ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး အရေပြားရောဂါတစ်ခုခု မရှိဘူးဆိုရင်တော့ သေချာဂရုတစိုက်စောင့်ရှောက်ပြီး နာကျင်မှု သက်သာအောင် ပြုလုပ်ခြင်းက ပြန်လာကောင်းမွန်လာဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။

#ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။
#ပထမဆုံး (၅) ရက်အတွင်းမှာ
ဖျားခြင်း၊
ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
ခါးနာခြင်း၊
ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။

ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်
မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။
ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
အနာတွေက အရေအတွက် အနည်းငယ်ကနေ
ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။ အနာများဟာ
တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ
ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
#မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
အဆုတ်ရောင်ရောဂါ၊
ပိုးဝင်ခြင်း၊
ဦးနှောက်ရောင်ရောဂါ၊
မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါခံစားနေရသူများက လက်၊ ခြေထောက်၊ ရင်ဘတ်၊ မျက်နှာ၊ ပါးစပ် ၊ လိင်အင်္ဂါတစ်ဝိုက်၊ စအို စသည့်နေရာများတွင် အနီစက်များ ထွက်လာတတ်ပါတယ်။ ရောဂါပျိုးချိန်ကတော့ ၃ ရက်မှ ၁၇ ရက်အတွင်းဖြစ်ပြီး ထိုအချိန်ကာလများတွင် လူနာက လက္ခဏာမပြဘဲ ကောင်းမွန်နေတာလဲ ဖြစ်နိုင်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့ခြင်း ခံရသည့် နိုင်ငံများမှာ
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ - ၁၇၅၄
အမေရိကန်ပြည်ထောင်စု - ၁၃၃၉
တရုတ် - ၃၃၃
စပိန် - ၃၃၂
ထိုင်း - ၁၂၀
ဩစတေးလျ - ၁၀၈
ဘရာဇီး - ၁၀၆
ကိုလမ်ဘီယာ - ၁၀၁
ပြင်သစ် - ၁၀၁
ကနေဒါ - ၈၃
ဗီယက်နမ် - ၈၁
အင်္ဂလန် - ၇၇
ပီရူး - ၆၃
အီတလီ - ၆၀
ဂျာမနီ - ၅၇
မက္ကဆီကို - ၄၅
နိုင်ဂျီးရီးယား - ၃၄
ဆွီဒင် - ၃၂
ပေါ်တူဂီ - ၃၁
အာဖရိကအလယ်ပိုင်း - ၂၁
ကွန်ဂို - ၁၉
နယ်သာလန် - ၁၇
ဆွစ်ဇာလန် - ၁၆
တောင်အာဖရိက - ၁၆
ဂျပန် - ၁၅
အင်ဒိုနီးရှား - ၁၅
အာဂျင်တီးနား - ၁၃
ကမ္ဘောဒီးယား - ၁၂
Czech- ၁၁
ဂရိ - ၁၀
ဘယ်လ်ဂျီယမ် - ၁၀
ဩစတြီးယား- ၁၀
ပိုလန်- ၆
လီဘာရီယား - ၅
ကာမယ်ရွန် - ၅
အိုင်ယာလန် - ၅
ကိုရီးယား - ၄
ဟမ်ဂေရီ - ၃
ရုရှား - ၂
နော်ဝေ- ၂
Slovak - ၂
ဘူဂါရီယာ - ၁
ခရိုအေးရှား - ၁
ဖိလစ်ပိုင် - ၁
မျောက်ကျောက်ရောဂါသည် မျိုးဗီဇပြောင်းလဲမှုဖြစ်ပေါ်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်မှလည်း နိုင်ငံတကာအရေးပေါ်ကျန်းမာရေးအခြေအနေအဖြစ် ထပ်မံကြေညာလိုက်တာကြောင့် အထူးဂရုစိုက်နေထိုင်ကြစေရန် တိုက်တွန်းလိုက်ပါတယ်။

ကလေးများကို ဖုန်းလုံးဝမပြပါနဲ။ဖုန်းဆိုသည်မှာမေတ္တာဆိုသော နွေးထွေးမှုကို မပေးနိုင်ပါ။ယဉ်ကျေးခြင်းကို သင်မပေးပါ။စကားပြောခြ...
20/08/2024

ကလေးများကို ဖုန်းလုံးဝမပြပါနဲ။
ဖုန်းဆိုသည်မှာ
မေတ္တာဆိုသော နွေးထွေးမှုကို မပေးနိုင်ပါ။
ယဉ်ကျေးခြင်းကို သင်မပေးပါ။
စကားပြောခြင်းကို သင်မပေးပါ။
လူမှုဆက်ဆံရေးကို သင်မပေးပါ။
အလိုလို သင်ယူလိုစိတ်ကို မမွေးထုတ်ပေးနိုင်ပါ။
ဖုန်းနှိပ်တတ်တိုင်း game ကစားတတ်တိုင်း ဉာဏ်ရည်မမြင့်ပါ။
ကလေးများသည် ဘဝရပ်တည်မှုကို တတ်မသွားပါ။
ကလေးများသည် အရာရာတိုင်း မိမိကိုယ်ကို အားကိုးရမည်ကို သိမသွားပါ။
ကလေးများသည် အရာရာတိုင်း ကိုယ်တိုင်လုပ်ကိုင်ရမည်ကို သိမသွားပါ။
ကလေးများသည် ဖုန်းကိုင်ဖုန်းကြည့်ဖုန်းဒေါင်းလုပ်တတ်ခြင်းဖြင့် မည်မျှထူူးချွန်ကြောင်း သက်သေပြလို့မရပါ။
ဖုန်းဆော့တတ်ခြင်းသည် ဂုဏ်ယူစရာ မဟုတ်ပါ။ ဘာမှမတတ်လို့ပါ။
ဖုန်းရှိမှ ငြိမ်ခြင်းသည် ကလေးတော်လို့မဟုတ်ပါ။ ဘာမှမတတ်လို့ပါ။
ဖုန်းနဲ့တနေကုန် နေတတ်ခြင်းသည် ကလေးထူးချွန်လို့မဟုတ်ပါ။
ကိုယ်ပိုင်တွေးခေါ်တတ်ပြီး ထူးချွန်လိမ်မာသော အခြားကလေးလို ကလေးဘဝကို ဖြတ်သန်းရမည့်နည်းများ ဘာမှ မတတ်လို့ပါ။
ဖုန်း TVဖြင့် ကလေးကို ထားခြင်းသည် မိဘနှင့်မိသားစုများက ကလေး၏ စိတ်ခန္ဓာဖွံ့ဖြိုးမှုကို တာဝန်မယူလိုခြင်းသာဖြစ်ပါသည်။
မိဘမျက်ကွယ်တွင် ဖုန်းမရှိသော အချိန်မှာ ကလေးများ မည်သို့ဖြစ်နေသည်ကို ကြည့်ခြင်းဖြင့် ဖုန်း/TV၏ဆိုးကျိုးကို သိနိုင်ပါသည်။
ဖုန်းဆော့ကျွမ်းကျင်သော ကလေးများသည့် များသောအားဖြင့်
ဘာသာစကားပြောနောက်ကျခြင်း
ဦးနှောက်ဖွံဖြိုးမှုနည်းခြင်း
သဘာဝကျကျ မတွေးခေါ်နိုင်ခြင်း
လူလောကနှင့် လိုက်လျောညီထွေ မနေတတ်ခြင်း
မျက်စိနှင့်အမြင်အာရုံမကောင်းခြင်း
သင်ကြားမှုအသစ်ဟုသမျှကို အာရုံမစိုက်နိုင်ခြင်း
အမြဲတမ်းဂဏာမငြိမ်ခြင်း
အာရုံစူးစိုက်မှုမကောင်းခြင်း (ဖုန်းမှလွဲပြီး)
အသက်ကြီးလာသည်နှင့်အမျှှ ပြောမရဆိုမရသင်မရသော
ဂဏမငြိမ် သင်ကြားမရသည့် ကလေးကြီး လူငယ် လူကြီးများ ဖြစ်လာပါလိမ့်မည်။
မိဘတို့ လိုချင်သော ကလေးသည် ဒီလိုကလေးဆိုရင် ဖုန်းဖြင့် အမြဲထားလိုက်ပါ။
မိမိကလေးကို တကယ်ချစ်ပါသလား
Credit to နန်းမေသဲအေး

