ARBA Youth Department

ARBA Youth Department All Racial Baptist Association

ARBA Youth Zoom online Worship အစီအစဉ်တွင် ARBA အသင်းတော် (၅) ပါးမှ လူငယ်မောင်မယ်များ၊ Zoom account (၉)၊ လူဦးရေ (၉)ဦး တိ...
01/08/2026

ARBA Youth Zoom online Worship အစီအစဉ်တွင် ARBA အသင်းတော် (၅) ပါးမှ လူငယ်မောင်မယ်များ၊ Zoom account (၉)၊ လူဦးရေ (၉)ဦး တို့ သဘောတူလျက် အတူတကွ ချီးမွမ်းကိုးကွယ်၊ နှုတ်ကပတ်တော်ခံယူ၊ အချင်းချင်းမိသဟာယပြု၊ ဆုတောင်းရသောအခွင့် ရရှိသည့်အတွက် အဖဘုရားသခင် ကျေးဇူးတော်မြတ်ကိုချီးမွမ်းပါသည်။

ဝတ်ပြုခြင်းကို လူမျိုးပေါင်စုံနှစ်ခြင်းအသင်းတော် (တိုက်ကြီး) ၊ ဆရာObed(လူငယ်တာ၀န်ခံ) မှ သဘာပတိအဖြစ်ဆောင်ရွက်ပေးပြီး၊ ဆရာ၏အစပြုဆုတောင်းခြင်းဖြင့် ၀တ်ပြုခြင်းကိုစတင်ခဲ့ပါသည်။ Soloသီချင်းအားဖြင့် လူမျိုးပေါင်းစုံနှစ်ခြင်းအသင်းတော် (တိုက်ကြီး)မှ ဆရာမ F***y star မှ ခွန်အားပေး ချီးမွမ်းပေးပြီး၊ ညီမလေး ဇိန်ဗျချင်းမှ ဆာလံ ၉၁ ကျမ်းကို အလွတ်ရွတ်ဆိုခဲ့ပါသည်။
ARBA Youth Chairman Sayarma L Dee Kee မှ လူငယ်များအားလုံးအတွက် အထူးဆုတောင်းပေးပါသည်။ ထို့နောက် လူငယ်များအတွက် ARBA AGS Rev.Van Peng မှ " ထာ၀ရဘုရားကို ကြောက်ရွံ့ခြင်း နဲ့ပညာ" ခေါင်းစဥ်ဖြင့်
သုတ္တံ ၉:၁၀ ၊ သုတ္တံ ၂၄:၄၅-၄၇ ၊ တိုက်တွန်းနှိုးဆော်ခြင်းနဲ့အတူ ကောင်းချီးပေးဆုတောင်းပေးခြင်းအားဖြင့် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြပါသည်။
ဝတ်ပြုခြင်းတွင်ပါဝင်ပေးကြသော လူငယ်မောင်မယ်များအားလုံးနှင့်ဦးဆောင်နှိုးဆော်ပေးကြပါသော အသင်းတော်အသီးသီးမှ ဆရာ၊ဆရာမအားလုံးအပေါ်အထူးပင်ကျေးဇူးတင်ရှိပါသည်။

လစဉ် စတုတ္ထအပတ် သောကြာနေ့ ည ၇-၈ တိုင်းမှာ ARBA လူငယ်မောင်မယ်များနဲ့အတူတစ်ကွ မိတ်သဟာရဆုတောင်း၀တ်ပြုအစီအစဉ်ရှိပါသောကြောင့် အသင်းတော်တိုင်းရှိလူငယ်များပါ၀င်နိုင်ရန်ထပ်မံနှိုးဆော်ချင်ပါသည်။ ဩဂုတ်လအတွက် ARBA Youth Worshipအစီအစဉ် ကို ဩဂုတ်လ ၂၈ ၊စတုတ္ထအပတ် သောကြာနေ့ည ၇-၈ မှာ အတူတကွ ဝတ်ပြုကိုးကွယ်ကြမှာဖြစ်ပါသည်။

ARBA Youth Department

Address

တိုက် ၅၁ ၊ ၄(ဘီ )၊ ဘူတာရုံလမ်း၊ (၂)ရပ်ကွက် ၊မရမ်းကုန်းမြို့နယ်
Yangon

Website

Alerts

Be the first to know and let us send you an email when ARBA Youth Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share