Step-in Step-up

Call Website Contact the organization

Step-in Step-up Step-in Step-up focuses on preparing vulnerable people for entry level jobs.

စက်ချုပ်အခြေခံရှိရုံနဲ့ သင့်ကျွမ်းကျင်မှုကို ဝင်ငွေအခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။ 🧵✨SISU မှ ဖွင့်လှစ်မည့် Reusab...
11/07/2026

စက်ချုပ်အခြေခံရှိရုံနဲ့ သင့်ကျွမ်းကျင်မှုကို ဝင်ငွေအခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။ 🧵✨

SISU မှ ဖွင့်လှစ်မည့် Reusable Cloth Sewing Training Program သည် စက်ချုပ်အခြေခံရှိသော အမျိုးသမီးများအတွက် လက်တွေ့ကျွမ်းကျင်မှုများ တိုးတက်စေရန်နှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ ဖန်တီးနိုင်ရန် ရည်ရွယ်ထားသော အခမဲ့သင်တန်းအစီအစဉ် ဖြစ်ပါသည်။

ဒီအစီအစဉ်မှတစ်ဆင့် ပါဝင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သော Reusable Cloth များ ထုတ်လုပ်နိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုများကို လက်တွေ့သင်ယူနိုင်မည်ဖြစ်ပါသည်။

✨ သင်ကြားပေးမည့်အရာများ

✂️ Reusable Cloth အတွက် အထည်ညှပ်နည်း

🧵 အဆင့်ဆင့် ချုပ်လုပ်နည်း

✅ ထုတ်ကုန်အရည်အသွေး ထိန်းသိမ်းနည်း

သင်တန်းပြီးဆုံးပြီးနောက်တွင်လည်း သင်တန်းသားများအနေဖြင့် ရရှိလာသော ကျွမ်းကျင်မှုများကို အသုံးချကာ ကိုယ်ပိုင်ဝင်ငွေအခွင့်အလမ်းများ ဖန်တီးနိုင်စေရန် SISU မှ ဆက်လက်အားပေးပံ့ပိုးသွားရန် ရည်ရွယ်ထားပါသည်။

📅 သင်တန်းကာလ – ၃ မှ ၄ လ

👥 လက်ခံမည့်ဦးရေ – ၁၀ ဦးသာ

📌 လျှောက်ထားနိုင်သူများ
• စက်ချုပ်အခြေခံရှိသော အသက် ၁၈ နှစ်အထက် အမျိုးသမီးများ
• နားမကြားအမျိုးသမီးများလည်း လျှောက်ထားနိုင်ပါသည်

💙 နေရာအရေအတွက် ကန့်သတ်ထားသောကြောင့် စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံး လျှောက်ထားနိုင်ပါသည်။

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📞 09-260424688

🌐 www.stepinstepupint.org

📍 No.49A/49B, ပန်းလှိုင်ဂေါက်ကွင်းလမ်း၊ စက်မှုဇုန် အပိုင်း (၆)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်။

အသစ်ထပ်မံ ဖွင့်လှစ်လိုက်တဲ့ SISU Sewing Training Program SISU Sewing Training Program ဟာဆိုရင် စက်ချုပ်သင်တန်းတစ်ခုတည်း ...
08/07/2026

အသစ်ထပ်မံ ဖွင့်လှစ်လိုက်တဲ့ SISU Sewing Training Program

SISU Sewing Training Program ဟာဆိုရင် စက်ချုပ်သင်တန်းတစ်ခုတည်း မဟုတ်ဘဲ အမျိုးသမီးများအတွက် လက်တွေ့ကျွမ်းကျင်မှုများကို သင်ယူနိုင်ပြီး၊ အရည်အသွေးမြင့် ပြန်လည်အသုံးပြုနိုင်သော ချည်သားပစ္စည်းများကို ထုတ်လုပ်နိုင်ကာ ရေရှည်တည်တံ့သော ဝင်ငွေအခွင့်အလမ်းများကို တည်ဆောက်နိုင်ရန် ရည်ရွယ်ထားသော အစီအစဉ်တစ်ခုဖြစ်ပါသည်။

ယခုအခါ အခမဲ့ Sewing Training Program အတွက် လျှောက်လွှာများကို လက်ခံနေပြီဖြစ်ပြီး...

