10/10/2026
ဗဟန်းမြို့နယ်၊ရန်ကုန်မြို့နေ ဦးမောင်မောင်၊ဒေါက်တာခင်စောညိုမိသားစု တို့ကသံစစ်ကုသိုလ်ဖြစ်ဆေးခန်း၊ရန်ကုန်တွင်ဆေးကုသမှုခံယူနေကြသော အသည်းရောင်အသားဝါဘီပိုး/စီပိုးလူနာများနှင့်ဘီပိုးကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအတွက် အသုံးပြုရန် အလှုငွေကျပ်နှစ်သိန်း(၂၀၀၀၀၀/-)ကိုဒေါက်တာခင်စောညို၏မွေးနေ့အလှုအထိမ်းအမှတ်အဖြစ် သံစစ်ကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သို့ယနေ့တွင်သဒ္ဒါကြည်လင်စွာလှူဒါန်းပါသည်။
အလှုရှင်မိသားစုတို့သည်ယနေ့မှစ၍ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှုများလွယ်လင့်တကူဆက်လက်လုပ်ဆောင်နိုင်ကြပါစေ၊ဘေးဥပဒ်အန္တရာယ်များလည်းကင်းဝေးကြပါစေဟုမြန်မာအသည်းဖောင်ဒေးရှင်း၊သံစစ်ကုသိုလ်ဖြစ်ဆေးခန်းမိသားစုကဆုတောင်းမေတ္တာပို့သအပ်ပါသည်။
သာဓု သာဓု သာဓုပါ။
၁၀/၁၀/၂၀၂၆
သံစစ်ကုသိုလ်ဖြစ်ဆေးခန်း
မြန်မာအသည်းဖောင်ဒေးရှင်း