သစ်တံခါးဓမ္မဖောင်ဒေးရှင်း - Thitdagar Dhamma Foundation

  • Home
  • Myanmar
  • Yangon
  • သစ်တံခါးဓမ္မဖောင်ဒေးရှင်း - Thitdagar Dhamma Foundation

သစ်တံခါးဓမ္မဖောင်ဒေးရှင်း - Thitdagar Dhamma Foundation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သစ်တံခါးဓမ္မဖောင်ဒေးရှင်း - Thitdagar Dhamma Foundation, Nonprofit Organization, Yangon.

ယနေ့ စတုဒီသာ
17/04/2026

ယနေ့ စတုဒီသာ

မနက်ဖြန် လာရောက်သုံးဆောင်ဖို့ နှိုးဆော်အပ်ပါသည်....
16/04/2026

မနက်ဖြန် လာရောက်သုံးဆောင်ဖို့ နှိုးဆော်အပ်ပါသည်....

🎗️ ကမ္ဘာ့မေတ္တာကမ္မဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖိတ်ကြားလွှာ 🎗️​မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူကမ္ဘာသားအပေါင်း ...
15/04/2026

🎗️ ကမ္ဘာ့မေတ္တာကမ္မဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖိတ်ကြားလွှာ 🎗️

​မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့်တကွ ကမ္ဘာသူကမ္ဘာသားအပေါင်း ဘေးရန်ခပ်သိမ်း ငြိမ်းအေး၍ ငြိမ်းချမ်းသာယာဝပြောစေရန် ရည်သန်လျက်...
​မြတ်ဗုဒ္ဓ၏ ဂုဏ်တော်များကို အာရုံပြုပွားများအားထုတ်မည့် ဗုဒ္ဓါနုဿတိကမ္မဌာန်း စီးဖြန်းပူဇော်ပွဲ သို့ ကုသိုလ်ရှင်၊ ဓမ္မမိတ်ဆွေအပေါင်းတို့အား ကြွရောက်ပူဇော်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

​🙏 အရဟံသိဒ္ဓိဘဂဝါအောင် 🙏

​📅 အစီအစဉ်အသေးစိတ်

​နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဧပြီ (၁၆) ရက်၊

​နေရာ - နဂါးမောက်စေတီတော်မြတ်ကြီး

​အချိန် - ညနေ ၄:၃၀ နာရီ (အရောက်ကြွရောက်ပေးပါရန်)
​စတင်မည့်အချိန် - ညနေ ၅:၀၅ နာရီ (ရွတ်ဖတ်ပူဇော်မှု စတင်မည်)

​⚪ ဝတ်ဆင်ရန် မေတ္တာရပ်ခံချက်
​ရွတ်ဖတ်ပူဇော်ပွဲသို့ တက်ရောက်ကြမည့် မိဘပြည်သူများအနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းခြင်း၏ ပြယုဂ်အဖြစ် အင်္ကျီအဖြူနှင့် ပုဆိုး/ထမီ အဖြူရောင်များကို ဆင်တူဝတ်ဆင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

​မြတ်သောကုသိုလ်ကို အတူတကွ ပွားများနိုင်ကြပါစေ။

💛💚❤️

🙏 နိဗ္ဗာန်အကျိုးမျှော် စတုဒိသာ အလှူတော် ဖိတ်ကြားလွှာ 🙏​၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့ မင်္ဂလာအခါ...
13/04/2026

🙏 နိဗ္ဗာန်အကျိုးမျှော် စတုဒိသာ အလှူတော် ဖိတ်ကြားလွှာ 🙏

​၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့ မင်္ဂလာအခါတော်သမယတွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ သစ်တံခါးဆရာတော်ဘုရားကြီးအား အမှူးထား၍ ဆရာတော်၏ တပည့် ဒါယကာ၊ ဒါယိကာမများ စုပေါင်းကာ (၂)ကြိမ်မြှောက် စတုဒိသာကုသိုလ်ပြုပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

​🥣 လှူဒါန်းမည့်ပစ္စည်းများ:
​မုန့်သက်ရှည် (ခေါ်) မုန့်ဟင်းခါး - အချိန် (၂၅၀)
​အချိုရည် (လိမ္မော်ရည်)

​📍 ကျင်းပမည့်နေရာ:
​မော်လမြိုင်မြို့၊ ဦးခန္တီဘုရားရှေ့

​⏰ ကျင်းပမည့်အချိန်:
​နံနက် (၈) နာရီ (၀၂) မိနစ် အချိန်မှ စတင်၍
​မည်သူမဆို ကြွရောက်၍ အတူတကွ ကုသိုလ်ယူ သုံးဆောင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ လေးစားစွာ ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။

​ #စတုဒိသာ #နှစ်ဆန်းတစ်ရက်နေ့ #မော်လမြိုင်

အဓိဋ္ဌာန်ဆိုတာ မျက်စိမှိတ် ဆုတောင်းနေခြင်း မဟုတ်ပါ 👁️💪​အဓိဋ္ဌာန်ဆိုတာ ဘုရားရှေ့မှာ မျက်စိမှိတ်ပြီး "ဒါရပါစေ" လို့ တောင်း...
12/04/2026

အဓိဋ္ဌာန်ဆိုတာ မျက်စိမှိတ် ဆုတောင်းနေခြင်း မဟုတ်ပါ 👁️💪

​အဓိဋ္ဌာန်ဆိုတာ ဘုရားရှေ့မှာ မျက်စိမှိတ်ပြီး "ဒါရပါစေ" လို့ တောင်းနေတာ မဟုတ်ပါဘူး။ လက်တွေ့ လုံ့လဝီရိယ စိုက်ထုတ်တာ ဖြစ်ပါတယ်။

✅ လက်တွေ့ကျခြင်း:
🔹 ဝီရိယပါရမီ - "ဒီကောင်းတာကို ငါ လုံ့လစိုက်ရင် ရတယ်" ဆိုတာကို ယုံကြည်တာပါ။

🔹 ရလဒ်ကို ဖန်တီးသူ - ကံကောင်းခြင်းကို စောင့်မနေဘဲ ကိုယ်တိုင် ဖန်တီးယူပါတယ်။

📢 ဒီနေ့အတွက် အဓိဋ္ဌာန် "စကားပဲ ပြောနေမယ့်အစား လက်တွေ့ အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ပြမယ်" 🎯

TMK

#စိတ်ခွန်အား

အဓိဋ္ဌာန်ဆိုတာ မျက်စိမှိတ် ဆုတောင်းနေခြင်း မဟုတ်ပါ 👁️💪​အဓိဋ္ဌာန်ဆိုတာ ဘုရားရှေ့မှာ မျက်စိမှိတ်ပြီး "ဒါရပါစေ" လို့ တောင်း...
11/04/2026

အဓိဋ္ဌာန်ဆိုတာ မျက်စိမှိတ် ဆုတောင်းနေခြင်း မဟုတ်ပါ 👁️💪

​အဓိဋ္ဌာန်ဆိုတာ ဘုရားရှေ့မှာ မျက်စိမှိတ်ပြီး "ဒါရပါစေ" လို့ တောင်းနေတာ မဟုတ်ပါဘူး။ လက်တွေ့ လုံ့လဝီရိယ စိုက်ထုတ်တာ ဖြစ်ပါတယ်။

✅ လက်တွေ့ကျခြင်း:
🔹 ဝီရိယပါရမီ - "ဒီကောင်းတာကို ငါ လုံ့လစိုက်ရင် ရတယ်" ဆိုတာကို ယုံကြည်တာပါ။
🔹 ရလဒ်ကို ဖန်တီးသူ - ကံကောင်းခြင်းကို စောင့်မနေဘဲ ကိုယ်တိုင် ဖန်တီးယူပါတယ်။
📢 ဒီနေ့အတွက် အဓိဋ္ဌာန်: "စကားပဲ ပြောနေမယ့်အစား လက်တွေ့ အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ပြမယ်" 🎯

