India Universities Info for Myanmar Students

Call Contact the organization

India Universities Info for Myanmar Students Helping Myanmar students study in India 🇮🇳
University | Visa | Scholarship
Follow for useful tips 🎓

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ 2026 July Intake အတွက် ကျောင်းတက်ဖို့ စဉ်းစားနေပါသလား𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ဘယ်သူတွေ လက်ခံလဲ Sharda...
31/08/2026

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ 2026 July Intake အတွက် ကျောင်းတက်ဖို့ စဉ်းစားနေပါသလား

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ဘယ်သူတွေ လက်ခံလဲ
Sharda University ဟာ ဘယ်လိုကျောင်းလဲဆိုတာမပြောခင် ဘယ်သူတွေ တက်လို့ရလဲဆိုတာကို အရင်ပြောပြပါမယ်။ Sharda University ဟာ flexible ဖြစ်တဲ့ကျောင်းဖြစ်တာနဲ့အညီ နိုင်ငံကူးလက်မှတ် (passport) နဲ့ လာမည့်ကျောင်းသားတွေကို လက်ခံတဲ့အပြင် နိုင်ငံရေးစစ်ရေးကြောင့် နယ်စပ်ကို ထွက်ခွာလာကြတဲ့ စစ်ဘေးရှောင်တွေအတွက် UNHCR ယာယီကတ်နဲ့လည်း ကျောင်းတက်ခွင့်ပြုထားပါတယ်။ တရားမဝင် ဝင်ခွင့်ပြုထားတာမျိုးမဟုတ်ဘဲ အိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ဝင်ခွင့်ပြုတာဖြစ်လို့ ကျောင်းဘက်ကလည်း အပြည့်အဝ အာမခံချက်ပေးထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေကို up to 50% scholarship လည်းပေးထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်အတွက်
(၁) Passport or UNHCR card
(၂) စနစ်ဟောင်း ဆယ်တန်းအောင်လက်မှတ် (or) စနစ်သစ် Grade 12 လက်မှတ် (or) GED (or) IGCSE A level
(၃) အမှတ်စာရင်း တို့လိုအပ်ပါတယ်။ Visa လျှောက်မယ့်သူတွေအတွက်က bank statement လို အခြား documents တွေ ထပ်ပြင်ဆင်ရပါတယ်။

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ဆိုတာ ဘယ်လိုကျောင်းလဲ?
Sharda University ဆိုတာ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ အနီးမှာရှိတဲ့ Greater Noida ဆိုတဲ့ ပညာရေးမြို့မှာ တည်ရှိပါတယ်။ အိန္ဒိယအစိုးရအသိအမှတ်ပြု private university တွေထဲမှာ ranking မြင့်တဲ့ ကျောင်းဖြစ်တဲ့အပြင် နိုင်ငံတကာ ကျောင်းသားအများဆုံးကျောင်းလည်းဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီ စာကြည့်တိုက်ကြီးရယ်၊ AC အပြည့်နဲ့ စာသင်ခန်းကျယ်ကြီးတွေရယ်၊ အမျိုးအစားစုံလင်လှတဲ့ အားကစားကွင်းတွေရယ်၊ ကျယ်ဝန်းလှတဲ့ campus ကြီးတွေက Sharda University ရဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေ ဖြစ်ပါတယ်။
⏩Sharda University ဟာ India နိုင်ငံမှာ International students အများဆုံး private university ကျောင်းဖြစ်ပါတယ်။
⏩အာရှရဲ့ ထိပ်တန်းတက္ကသိုလ် 4% မှာ Sharda University ပါဝင်ပါတယ်။
⏩နိုင်ငံတကာတက္ကသိုလ်ပေါင်း ၃၀၀ ခန့်နဲ့လည်း academic partnership ထူထောင်ထားပါတယ်။
⏩India ရဲ့ National Assessment Accreditation Committee ရဲ့ အဆင့်သတ်မှတ်ချက် A+ ရရှိထားတဲ့ ကျောင်းလည်းဖြစ်ပါတယ်။

