MCEA

MCEA မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်များအသင်း

15/09/2025
Al for All 2025 ပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးလင်း မှ AI for Everyone ခေါင်းစဉ်ဖြင့် “လ...
22/08/2025

Al for All 2025 ပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဌေးလင်း မှ AI for Everyone ခေါင်းစဉ်ဖြင့် “လူတိုင်းအတွက် အထူးသဖြင့် နည်းပညာပိုင်းနှင့် မရင်းနှီးသောသူများအတွက်
အထူးရည်ရွယ်၍ AI နည်းပညာကို အခြေခံ လက်တွေ့ကျကျနေ့စဉ်ဘဝတွင်ရင်ဆိုင်နေရသည့်ပြဿနာများကို ဖြေရှင်းရန်နှင့် ဆန်းသစ်တီထွင်မှုများပြုလုပ်ရာတွင် လက်တွေ့ကျကျနှင့် အစွမ်းထက်စွာ အသုံးချနိုင်စေမည့် နည်းလမ်းများ” ကို ဆွေးနွေးဟောပြောသွားမည်ဖြစ်ပါသည်။

နေ့ရက် ။ ၂၃- ၈- ၂၀၂၅ (စနေနေ့)
အချိန် ။ နေ့လယ် (၃:၀၀) မှ (၃:၄၀) အထိ
နေရာ ။ Conference Hall, MICT Park.

Registration Link: https://bit.ly/41OxWFq

AI နည်းပညာတိုးတက်မှုများသည် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ၊ အလုပ်အကိုင်အခွင့်အလမ်းများ ၊ သင်ယူလေ့လာမှုများနှင့် လူမှုအသိုင...
20/08/2025

AI နည်းပညာတိုးတက်မှုများသည် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ၊ အလုပ်အကိုင်အခွင့်အလမ်းများ ၊ သင်ယူလေ့လာမှုများနှင့် လူမှုအသိုင်းအဝိုင်းအပေါ် အရေးကြီးသက်ရောက်မှုများကို ယနေ့တွင်သာမက အနာဂတ်တွင်လည်း ဆက်လက် ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။

ဒီအတွက် AI for All 2025 ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ်

📅 23 August 2025
📍 Conference Hall, MICT Park
တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နည်းပညာအကျိုးကျေးဇူးများနှင့် အခက်အခဲများကို စုံလင်စွာ ဆွေးနွေးမျှဝေသွားမည် ဖြစ်ပါသည်။

🔎 ဆွေးနွေးမည့် ခေါင်းစဉ်များနှင့် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များ

1️⃣ Panel Discussion 1 – National AI Roadmap
မြန်မာနိုင်ငံ၏ အနာဂတ် အမျိူးသားအဆင့် AI လမ်းပြမြေပုံကို နည်းပညာရှုထောင့် က ဆွေးနွေးခြင်း
🕘 9:10 AM – 10:10 AM
ဦးဆောင်မေးမြန်းဆွေးနွေးသူ – ဒေါ်ခင်အေးဝင်း ၊ အထွေထွေအတွင်းရေးမှူး ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်
ဂုဏ်ထူးဆောင်ဆွေးနွေးသူများ –
• စက်မှုဝန်ကြီးဌာန ၊ တာဝန်ရှိပုဂ္ဂိုလ်
• ဒေါက်တာစောစန္ဒာအေး ၊ ပါမောက္ခချုပ် ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်
• ဒေါက်တာသင်းသုနိုင် ၊ ပါမောက္ခချုပ် ၊ Polytechnic University (Kyaing Tong)
• ဒေါက်တာထွန်းသူရသက် ၊ Executive Chairman, Myanmar Information Technology (MIT)

