17/07/2026
Myanmar Iron and Steel Association
The 2026 SEAISI Travelling Seminar
"Operational Excellence for a Resilient ASEAN Steel Industry: Efficiency in a Challenging Market"
Myanmar Iron and Steel Association
The 2026 SEAISI Travelling Seminar
"Operational Excellence for a Resilient ASEAN Steel Industry: Efficiency in a Challenging Market"
မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း (Myanmar Iron and Steel Association) ၏ ပူးပေါင်းစီစဉ်မှုဖြင့် SEAISI 2026 Travelling Seminar ကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ ၌
မနက် ၉ နာရီ မှ နေ့လည် ၁ နာရီအထိ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း ဥက္ကဋ္ဌ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ UMFCCI ဒုတိယဥက္ကဌမှ အမှာစကားများ ပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲတွင် အရှေ့တောင်အာရှဒေသ သံနှင့်သံမဏိလုပ်ငန်းကဏ္ဍ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ နည်းပညာအသစ်များနှင့် လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ သံနှင့်သံမဏိလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် SEAISI 2026 Travelling Seminar ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီခဲ့သည့် ကုမ္ပဏီများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။