11/05/2026
ရာသီသွေးဆိုင်ရာအသိပညာများကို ပြန်လည်မျှဝေပေးသွားမှာမလို့ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ရန် ဖိတ်ခေါ်ပါတယ် 💜
‼️𝗠𝗲𝗻𝘀𝘁𝗿𝘂𝗮𝘁𝗶𝗼𝗻 𝗶𝘀 𝗻𝗼𝘁 𝗼𝗻𝗹𝘆 𝗮 𝗺𝗮𝘁𝘁𝗲𝗿 𝗼𝗳 𝘄𝗼𝗺𝗲𝗻‼️
ရာသီသွေးဟာ အမျိုးသမီးတွေနဲ့ပဲသက်ဆိုင်တဲ့အရာတစ်ခု မဟုတ်ပါဘူး။
ရာသီသွေးဟာ မိမိရဲ့ဂျဲန်ဒါဖြစ်တည်မှုအပေါ်မှာ မူတည်နေတာမဟုတ်ဘဲ biological s*x လို့ခေါ်တဲ့ မွေးရာပါလိင်အပေါ် များစွာမူတည်နေပါတယ်။ ဒါ့အပြင် အမျိုးသမီးလိင်အင်္ဂါအနေနဲ့ မွေးဖွားလာပြီး ဟော်မုန်းဆေးသောက်ပြီး အမျိုးသားလိင်အဖြစ်သို့ ပြောင်းလဲထားတဲ့ Transmen တစ်ချို့မှာလည်း ရာသီသွေးဆင်းတာမျိုးရှိသလို၊ သားအိမ်ပါပြီး မွေးဖွားလာပေမဲ့ ရာသီသွေးဆင်းခြင်းမျိုးမရှိတဲ့ အမျိုးသမီးအနည်းငယ်လည်းရှိကြောင်း သိရှိရပါတယ်။ ဒါကြောင့် ရာသီသွေးဟာ ရှုပ်ထွေးလှတဲ့ ကျန်းမာရေးဆိုင်ရာ ဇီ၀ဗေဒ သဘာ၀ဖြစ်စဥ်တစ်ခုလို့ဆိုနိုင်ပါတယ်။
ဒီတစ်ခေါက်မှာတော့ Menstrual Justice Webinar Series အောက်ကနေ ၂၀၂၆ ခုနှစ်အတွက် ပထမဆုံးသော webinar လေးကို ပြန်လည်ခေါ်ဆောင်လာပါပြီ။ ❝𝗠𝗲𝗻𝘀𝘁𝗿𝘂𝗮𝗹 𝗝𝘂𝘀𝘁𝗶𝗰𝗲: 𝗕𝗼𝗱𝘆, 𝗠𝗶𝗻𝗱, 𝗮𝗻𝗱 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲❞ လို့ အမည်ရတဲ့ ယခု Webinar လေးဟာ LGBTQIA+ ကွန်မြူနတီအတွက် သီးသန့်ရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့ ❝Menstrual Justice: Body, Mind, and Experience❞ Workshop ကနေ ရရှိလာတဲ့ အတွေ့အကြုံတွေကို စုစည်းပြီး ပြန်လည်မျှဝေပေးမယ့် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ အဆိုပါ Workshop မှာ အမျိုးသမီးများသာမက LGBTQ+ အသိုင်းအဝိုင်းဝင်တွေရဲ့ ရာသီစက်ဝန်းဆိုင်ရာ ဖြစ်တည်မှုများ၊ စိတ်ပိုင်းဆိုင်ရာခက်ခဲမှုများနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကို ပွင့်လင်းစွာထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ မိမိကိုယ်၌က ရာသီသွေးဆင်းသူဖြစ်သည့်အတွက် ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာအရ၊ ကျန်းမာရေးရှုထောင့်အရအခက်အခဲများနဲ့ ဒါတွေကိုဘယ်လိုဖြတ်ကျော်နေသလဲ၊ ဘေးပတ်ဝန်းကျင်ကဖေးမပံ့ပိုးချင်သူများကရော ဘယ်လိုထိထိရောက်ရောက်ဖေးမပေးနိုင်မလဲဆိုတဲ့အရာတွေကိုလည်း ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
ရာသီသွေးဆင်းခြင်းအကြောင်း ပြောကြတဲ့အခါ လူမှုစံနှုန်းတွေကြားမှာ မေ့ကျန်နေတတ်တဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို အခု Webinar မှာ အတူတူ နားထောင်ကြည့်ရင်း Workshop မှာ ဆွေးနွေးခဲ့တဲ့ -
✅ ရာသီသွေးဆင်းခြင်းနဲ့ စိတ်ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ။
✅ ခွဲခြားဆက်ဆံမှုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကျော်လွှားကြမလဲ။
✅ အားလုံးအတွက် အဆင်ပြေမယ့် ပံ့ပိုးကူညီမှုစနစ်တွေကိုရော ဘယ်လိုတည်ဆောက်ကြမလဲ။
စတဲ့ အကြောင်းအရာတွေကို စုစည်းမျှဝေပေးသွားမှာပါ။
ဒီပွဲလေးမှာ ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ထားတဲ့ guest speaker ကတော့ Ko Marlo ပဲဖြစ်ပါတယ်။
Ko Marlo ဟာ စိတ်ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးသူ (Mental Health Counselor) တစ်ဦးဖြစ်သလို၊ LGBTQ+ အသိုင်းအဝိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို INGOs တွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လက်တွေ့ကျကျ သုတေသနပြု စူးစမ်းလေ့လာနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
LGBTQ+ အသိုင်းအဝိုင်းဝင်တစ်ဦးကိုယ်တိုင် ဖြစ်တာနဲ့အညီ လူနည်းစုတွေ ကြုံတွေ့ရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို နားလည်ပေးနိုင်ပြီး၊ အားလုံးအတွက် လက်လှမ်းမီတဲ့ စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိလာဖို့ စိတ်အားထက်သန်စွာ လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။
📌 အသေးစိတ်အချက်အလက်
🔶 နေ့ရက် - မေလ ၁၇ ရက်, ၂၀၂၆ ခုနှစ် (တနင်္ဂနွေ)
🔶 အချိန် - မနက် ၁၀း၀၀ မှ ၁၁း၃၀ အထိ
🔶 ပလက်ဖောင်း - Zoom
စာရင်းပေးသွင်းရန် - https://forms.gle/UCWBrf1W7oRCD4JAA
တက်ရောက်လိုသူများ အနေနဲ့ (၁၅) ရက်နေ့ညနေ (၄)နာရီ နောက်ဆုံးထားပြီး စာရင်းပေးသွင်းဖို့ လိုအပ်ကြောင်း ကြိုတင်အသိပေးအပ်ပါရစေ ။
အသေးစိတ်သိရှိလိုပါက Page Messenger (သို့) [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။