  • Home
  • Myanmar
  • Yangon
Breaking News 🗞️ 🚨 🚨 🚨 ရန်ကုန်တိုင်းဒေသကြီးမြေငလျင် ကျောက်တန်းအနိး မဂ္ဂနီကျု ၅.၃ နံနက် ၈:၃၅ မြေအောက်အနက် ၆ မိုင်။ 18/5/2...
18/05/2026
Breaking News 🗞️ 🚨 🚨 🚨
ရန်ကုန်တိုင်းဒေသကြီးမြေငလျင် ကျောက်တန်းအနိး မဂ္ဂနီကျု ၅.၃ နံနက် ၈:၃၅ မြေအောက်အနက် ၆ မိုင်။
18/5/2026
#မြေငလျင်သတင်းမျစင်တာ #မြန်မာမြေငလျင်
"ကဆုန်ရေစင် သွန်းလောင်းလို့ အေးမြကြပါစေ"​ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့်နေ့တွင် မိဘပြည်သူအပေါင်း တစ်ဦ...
29/04/2026
"ကဆုန်ရေစင် သွန်းလောင်းလို့ အေးမြကြပါစေ"
​ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော
ကဆုန်လပြည့်နေ့တွင် မိဘပြည်သူအပေါင်း
တစ်ဦးပေါ်တစ်ဦး ဖြူစင်သော မေတ္တာစိတ်များဖြင့်
ကူညီရိုင်းပင်းနိုင်ကြပါစေ။
​ကျွန်ုပ်တို့ ဖြူစင်မေတ္တာ ပရဟိတအသင်း အနေဖြင့်လည်း
မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း လောကအကျိုး၊
လူသားအကျိုးကို မေတ္တာရှေ့ထား၍ ဆက်လက်
သယ်ပိုးသွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြုရင်း၊
ပြည်သူပြည်သားအားလုံး ဘေးအန္တရာယ်ကင်းစင်ကာ
သာယာဝပြောသော ဘဝများကို
ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
​ဖြူစင်မေတ္တာ ဖြင့် လောကကို အလှဆင်အံ့။
​ပရဟိတ စိတ်ဓာတ်ဖြင့် လောကကို အကျိုးပြုအံ့။
​အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ အေးချမ်းကြပါစေ။
#ဖြူစင်မေတ္တာပရဟိတအသင်း
နှစ်သစ်မှာစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးနေ့တိုင်း အပြုံးများဖြင့် ဘဝလမ်းကြောင်းတစ်လျှောက် လှမ်းလျှောက်နိုင်ပါစေ 🤍🍀အခက်အခဲတ...
17/04/2026
နှစ်သစ်မှာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
နေ့တိုင်း အပြုံးများဖြင့်
ဘဝလမ်းကြောင်းတစ်လျှောက် လှမ်းလျှောက်နိုင်ပါစေ 🤍🍀
အခက်အခဲတွေကို လွယ်လင့်တကူကျော်ဖြတ်နိုင်ပြီး
ကြိုးစားမှုတိုင်းက အောင်မြင်မှုအဖြစ် ပြန်လည်ရရှိပါစေ။
စိတ်ကူးအိပ်မက်တွေ အားလုံး
တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်နိုင်ပြီး
မိမိလိုချင်သမျှ အရာအားလုံး ဖြစ်လာပါစေ🤍🍀
မိသားစုနဲ့ ချစ်သူခင်သူများအကြား
နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ ပိုမိုတိုးပွားပြီး
အချိန်တိုင်း ပျော်ရွှင်စရာလေးနဲ့ ဖြတ်သန်းနိုင်ပါစေ🤍🍀
ရှေ့ဆက်ရာလမ်းတိုင်းမှာ အောင်မြင်ခြင်းနဲ့ တွေ့ကြုံပြီး
ဘဝတစ်လျှောက် အလှပဆုံး ဖြတ်သန်းနိုင်ပါ‌‌ စေလို့
ဖြူစင်မေတ္တာပရဟိတအသင်း (ရန်ကုန်) က
ဆုတောင်းပေးလိုက်ပါတယ်🤍🍀
💦💦 သကြန်ဆုတောင်း 💦💦မဟာသ​​​ကြန်နှစ်သစ်ကူး အချိန်အခါသမယမှာမြန်မာပြည်သူပြည်သားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခ...
