30/05/2025
🚭၂၀၂၅ခုနှစ် မေလ(၃၁)ရက်နေ့သည်
ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ဖြစ်ပါတယ်။
ယခုနှစ်ဆောင်ပုဒ်မှာ
"ဆေးလိပ်ဆေးရွက်ကြီး၊ထုတ်ကုန်များ၊
ဆွဲဆောင်လှည့်စား၊ကြာ်ငြာထား၊
သတိပြုဆင်ခြင်တွန်းလှန်သွား"
"Unmasking the Appeal: Exploring industry tactics on to***co and ni****ne products"
ဖြစ်ပါတယ်။
🤷♀️ပြည်သူအများဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် ကိုနားလည်၍ဝေးဝေးရှောင်ကြပါ။
▪ ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန်များသည် ထုပ်ပိုးမှုပုံစံအရ အန္တရာယ်ကင်းသည်ထင်ရသော်လည်း မည်သည့်ထုပ်ပိုးမှုပုံစံနှင့်ဖြစ်စေ အသက်အန္တရာယ်ရှိစေသော သေစေနိုင်သော အရာများပါ၀င်ပါသည်။
▪ ထိုထုတ်ကုန်များသည် အလွန်စွဲလမ်းစေတတ်ပြီး ထိုအကြောင်းကို ဆေးလိပ်၊ဆေးရွက်ကြီး ကုမ္ပဏီများက သိရှိကြပါသည်။
▪ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးထားသလို သေစေနိုင်သော ဆေးရွက်ကြီးထုတ်ကုန်များရဲ့ အတုအယောင်များကို တားဆီးပါ။ ၎င်းတို့၏ နည်းပရိယာယ်များကို ဖော်ထုတ်ပါ။
▪ ဆွဲဆောင်မှုများနောက်ကွယ်မှ မျက်နှာဖုံးများကိုပါ ခွာချရမည့်အချိန်အခါဖြစ်သည်။
ဆေးလိပ်၊ဆေးရွက်ကြီး ကုမ္ပဏီများ၏ လှည့်စားမှုများကို ဖော်ထုတ်ပါ။
This ***coDay 🚭, it’s time to unmask the appeal.