Sheng Mei အထည်ချုပ် အလုပ်သမားအဖွဲ့အစည်း

  • Home
  • Myanmar
  • Yangon
  • Sheng Mei အထည်ချုပ် အလုပ်သမားအဖွဲ့အစည်း

Sheng Mei အထည်ချုပ် အလုပ်သမားအဖွဲ့အစည်း အခြေခံအလုပ်သမား အဖွဲ့အစည်း

15/07/2026

အလုပ်ထုတ်ခံထားရတဲ့ Max Technology အလုပ်သမားအဖွဲ့အစည်း အတွက် ရွှေပြည်သာအလုပ်သမားရုံးတေက ထိရောက်တဲ့ လုပ်ဆောင်မူ မလုပ်ပေးတဲ့အပြင် ညှိနိုင်းမူအတွက် စက်ရုံသွားရာမှာ အလည - အလုပ်သမားဉီးစီးမှူး (ဉီးတင်မောင်ထူး) အနေနဲ့ မပြောသင့်တာကို ပြောခဲ့တယ်။ ဆန္ဒပြနေတဲ့ အလုပ်သမားတွေတောင်းဆိုနေတာက စံချိန်မတရားတောင်းတာနဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားအဖွဲ့အစည်းကို အလုပ်ပြန်ခန့်ပေးပို့တောင်းဆိုတာကို စံချိန်အတွက် ညှိနိုင်းပေးမယ် အလုပ်ထဲ ပြန်ဝင်ကျပါဆိုပြီးပြောခဲ့တယ်။ အဲဒါကို အလုပ်သမားက အလုပ်သမားအဖွဲ့အစည်း ကိုပါ ညှိနိုင်းမူမှာ ခေါ်ဖို့ပြောတာကို အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားအဖွဲ့အစည်းကို မျှော်မနေနဲ့တော့ ပြန်လာမှာမဟုတ်တော့ဘူး။ လုပ်ငန်းခွင်ထဲကိုသာပြန်ဝင် အလုပ်သမားအဖွဲ့အစည်းအသစ်ဖွဲ့ပေးမယ်ဆိုပြီး ပြောရဲတယ်နော်။ ဒါဆို အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်တေကို ထုတ်တာမှန်တယ်ဆိုပြီး ရပ်တည်လိုက်တာလား။ ဒါကြောင့်မို့လို့ အလုပ်သမားအဖွဲ့အစည်းက တိုင်ထားတဲ့ တိုင်စာတေကို ခေါင်းဆောင်တေသာ အလုပ်ထုတ်ခံလိုက်ရတယ် ၊ အခုအထိ တိုင်ကြားစာတေကို အဖြေထွက်အောင် မရှင်းနိုင်သေးဘူး။ အလုပ်သမားအဖွဲ့အစည်းကို ငြင်းပယ်မူအတွက် စက်ရုံကို တရားစွဲဖို့မလုပ်တာဟာ ဘာကြောင့်လဲ။ တရားစွဲဖို့ ခွင့်ပြုမိန့်ကို နေပြည်တော်က စာမရသေးတာဆိုတာကလည်း အချိန်ဆွဲပြီး အမူပပျောက်သွားအောင်ဆိုတဲ့ နည်းလမ်းကို လုပ်နေတယ်ဆိုတာ သိပါတယ်။ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတော်ကို ကိုယ်စားပြုလုပ်ဆောင်နေတဲ့ ဉီးတင်မောင်ထူး က အလုပ်သမားအဖွဲ့အစည်းကို အကာအကွယ်မပေးတဲ့အပြင် အလုပ်ရှင်ရဲ့ အလုပ်သမားအဖွဲ့အစည်းကို ဖျက်ဆီးမူအတွက် အတူရပ်တည်ပေးတာကို မှတ်တမ်းတင်ထားပါမယ်။ အလုပ်သမားအဖွဲ့အစည်း ကို အသိအမှတ်မပြုနိုင်တာ အလုပ်သမားရုံးက ဉီးစီးတေလဲပါတယ်ဆိုတာ အများသိအောင် ဆက်လက်ဖော်ထုတ်သွားပါမယ်။

15/05/2026

Huayin TJ Denim Garment စက်ရုံ အောနိုက် အချိန်ပို နေ့စဉ် ခိုင်းစေ

မေ ၁၃၊ ၂၀၂၅

Huayin TJ Denim Garment စက်ရုံက အိုတီ အောနိုက် ည ၁၂ ကျော် နေ့စဉ် လုပ်ကိုင်ခိုင်းပြီး မဆင်းတဲ့ အလုပ်သမားကို လုပ်ငန်းခွင် ခေါင်းဆောင် တွေက ဆဲဆိုတယ်လို ပြောပါတယ် ။ အချိန်ပိုလုပ်ကိုင်အပြိး နေအိမ်အပြန်မှာလည်း ဖယ်ရီ စီစဥ်မပေးလို့ စိုးရိမ်မှုတွေရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