𝐒𝐡𝐚𝐫𝐝𝐚 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 မှာ ဘာတွေ တက်လို့ရလဲ ?
Sharda University ဟာ major ပေါင်းများစွာ တက်ရောက်နိုင်တဲ့ comprehensive university ဖြစ်ပါတယ်။ Health Science, IT, Computer Science, Business Management, Political Science, Law, Architecture, Civil Engineering, International Relations, Environmental Science, Social Sciences, Blockchain Technology, Cyber Security, IoT, Robotics, Electrical engineering, Biotechnology, Microbiology, Food Science စတဲ့ ဘာသာရပ်တွေအပြင် အခြားအခြားသော ဘာသာရပ်မျိုးစုံကို Bachelor, Master, PhD တက်ရောက်သင်ကြားနိုင်ပါတယ်။

ကျောင်းလခက ဘယ်လောက်ရှိလဲ ?
ကိုယ်တက်ချင်တဲ့ ဘာသာရပ်အလိုက် အနည်းငယ်ကွာခြားမှု ရှိပြီးတော့ ကျောင်းလခ (tuition fee) က USD 1600 - 2100 ဝန်းကျင် ရှိပါတယ်။ ပထမနှစ် စဝင်ဝင်ချင်း admission fees USD 500 သွင်းရပြီးတော့ ကျန်တဲ့နှစ်တွေမှာ USD 250 သွင်းရပါတယ်။ ကိုယ်က ကျောင်းအဆောင်မှာနေချင်တယ်ဆိုရင်တော့ ကျောင်းက စီစဉ်ပေးတဲ့ အဆောင်ကြီးတွေမှာ နေလို့ရပါတယ်။ ဒါပေမယ့် အဆောင်လခက နည်းနည်းဈေးကြီးတာမို့ ကျောင်းသားအများစုက အပြင်မှာ နေကြပါတယ်။ နေစရိတ် စားစရိတ်ကို အသေးစိတ်ထပ်တင်ပေးပါ့မယ်။

တခြားမြန်မာတွေ အတက်များတဲ့ ကျောင်းတွေထက် အားသာချက်က ဘာလဲ?
ပထမအားသာချက်က သူ့ရဲ့ တည်နေရာပါ။ နယူးဒေလီမြို့ရဲ့ အနီးအနားမှာ ရှိတာမို့လို့ C1 လို မြန်မာတွေ အများစုနေတဲ့ နေရာကို အချိန်တိုတိုအတွင်းရောက်ရှိနိုင်တဲ့အပြင် မြန်မာအစားအသောက်မျိုးစုံကိုလည်း ရရှိတာမို့လို့ cultural shock သိပ်မရပါဘူး။ နောက်တစ်ခုကတော့ campus ပါ။ facility စုံလင်တဲ့ စာသင်ခန်းတွေ lab ခန်းတွေနဲ့ ဖွဲ့စည်းထားပါတယ်။ Europe Dream, America Dream ရှိတဲ့သူတွေအတွက် ဒီမှာ bachelor တက်ပြီး ဟိုမှာ master သွားတက်နိုင်မည့် အခွင့်အရေးကောင်းတစ်ရပ်ရှိပါတယ်။

⏩မြန်မာပြည်ကနေ Passport နဲ့ လာမည့်သူတွေအတွက် Visa ကိစ္စ ကူညီဆောင်ရွက်ပေးခြင်း၊ လေယာဉ်လက်မှတ် စီစဉ်ပေးခြင်း၊ လေဆိပ်မှာ သွားရောက်ကြိုပေးခြင်း၊ အခန်းများကြိုတင် ငှားရမ်းပေးထားခြင်း၊ ကျောင်း admission process ဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

⏩အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး Mizoram ဘက်ရောက်နေကြတဲ့သူတွေအတွက်လည်း Delhi အထိ လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း၊ လုံးဝမလာရဲသူတွေကို လာကြိုပေးခြင်း၊ UNHCR card registration ကူညီဆောင်ရွက်ပေးခြင်း၊ အခန်းငှားကြိုတင်ငှားရမ်းပေးခြင်း၊ ကျောင်း admission process ဆောင်ရွက်ပေးခြင်း စတာတွေကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဘယ်ကို ဆက်သွယ်ရမလဲ?
page မှာလည်းကောင်း +959787323952 (Viber) မှာ သော်လည်းကောင်း လာရောက်ဆက်သွယ်နိုင်ပါတယ်။