2️⃣ Panel Discussion 2 – AI Ethics & Future of Myanmar
AI ဆိုင်ရာကျင့်ဝတ်များနှင့် အနာဂတ်မြန်မာနိုင်ငံ
🕙 10:10 AM – 11:10 AM
ဦးဆောင်မေးမြန်းဆွေးနွေးသူ – ဦးဇော်မင်းဦး ၊ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း
ဂုဏ်ထူးဆောင်ဆွေးနွေးသူများ –
• ဒေါက်တာကျော်ကျော်ခိုင် ၊ တွဲဖက်ပါမောက္ခ ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
• ဒေါက်တာအေးအေးသင်း ၊ ဒုတိယဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်
• ဒေါက်တာမျိုးမျိုးနိုင် ၊ အတွင်းရေးမှူး ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
• ဒေါက်တာဝင်းထိန်ဝင်း ၊ Founder & President, GUSTO College

3️⃣ AI for Software Developers
🕐 1:00 PM – 1:40 PM
ဦးဇော်မိုးထွန်း ၊ ဒုတိယဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

4️⃣ AI for MSMEs
🕜 1:40 PM – 2:20 PM
ဦးအောင်ပြည့်ဖြိုး ၊ တွဲဖက်အတွင်းရေးမှူး ၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း

5️⃣ AI in Chronic Disease Prediction
🕑 2:20 PM – 3:00 PM
ဒေါက်တာသဇင်နွယ် ၊ Lecturer, STI Myanmar College

6️⃣ AI for Everyone
🕒 3:00 PM – 3:40 PM
ဦးဌေးလင်း ၊ ဒုတိယဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း
🎯 AI နည်းပညာ၏ အကျိုးကျေးဇူးများကို တက်ကြွစွာ အသုံးချနိုင်ရန် စိတ်ပါဝင်စားသူများအားလုံး တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။



Registration Link: https://bit.ly/41OxWFq

နည်းပညာတွေ အရှိန်အဟုန်နဲ့တိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာ Artificial Intelligence (AI) ဆိုတဲ့ ဉာဏ်ရည်တုနည်းပညာဆိုတာ မရှိမဖြစ...
12/08/2025

နည်းပညာတွေ အရှိန်အဟုန်နဲ့တိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာ Artificial Intelligence (AI) ဆိုတဲ့ ဉာဏ်ရည်တုနည်းပညာဆိုတာ မရှိမဖြစ်ဒီဂျစ်တယ်နည်းပညာတစ်ခုအပြင် ကဏ္ဍအသီးသီးအတွက်သိထားသင့်တဲ့ Digital Skill တစ်ခုအနေနဲ့ပါ နေရာယူလာနေပါပြီ။ AI နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အဲဒီနည်းပညာကို အနာဂတ်မှာ ဘယ်လိုအသုံးချပြီး လုပ်ငန်းတွေအတွက် ဘယ်လိုအရှိန်အဟုန်မြှင့်တင်မလဲ အလုပ်အကိုင်တွေနဲ့သင်ယူလေ့လာမှုတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလာမလဲ အသုံးပြုသူတိုင်းအတွက် ဘာအကျိုးကျေးဇူးတွေရှိမလဲ ဘာအကျိုးအပြစ်တွေရှိလာနိုင်လဲဆိုတာကို ဆွေးနွေးကြမယ့် မြန်မာနိုင်ငံရဲ့ပထမဦးဆုံး AI for all 2025 Summit ကြီးကို ၂၀၂၅ ဩဂုတ်လ ၂၃ ရက်နေ့ MICT Park ရဲ့ Conference Hall မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။


Page Link: https://www.facebook.com/share/p/1EjgfBuaHW/



မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း (MCEA) နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း (YRCEA) တို့ ပူးပေါင်း၍ မ...
06/04/2025

မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း (MCEA) နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း (YRCEA) တို့ ပူးပေါင်း၍ မြေငလျင်ဘေးအန္တရာယ်ကူညီရေး immediate response အဖြစ် ၂၉ မတ်လ ၂၀၂၅ ရက်နေ့ မနက်စောစောရန်ကုန်မှစတင်ထွက်ခွါပြီး နေပြည်တော် နှင့် မန္တလေးမြို့များသို့ သွားရောက်ကာ လိုအပ်သည်များ အားဖြည့်ကူညီပေးခဲ့ပါသည်။

ရုံးအဖွဲ့မှူး (Executive Officer)  မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းတွင် ရုံးအဖွဲ့မှူး (EO) တာဝန် ထမ်းဆောင်ရန်အတွက် ဝ...
18/12/2024