13/04/2026
💦💦 သကြန်ဆုတောင်း 💦💦
မဟာသ​​​ကြန်နှစ်သစ်ကူး အချိန်အခါသမယမှာ
မြန်မာပြည်သူပြည်သားများအားလုံး
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း
နှင့်တကွ
လိုအင်ဆန္ဒများအားလုံးပြည့်စုံကြပါစေ......
ဘေးအန္တရယ်အပေါင်းမှ ကင်းဝေးနိုင်ပါစေ....
အနာ မျိုး ၉၆ ပါး ဘေးမှကင်းဝေးပါ စေ.......
ကပ်ကြီး သုံးပါးမှလဲ ကင်းဝေးကြပါစေ လို့
ကျွန်တော်များ ဖြူစင်မေတ္တာပရဟိတအသင်း (ရန်ကုန်) မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🏻🙏🏻🙏🏻
ရာသီဥတု ပူလွန်းလို့ ဓါတ်ဆားသောက်ဆို သောက်ချ လိုက်တာပဲ ဘာက ဘာမှန်းမသိဘူး ဆိုသူများအတွက်ဒီရက်ပိုင်း ရာသီဥတုက တကယ်ကို အပူလွ...
07/04/2026
ရာသီဥတု ပူလွန်းလို့ ဓါတ်ဆားသောက်ဆို သောက်ချ လိုက်တာပဲ ဘာက ဘာမှန်းမသိဘူး ဆိုသူများအတွက်
ဒီရက်ပိုင်း ရာသီဥတုက တကယ်ကို အပူလွန်ကဲနေတာပါ။ ချွေးထွက်များပြီး မောပန်းလာရင် ဓာတ်ဆား သောက်ဖို့ ပြေးမြင်ကြပေမယ့် ကိုယ်နဲ့တည့်တာကို ရွေးသောက်တတ်ဖို့က ပိုအရေးကြီးပါတယ်နော်။ "တွေ့ရာဓာတ်ဆား အကုန်သောက်" လို့ မရဘူးဆိုတာ သိထားမှ စိတ်ချရပါမယ်။
ဘယ်ဓာတ်ဆားက ဘယ်လိုလူမျိုးတွေအတွက်လဲဆိုတာ ခွဲခြားကြည့်ရအောင် -
BPI (အစိမ်းထုတ်) 🟢
ဆီးချိုရောဂါအခံ ရှိသူများအတွက် အထူးသင့်လျော်ပါတယ်။ ဆီးချိုသမားတွေ ဓာတ်ဆားလိုအပ်တဲ့အခါ ဒါလေးကို ရွေးချယ်ပါ။
BPI (အပြာထုတ်) 🔵
သာမန်လူတွေအတွက် အဆင်ပြေဆုံးပါ။ အပူကြောင့်ဖြစ်စေ၊ တခြားကြောင့်ဖြစ်စေ သွေးပေါင်ကျတာ၊ ဝမ်းသွားတာ မျိုးတွေဖြစ်ရင် ဒါလေးကို သောက်ပေးနိုင်ပါတယ်။
Royal D 🟠
သူကတော့ အားကစားလုပ်လို့ဖြစ်ဖြစ်၊ အလုပ်လုပ်လို့ဖြစ်ဖြစ် ချွေးထွက်လွန်ပြီး နုံးချိသွားတဲ့အခါ သောက်ဖို့ အကောင်းဆုံးပါ။
⚠️ သတိပြုရန် - ဝမ်းသွားနေသူများနဲ့ ဆီးချိုရှိသူများအတွက်ကတော့ အဆင်မပြေပါဘူး။ ရှောင်ပေးပါနော်။
ကိုယ့်ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး မှန်ကန်တဲ့ ဓာတ်ဆားကို ရွေးချယ်သောက်သုံးနိုင်ပါစေ။ ဒီအချက်လေးတွေကို သိထားရင် အပူဒဏ်ကို စနစ်တကျ ရင်ဆိုင်နိုင်မှာပါ။
မိမိတို့ ချစ်ခင်ရတဲ့သူတွေလည်း သိအောင် မျှဝေပေးလိုက်ပါဦး။ ❤️
အားလုံးဘေးကင်း ကျန်းမာ စိတ်ချမ်းသာ ကြာပါစေ.......