" အောနိုက်က တပတ်လုံးရှိတယ်။ ဌာနအလိုက် ဆင်းခိုင်းတယ်။ မနက် ၁ နာရီ ခွဲအထိ ဆင်းရတယ်။ အလုပ်ပြီး လည်း စက်ရုံထဲမှာပဲ ဖြစ်သလို အိပ် ၊ မနက် ၄ နာရီ ထပြန်၊ ဖယ်ရီ မပေးဘူး။ အပြန်ဆိုရင် စစ်သား စုဆောင်းရေး တွေ ကြောင့် နီးစပ်ရာ ၄ / ၅ ယောက် စုပြီးပြန်ရတယ်။ အောနိုက်ရက်တွေဆို မဆင်းချင်ရင် ငြင်းလိုမရဘူး စူပါတွေက ဆူဆဲတယ်။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။

နေ့လယ် ၁၂ နာခွဲ အလုပ်ပြန်စပြီးကတည်း ညနေ ၆ နာရီခွဲမှာ ၁၅ မိနစ် နားခွင့်ရ အလုပ်ချိန် ၆ နာရီ တဆက်တည်း လုပ်ကိုင်ရတယ်လို့ သိရပါတယ်။ တချို့ စနေနေ့မှာ အောလင်းလုပ်ကိုင်ရပြီး ကိုယ်ဝန်ဆောင် အလုပ်သမားတွေပါ ဆင်းပေးရတယ်လို့ ပြောပါတယ်။ အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အချိန်ပို လုပ်ကိုင်ခိုင်းပြီး ဒီလို အချိန်ပိုတွေကို ဆန္ဒမပါဘဲ လုပ်ကိုင်နေရ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ အောနိုက်အတွက် လက်မှတ်ထိုးခိုင်းတယ်။ အလုပ်သမားတွေဆန္ဒ ရှိ ရှိ၊ မရှိရှိ အတင်းလက်မှတ်ထိုးခိုင်းတာ။ စက်ရုံစစ်ဆေးရေးတွေလာရင် ဘယ်လိုဖြေပေးရမယ်ဆိုတာ တရက်ကြိုတင်ပြီး သင်ပေးထားတယ်။ အောနိုက် ၊ အောလင်းတွေ ရှိလားလိုမေးရင် မရှိဘူးဆိုတာကို ဖြေဖို အဓိက ထားသင်ပေးတာ " လို စက်ရုံအလုပ်သမား တဦးက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အရေပြားယားယံတာ၊ သောက်ရေ အဆင်မပြေတာနဲ့ အပူဒဏ်အပြင်းအထန် ခံစားရပြီး ဥပဒေပါခွင့်ရက်တွေကိုလည်း ခံစားခွင့်မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

တချို့ ဂျင်းအထည်တွေဆိုရင် အမှုန်အမွှားတွေ၊ ဆေးအပြာတွေ ပေပြီးတော့ အရေပြားတွေ အရမ်းယားတယ်။ သောက်ရေက နေ့လည်လောက်ဆိုရင် အရမ်းပူတယ်။ ရေဗူးထဲ ထည့်ထားပြီး အအေးခံ သောက်ရ တယ်။ ပန်ကာလည်း နည်းတော့ အပူဒဏ် ပြင်းတယ်။ ခွင့်ကိုယူချင်တိုင်း ယူလို့ မရဘူး။ ဘယ်ခွင့်နဲ့ယူယူ ဒေးကြေး ၁၀၅၀၀ နဲ့ ရက်မှန်ကြေး စုစုပေါင်း တရက် ၂၅၀၀၀ ဖြတ်တယ်။” လို့ ပြောပါတယ်။

စက်ရုံ မှာ WCC အဖွဲ့ကို စက်ရုံဘက်က ရွှေးချယ် ဖွဲ့စည်းထားလို့ လက်ရှိ ကြုံတွေ့နေရ အခက်အခဲတွေကို ကူညီဆောင်ရွက်ပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