TMK

#စိတ်ခွန်အား

"ပဏိဓာနတော ပဋ္ဌာယ" - အပြောင်းအလဲရဲ့ အစ ⏳🔥ဘဝရဲ့ အပြောင်းအလဲဟာ ဆုတောင်းတဲ့အချိန်မှာ မဟုတ်ဘဲ အဓိဋ္ဌာန်ပြုတဲ့ အချိန်မှာ စတင်...
08/04/2026

"ပဏိဓာနတော ပဋ္ဌာယ" - အပြောင်းအလဲရဲ့ အစ ⏳🔥

ဘဝရဲ့ အပြောင်းအလဲဟာ ဆုတောင်းတဲ့အချိန်မှာ မဟုတ်ဘဲ အဓိဋ္ဌာန်ပြုတဲ့ အချိန်မှာ စတင်တာပါ။ "အဓိဋ္ဌာန်ပြုချိန်က စပြီး" ဆိုတာ ဘဝရဲ့ အလှည့်အပြောင်းပါပဲ။

✅ အမှတ်အသား:

🔹 ခိုင်မာသော ဆုံးဖြတ်ချက် - "ငါ ဒီနေ့ကစပြီး ပြောင်းလဲမယ်" လို့ ဆုံးဖြတ်လိုက်ပါ။

🔹 စဉ်ဆက်မပြတ်မှု - အဓိဋ္ဌာန်ဆိုတာ ဘဝတစ်ဘဝပြီး တစ်ဘဝ ထိန်းသိမ်းရတဲ့ အရာပါ။

📢 ဒီနေ့အတွက် အဓိဋ္ဌာန်: "မနက်ဖြန်မှ စမယ်လို့ မတွေးတော့ဘူး၊ အခုကစပြီး ကောင်းတဲ့အလေ့အကျင့်တစ်ခု စမယ်" 🚀

TMK

ဒေဝဒတ်နဲ့ တွေ့ရခြင်းဟာ ဆုတောင်းမပြည့်တာ မဟုတ်ပါ 🙅‍♂️💎မြတ်စွာဘုရားရှင်ဟာ ပါရမီတွေ မြင့်မားလွန်းပေမယ့် ဒေဝဒတ်နဲ့ ဘဝတိုင်း ...
08/04/2026

ဒေဝဒတ်နဲ့ တွေ့ရခြင်းဟာ ဆုတောင်းမပြည့်တာ မဟုတ်ပါ 🙅‍♂️💎

မြတ်စွာဘုရားရှင်ဟာ ပါရမီတွေ မြင့်မားလွန်းပေမယ့် ဒေဝဒတ်နဲ့ ဘဝတိုင်း ကြုံခဲ့ရပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က "ငါ ဆုတောင်းမပြည့်ဘူး" လို့ တစ်ခါမှ မညည်းတွားခဲ့ပါဘူး။

✅ အဓိဋ္ဌာန်ရှိသူရဲ့ စိတ်ဓာတ်:

🔹 သည်းခံခြင်း - ဒေဝဒတ်အပေါ်မှာတောင် မေတ္တာမပျက်အောင် ထိန်းနိုင်တာဟာ အဓိဋ္ဌာန်ပါ။

🔹 အကောင်းမြင်ခြင်း - အတိုက်အခံတွေကြားမှာ ကိုယ့်ရဲ့ စိတ်ဓာတ်ကို အစစ်ဆေးခံပါတယ်။

📢 ဒီနေ့အတွက် အဓိဋ္ဌာန်: "ငါ့အပေါ် မကောင်းတဲ့သူကိုတောင် ငါ့ဘက်က မေတ္တာမပျက်စေရဘူး" ❤️

TMK @ Tony Myint Kyaw

လောကဓံကို လေးစားအောင် လုပ်နိုင်သူ ⛈️🛡️"ဆုတောင်းသူကို လောကဓံက စမ်းသပ်တယ်၊ အဓိဋ္ဌာန်ရှိသူကို လောကဓံက လေးစားတယ်" ဆိုတဲ့ စကာ...
07/04/2026