#ဖြူစင်မေတ္တာပရဟိတအသင်း (ရန်ကုန်)
095083332
ဆီးဆိုတာ ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတစ်ခုပဲဆိုပေမယ့် သူ့ရဲ့ အရောင်ပြောင်းလဲမှုက သင့်အတွင်းပိုင်း ကျန်းမာရေးအခြေအနေကို ...
03/04/2026
ဆီးဆိုတာ ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတစ်ခုပဲဆိုပေမယ့် သူ့ရဲ့ အရောင်ပြောင်းလဲမှုက သင့်အတွင်းပိုင်း ကျန်းမာရေးအခြေအနေကို အချက်ပြနေတတ်ပါတယ်။ အရောင်အမျိုးမျိုးက ဘာကိုဆိုလိုတာလဲဆိုတာ သိရအောင် ဖတ်ကြည့်လိုက်ပါဦး။
​💧 ၁။ ကြည်လင်တဲ့အရောင် (Clear):
ရေကို လိုအပ်တာထက် ပိုသောက်နေမိလို့ပါ။ ဘာအန္တရာယ်မှ မရှိပေမယ့် ရေခဏခဏငတ်တာမျိုးရှိရင်တော့ သတိထားပါ။
​🟡 ၂။ ပယင်းရောင်/အဝါရောင် (Amber/Yellow):
အဝါရောင်ဖျော့ဖျော့ဆိုရင် ကျန်းမာရေး ကောင်းမွန်ပါတယ်။ အဝါရောင်ရင့်ရင့်ဖြစ်လာရင်တော့ ရေနည်းနေပြီမို့ ရေနှင့် အသီးအရွက် ပိုစားပေးဖို့ လိုပါပြီ။
​🩸 ၃။ ပန်းရောင် (သို့) အနီရောင် (Pink/Red):
ဒါကတော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်တဲ့ အခြေအနေပါ။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ကျောက်ကပ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ (မုန့်လာဥနီလို အနီရောင်အစားအစာတွေ မစားထားဘူးဆိုရင်ပေါ့။)
​🤎 ၄။ အညိုရောင် (Brown):
အလွန်အမင်း ရေဓာတ်ချို့ယွင်းနေတဲ့ လက္ခဏာပါ။ ရေချက်ချင်း အများကြီးသောက်ဖို့ လိုအပ်ပါတယ်။
​💙💚 ၅။ အစိမ်းရောင် (သို့) အပြာရောင် (Green/Blue):
စိတ်မပူပါနဲ့။ အများအားဖြင့်တော့ ဆိုးဆေးပါတဲ့ အစားအစာတွေ၊ ဒါမှမဟုတ် အချို့သော ဆေးဝါးတွေ (အရောင်ကျဆေး၊ စိတ်ကျရောဂါဆေး) ကြောင့် ဖြစ်တတ်ပါတယ်။
​🫧 ၆။ အမြှုပ်ပါသောဆီး (Foamy):
ဆီးအမြှုပ်ထနေရင် အစားအစာထဲမှာ အသားဓာတ် (Protein) အလွန်ကျွံ ပါဝင်နေတာ (သို့) ကျောက်ကပ်ကျန်းမာရေး မကောင်းတာကို ညွှန်ပြနေတာမို့ သတိထားစောင့်ကြည့်ပါ။
​သင့်ကျန်းမာရေးအတွက် သိထားသင့်တဲ့ ဗဟုသုတဖြစ်လို့ ကိုယ့်ချစ်ခင်ရသူတွေ သိရအောင် Share ပေးလိုက်ပါဦးနော်။ ❤️
Family Cooking
​ #ကျန်းမာရေး #ဗဟုသုတ #ဆီး
မနက်ဖြန်ဧပြီ (၁) ရက်ကစပြီရန်ကုန်အပါအဝင် တစ်ပြည်လုံး အထူးသတိထားကြပါအခုရက်ပိုင်း ရာသီဥတုက တကယ်ကို အသက်ရှူရခက်လောက်အောင် ပူ...