Huayin TJ Denim Garment စက်ရုံက Made စီမံကိန်းမှာ ပါဝင်ပြီး တရုတ် နိုင်ငံသား ပိုင်ဆိုင်ပါတယ်။ စက်ရုံက ရွာသာကြီး စက်မူဇုန် ၊ တောင်ဒဂုံ မြိုနယ်လုပ်ငန်းလည်ပတ်ပြီး အလုပ်သမား ၁၁၀၀ ဝန်းကျင်က takko တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။

30/04/2026
31/10/2025

GY Sen စက်ရုံ တွင် အချိန်ပိုအတင်းကြပ် ဆက်တိုက် ခေါ်နေ

စက်ရုံက ဝါးတရာစက်မှုဇုံ၊ ထဲမှာ ရှိတာဖြစ်ပြီး ည ၁၀နါရီ ထိ ဆက်တိုက် ခေါ်ယူ နေတာ ဖြစ်တယ် လို့ ပြောပါတယ်။ ဦးစီး မှူးတွေကို တိုင်ကြားတော့လည်း ဘာမှ ထူးခြားမှု မရှိတဲ့ အပြင် ပိုပြီး တော့ အိုတီ ခေါ်ယူလာတယ် ဆိုပြီး အခုလိုပဲ ပြောပြလာပါတယ်။

" တပတ်လောက် ရှိနေပြီ ည ၁၀နါရီ ထိခေါ်နေတာ တချို့ ဝန်ထမ်း တွေက လူချိန်းသွားတယ် တချို့ ကျတော့ လဲ နေ့တိုင်း ဆင်းရတယ် မဆင်းချင် လဲမရဘူး မဆင်းချင်ဘူးလို့ ပြောခွင့်လဲမရှိဘူး ဦးစီးမှူးတွေကိုတိုင်ကြားတော့လည်း လာမစစ်ဘူး တိုင်လို့ ဆိုပြီး မန်နေဂျာ က ရွဲ့ပြီး အိုတီ ကိုပိုခေါ်တယ် နေ့စားဝန်ထမ်းတွေဆိုရင်လဲ လအတော်ကြာနေပြီ လခစား မခန့်ဘဲ ခေါ်ခိုင်းနေတာ ဝန်ထမ်း တော်တော် များတယ် အပတ်ရှင်း နဲ့ နေ့စားလရှင်း ဆိုပြီး ရှိတယ် အခုထိ လခစား ပြောင်းပေးတာ မရှိဘူး ခွဲခြား ဆက်ဆံ ခံရတာတွေလဲ ရှိတယ် အခုဆို စနေနေ့ (၁.၁၁.၂၀၂၅) ရက်နေ့ က အလုပ်ဆင်းရက် အဲ့ဒါ ကထိန်ခင်းတာကို အလုပ်ချိန်ထဲက ယူပြီး ကထိန်ခင်းတယ် နောက်တပတ် စနေနေ့ အိုတီ ထဲက ၂နာရီ ပြန်ပေးရမယ် ဆိုပြီး ပြောတယ် မနက်ပိုင်း အလုပ်ချိန်ပြီးမှ ကထိန်ခင်းဖို့ ပြောတော့ လည်း လက်မခံဘူး နေ့စားတွေကို လာချင်လာ မလာချင်နေ လို့ ပြောပေမဲ့ လာရင်လဲ ဒေးကြေး မရဘူး မလာရင် လဲ မရဘူး ဆိုပြီး စက်ရုံ ကပြောတယ် နေ့စားလရှင်း တွေက ပိတ်ရက်တွေတောင် ဒေးကြေး ပေးရတာ ကထိန်ခင်းတဲ့နေ့ဟာ ပိတ်ရက်လဲ မဟုတ်ဘူး အလုပ်ဆင်းရက် အဲ့ဒါ ကို လာလဲ မရဘူး မလာလဲ မရဘူး ဆိုပြီး ခွဲခြား ဆက်ဆံ တာမျိုးလုပ်နေတယ် " ဆိုပြီး ဝန်ထမ်း တစ်ဦးမှ အခုလိုပြောပြလာပါတယ်။

စက်ရုံက ကထိန်အတွက် နေ့စဥ် လိုင်းထဲမှာ အလှူခံနေတာဖြစ်တဲ့အပြင် ပဒေသဘင်အတွက် ငွေကြေးနှုန်းထား သတ်မှတ်ကာ တစ်ဦး ကို ၃၀၀၀ ကျပ်ဖြင့် ကောက်ခံကာ အိုတီ ကြေးထဲက ဖြတ်တောက် ထားတယ်လို့လဲ ပြောပါတယ်။ စက်ရုံ ရှိ WCC တွေကလည်း သိသိကြီးနဲ့ ဘာမှ ညှိနှိုင်း မပေးဘဲ မသိချင်ယောင်ဆောင်နေ ကြတယ်လို့ လည်းပြောပါတယ်။စက်ရုံမှာ အိုတီ ဆက်တိုက် ခေါ်ယူခိုင်းစေနေလို့ ဦးစီးမှူးရုံးကိုတိုင်ကြား ခဲ့သော်လည်း ထိရောက်တဲ့ အရေးယူပေးမှုတွေ မရှိခဲ့တာကြောင့် အခုလို မီဒီယာ ကို အသိပေးရတာဖြစ်တယ်လို့ ပြောပါတယ်။

