MCEA

Call Website Contact the organization

MCEA မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်များအသင်း

📢 မြန်မာနိုင်ငံ ကွန်ပျူတာဝါသနာရှင်အသင်း (MCEA)အလုပ်အမှုဆောင်အဖွဲ့ဝင် (Executive Committee – EC) ခေါ်ယူခြင်းမြန်မာနိုင်ငံ...
07/10/2026

📢 မြန်မာနိုင်ငံ ကွန်ပျူတာဝါသနာရှင်အသင်း (MCEA)

အလုပ်အမှုဆောင်အဖွဲ့ဝင် (Executive Committee – EC) ခေါ်ယူခြင်း

မြန်မာနိုင်ငံ၏ ကွန်ပျူတာနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုသူများအတွက် အလုပ်အမှုဆောင်အဖွဲ့ဝင် (EC) များကို ဖိတ်ခေါ်အပ်ပါသည်။

💻 ကွန်ပျူတာနှင့် နည်းပညာကဏ္ဍကို စိတ်ဝင်စားသူများ

🤝 အသင်းအဖွဲ့လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လိုသူများ

🔻လျှောက်ထားသူများသည် အသက် ၁၈ နှစ်နှင့်အထက် ဖြစ်ရမည်။

🔻အောက်တိုဘာ လ (၂၀)ရက်နေ့ နောက်ဆုံးထားပြီးလျှောက်ထားနိုင်ပါသည်။

📞 အသေးစိတ်အချက်အလက်များ သိရှိလိုပါက
📱 Phone – 09 886 666 479

အထူးဝမ်းနည်းကြေကွဲခြင်းမြန်မာနိုင်ငံကွန်ပျူတာ ဝါသနာရှင်အသင်း၏ အတွင်းရေမှူး ဒေါ်ချစ်အိမ်သူ ၏ ဖခင် ဦးဇင်ဦး အသက် (၆၇)နှစ်သည...
23/09/2026

အထူးဝမ်းနည်းကြေကွဲခြင်း
မြန်မာနိုင်ငံကွန်ပျူတာ ဝါသနာရှင်အသင်း၏ အတွင်းရေမှူး ဒေါ်ချစ်အိမ်သူ ၏ ဖခင် ဦးဇင်ဦး အသက် (၆၇)နှစ်သည် (၂၃-၉-၂၀၂၆)ရက် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
-
မြန်မာနိုင်ငံကွန်ပျူတာ ဝါသနာရှင်အသင်း
အလုပ်မှုဆောင်အဖွဲ့

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့တွင် GUSTO College မှ ကြီးမှူးကျင်းပပြုလုပ်သည့်  4th GUSTO Innovation Awards & Forum အခမ်း...
11/09/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့တွင် GUSTO College မှ ကြီးမှူးကျင်းပပြုလုပ်သည့် 4th GUSTO Innovation Awards & Forum အခမ်းအနားသို့ Myanmar Computer Enthusiasts Association (MCEA) မှ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် လူငယ်များ၏ ဆန်းသစ်တီထွင်နိုင်စွမ်း၊ နည်းပညာနှင့် ပညာရေးဆိုင်ရာ အမြင်များကို မျှဝေဆွေးနွေးခြင်းများအပြင် ဆန်းသစ်တီထွင်မှုများကို ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်များလည်း ပါဝင်ခဲ့ပါသည်။

လူငယ်များအနေဖြင့် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် မိမိတို့၏ အရည်အချင်းများကို ဖော်ထုတ်နိုင်ရန်နှင့် အနာဂတ်အတွက် အခွင့်အလမ်းများ ဖန်တီးနိုင်ရန် အားပေးမြှင့်တင်ပေးသည့် အခမ်းအနားတစ်ရပ် ဖြစ်ခဲ့ပါသည်။


၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ UIT-UCSY-YTU-YANGON MCPA စစ်တ...
11/09/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ UIT-UCSY-YTU-YANGON MCPA စစ်တုရင်ပြိုင်ပွဲ ကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၌ နံနက် (၉) နာရီမှ ညနေ (၃) နာရီခန့်အထိ ကျင်းပပြုလုပ်ခဲ့ရာ Myanmar Computer Enthusiasts Association (MCEA) မှ တက်ရောက်ခဲ့ပါသည်။

အဆိုပါပြိုင်ပွဲကို အသင်းနှင့် တက္ကသိုလ်များအကြား ခိုင်မာသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး UIT၊ UCSY နှင့် YTU တို့မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ပြိုင်ပွဲအတွင်း ပါဝင်သူများအနေဖြင့် မိမိတို့၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဗျူဟာချမှတ်နိုင်စွမ်းနှင့် အားကစားစိတ်ဓာတ်တို့ဖြင့် အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး တက္ကသိုလ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်စေသည့် အခမ်းအနားတစ်ရပ် ဖြစ်ခဲ့ပါသည်။





#စစ်တုရင်ပြိုင်ပွဲ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့တွင် University of Computer Studies, Yangon (UCSY) မှ ကျင်းပပြုလုပ်သည့် Product Show and ...
11/09/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့တွင် University of Computer Studies, Yangon (UCSY) မှ ကျင်းပပြုလုပ်သည့် Product Show and Job Fair အခမ်းအနားသို့ Myanmar Computer Enthusiasts Association (MCEA) မှ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့၏ ထုတ်ကုန်များနှင့် ဆန်းသစ်တီထွင်မှုများကို ပြသတင်ဆက်ခဲ့ကြပြီး နည်းပညာနှင့် သက်ဆိုင်သည့် လုပ်ငန်းခွင်အခွင့်အလမ်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လုပ်ငန်းခွင်လိုအပ်ချက်များကို လေ့လာနိုင်ရန် အခွင့်အလမ်းများ ရရှိခဲ့ပါသည်။

ထို့အပြင် တက္ကသိုလ်နှင့် နည်းပညာလုပ်ငန်းနယ်ပယ်အကြား ချိတ်ဆက်မှုများ ပိုမိုခိုင်မာစေရန်နှင့် လူငယ်များအတွက် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိစေရန် အထောက်အကူပြုသည့် အခမ်းအနားတစ်ရပ် ဖြစ်ခဲ့ပါသည်။

Address

9/1 Myanmar ICT Park, Hlaing Campus
Yangon
11052

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+951652307

Alerts

Be the first to know and let us send you an email when MCEA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MCEA:

Shortcuts

Share