ရုံးအဖွဲ့မှူး (Executive Officer)

မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းတွင် ရုံးအဖွဲ့မှူး (EO) တာဝန် ထမ်းဆောင်ရန်အတွက် ဝန်
ထမ်းအလိုရှိပါသည်။

-မျှော်မှန်းလစာ (500,000 Kyats)

ရုံးအဖွဲ့မှူး (EO) တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရပါမည်။

- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရပါမည်။
- Computer (Microsoft Office Applications, Internet & Email) ကိုကောင်းမွန်ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရပါမည်။
- ရုံးလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၃ နှစ်ရှိရပါမည်။

ရုံးအဖွဲ့မှူး (EO) ၏ တာဝန်ဝတ္တရားများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

- အသင်းရုံးခန်းနှင့် ရုံးဝန်ထမ်းများအား တာဝန်ယူ ကြီးကြပ်ကွပ်ကဲ စီမံခန့်ခွဲရမည်။
- အသင်း၏ Meeting / Activities များကို ဦးဆောင်စီစဥ်ဆောင်ရွက်ရပါမည်။
- အသင်းလုပ်ငန်းများ ချောမွေ့စေရန် အသင်း EC ဆရာ ဆရာမများနှင့် ဆက်သွယ်ဆောင်ရွက် သ
တင်းပို့ရမည် ။
- အသင်းသားများအားလုံးနှင့်လည်း ကောင်းမွန်ပြေပြစ် ချောမွေ့စွာ ဆက်သွယ်ပြောဆိုရပါမည်။
- အခြားညီနောင်အသင်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရပါမည်။
- အခါအားလျှော်စွာ ပြင်ပ အဖွဲ့အစည်း/ ကုမ္ပဏီများနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရမည်။
-လိုအပ်ပါက ခရီးသွားနိုင်ရပါမည်။

Project Showcase 2024 အခမ်းအနားအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် လှိုင်မြို့နယ်ရှိ MICT Park Kanaung Hub ခန်းမတွင်ကျ...
13/12/2024

Project Showcase 2024 အခမ်းအနားအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် လှိုင်မြို့နယ်ရှိ MICT Park Kanaung Hub ခန်းမတွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း (MCEA) မှ ကူညီပံပိုးပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း (YRCEA) ဖြစ်​မြောက်ရေးအခမ်းအနားအား၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင်မြန်မာ...
13/12/2024

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အ
သင်း (YRCEA) ဖြစ်​မြောက်ရေးအခမ်းအနားအား
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင်မြန်မာနိုင်
ငံ ကွန်ပျူတာအသင်းချုပ်ခန်းမ၌ အောင်မြင်စွာ
ဖွဲ့စည်းကျင်းပနိုင်ခဲ့ပါသည်။


မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းမှကြီးမှူးကျင်းပသော လူငယ်နှင့်နည်းပညာဆိုင်ရာအသိပညာမျှဝေခြင်းအခမ်းအနားအား ၂၀၂၄ ခုနှစ်...
10/12/2024

မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းမှကြီးမှူး
ကျင်းပသော လူငယ်နှင့်နည်းပညာဆိုင်ရာအသိပ
ညာမျှဝေခြင်းအခမ်းအနားအား ၂၀၂၄ ခုနှစ်နိုဝငဘာလ ၂၈ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) တွင်ကျင်းပခဲ့သော လူငယ်နှင့် နည်းပညာဟောပြောပွဲ၌

မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း ( MCEA)
ဖြစ်ပေါ်လာပုံ၊ရည်ရွယ်ချက်များအား ရှင်းလင်းတင်
ပြ​ပြီး လူငယ်နှင့်နည်းပညာဆိုင်ရာ (Youth and Technology) အသိပညာပေးဟောပြောပွဲတစ်ရပ်
အား ကျင်းပခဲ့ပါသည်။

Address

9/1 Myanmar ICT Park, Hlaing Campus
Yangon
11052

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+951652307

Alerts

Be the first to know and let us send you an email when MCEA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MCEA:

Share