GY Sen စက်ရုံသည် ဝါးတရာစက်မှုဇုံ၊ ရွှေပြည်သာ မြို့နယ် တွင် တည်ရှိပြီး ဝန်ထမ်း ၁၀၀၀ ကျော်ဖြင့် နာမည်ကြီး တံဆိပ်တွေကို ချုပ်လုပ်နေသော တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံ တစ်ရုံ ဖြစ်ပါတယ်။

Sen
Migration & Labor Rights

31/10/2025
16/10/2025

Xing Yuan( Myanmar) အထည်ချုပ် စက်ရုံတွင် အချိန်ပို စေခိုင်းပြီး ဖယ်ရီကား စီစဥ်ပေးခြင်းမရှိဘဲ ပြန်လွှတ်

စက်ရုံတွင် စံချိန် အရမ်းတောင်းကာ စံချိန် အပြည့်မပေးနိုင်ဘူးဆိုရင် အိုတီ မခေါ်ဘဲ ပြန်လွှတ်တယ် လို့ပြောပါတယ်။ အိုတီ မခေါ်ဘဲ ပြန်လွှတ်တာက လူဦးရေ ၁၀၀ ဝန်းကျင် ရှိပြီး ဖယ်ရီ စီစဥ် ပေးခြင်း လမ်းစရိတ် ပေးခြင်း မရှိဘဲ ပြန်လွှတ်တာ ဖြစ်တယ်။ ကိုယ့်စရိတ် နဲ့ ကိုယ်ပြန်ရပြီး အရမ်းဝေးတဲ့ ထောက်ကြန့် ၊မှော်ဘီ ဘက်က ဝန်ထမ်း တွေလဲ ပါတယ် လို့ စက်ရုံ ဝန်ထမ်း တစ်ချို့မှ ပြောလာပါတယ်။

" အရင်က တရုတ်အထည်တွေ ချုပ်ရတာ အဲ့တုန်းကစံချိန် သိပ်မတောင်းဘူး အခု ဂျပန် အထည်တွေ ချုပ်ရတယ် စံချိန် အရမ်းတောင်းတယ် ပြီးတော့ quality လဲ တအားလိုက်တယ် သူတို့ တောင်းတဲ့ စံချိန်ကို ပြည့်အောင် မပေးနိုင်တဲ့လိုင်းတွေကို ပြန်လွှတ် တယ် ပြန်လွှတ်ရင်လဲ ဖယ်ရီ စီစဥ် မပေးဘူး စက်ရုံ က ဝါးတရာ စက်မှုဇုံ ထဲမှာ လူအရမ်းပြတ်တယ် အရမ်းလဲ အန္တရာယ် များတယ် ကားဂိတ်ကို သွားဖို့ ကယ်ရီ ငှားရင် ၁၀၀၀ ၁၅၀၀ ပေးရတယ် ကားက ၂ဆင့်စီးရတယ် ပြန်ရတာ အဆင်မပြေဘူး ဝေးလို့ မပြန်ချင် လို့ လုပ်ငန်းခွင် ထဲမှာ အလုပ်လုပ်နေရင်း ဖယ်ရီစောင့်မယ် ဆိုရင် လဲ အိုတီ မပေးဘူး အလကားလုပ်​​ပေးရတယ် တချို့ ဆိုရင် စက်ရုံ အပြင်မှာ စောင့်ကြတယ် ညနေ ၄နာရီ ခွဲကနေ ၆နာရီ ခွဲထိ အခုလို စံချိန်မပြည့်လို့ ပြန်လွှတ်တာ ဟာ လုံးဝအဆင်မပြေဘူး EC စာချုပ် မှာလဲ ပါတယ် ဖယ်ရီ စီစဥ် ပေးတယ်ဆိုတာ တကယ်ဆိုရင် ညနေ ၄နာရီခွဲထိက ဝန်ထမ်း တွေရဲ့ အလုပ်ပြီး တဲ့ချိန် ၆နာရီ ခွဲဆိုတာက အိုတီ ဖြစ်သွားပြီ စက်ရုံ က အလုပ်ချိန်ကို ပြည့်အောင် ခေါ်ပြီး ခိုင်းထားတာ ပြန်လွှတ်ရင် ဖယ်ရီ ပေးရမှာ ပဲ ပြီးတော့ သူတို့ ပြန်လွှတ်လို့ ပြန်ရတာ ကိုယ့်သဘောနဲ့ ပြန်တာ လဲမဟုတ်ဘူး လူဦးရေ က ၁၀၀ ကျော်ရှိတယ် တစ်လိုင်းကို လူဦးရေ ၄၀ ကျော် ရှိတယ် ၁၃လိုင်းရှိတဲ့အထဲက ပြန်လွှတ်တဲ့ လိုင်းမှာ ၃လိုင်း ၄လိုင်း ရှိတယ် ဒါကို ခရီးစရိတ်လဲ မပေးဘူး ဖယ်ရီ လဲ မပေးဘူး ဒါက လုံးဝအဆင်မပြေဘူး စံချိန်ပြည့်မှီအောင် ချုပ်တယ် ရက်ပျက်ရင် ရုံးပေါ်က အထည်ကြေး ကျွမ်းကျင်ကြေး ကို လုံးဝ ထည့်မပေးဘူး ဥပဒေပါ ခွင့်နဲ့ ပျက်ရင်လဲ အထည်ကြေး ကျွမ်းကျင်ကြေး ကိုမပေးဘူး " ဆိုပြီး အခုလို စက်ရုံ ဝန်ထမ်းတချို့က ပြောလာပါတယ်။