လောကဓံကို လေးစားအောင် လုပ်နိုင်သူ ⛈️🛡️

"ဆုတောင်းသူကို လောကဓံက စမ်းသပ်တယ်၊ အဓိဋ္ဌာန်ရှိသူကို လောကဓံက လေးစားတယ်" ဆိုတဲ့ စကားလေးကို ကြားဖူးမှာပါ။ ကျွန်တော်တို့ ဘဝမှာ အခက်အခဲတွေ ကြုံလာရတာဟာ ဆုတောင်းမပြည့်လို့ မဟုတ်ပါဘူး။

✅ အဓိဋ္ဌာန်ရှိသူရဲ့ တုံ့ပြန်ပုံ:

🔹 ကြံ့ကြံ့ခံနိုင်ရည်: ပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ နောက်မဆုတ်ဘဲ "ငါ့အဓိဋ္ဌာန် မပျက်စေရဘူး" လို့ ကိုယ့်ကိုယ်ကိုယ် အားပေးပါတယ်။

🔹 စိတ်ဓာတ် မကျခြင်း: လောကဓံရဲ့ ရိုက်ခတ်မှုတွေကို သင်ခန်းစာအဖြစ် လက်ခံပြီး စိတ်ကို ပိုမို ကြံ့ခိုင်အောင် လေ့ကျင့်ပါတယ်။

📢 ဒီနေ့အတွက် အဓိဋ္ဌာန်:

"အဆင်မပြေမှုတစ်ခုခု ကြုံလာရင် စိတ်မညစ်ဘဲ 'ဒါ ငါ့ကို ပိုတော်အောင် လာစမ်းသပ်တာ' လို့ ပြုံးပြုံးလေး လက်ခံမယ်" 😊🏔️

TMK

ဆုတောင်းလို့ ဆန္ဒမပြည့်ပါ၊ အဓိဋ္ဌာန်ကြောင့်သာ ဆန္ဒပြည့်ကြသည် ✨မျက်စိမှိတ်ပြီး "ရပါစေ၊ ဖြစ်ပါစေ" လို့ ရွတ်နေရုံနဲ့ အရာရာ ...
07/04/2026

ဆုတောင်းလို့ ဆန္ဒမပြည့်ပါ၊ အဓိဋ္ဌာန်ကြောင့်သာ ဆန္ဒပြည့်ကြသည် ✨
မျက်စိမှိတ်ပြီး "ရပါစေ၊ ဖြစ်ပါစေ" လို့ ရွတ်နေရုံနဲ့ အရာရာ ဖြစ်မလာနိုင်ပါဘူး။ 🙅‍♂️ တကယ်တော့ ကျွန်တော်တို့ မျှော်လင့်တဲ့ ဆန္ဒတွေ ပြည့်ဝဖို့ဆိုတာ "အဓိဋ္ဌာန်" အင်အား ရှိဖို့ လိုအပ်ပါတယ်။
✅ အဓိဋ္ဌာန်ဆိုတာ ဘာလဲ?
🔹 စိတ်ကို ထိန်းကျောင်းခြင်း - ကောင်းတာလုပ်တဲ့နေရာမှာ စိတ်မယိမ်းယိုင်အောင် ခိုင်မြဲစွာ ထိန်းတာပါ။
🔹 သန္နိဋ္ဌာန်ချခြင်း - "ငါ ဒီအလုပ်ကို လုပ်မယ်၊ မလျော့ဘူး၊ မနားဘူး" လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်တာပါ။
🔹 ကြံ့ကြံ့ခံခြင်း - လောကဓံ ဘယ်လောက်ဆိုးဆိုး မေတ္တာမပျက်ဘဲ ကောင်းမှုကို ဆက်လုပ်တာပါ။ 🏔️
မြတ်စွာဘုရားရှင်တောင်မှ ဘဝအဆက်ဆက် ဒေဝဒတ်နဲ့ တွေ့ခဲ့ရပေမယ့် "ငါ့ဆုတောင်း မပြည့်ဘူး" လို့ ဘယ်တော့မှ မညည်းတွားခဲ့ပါဘူး။ အဲဒီအစား ဒေဝဒတ်အပေါ်မှာတောင် မေတ္တာမပျက်ဘဲ အဓိဋ္ဌာန်ခိုင်ခိုင်နဲ့ ပါရမီဖြည့်ကျင့်ခဲ့ပါတယ်။ 🙏
📢 ဒီနေ့ကစပြီး အဓိဋ္ဌာန်ပြုကြည့်ရအောင် -
"ဒီလမှာ ငါ ဒေါသကို ပိုထိန်းမယ်" 🧘‍♂️
"ဒီနှစ်မှာ ငါ အများအတွက် အကျိုးရှိတာတစ်ခု လုပ်မယ်" 🤝
ကိုယ့်ကိုယ်ကိုယ် သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်တဲ့ "အဓိဋ္ဌာန်အင်အား" ကသာ သင့်ကို လိုရာပန်းတိုင်ရောက်အောင် ပို့ဆောင်ပေးမှာပါ။ 🎯
TMK