01/04/2026
မနက်ဖြန်ဧပြီ (၁) ရက်ကစပြီရန်ကုန်အပါအဝင် တစ်ပြည်လုံး အထူးသတိထားကြပါ
အခုရက်ပိုင်း ရာသီဥတုက တကယ်ကို အသက်ရှူရခက်လောက်အောင် ပူပြင်းနေပါတယ်ရှင်။ ကမ္ဘာ့အပူချိန်သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ Eldorado Weather ရဲ့ ဖော်ပြချက်အရ ကမ္ဘာ့အပူဆုံးမြို့ (၁၅) မြို့စာရင်းမှာ မြန်မာနိုင်ငံက မြို့လေးမြို့တောင် ပါဝင်နေပြီဖြစ်ပါတယ်။ အထူးသဖြင့် မင်းဘူးမြို့ဟာ အပူချိန် ၄၂.၂ ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့ဒုတိယအပူဆုံးမြို့ အဖြစ် သတ်မှတ်ခံထားရပါတယ်ရှင်။
ဒါတင်မကသေးပါဘူး၊ တောင်ငူ (အဆင့် ၉)၊ မကွေး (အဆင့် ၁၁) နဲ့ ပဲခူး (အဆင့် ၁၃) တို့ဟာလည်း ကမ္ဘာ့အပူဆုံးစာရင်းထဲမှာ အသီးသီး ပါဝင်နေပါတယ်။
⚠️ ရန်ကုန်တိုင်းနဲ့ အခြားဒေသများအတွက် အထူးသတိပေးချက်
လာမယ့် ဧပြီလ (၁) ရက်နေ့ကနေ (၆) ရက်နေ့အတွင်း ရန်ကုန်တိုင်းအပါအဝင် ဒေသအတော်များများမှာ အခုလက်ရှိပူနေတာထက် များစွာပိုပူလာမယ် လို့ ခန့်မှန်းထားပါတယ်ရှင်။ အချို့နေရာတွေမှာ အပူလှိုင်း (Heat Wave) ဖြတ်နေသလိုမျိုး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပြီး နေ့ဘက်တင်မကဘဲ ညဘက်အပူချိန်တွေပါ တိုးလာမှာဖြစ်လို့ အောက်ပါအချက်တွေကို အထူးဂရုစိုက်ပေးကြပါရှင်။အပူလိုင်းဖြတ်တာမဟုတ်ဘဲ အပူလှိုင်းဖြတ်သကဲ့သို့ ပူပြင်းနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းသူ ဒေါက်တာစိုင်းခွန်အာကာ ကသတိပေးထားတာပါ၊
ရေဓာတ်ဖြည့်တင်းပါ: ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ ရေကို မကြာခဏ အနည်းငယ်စီ သောက်ပေးပါ။
နေရောင်ခြည်ကို ရှောင်ပါ: အပြင်ထွက်ရင် ထီး၊ ဦးထုပ် ဆောင်သွားပါ။ တတ်နိုင်သမျှ အပူရှိန်ပြင်းတဲ့ အချိန်တွေမှာ အပြင်မထွက်ပါနဲ့။
ကလေးနဲ့ လူကြီးများကို ဂရုစိုက်ပါ: အပူဒဏ်ကို ခံနိုင်ရည်နည်းတဲ့ ဘိုးဘွားများ၊ ကလေးငယ်များနဲ့ ကျန်းမာရေးချို့တဲ့သူတွေကို အထူးစောင့်ရှောက်ပေးကြပါရှင်။
ဒီသတင်းစကားကို မိမိတို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေ သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်အောင် ဝိုင်းဝန်း Share ပေးခြင်းဖြင့် ကူညီပေးကြပါဦးရှင်။ အားလုံးပဲ အပူဒဏ်ကနေ ဘေးကင်းကြပါစေ။ 🙏✨
30/03/2026
#သတိဆိုတာပိုတယ်မရှိပါ....
