MOONNN

MOONNN စစ်မှန်သောပျော်ရွှင်ခြင်းစစ်စစ်တွေကိုသာ ရှာဖွေနေမယ်။🌱🪴
🍀 ရဲဘော်ရဲဘက်တွေရဲ့ အမှတ်တရ မှတ်တမ်း စာမျက်နှာ။

အခုမှ ဒီမက်ခွက်တွေကို သဘောပေါက်တယ်။ အပူဒါဏ်လည်းခံနိုင်တယ်။ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်တွေလိုပဲ။
25/09/2026

အခုမှ ဒီမက်ခွက်တွေကို သဘောပေါက်တယ်။
အပူဒါဏ်လည်းခံနိုင်တယ်။
ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်တွေလိုပဲ။

စောင့်နေရတဲ့အချိန်တိုင်းကို
ဆုံးရှုံးသွားတဲ့အချိန်လို့ မထင်ပါနဲ့။
ကိုယ့်အချိန်လို့ပဲ သဘောထားပါ။

Drip Coffee တစ်ခွက်တောင်
အစက်တစ်စက်ချင်း ကျလာဖို့ စောင့်ရတယ်။
မြန်မြန်ရချင်လို့ အလောတကြီးလုပ်လိုက်ရင်
ရသင့်တဲ့အရသာကို မရနိုင်ဘူး။

စောင့်နေရင်း မကျေနပ်မှုတွေကိုပဲ
စိတ်ထဲထည့်ထားမယ်ဆိုရင်
အဲဒီအချိန်တွေက ကိုယ့်အတွက် အဆိပ်ဖြစ်လာမယ်။

စောင့်ရင်းနဲ့
ကိုယ်လုပ်နိုင်တာကို ဆက်လုပ်မယ်၊
ကိုယ်ယုံကြည်တာကို ဆက်ထိန်းမယ်၊
ကိုယ့်ကိုယ်ကိုလည်း ဆက်တည်ဆောက်နေမယ်ဆိုရင်
အဲဒီအချိန်တွေဟာ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ဖြစ်လာမယ်။

တော်လှန်ရေးခရီးမှာလည်း ဒီလိုပါပဲ။

ရလဒ်ကို ဘယ်နေ့ရမယ်ဆိုတာ
ကိုယ်တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။
ဒီနေ့ ကိုယ်ဘာလုပ်မလဲဆိုတာတော့
ကိုယ်မှာရွေးချယ်ခွင့်ရှိတယ်။

ကြိုးစားခြင်းက ကိုယ့်ရွေးချယ်မှု။
စောင့်နိုင်ခြင်းက ကိုယ့်စိတ်ဓာတ် ကြံ့ခိုင်မှု။

တစ်နေ့ ရလာမယ့် ရလဒ်ကတော့
ကိုယ့်တစ်ယောက်တည်းအတွက် မဟုတ်ဘူး။
လူအများနဲ့ မျှဝေရမယ့် ဆုလဒ်တစ်ခု ဖြစ်တယ်။

Drip Coffee တစ်ခွက်လိုပဲ
တစ်စက်ချင်းက နှေးကောင်းနှေးမယ်။
တစ်စက်ချင်းတိုင်းက
နောက်ဆုံးရလာမယ့် တစ်ခွက်လုံးရဲ့ အောင်မြင်မှု အစိတ်အပိုင်းပဲ။

…မောလား…
…ခဏနား…
…ပြီးရင်….🚩

Art. Resistance. Taste.
:::
@ [email protected]
:::
🪖Artstrike
🪖Artstrike Craft Coffee
🪖Artstrike Merchandise Corner





မိုးနဲ့ဆောင်းအကူးအပြောင်း ....မနက်ဆိုအေးလာပြီ။ စောင်နဲ့ အနွေးထည် ၊ ပြင်ဆင်စရာရှိတာတွေရှာဖွေ စု ရတော့မယ်လို့ စတွေးမိတယ်။ ...
24/09/2026

မိုးနဲ့ဆောင်းအကူးအပြောင်း ....

မနက်ဆိုအေးလာပြီ။

စောင်နဲ့ အနွေးထည် ၊ ပြင်ဆင်စရာရှိတာတွေရှာဖွေ စု ရတော့မယ်လို့ စတွေးမိတယ်။

ပြီးတော့ အသက်ရှူထုတ်လုပ်တယ်။

GoodMorning လို့ နှုတ်ဆက်ပါတယ်။ 🙏🌻

24/09/2026

ဝမ်းနည်းစရာသတင်းရှိတာမို့

ကျမ ဆံပင်reel ပြန်ဖျက်လိုက်ပါပြီ။ 🥹

Goodmorning 🌻🌅ကိုယ့်စိတ်ထဲက ချစ်ခြင်းမေတ္တာက သူတပါးကို အပြစ်တင်ဖို့ မဟုတ်ဘူးတဲ့။ 🙏
23/09/2026

Goodmorning 🌻🌅

ကိုယ့်စိတ်ထဲက ချစ်ခြင်းမေတ္တာက သူတပါးကို အပြစ်တင်ဖို့ မဟုတ်ဘူးတဲ့။ 🙏

ဒီနေ့ သိလိုက်ရတဲ့ အသိတရားတခု မျှဝေချင်ပါတယ်။ လူတွေက ကောင်းတဲ့ဆိုင်တွေကို ရွေးစားကြတယ်။ကောင်းတဲ့အစားအစာတွေဆို တကူးတက သွား...
23/09/2026

ဒီနေ့ သိလိုက်ရတဲ့ အသိတရားတခု မျှဝေချင်ပါတယ်။

လူတွေက ကောင်းတဲ့ဆိုင်တွေကို ရွေးစားကြတယ်။
ကောင်းတဲ့အစားအစာတွေဆို တကူးတက သွားစားကြတယ်။
ကောင်းတဲ့ Brand တွေကိုလည်း ရွေးသုံးကြတယ်။

ကိုယ့်အတွင်းစိတ်အတွက်ရော
ကောင်းတဲ့ Brand တစ်ခု တည်ဆောက်ဖြစ်ကြရဲ့လားတဲ့။

အပြင်ပန်း Brand ထက်
ပိုအရေးကြီးတာက
ကိုယ့်အတွင်းစိတ် Brand ပါတဲ့။

အတွင်းစိတ်Brandက Skin ပေါ်မှာ ပြုပြင်နေတာတွေထက်ပိုလှမယ်လို့
အပြည့်အဝယုံကြည်တယ်။ မမွန်းက မျက်နှာသစ်ဆေးတခုကလွဲရင် ဘာမှ မလိမ်းပါ။ အမယ်ကြော်ငြာဝင်ဒယ်။

အတွင်းစိတ် Brand တဲ့ အရမ်းစိတ်ဝင်စားသွားတယ်။ ရှာဖတ်အုန်းမှဆိုပြီး
အကုန်ရှာဖွေ ဖတ်ရှု့မိတယ်။

အဓိကအချက်တွေနဲ့ ထပ်တူကျတဲ့ အချက်အလက်တွေအရ။

🌻သမာဓိ
ပြောတာနဲ့ လုပ်တာ တတ်နိုင်သမျှကိုက်ညီဖို့

🌻တာဝန်ယူမှု
ကိုယ့်အမှားကို သူများပေါ်မပုံချဘဲ လက်ခံပြင်ဆင်တတ်ဖို့

🌻မျှတမှု
ကိုယ်ချစ်တဲ့သူ၊ မချစ်တဲ့သူဆိုပြီး စံနှုန်းမပြောင်းဖို့။

🌻နားထောင်တတ်မှု
အဖြေပေးဖို့မဟုတ်ဘဲ နားလည်ဖို့ နားထောင်တတ်ဖို့

🌻စိတ်တည်ငြိမ်မှု
စိတ်တိုချိန်၊ စိတ်ပျက်ချိန်မှာ ချက်ချင်းတုံ့ပြန်မယ့်အစား ကိုယ့်စိတ်ကို ထိန်းနိုင်ဖို့

🌻 ကြင်နာမှု
သူများကိုသာမက ကိုယ့်ကိုယ်ကိုပါ လူသားဆန်ဆန်ဆက်ဆံဖို့

🌻စည်းကမ်းရှိမှု
ကိုယ်သတ်မှတ်ထားတဲ့ စည်းမျဉ်းကိုလိုက်နာဖို့။ အချိန်စည်းကမ်း၊ အပြုအမူစည်းကမ်း၊ စိတ်စည်းကမ်း။

🌻နယ်နိမိတ်ထားတတ်မှု
ကြင်နာတာနဲ့ အရာအားလုံးလက်ခံတာ မတူဘူးဆိုတာသိဖို့

🌻ကိုယ့်ကိုယ်ကို သိမှု
“ငါဘာကြောင့် ဒီလိုတုံ့ပြန်နေတာလဲ” လို့ ကိုယ့်စိတ်ကို ပြန်ကြည့်တတ်ဖို့။
ဘာလုပ်လုပ် သတိရှိနေရမှာမျိုး။

🌻သင်ယူပြောင်းလဲနိုင်မှု
ကိုယ်မှားနိုင်တယ်ဆိုတာလက်ခံပြီး အသစ်သင်ယူနိုင်ဖို့။

ဒီအရာတွေထဲမှာ အရေးကြီးဆုံးက Consistency ပါတဲ့။

တစ်နေ့ကောင်းပြီး တစ်နေ့ပျက်မဟုတ်ဘဲ
နေ့တိုင်း နည်းနည်းစီ တည်ဆောက်ခြင်း ပါတဲ့။

(မမွန်းလည်း အရင်ဘဝက အပြင်ပန်း အရူးပေါ့လေ။
အခုတော့ အတွင်းရူးနေပါပြီ။😊)

23/09/2026

လမ်းကကောက်လာပြီး၊
ဟင်းတခွက်တဲ့
ပျော်လိုက်တာ မွေပုတ်ကြီး။
မြေမြုပ်လိုက်ရရော။ 🤪

ညက စကားကောင်းနေတာရယ်၊ ကြွက်သောင်းကျန်းလို့ ထရှင်းရတာရယ်။ အိပ်ချိန် ၄နာရီပဲရလိုက်တယ်။ နေ့တနေ့မှာ နာရီ ၂၄ နာရီရှိရင် အိပ်ခ...
23/09/2026

ညက စကားကောင်းနေတာရယ်၊

ကြွက်သောင်းကျန်းလို့ ထရှင်းရတာရယ်။

အိပ်ချိန် ၄နာရီပဲရလိုက်တယ်။

နေ့တနေ့မှာ နာရီ ၂၄ နာရီရှိရင် အိပ်ချိန်၄နာရီနှုတ်ရင်

ကျမဒီနေ့ နာရီ၂၀ အလုပ်လုပ်ဖို့ ဖြတ်သန်းနိုင်ရမယ်။

Power Nap တော့ လုပ်ရမယ်။

ကမ်ပိန်းကူတဲ့သူတွေပဲဆိုတော့ " မျက်နှာကြီးရာ ဟင်းဖတ်ပါ" နော် 🦾🚩
22/09/2026

ကမ်ပိန်းကူတဲ့သူတွေပဲဆိုတော့ " မျက်နှာကြီးရာ ဟင်းဖတ်ပါ" နော် 🦾🚩

မျက်နှာလောက်ကြီးတဲ့ Army Green Enamel မက်ခွက်....မောလား ခဏနား လ္ဘက်ခြောက်ရည် သို့မဟုတ် အခါးရည် သို့မဟုတ် ရေနွေကြမ်းသောက်...
22/09/2026

မျက်နှာလောက်ကြီးတဲ့ Army Green Enamel မက်ခွက်....

မောလား
ခဏနား
လ္ဘက်ခြောက်ရည် သို့မဟုတ် အခါးရည် သို့မဟုတ် ရေနွေကြမ်းသောက်🚩

ဒီစာလေးတွေဖတ်မိပြီး " မတရားမှုကို တွန်းလှန်နေတဲ့ အရပ်ဒေသမှအနုပညာတစ်ခုလို ဖန်တီးထားတဲ့ ကော်ဖီ။ကြံ့ကြံ့ခံနိုင်တဲ့ ကော်ဖီအရ...
22/09/2026

ဒီစာလေးတွေဖတ်မိပြီး

" မတရားမှုကို တွန်းလှန်နေတဲ့ အရပ်ဒေသမှ
အနုပညာတစ်ခုလို ဖန်တီးထားတဲ့ ကော်ဖီ။
ကြံ့ကြံ့ခံနိုင်တဲ့ ကော်ဖီအရသာ တွေကို

လူ့အခွင့်အရေးအပြည့်အဝရရှိထားပြီး၊
ကမ္ဘာမှာ ပျော်ရွှင်ရဆုံးနိုင်ငံမှ မြန်မာပြည်သားများ
မြည်းစမ်းကြည့်နိုင်ပါတယ်ခင်ဗျာ။ "

ဆိုတဲ့စာသားလေးကိုမြင်တော့
ထိုင်းရောက်နေတဲ့ ထိုင်ဝမ်သတင်းထောက် သူငယ်ချင်းကို ပြေးမြင်မိတယ်။

ငါ့မိသားစုကို အိမ်ပြန်လက်ဆောင်ပေးဖို့ဝယ်သွားမလို့တဲ့ ၂ခါတော့ အားပေးရှာတယ်။

လက်ဆောင်ပေးဖို့ ဝယ်လေ့ရှိတယ်။

Address

Yangon
63160

Alerts

Be the first to know and let us send you an email when MOONNN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MOONNN:

Shortcuts

Share