မြန်မာနိုင်ငံရဲ့မြေမြုပ်မိုင်းအခြေအနေမြေမြုပ်မိုင်းအန္တရယ်အသိပေးပညာ
18/08/2024

မြန်မာနိုင်ငံရဲ့မြေမြုပ်မိုင်းအခြေအနေ
မြေမြုပ်မိုင်းအန္တရယ်အသိပေးပညာ

မြန်မာနိုင်ငံ ရုက္ခဗေဒပညာရှင်များ နှင့် အမေရိကန် ပညာရှင်များစာရင်းကောက်ယူထားသော မြန်မာနိုင်ငံ ရှိ အပင်များ Checklist of ...
17/08/2024

မြန်မာနိုင်ငံ ရုက္ခဗေဒပညာရှင်များ နှင့် အမေရိကန် ပညာရှင်များ
စာရင်းကောက်ယူထားသော မြန်မာနိုင်ငံ ရှိ အပင်များ

Checklist of the Trees, Shrubs, Herbs, and Climbers of Myanmar. Contributions from the United States National Herbarium. Volume 45: 1-590. 2003.
A Familyအားလုံး
https://www.facebook.com/fool123fool/posts/365867580530542

B Family အားလုံး
https://www.facebook.com/fool123fool/posts/365869443863689
CFamily part 1
https://www.facebook.com/fool123fool/posts/365891887194778
Cfamily part-2
https://www.facebook.com/fool123fool/posts/365892940528006
cfamily part-3
https://www.facebook.com/fool123fool/posts/365894213861212
DFamilyအားလုံး
https://www.facebook.com/fool123fool/posts/365899593860674
E family part-1
https://www.facebook.com/fool123fool/posts/365904050526895
e family part -2
https://www.facebook.com/fool123fool/posts/365904823860151
Ffamily part -1
https://www.facebook.com/fool123fool/posts/366050423845591
F family part -2
https://www.facebook.com/fool123fool/posts/366050643845569
G family အားလုံး
https://www.facebook.com/fool123fool/posts/366060163844617
H family အားလုံး
https://www.facebook.com/fool123fool/posts/366064113844222
I family အားလုံး
https://www.facebook.com/fool123fool/posts/366068393843794
J family အားလုံး
https://www.facebook.com/fool123fool/posts/366069077177059
L family အားလုံး
https://www.facebook.com/fool123fool/posts/366070967176870
M family part -1
https://www.facebook.com/fool123fool/posts/366086397175327
M family part -2
https://www.facebook.com/fool123fool/posts/366086670508633
N family အားလုံး
https://www.facebook.com/fool123fool/posts/366088213841812
Ofamily part-1
https://www.facebook.com/fool123fool/posts/366089907174976
Ofamily part -2
https://www.facebook.com/fool123fool/posts/366090083841625
P family part -1
https://www.facebook.com/fool123fool/posts/366098077174159
P family part -2
https://www.facebook.com/fool123fool/posts/366098443840789
pfamily part-3
https://www.facebook.com/fool123fool/posts/366098690507431
R family -part -1
https://www.facebook.com/fool123fool/posts/366106303840003
R family part -2
https://www.facebook.com/fool123fool/posts/366106543839979
S family part -1
https://www.facebook.com/fool123fool/posts/366117450505555
S family part -2
https://www.facebook.com/fool123fool/posts/366118180505482
T family
https://www.facebook.com/fool123fool/posts/366122560505044
U family
https://www.facebook.com/fool123fool/posts/366125107171456
V family
https://www.facebook.com/fool123fool/posts/366126683837965
x family
https://www.facebook.com/fool123fool/posts/366128053837828
z family
https://www.facebook.com/fool123fool/posts/366129157171051

ကလေးများ စာတတ်မြောက်ရန် အထောက်အကူပြုခြင်း
17/08/2024

ကလေးများ စာတတ်မြောက်ရန် အထောက်အကူပြုခြင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Help Me Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share