စက်ရုံရှိ ဆေးခန်းတွင် ဆေးပစ္စည်းများ စုံလင်စွာ မရှိတဲ့အပြင် နပ်စ်က ဆေးခန်းတွင် မရှိနေဘဲ ရုံးခန်းတွင်သာ ရှိနေတယ် လို့လဲ ပြောပါတယ်။ EC စာချုပ် ကို ဝန်ထမ်း တွေအားလုံး လက်ဝယ် မရရှိသေးဘူးလို့လဲ ပြောပါတယ်။ဥပဒေပါ ခွင့်ယူရင်လဲ great ကြေးတွေ မထည့်ပေးဘူးလို့ ပြောပါတယ်။ အထည်စံချိန်တွေ ကို အဆမတန်တောင်းပြီး ​quality အရမ်းလိုက်တဲ့အတွက် စံချိန်မပြည့်မှီတဲ့လိုင်းတွေက ပြန်လွှတ်ခံရတာ ဖြစ်တယ်။ (ပြီးတော့ လိုင်းစူပါတွေ က သူတို့နဲ့ ဖယ်ရီ လမ်းကြောင်း တူတဲ့ ဝန်ထမ်းတွေကို ည၆နာရီ ခွဲနောက်ပိုင်းမှ စပြီး ည၈ နာရီခွဲ ထိ ကို အိုတီ ကြေး ၂နာရီစာ မပေးဘဲ ဆင်းခိုင်းတယ် အခုလို ဆင်းခိုင်းတာ ကိုလဲ စက်ရုံ မန်နေဂျာ က လက်ခံ တယ်လို့ ပြောပါတယ်။)

xing yuan(Myanmar) Garment စက်ရုံ သည် ဝါးတရာစက်မှုဇုံ၊ ရွှေပြည်သာ မြို့နယ် တွင် ဝန်ထမ်းဦးရေ ၁၀၀၀ ဝန်းကျင် ဖြင့် Japan Brand များကို ချုပ်လုပ်နေသော တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်တယ်လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

Yuan (Myanmar) Garment
Migration & Labor Rights

10/10/2025
အတူတွန်းရင် ရွေ့ပါတယ်
21/05/2025

အတူတွန်းရင် ရွေ့ပါတယ်

၁၃၅ကြိမ်မြောက် အလုပ်သမားနေ့အားလေးစား ဂုဏ်ပြုအပ်ပါသည်။
01/05/2025

၁၃၅ကြိမ်မြောက် အလုပ်သမားနေ့အားလေးစား ဂုဏ်ပြုအပ်ပါသည်။

Address

ဝါးတရာစက်မှုဇုံ
Yangon
111111

Telephone

+959787263440

Website

Alerts

Be the first to know and let us send you an email when Sheng Mei အထည်ချုပ် အလုပ်သမားအဖွဲ့အစည်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Sheng Mei အထည်ချုပ် အလုပ်သမားအဖွဲ့အစည်း:

Shortcuts

Share

Category