Myanmar Dental Association Yangon Regional Branch

Myanmar Dental Association Yangon Regional Branch Myanmar Dental Association Yangon Regional Branch

07/10/2025
မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်းမှကြီးမှူးပြုလုပ်သည့်အသက်{၈၀}နှစ်နင့်အထက်သွားနှင့်ခံတွင်းဆရာဝန် ဆရာကြီး၊ဆရာမကြီး...
26/09/2025

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်းမှကြီးမှူးပြုလုပ်သည့်

အသက်{၈၀}နှစ်နင့်အထက်

သွားနှင့်ခံတွင်းဆရာဝန် ဆရာကြီး၊ဆရာမကြီးများအား

သက်ကြီးပူဇော်ကန်တော့ပွဲကို

{၅၊၁၀၊၂၀၂၅}ရက်နေ့တွင်

အသင်းခန်းမ၌ပြုလုပ်မည်ဖြစ်ပါသည်။

လတ်တလောဆက်သွယ်ရရှိသည့်ဆရာကြီး ဆရာမကြီး ၁၆ဦးရှိပါသည်။ အသက်အကြီးဆုံးဆရာကြီးမှာ အသက် ၉၁နှစ် ရှိပြီဖြစ်ပါသည်။

၁။ ဒေါက်တာ ဦးနန်းရှိန် { သခ-၁၆ }
၂။ဒေါက်တာ ဦးဌေးဆောင် { သခ-၂၁ }
၃။ဒေါက်တာ ရိုစ်မေရီလှဒါနီချိန် { သခ-၂၅ }
၄။ဒေါက်တာ ဦးအောင်မြင့် {သခ-၂၈ }
၅။ဒေါက်တာ နီနီအေး { သခ-၃၃ }
၆။ဒေါက်တာ ဦးဆန်းမြင့် { သခ-၃၅ }
၇။ဒေါက်တာ ဦးဟန်ဌေး { သခ-၄၇ }
၈။ဒေါက်တာ ဦးပိုင်စိုး { သခ-၅၁ }
၉။ဒေါက်တာ ဦးဘမြင့် ( သခ-၅၅ }
၁၀။ဒေါက်တာ ဒေါ်ခင်ဝင်းကြည် { သခ-၆၄ }
၁၁။ဒေါက်တာ ဦးကျော်ဦး { သခ-၉၇ }
၁၂။ဒေါက်တာ ဦးဖုန်းသန်း { သခ-၁၁၀ }
၁၃။ဒေါက်တာ ဦးဉာဏ်စိုးညွန့် { သခ-၁၂၂ }
၁၄။ဒေါက်တာ ဒေါ်မြင့်မြင့်သိန်း { သခ-၁၃၅ }
၁၅။ဒေါက်တာ ဒေါ်သိန်းမြင့်သန်း { သခ-၁၆၅ }
၁၆။ဒေါက်တာ ဦးအောင်ဖြိုး {သခ-၂၇၀}

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း ရန်ကုန်တိုင်းဒေသကြီးအသင်းခွဲမှ ကနဦးမတည်အလှူငွေ ၁၆သိန်း လှူဒါန်းထားပါသည်။

ဆက်သွယ်လှူဒါန်းလိုပါက

Dr. နန်းလဲ့ယဥ်ဝင်း (ဘဏ္ဍာရေးမှူး)
095000448

Dr.ဟိန်းသူ (အတွင်းရေးမှူး)
095165446

အလံတပိုရွာရှိ အံကပ်လူနာ ၃၁ ဦးအတွက် သွားတုများ(အံကပ်၄၀) ကို ခေမာသွားတုလုပ်ငန်းမှ အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။
14/09/2025

အလံတပိုရွာရှိ အံကပ်လူနာ ၃၁ ဦးအတွက် သွားတုများ(အံကပ်၄၀) ကို ခေမာသွားတုလုပ်ငန်းမှ အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။

၁၄.၉.၂၀၂၅တနင်္ဂနွေနေ့မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း ရန်ကုန်တိုင်းဒေသကြီးအသင်းခွဲမှသွားနှင့်ခံတွင်းကျန်းမားရေးပ...
14/09/2025

၁၄.၉.၂၀၂၅

တနင်္ဂနွေနေ့

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း ရန်ကုန်တိုင်းဒေသကြီးအသင်းခွဲမှ

သွားနှင့်ခံတွင်းကျန်းမားရေးပညာပေးဟောပြောခြင်း

သွားနှင့်ခံတွင်းရောဂါများကုသပေးခြင်း

သွားတုအံကပ်များပြုလုပ်ပေးခြင်းကို

သာသနဟိတာကာရီကျောင်းတိုက် အလံတပိုရွာ လှည်းကူးမြို့နယ်၌ ပြုလုပ်ခဲ့သည်။

MDA (ဗဟို) ၏ဦးဆောင်မှုဖြင့်MDA (ရန်ကုန်)အသင်းခွဲမှ၁၄.၉.၂၅ တနင်္ဂနွေနေ့ တွင် အလံတပိုရွာ၌သွားနှင့်ခံတွင်းကုသရေးနှင့်သွားတ...
11/09/2025

MDA (ဗဟို) ၏ဦးဆောင်မှုဖြင့်
MDA (ရန်ကုန်)အသင်းခွဲမှ

၁၄.၉.၂၅ တနင်္ဂနွေနေ့ တွင် အလံတပိုရွာ၌

သွားနှင့်ခံတွင်းကုသရေးနှင့်သွားတုအံကပ်များကိုပြုလုပ်ပေးမည်ဖြစ်ပါသည်။

ကိုယ်ပိုင်ကားဖြင့် တိုက်ရိုက်လာမည့်သူများ ကုသမည့်နေရာသို့ နံနက် ၈နာရီခွဲအရောက်လာနိုင်ပါသည်။

