26/09/2026
26.9.2026 ရက်နေ့တွင် MSAP မှ ဗိုလ်တထောင်မြို့နယ် အတွင်းရှိ ကမ်းနားလမ်း မှ လေလွင့်ခွေး စုစုပေါင်း (၁၇) ကောင် တို့ကို သားဆက်ခြားပေးခဲ့ပါတယ်။
⛔ မိတ်လိုက်ပြီးတဲ့ ခွေးမတွေ၊ ကိုယ်ဝန်ရှိတဲ့ခွေးမတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ ခွေးမတွေကို တားဆေးထိုးပေးလို့ မရတဲ့အတွက် ချန်လှပ်ထားခဲ့ပါတယ်။
🐕🐕🐕🐕🐕🐕
လမ်းဘေးခွေးအများစုက အသက်တိုကြပါတယ်။ သူတို့အသက်ရှင်တဲ့ နှစ်ကာလတိုအတွင်းမှာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်မှုပေါင်းစုံ ကြုံနေကြရပါတယ်။
ထိုအသက်ရှင်စဥ် နှစ်အနည်းငယ်ကာလအတွင်း ထပ်ခါထပ်ခါမျိုးပွားပြီး ဒုက္ခမရောက်ရအောင် ရရှိတဲ့ အလှုငွေနဲ့လောက်အောင် မျိုးထိန်းပေးနေရတာ ဖြစ်ပါတယ်။
လမ်းဘေးတိလေးတွေကို မျိုးထိန်းပေးတာနဲ့ပတ်သက်ပြီး ယခုဆောင်ရွက်နေတာထက်ကောင်းတဲ့ အကြံဉာဏ်ပေးလိုပါက ဒီဖောင်လေးမှာ အကြံပေးနိုင်ပါတယ်ရှင်။
Feedback Form
https://forms.gle/gF5VGmr3j2m8EFr87
လမ်းဘေးတိလေးများ မျိုးပွားပြီးဒုက္ခမရောက်ကြစေဖို့ တိချစ်သူများ တတ်နိုင်သလောက် ကူညီထောက်ပံ့လိုပါက
K pay/ AYA pay/ CB pay/ UAB Pay/ Wave pay
(Htet Htet Lwin) _______ 09 402 292 978
(Note/မှတ်ချက်တွင် 'General' လို့ရေးပေးပါရှင်။)