အကြောင်းတိုက်ဆိုင်တိုင်း ဘယ်သူမှ ပြန်မဖြစ်စေချင်ပေမယ့် ကြိုတင် ကာကွယ်မှုအားနည်းတဲ့ ကျွန်တော် တို့ နိုင်ငံက သူတွေအတွက် ကျွန်တော် ကြုံတွေခဲ့ရတဲ့ ငလျင် အတွေ့အကြုံများမှ မှတ်မိသလောက် အတွေ့အကြုံများ ကို ကြိုတင် သတိထားနိုင်အောင် ရေးပြပေးသွားပါမယ်....
မဖြစ်ဘူးလို့ မပြောနိုင်ပေမယ့်လဲ ဖြစ်မယ်ဆိုပြီး အတပ်ပြောနိုင်တဲ့ ဘေးအန္တရယ် မဟုတ်လို့ ကြိုတင် သိထားရင် ကြိုတင် ကာကွယ်ထားရင် ဘယ်နေရာပဲ ရောက်ရောက် ဘယ်အချိန်မှာ ဖြစ်ဖြစ် ကျွန်တော် စကားတစ်ခွန်း ကို မှတ်မိအောင် သေချာဖတ်စေချင်ပါတယ်......
ဒီရက်ထဲ အကြောင်းအရင်း များက တိုက်ဆိုင်နေသလို အချိန်အခါ အရလဲ ကျွန်တော် ခန့်မှန်းထားတဲ့ အချိန် အတွင်း နီးစပ်လာလို့ ဒီစာကို အခုမှ ရေးလိုက်ရခြင်းပါ...
စကားပလ္လင်တွေ မခံတော့ပဲ စလိုက်ကျရအောင်....
#ငလျင် အန္တရယ် ကြုံတွေ့လာပါက
၁။ ငလျင် မှန်း သိသိချင်း စိတ်ကို အတည်ငြိမ်ဆုံးထားပါ။ ကြောက်လန့်တကြား မဖြစ်ရ။ အတည်ငြိမ်ဆုံး အနေအထားဖြင့် ရင်ဆိုင်ပါ။ပတ်ဝန်းကျင် နှင့် မိမိ မိသားစုအား ငလျင် အသိ ငလျင် သတိ အမြဲရှိနေပါစေ... (ဒီအချက်က လွယ်တော့မလွယ်ဘူး အတွေ့အကြုံရင့် သူများတောင် မှ ရင်ဆိုင်ရန် မလွယ်ကူပါ)
၂။ မိမိ ရောက်ရှိနေသည့်နေရာ မှာ မည်သည့်နေရာမှာပဲ ဖြစ်နေပါစေ အနီးစပ်ဆုံး လမ်းပေါ် ၊ ကွင်းပြင် ၊ အဆောက်အဦး များ နှင့် ဝေးရာသို့ သိသိချင်း ( #သိသိချင်း) ပြေးနိုင်သလောက် ပြေးပါ ။ ရှိနေသည့် နေရာ တွင် ထိုင်ချခြင်း၊ နီးစပ်ရာ တိုင်များ ပစ္စည်းများ အား ကိုင်တွယ်ထားခြင်း လုံးဝ လုံးဝ မပြုလုပ်ရပါ။ ပြေးနိုင်သလောက် အဝေးဆုံး ကို ပြေးပါ ဘေးပတ်ဝန်းကျင်တွင် အပေါ်အောက် မှ အစ ဟင်းလင်းပြင် ဖြစ်နေပါစေ။ ငါ့ အိမ်က ခိုင်တယ် ငါ့ တိုက်က မပြိုဘူး ဆိုပြီး အိမ်တိုင်များ ခြံစည်းရိုးများ နေအိမ်တိုက်ခန်း ရှိ တံခါးများအား မှီခိုခြင်း မပြုရပါ။အထူးသဖြင့် တိုက်ခန်းများ အထပ်မြင့် များ မြေညီထပ် နှင့် ဒုတိယထပ် လောက်ထိ လူများ အလျင်မြန်ဆုံး မြေပြင် လွတ်ရာ အထိ သိသိခြင်း ပြေးပါ ပြေးနိုင်သလောက်ပြေးပါ ။ သင့် အန္တရယ်ကင်းဝေးဖို့ သင့်တွင် ၂ မိနစ် သာ အချိန်ရှိပါတယ်။ နှစ်မိနစ် အတွင်း လွတ်ရာ သို့ ရောက်ရှိနေပါစေ.....
၃။ နေအိမ် အတွင်း ရှိနေပါက အိမ်ပြင်ဘက်ကို အတတ်နိုင်ဆုံး နှင့် အမြန်ဆုံး ထွက်ခွာရမည်။အိမ်အတွင်းရှိ ပစ္စည်းများထပ် မိမိ အသက်သာ ဦးစားပေး ရွေးချယ်ပါ။ (မန္တလေး ငလျင် တုန်းက တွေ့သမျှ အလောင်းတိုင်း သေသမျှ လူတိုင်းရဲ့ ၇၅ % က အိမ်အတွင်းမှ ပစ္စည်းများကို စိတ်မချလို့ အသက်ပါ ပေးလိုက်ရတာပါ။ ကျွန်တော် ကြုံခဲ့တဲ့ သူများထဲက ၃ ယောက် ကို ဥပမာ ပေးပါမယ်။
ပထမ တစ်ဦး က ငလျင် က လွတ်တယ် အိမ်ပေါ်ပြန်တက်ပြီး ရွှေယူတယ် ပိုက်ဆံယူတယ် အိတ် နဲ့ထုတ်ပြီး အိမ်အောက် က ကားပေါ် တင်တယ် အဲအချိန်ကျမှ လေးထပ်တိုက် က ပြိုကျတာ သူ့ကားက အောက်ဆုံးထပ်မှာ ကားထဲ ဝင်နေရင်း အသက်ဆုံးရှုံးသွားရတယ်။
ဒုတိယ တစ်ဦး က တစ်အိမ်လုံး လွတ်တယ် သူ တစ်ယောက်ပဲ မလွတ်တာ အကြောင်းရင်းက အိမ်ရှေ့ က သေ့ာကို သူ တစ်ယောက်တည်း ဖွင့်ပြီး ကျန်ခဲ့တာ အကုန်လုံးက အနောက်ပေါက်ကနေ ထွက်သွားနိုင်ခဲ့တယ် သူက သော့ဖွင့်ရင်း အသက်ပါ ဆုံးရှုံးသွားတယ်
တတိယ တစ်ဦး က အမှန်ဆို သူက အရင် လွတ်တယ် ခြေလှမ်း သုံးလှမ်းကို မလှမ်းတာ အဲ ခြေလှမ်း သုံးလှမ်းကပဲ သူ့ အသက်ကို ယူသွားတာ ။ အဲ အိမ်မှာ မောင်နှမ သုံးယောက်နေတာ နှစ်ယောက်က အိမ်ရှေ့မှာ စကားပြောနေတယ် တစ်ယောက်က အိပ်နေတယ်။ အိပ်နေတဲ့ တစ်ယောက်က ငလျင် မှန်းသိတော့ ထပြေးတာ အိမ်ရှေ့က နှစ်ယောက်မှာ တစ်ယောက်က အိမ်ထဲ ပြန်ဝင်ပြေးတယ် တစ်ယောက်က သံပန်းတံခါးကို ကိုင်ပြီး ရပ်နေတယ် တကယ်ဆို အိမ်ရှေ့က နှစ်ယောက် အတွက် အချိန်ပိုရတယ်။ အိပ်နေတဲ့ တစ်ယောက် ပြေးထွက်လို့ ခြေလှမ်း ငါးလှမ်းလောက် အပြင်အရောက် မှာ တိုက်က ပြိုကျသွားတယ် အိမ်ရှေ့က နှစ်ယောက်လုံး အသက်ဆုံးရှုံသွားရတယ်။ (ပုံထဲက တိုက်ပါ ပုံထဲမှာ ပါတဲ့ အိတ်တွေ နားမှာ အလောင်းရှိနေပါတယ် မြင်နေရတဲ့ တံခါးက သေဆုံးသူ ကိုင်ထားတဲ့ တံခါးပါ)