25/03/2026

ရွေးချယ်ခံရမလိုလိုနဲ့ ဘေးဖယ်ခံလိုက်ရတဲ့သူတွေအတွက်

​ကိုယ်ကပဲ အရာအားလုံး ဖြစ်လာတော့မလိုလိုနဲ့ နောက်ဆုံးကျမှ ဘေးဖယ်ထုတ်ခံလိုက်ရတာမျိုးက အငြင်းခံရတာထက် ပိုပြီးတော့တောင် ခံစားရခက်ပါတယ်။ တစ်ဖက်လူက ကိုယ့်ကို မျှော်လင့်ချက်တွေ ပေးခဲ့တယ်၊ အရေးတယူ ရှိပြခဲ့တယ်၊ အမြဲတမ်း ကိုယ်ပဲ အနီးစပ်ဆုံး ဖြစ်နေခဲ့တာလေ။ စကားတွေ အတူတူပြော၊ အနာဂတ်တွေ အတူတူ စိတ်ကူးယဉ်ပြီးမှ တကယ်တမ်း ရွေးချယ်ရမယ့်အချိန်ကျတော့မှ ကိုယ်က သူတို့ဘဝထဲမှာ "လိုအပ်ချက်အရ ရှိနေပေးခဲ့တဲ့လူ" သက်သက်ပဲ ဖြစ်သွားခဲ့ရတာပါ။

​သူတို့မှာ ရွေးချယ်စရာ မရှိခင်တုန်းကတော့ ကိုယ်က အကောင်းဆုံးပေါ့။ ဒါပေမဲ့ သူတို့ တကယ်လိုချင်တဲ့သူ ပေါ်လာတဲ့အခါမှာတော့ ကိုယ့်ကို အစကတည်းက ဘာမှမဟုတ်ခဲ့သလိုမျိုး အေးအေးဆေးဆေးပဲ ဘေးဖယ်ထုတ်သွားကြတာပဲ။ အဲဒီအချိန်မှာ ခံစားရတာက "ငါက ဘာမှမကောင်းလို့လား" ဆိုတဲ့ အတွေးနဲ့တင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ရတာ အမောပါ။ အချိန်တွေ အကုန်ခံ၊ စိတ်တွေ အကုန်နှစ်ပြီးမှ ကိုယ်က သူတို့အတွက် "ခဏနားတဲ့ အရိပ်" ပဲ ဖြစ်ခဲ့ရမှန်း သိလိုက်ရတဲ့ ခံစားချက်က တကယ်ကို ရင်နာဖို့ကောင်းပါတယ်။

​တကယ်တော့ ရွေးချယ်မခံရတာက ကိုယ့်အမှား မဟုတ်ပါဘူး။ ကိုယ်က သူတို့အတွက် လုံလောက်တဲ့သူ မဟုတ်လို့ မဟုတ်ဘဲ သူတို့က ကိုယ့်ရဲ့ တန်ဖိုးကို နားမလည်တာပါ။ တစ်ခါတလေကျတော့လည်း ဘေးဖယ်ခံလိုက်ရတာက ကိုယ့်အတွက် ပိုကောင်းပါတယ်။ ကိုယ့်ကို တကယ်မချစ်တဲ့သူ၊ ကိုယ့်ကို ရွေးချယ်စရာ တစ်ခုလိုပဲ သဘောထားတဲ့သူရဲ့ ဘေးမှာ တစ်သက်လုံး အပိုလူအဖြစ် နေသွားရတာထက်စာရင် အခုလို အစောကြီး သိလိုက်ရတာကမှ ကိုယ့်အတွက် ပိုပြီး တန်ဖိုးရှိတဲ့သူဆီ သွားဖို့ လမ်းပွင့်သွားတာပေါ့။

မြန်မာနိုင်ငံရဲ့ လက်ရှိအ​ခြေအ​နေအရ တက္ကသိုလ်လဲတက်ချင်တယ် မြန်မာနိုင်ငံမှာလဲ မ​နေချင်ဘူးနိုင်ငံခြားလဲသွားချင်တယ် passport...
23/02/2026