GPS Map

https://maps.app.goo.gl/fRbFsbJcXCH7EcRH6

နံနက် ၇နာရီတွင် စုရပ်အသီးသီးမှစတင်ထွက်ခွာမည်ဖြစ်ပါသည်။

စုရပ်များမှလိုက်ပါလိုသော ဆရာ/ဆရာမများ အနေဖြင့် အောက်ဖော်ပြပါ ဆရာ/ဆရာမ တို့အား ဆက်သွယ်ထားနိုင်ပါသည်။

၁။ ရွှေဘုံသာလမ်း- ထွန်းသီရိဆေးခန်းရှေ့
Dr မျိုးမင်းဇော် (095154626)

၂။လှည်းတန်း
​Dr ထက်သူလင်း
(0943094702)

၃။ ၉မိုင် Ocean
Dr နန်းလဲ့ယဥ်ဝင်း
(095000448)

၄။ မြောက်ဥက္ကလာ
Dr ဖြိုးဇော်ဟိန်း
(095026216)

၅။ မြောက်ဒဂုံ- ဗိုလ်မှူးဗထူးလမ်းမှတဆင့်
Dr လှထွဋ်ဝေချိ​ု
09 943 453103

၆။ တဥက္ကလာဘုရားအနီး
ဒေါက်တာ ခိုင်ဇင်အောင်
09 795 357789

03/09/2025
၁၄.၉.၂၀၂၅ တနင်္ဂနွေနေ့တွင်သွားနှင့်ခံတွင်းရောဂါများကုသရေးနှင့် သွားတုအံကပ်များကို အခမဲ့ ပြုလုပ်ပေးမည့်လှည်းကူးမြို့နယ် ၊...
03/09/2025

၁၄.၉.၂၀၂၅ တနင်္ဂနွေနေ့တွင်

သွားနှင့်ခံတွင်းရောဂါများကုသရေးနှင့် သွားတုအံကပ်များကို အခမဲ့ ပြုလုပ်ပေးမည့်

လှည်းကူးမြို့နယ် ၊ အလံတပိုကျေးရွာရှိ

သာသနဟိတကာရီကျောင်းတိုက်သို့

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း ရန်ကုန်တိုင်းဒေသကြီးအသင်းခွဲ ဥက္ကဌ Dr.ဝင်းဗိုလ် ၊ ဒုဥက္ကဌ Dr.မြင့်ဌေး နှင့်အဖွဲ့ဝင်များ သွားရောက်ကာ

ဆေးကုသမည့်နေရာများစနစ်တကျချထားနိုင်ရန် ဒေသခံလူကြီးများနှင့်​အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

ကင်ဆာရောဂါ ကြိုတင်ကာကွယ်စေနိုင်ဖို့
03/09/2025

ကင်ဆာရောဂါ ကြိုတင်ကာကွယ်စေနိုင်ဖို့

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း ဗဟို၏ ဦးဆောင်မှုဖြင့်မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း ရန်ကုန်တိုင်းဒေသ...
23/08/2025

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း ဗဟို၏ ဦးဆောင်မှုဖြင့်

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း ရန်ကုန်တိုင်းဒေသကြီးအသင်းခွဲမှ

သွားနှင့်ခံတွင်းရောဂါများကွင်းဆင်းကုသရေး နှင့် သွားတုအံကပ်များပြုလုပ်ပေးမည့်အစီအစဥ်ရှိပါသည်။

နေရာ။ အလံတပိုရွာ (အင်းတိုင်)

နေ့ရက်။ ၁၄.၉.၂၀၂၅ တနင်္ဂနွေနေ့

လိုက်ပါကူညီ၍ဆောင်​ရွက်ပေးလိုသောသွားနှင့်ခံတွင်းဆရာဝန်များ စာရင်းပေးနိုင်ပါသည်။

***သွားတု အံကပ်များကို ခေမာ Dental Lab မှ အခမဲ့ ပြုလုပ်၍ ကူညီပေးမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း နေပြည်တော်တိုင်းဒေသကြီးအသင်းခွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းခွဲတို့ပူပေါင်းပြ...
06/05/2025

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း နေပြည်တော်တိုင်းဒေသကြီးအသင်းခွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းခွဲတို့ပူပေါင်းပြီး

စေတနာရှင်ပြည်သူများနှင့် သွားနှင့်ခံတွင်းဆရာဝန်မိသားစုများမှလှူဒါန်းထားသော အလှူငွေများဖြင့်

ဆန် ၊ဆီ ​၊ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူး၊တာလပတ်မိုးကာ၊ သောက်ရေခွက် ၊ ချိုးရေခွက် လူဦးရေ ၂၀၀စာကို

ငလျင်ဒဏ်ကြောင့် အဆောက်အဦးများပြိုကျပျက်ဆီး၍ အခက်ခဲဖြစ်နေသော နေပြည်တော်တိုင်းဒေသကြီးရှိ ပြည်သူများရှိရာ ကူညီကယ်ဆယ်ရေးစခန်းများသို့

၆.၅.၂၀၂၅ နေ့တွင်သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

အစစအရာရာအဆင်ပြေအောင်စီစဥ်ဆောင်ရွက်ပေးသော မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်အသင်း နေပြည်တော်တိုင်းဒေသကြီးအသင်းခွဲ ဥက္ကဌ ဒေါက်တာ ဝင်းဇော်နှင့် အတွင်းရေးမှူး ဒေါက်တာ ကျော်သူဦးတို့အား အထူးကျေးဇူတင်ရှိပါသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when Myanmar Dental Association Yangon Regional Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Dental Association Yangon Regional Branch:

Share