📌 စက်ချုပ်အခြေခံရှိသော အမျိုးသမီးများ လျှောက်ထားနိုင်ပါသည်။

💙 ဤသင်တန်းတွင် နားမကြားအမျိုးသမီးများကိုလည်း နွေးထွေးစွာ ကြိုဆိုပါသည်။

📅 သင်တန်းကာလ – ၃ မှ ၄ လ

👥 လက်ခံမည့်ဦးရေ – ၁၀ ဦးသာ

SISU Sewing Training Program သည် အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများကို ဖန်တီးပေးရင်း၊ မိန်းကလေးများ၏ ဂုဏ်သိက္ခာနှင့် ကျန်းမာရေးကိုလည်း အားပေးပံ့ပိုးနိုင်ရန် ရည်ရွယ်ထားပါသည်။

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📍 သင်တန်းလိပ်စာ : No.49A/49B, ပန်းလှိုင်ဂေါက်ကွင်းလမ်း၊ စက်မှုဇုန် အပိုင်း၆၊ စက်မှုဇုန်မှတ်တိုင် ၊ လှိုင်သာယာမြို့နယ် ၊ ရန်ကုန်မြို့ ။

🎉 Congratulations to our 12 successful candidates! 🎉We are proud of your achievement and wish you continued success in y...
06/07/2026

🎉 Congratulations to our 12 successful candidates! 🎉

We are proud of your achievement and wish you continued success in your new journey.

Thank you for trusting us.

03/07/2026

✨ အလုပ်ခွင်မှာ အဆင်သင့်ဖြစ်ဖို့ဆိုရင် လက်တွေ့အတွေ့အကြုံများက မရှိမဖြစ်လိုအပ်ပါတယ် ✨

SISU ရဲ့ Hospitalityပိုင်းမှ ဘာသာရပ်ခွဲတစ်ခုဖြစ်သော Housekeeping Skills Training Time မှာတော့ စာတွေ့သင်ကြားမှုအပြင် လက်တွေ့လေ့ကျင့်မှုများကိုပါ ယခုလိုအလေးထားသင်ကြားပေးလျက်ရှိပါတယ်။ 🛏🧹

သင်ယူထားတဲ့ Skill တွေကို ကိုယ်တိုင်လက်တွေ့အသုံးချရင်း ယုံကြည်မှုတည်ဆောက်ပြီး အလုပ်ခွင်အတွက် အဆင်သင့်ဖြစ်လာစေဖို့ SISU က အမြဲပံ့ပိုးပေးနေပါတယ်။

💙စိတ်ဝင်စားနေတယ်ဆိုရင်တော့ Waiting List မှာ လာရောက် စာရင်းပေးသွင်းနိုင်ပါတယ်။ 📩

အသေးစိတ် ဆက်သွယ်လိုတယ်ဆိုရင်တော့ -

📞 ဖုန်းနံပါတ် : 09-260424688

🌐 Website : www.stepinstepupint.org နှင့်
📩 Chatbox တို့မှတဆင့် ဆက်သွယ်နိုင်ပါတယ်။

သင်ယူမှုတိုင်းက အနာဂတ်အတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ပါတယ် 🌱✨SISU ဟာဆိုရင် လူငယ်များအတွက် လက်တွေ့အသုံးချနိုင်တဲ့ ...
01/07/2026

သင်ယူမှုတိုင်းက အနာဂတ်အတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနိုင်ပါတယ် 🌱✨

SISU ဟာဆိုရင် လူငယ်များအတွက် လက်တွေ့အသုံးချနိုင်တဲ့ Skill များကို သင်ယူစေပြီး အလုပ်အကိုင်များရရှိစေကာ အနာဂတ်များကို ပုံဖော်တည်ဆောက်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 💙

SISU မှာ တက်ရောက်နိုင်သော သင်တန်းများကတော့ -
· ဟိုတယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သင်တန်း
· ရုံးပိုင်ဆိုင်ရာ ကျွမ်းကျင်သင်တန်း
· သူနာပြုအကူ ကျွမ်းကျင်သင်တန်း တို့ပဲ ဖြစ်ပြီး

