16/08/2026
🙏 ရေဘေးသင့်ပြည်သူများအတွက် MPMDMA အသင်းဝင် ဆေးဝါး၊ ဆေးပစ္စည်းစက်ရုံများ၏ စုပေါင်းလှူဒါန်းမှု🙏
မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်း (MPMDMA) ၏ ဦးဆောင်စီစဉ်မှူဖြင့် အသင်းဝင် ဆေးဝါး၊ ဆေးပစ္စည်းစက်ရုံများနှင့် ကုမ္ပဏီများမှ ၎င်းတို့ကိုယ်တိုင် ကျန်းမာရေးဝန်ကြီးဌာနသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သော ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အလှူငွေများကို လှူဒါန်းခဲ့ကြပါသည်။
ယခုအကြိမ်တွင် ကျပ်သိန်း (၃,၇၀၀) ကျော်တန်ဖိုးရှိ ဆေးဝါးနှင့် ဆေးပစ္စည်းများ နှင့် အလှူငွေ ကျပ်သိန်း (၇၁၀)၊ စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၄,၄၁၀) ကိုလှူဒါန်းခဲ့ပါသည်။
ရေဘေးသင့်ပြည်သူများအတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော MPMDMA အသင်းဝင် ဆေးဝါး၊ ဆေးပစ္စည်းစက်ရုံများနှင့် ကုမ္ပဏီများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။🙏
ရေဘေးသင့်ပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏❤️