05/09/2024
*မုသားပြောခြင်း{အလိမ်စကားပြောခြင်း}
အဗူဟုရိုင်ရဟ်{ရ}သခင်ကဆင့်ပြန်ခဲ့တဲ့ဟဒီးစ်တပုဒ်မှာ {မုနာဖစ်က်} ဖြစ်ခြင်း၏လက္ခဏာထဲအနက်မှ {၁} ချက်က စကားပြောဆိုရာတွင် မုသား {အလိမ်စကား} ပြောခြင်းဖြစ်တယ်
အကြင်သူက ဘယ်လောက်ဘဲ မိမိကိုယ်မိမိ {မွစ်လင်မ်} လို့ပြောနေပါစေ ဒီအချက်ကို မရှောင်သ၍ သူသည် {မုနာဖစ်က်} ဘဲ ပြည့်ဝတဲ့ {အီမာန်ရှင်} ဖြစ်မှာမဟုဘူး
ဒါကြောင့် အလိမ်စကားပြောခြင်းကမပိုင်ပါဘူး ဘယ်လောက်တောင်လဲဆိုရင်တော့ အမိုက်ခေတ်လူတွေကအစ {အလိမ်စကားပြောခြင်း} ကိုမနှစ်သက်ကြပါဘူး ဘယ်လိုသိရလဲဆိုရင်.......
တနေ့သောအခါ တမန်တော်မြတ် {ဆွ} ကရောမဘုရင်ထံသို့ အစ္စလာမ် ဘက်ကို {ဒအ်ဝသ်} ဖိတ်ခေါ်ခြင်း၏ သဝဏ်လွှာပို့ခဲ့သည်။ ဘုရင်သည်ထိုသဝဏ်လွှာကိုဖတ်ပီးသည့်နောက်မှာ နန်းတွင်းရှိလူတို့အားစု၍ ထိုတမန်တော်{ဆွ}ရဲ့အကြောင်းကို သိရှိသူငါဘုရင်ဆီလာခဲ့ပါလို့ အမိန့်ကြားလိုက်တယ်ထိုအခါ တိုက်တိုက်ဆိုင်ဆိုင် အဗူစွဖ်ယာန် {ရ} သခင်က ကုန်သည်အုပ်စုတစုနဲ့အတူ ထိုဒေသသို့ရောက်နေခဲ့သည်။ လူတွေက အဗူစွဖ်ယာန် သခင်ကို ဘုရင်ထံ ခေါ်သွားကြသည်။ အဲ့ချိန်က စွဖ်ယာန်{ရ} သခင်က အစ္စလာမ် သာ့သနာတော် ကိုလက်မခံရသေးပေ။ စွဖ်ယာန် {ရ} သခင်က ဘုရင်ထံရောက်သွားတော့ ဘုရင်က စွဖ်ယာန်{ရ} ကို တမန်တော်{ဆွ} နဲ့ပတ်သက်ပီးအချို့မေးခွန်းတွေမေးတယ် အဲ့မေးခွန်တွေအာလုံးကို စွဖ်ယာန် သခင် က အမှန်တိုင်ဖြေကြားခဲ့ပါသည်။
အဗူစွဖ်ယာန်{ရ} သခင် က အစ္စလာမ် လက်ခံပြီးသည့်နောက် အမိန့်ရှိတော်မူသည်မှာ.....
အဲ့ချိန်က ကျွန်ုပ်သည် ကာဖိရ်တဦးဖြစ်တယ်။ ဘုရင်ကို တမန်တော်မြတ်{ဆွ} အပေါ် ဆန့်ကျင်လိုစိတ်ဖြစ်အောင် ပြောချင်လိုစိတ်ရှိပါသည်။ ဒါမယ့် ကျွန်တော် သည် အမှန်တိုင်းဘဲပြောခဲ့လေသည်။
ဒီအဖြစ်အပျက်ကနေ ဘာသိရလဲဆိုရင် ကာဖိရ်တစ်ယောက်ဖစ်တာတောင်မှာ မုသား{အလိမ်စကား}ပြောခြင်း ကို မနှစ်သက်ခဲ့ပေ။ ရှောင်ကြဉ်ခဲ့သည်။ မွစ်လင်မ်တယောက်ဖစ်ပီး နှလုံးသားထဲမှာအီမာန်ရှိလျက်နဲ့ အလိမ်စကားတွေပြောနေကြတယ် ။တော်တော်များလူတွေက နမားဇ်ဖတ်ရုံ ရိုဇာထားရုံ နဲ့ ပြည့်ဝတဲ့ အီမာန်ရှင်ဖြစ်တယ်လို့ထင်ကြတယ် တကယ်တော့အဲ့လိုမဟုပါဘူး {ရှရီအသ်} မှာ တခြားတားမြစ်ထားတဲ့အရာတွေ အများကြီးရှိပါသေးပါတယ်။ ပီးတော့ အလိမ်စကားပြောတဲ့သူက အလိမ်စကားပြောခြင်းကို သေးငယ်တဲ့ {ဂွန္နဟ်} လို့ပဲထင်တယ် မုနာဖစ်က် ရဲ့အဆင့်ထိပါရောက်နိုင်ပါတယ်။
ကိုယ့်ကခနတာအဆင်ပြေဖို့လိမ်လိုက်တယ် တချိန်ကြရင်ပေါ်လာတဲ့အခါမှာ အရှက်ခွဲမှုနဲ့ကျုံးရလိမ့်မည် ပီးတော့ လူတယောက်ကလိမ်တာများလာလေလေ အလ္လဟ်က သူဘဝမှာ အဲ့လိမ်လည်ခြင်းကြောင့် ဆုံရှုံးစရာတွေများလာမယ် အောင်မြင်မူကနေလက်မဲ့ဖြစ်လာလိမ့်မည်။
လိမ်လည်တယ်ဆိုတာ အလိမ်စကားပြောတာကိုပဲခေါ်တာမဟုဘူး အရောင်းဝယ်လုပ်ရာတွင် တဖက်လူကို ကိုယ့်ပစ္စည်းမှာမရှိတဲ့အေရချင်းကို လုပ်ကြံပီး{လိမ်ပီး} ရှိတယ်လို့ပြောတာ {သို့မဟုပါက} ချို့ယွင်းချက်တခုခုရှိနေတာကို မပြောပြ၍ လိမ်ပီးရောင်းလိုက်တယ် အဲ့တာလည်း {ဟရာမ်ရိုဇီ}ပဲ အဲ့ကနေကရလာတဲ့ပိုက်ဆံသုံးခြင်း ၊ စားသောက်ခြင်း ဘာတခုမှအကျိူးခံစား လို့မရဘူး အဲ့ပိုက်ဆံေတွအကုန်ကို သူဆင်းရဲတွေကိုလှုလိုက်ရမယ် ။
အလ္လာဟ်ထံမှာ ကိုယ်လိမ်ခဲ့တာတွေတွက် {သောင်ဝ်ဗဟ်} လုပ်ရမယ် အလ္လဟ် ကျွန်တော်/ကျွန်မ လိမ်ခဲ့တဲ့ကိစ္စတွေကို လူကြားထဲတွင်မပေါ်ဖို့နဲ့ အလ္လဟ်ဖုံကွယ်ပေးထားဖို့အထူး{ဒိုအာ}လုပ်ရမည်။
အလ္လာဟ်လူတိုင်းကို လိမ်လည်ခြင်းကနေရှောင်ကြဉ်နိုင်ခွင့်ပေးသနားတော်မူပါစေ။
{အာမီးန်}