၆လတာ “အခမဲ့” သင်ကြားပေးကာ သင်တန်းကာလအတွင်း လိုအပ်သော ယူနီဖောင်း နှင့် အခြားပံ့ပိုးမှုများကိုပါ စီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူများအနေနဲ့ အမှန်တကယ်ဝါသနာပါပြီး နှစ်သက်ရာဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

အပ်နှံသူ ကျောင်းသားဦးရေ အလွန်များပြားသဖြင့် အနာဂတ်အတွက် Skill တည်ဆောက်ဖို့ စိတ်ဝင်စားနေတယ်ဆိုရင် အခုပဲ Waiting List မှာ လာရောက်ကာ စာရင်းပေးသွင်းလိုက်ပါ။

📩 အသေးစိတ် ဆက်သွယ်လိုတယ်ဆိုရင်တော့ -

📞 ဖုန်းနံပါတ် : 09-260424688

🌐 Website: www.stepinstepupint.org နှင့်

📩 Chatbox တို့မှတဆင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။


“Skill တစ်ခု သင်ယူဖို့ အကောင်းဆုံးအချိန်က မနေ့ကဖြစ်ပြီး ဒုတိယအကောင်းဆုံးအချိန်က ဒီနေ့ပါ”✨သင်ယူမှုကို စတင်တဲ့အချိန်ကစပြီး...
26/06/2026

“Skill တစ်ခု သင်ယူဖို့ အကောင်းဆုံးအချိန်က မနေ့ကဖြစ်ပြီး ဒုတိယအကောင်းဆုံးအချိန်က ဒီနေ့ပါ”✨

သင်ယူမှုကို စတင်တဲ့အချိန်ကစပြီး အနာဂတ်အတွက် တံခါးအသစ်တွေ ပွင့်လာနိုင်ပါတယ်။

Step-in Step-up Vocational Training Centre က သင့်ရဲ့ Career Journey ကို ပံ့ပိုးကူညီပေးဖို့ အမြဲရှိနေပါတယ်။ 🌱💼

SISU မှာ တက်ရောက်နိုင်သော သင်တန်းများ -

• ဟိုတယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သင်တန်း
• ရုံးပိုင်ဆိုင်ရာ ကျွမ်းကျင်သင်တန်း
• သူနာပြုအကူ ကျွမ်းကျင်သင်တန်း

အနာဂတ်အတွက် Skill တည်ဆောက်ဖို့ စိတ်ဝင်စားနေတယ်ဆိုရင် အခုပဲ Waiting List မှာ စာရင်းပေးသွင်းလိုက်ပါ။ 📩

📞 Phone: 09-260424688

🌐 Website: www.stepinstepupint.org

Skill သင်ယူခြင်းက ဘဝကို ပြောင်းလဲနိုင်ပါတယ် ✨SISU မှာ သင်ယူခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများထဲက အများအပြားဟာ သင်တန်းပြီးဆ...
19/06/2026

Skill သင်ယူခြင်းက ဘဝကို ပြောင်းလဲနိုင်ပါတယ် ✨

SISU မှာ သင်ယူခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများထဲက အများအပြားဟာ သင်တန်းပြီးဆုံးပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိခဲ့ကြပါတယ်။

သူတို့ရဲ့ အောင်မြင်မှုနောက်မှာရှိတာကတော့

✔️ စိတ်အားထက်သန်မှု

✔️ ကြိုးစားသင်ယူမှု

✔️ လက်တွေ့ကျွမ်းကျင်မှုများ ပဲ ဖြစ်ပါတယ်။

သင်ကိုယ်တိုင်လည်း SISU မှာ ကိုယ့်အနာဂတ်အတွက် လိုအပ်တဲ့ Skill တွေကို “အခမဲ့” သင်ယူပြီး အောင်မြင်မှုလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနိုင်ပါတယ်။ 🌱💼

📞 Phone: 09-260424688

🌐 Website: www.stepinstepupint.org

📍 သင်တန်းလိပ်စာ : No.49A/49B, ပန်းလှိုင်ဂေါက်ကွင်းလမ်း၊ စက်မှုဇုန် အပိုင်း၆၊ စက်မှုဇုန်မှတ်တိုင် ၊ လှိုင်သာယာမြို့နယ် ၊ ရန်ကုန်မြို့ ။