#အဓိဋ္ဌာန် #အောက်စဖို့ဒ်ဆရာတော် #တရားတော် #စိတ်ခွန်အား 🙏✨

10/03/2026

မေတ္တာဖြင့် ပြန်လည်ပူဇော်ဝေမျှပါသည်🙏🙏🙏

သဒ္ဓါဓိက ပါရမီရှင် သစ်တံခါးဆရာတော်ဘုရားကြီး

🙏🙏🙏 အရဟံ သိဒ္ဓိ ဘဂဝါအောင် 🙏🙏🙏

အရဟံ - အနှိုင်းမဲ့လှသော ဗုဒ္ဓဂုဏ်တော်

သိဒ္ဓိ - အလုံးစုံသော ကိစ္စရပ်များ ပြီးမြောက်အောင်မြင်ခြင်း

ဘဂဝါ - အတုမဲ့ ဘုန်းကံတော် ကြီးမြတ်ခြင်း

အောင် - အောင်မြင်ခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံခြင်း

🎵 တေးရေး - ကိုမိုးမိုး ၊ ကိုညီမင်းခိုင်
🎤 တေးဆို - ကိုစည်သူလွင် ၊ ကိုမိုးမိုး ၊ ကိုညီမင်းခိုင်
Executive Producer - Tony Myint Kyaw

မေတ္တာဖြင့် ဝိုင်းဝန်းကူညီပေးကြသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

28/02/2026

🙏 မော်လမြိုင်တောင်ရိုးတန်း ညောင်(၁၀)ပင် အဓိဋ္ဌာန် ဖိတ်ကြားလွှာ 🙏

​နိဗ္ဗာန်အကျိုးကို မျှော်ကိုး၍ မော်လမြိုင်တောင်ရိုးတန်းရှိ ညောင်ပင်များတွင် "ညောင်(၁၀)ပင် အဓိဋ္ဌာန်" ကို (၃) ရက်တိုင်တိုင် ကျင့်ကြံပွားများသွားမည် ဖြစ်ပါသည်။ ကုသိုလ်ပါဝင်လိုသူ မည်သူမဆို လာရောက်ပူးပေါင်းနိုင်ရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

​🗓 နေ့ရက် - မတ်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ (မနက်ဖြန်မှ စတင်ပါမည်)

​⏰ အချိန် - မနက် (၅) နာရီ (၅) မိနစ် အတိ

​📍 စုရပ်နှင့် စတင်မည့်နေရာ - ကျိုက်သလ္လံဘုရား ရင်ပြင်တော်ရှိ ဗောဓိညောင်ပင်မှ စတင်ပါမည်။

💛💚❤️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when သစ်တံခါးဓမ္မဖောင်ဒေးရှင်း - Thitdagar Dhamma Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share