၄။ မိမိ ရှိနေသည့် နေရာသည် နှစ်မိနစ် အတွင်း ပြေမးလွတ်သည့်နေရာ( ဥပမာ ဓာတ်လှေကားဖြင့် ဆင်းရမည့် နေရာ မျိုး) တွင်ရှိနေပါက နံရံနှင့် တိုင်များ ဆက်ထားသည့် ကျင်တွယ်ချိုး နေရာများသို့ အတတ်နိုင်ဆုံး ရောက်အောင် သွားပါ။ ရောက်ရှိပါက ဒူးကို ကွေးချထိုင်ပြီး ခေါင်းကို လက်ဖြင့်အုပ်ထားပါ။
၅။ ပြေးပါ အရေးကြီးဆုံးက အန္တရယ်ကင်းသည်ဟု မထင်ရမချင်း ပြေးပါ ။ ပြေးလို့ မရလဲ ရအောင် ပြေးပါ။ အကြောက်လွန်ပြီး လူစုပြီး တစ်ဦး လက် တစ်ဦး ကိုင်ထားပြီး စုဝေးခြင်း မပြုပါနှင့် ပြေးပါ ဘယ်လက် တွေ့တွေ့ ကိုင်ပြေးပါ နီးစပ်ရာ ပတ်ဝန်းကျင် ကို ပြေးဖို့ အော်ပြီး သတိပေးပြီး ပြေးပါ။ မရှက်ပါနဲ့ ပြေးဖို့ လုံးဝ မရှက်ပါနဲ့ ပြေးသာ ပြေးပါ....
“အများပြည်သူမဖြစ်မနေ အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာသယ်ပို့သည့်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များအတွက် စက်သုံးဆီဝယ်ယူခွင့်အ...
25/03/2026
“အများပြည်သူမဖြစ်မနေ အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာသယ်ပို့သည့်ယာဉ်များ၊ လူမှုကူညီရေးယာဉ်များအတွက် စက်သုံးဆီဝယ်ယူခွင့်အား ဖြေလျှော့ပေးရန်လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ကျင်းပပြုလုပ်သော စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေးအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်
Address
Aungthayaphu Street
Yangon
Telephone
095083332
Website
Alerts
Be the first to know and let us send you an email when ဖြူစင်မေတ္တာပရဟိတအသင်း - ရန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Shortcuts
Share