🎓 လုပ်ရှင်တွေက Certificate တစ်ခုထက် ဘာကို ပိုကြည့်လဲ?အလုပ်အကိုင်လျှောက်တဲ့အခါ Certificate ရှိရုံနဲ့ မလုံလောက်တော့ပါဘူး။ယ...
17/06/2026

🎓 လုပ်ရှင်တွေက Certificate တစ်ခုထက် ဘာကို ပိုကြည့်လဲ?

အလုပ်အကိုင်လျှောက်တဲ့အခါ Certificate ရှိရုံနဲ့ မလုံလောက်တော့ပါဘူး။

ယနေ့ခေတ် Company အများစုက ပညာအရည်အချင်းအပြင် အလုပ်ခွင်မှာ အမှန်တကယ် အသုံးချနိုင်တဲ့ Soft Skills တွေကို ပိုပြီး အရေးကြီးစွာ ကြည့်လာကြပါတယ်။

✅ Communication Skills – လူတွေနဲ့ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်မှု

✅ Teamwork – အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်မှု

✅ Problem-Solving Skills – ကြုံတွေ့လာတဲ့ ပြဿနာတွေကို စနစ်တကျ ဖြေရှင်းနိုင်မှု

✅ Time Management – အချိန်ကို စီမံခန့်ခွဲပြီး ထိရောက်စွာ အသုံးချနိုင်မှု

✅ Professional Attitude – တာဝန်ယူမှု၊ စည်းကမ်းရှိမှုနှင့် လုပ်ငန်းကျင့်ဝတ်ကောင်းမွန်မှု တို့ပဲ ဖြစ်ပါတယ်။

🌱 အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းများအတွက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ပြီး ဒီလို အရေးကြီးတဲ့ Skills တွေကိုပါ စနစ်တကျ လေ့လာချင်တယ်ဆိုရင်တော့ Step-In Step-Up Vocational Training Centre မှာ "အခမဲ့" သင်ယူနိုင်ပါတယ်။

📞 Phone: 09-260424688

🌐 Website: www.stepinstepupint.org

✨ သင်ယူခြင်းက အောင်မြင်မှုဆီသို့ ပထမဆုံးခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။

July နဲ့ August Intake တွေ လူပြည့်သွားပါပြီ 🙏SISU ရဲ့ July နှင့် August Intake များအတွက် လျှောက်ထားသူများ အလွန်များပြားသ...
12/06/2026

July နဲ့ August Intake တွေ လူပြည့်သွားပါပြီ 🙏

SISU ရဲ့ July နှင့် August Intake များအတွက် လျှောက်ထားသူများ အလွန်များပြားသဖြင့် စာရင်းပိတ်လိုက်ပါပြီရှင်။

ဒါပေမယ့် စိတ်မပူပါနဲ့။ 🌟

နောက်ဖွင့်မယ့် Intake များအတွက် Waiting List Registration ကိုလည်း စတင်လက်ခံနေပြီ ဖြစ်လို့ Waiting List မှာ ကြိုတင်စာရင်းပေးထားနိုင်ပါတယ်။

Waiting List ထဲတွင် စာရင်းပေးသါင်းထားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ -
📌 Intake အသစ်ဖွင့်တာနဲ့ အရင်ဆုံး သိရှိနိုင်မယ်
📌 Priority Contact ရရှိမယ်
📌 Seat ရဖို့ အခွင့်အရေး ပိုများလာမယ်
📌 လိုအပ်တဲ့ အချက်အလက်တွေကို အချိန်မီ ရရှိနိုင်မယ်

ဒါကြောင့်စိတ်ဝင်စားတဲ့ အတန်းလေးအတွက်ကို အခုပဲ Waiting List မှာ စာရင်းပေးထားလိုက်ပါ။ 📩

📞 Phone: 09-260424688

🌐 Website: www.stepinstepupint.org

Address

Yangon

Alerts

Be the first to know and let us send you an email when Step-in Step-up posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Step-in Step-up:

Shortcuts

Share