မြန်မာနိုင်ငံရဲ့ လက်ရှိအ​ခြေအ​နေအရ တက္ကသိုလ်လဲတက်ချင်တယ် မြန်မာနိုင်ငံမှာလဲ မ​နေချင်ဘူး
နိုင်ငံခြားလဲသွားချင်တယ် passport လဲမရှိဘူးဆိုရင် ဒီပို့စ်ကို ဖတ်ဖြစ်​အောင်ဖတ်ပါ

Ranking မြင့်ပြီး နိုင်ငံတကာအဆင့်မီတဲ့ University ကိုမှ တက်ချင်တယ် ဆိုတဲ့ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများအတွက် Sharda Universityနဲ့ မိတ်ဆက်​ပေးချင်ပါတယ်

တစ်နှစ်ကို ကိုယ်တက်မဲ့မေဂျာပေါ်မူတည်ပြီး ဒေါ်လာ 1600 ကစပြီး ဒေါ်လာ 2000 သာ ကုန်ကျမှာဖြစ်လို့ ကျောင်းစရိတ် သက်သာပါတယ်

Campus Infrastructure နှင့် Academic Facilities အထူး ကောင်းမွန်တာကြောင့် University Life အပြည့်အဝရမယ်

လက်ရှိမှာ မြန်မာကျောင်းသား (100) ကျော်ရှိနေပြီဖြစ်လို့ Myanmar Students Community ရှိတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်

Bachelor programs အနေနဲ့ ကြာမြင့်ချိန်ကတော့ 3 နှစ် (သို့) 4 နှစ် သာဖြစ်ပါတယ်
Master Programs တွေကတော့ 1နှစ် (သို့) 2နှစ်သာဖြစ်ပါတယ်

ကျောင်းလျှောက်ထားရန် လိုအပ်ချက်များ
-စနစ်​ဟောင်း သို့မဟုတ် စနစ်သစ် ၁၀တန်း၊ ၁၂တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်း
-GED
-IGCSE A level
-မှတ်ပုံတင်
-Passport or UNHCR card
-No need English Test

English Foundation class ပြန်တက်စရာမလိုဘဲ တိုက်ရိုက်​ကျောင်းတက်ခွင့်ရမှာဖြစ်ပါတယ်

Sharda က စာကြည့်တိုက်က Delhi မှာ အကြီးဆုံးဖြစ်ပြီး တခြား​ကျောင်း​က​ကျောင်းသား​တွေကြားမှာလဲ ရေပန်းစားပါတယ် စာကြည့်တိုက်မှာ
စာအုပ်​ပေါင်း ၂သိန်းနီးပါး
PDF files အခမဲ့
PhD , Master Discussion Rooms
Computer Labs
24 hours Wifi
Security အစရှိသဖြင့် Facilities အပြည့်ရှိပါတယ်

Sharda ကျောင်းတွင်းအဆောင်လဲနေလို့ရသလို အပြင်အဆောင် (သို့) တိုက်ခန်းလဲငှါးနေလို့ရပါတယ်

ယခုလို နိုင်ငံတကာအဆင့်မီ University ကြီးတွင်
တက်ရောက်ချင်တဲ့ ကျောင်းသားကျောင်းသူများအား
မိမိတို့ Info page ကနေ ကျောင်း admission process ၊ Visa process ၊ India ရောက်သော်လည်း လေဆိပ်ကြိုပေးတာ၊ ကျောင်းဖောင်ဖြည့်တာအပြင် အဆောင် (သို့) အိမ်ရှာပေးတာ အစအဆုံးအခမဲ့ ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်

တခြား India ရှိ ကျောင်းကောင်းများကိုလဲ မကြာမီတင်ပေးမည်ဖြစ်ပါတယ်

ဆက်သွယ်မေးမြန်းရန်

Page Messenger မှမေးမြန်းနိုင်သလို

+959787323952 (Viber) မှလဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်။



Address

Madaya

Telephone

+959255357501

Website

Alerts

Be the first to know and let us send you an email when India Universities Info for Myanmar Students posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to India Universities Info for Myanmar Students:

Shortcuts

Share