Nyinyi Htwe

Call Website Contact the organization

Nyinyi Htwe Love, Peace and Joy for All Living Things :) respect freedom regards nationalism

သမီးငယ် ရှိသူများ ဂရုစိုက်ကြပါ ဒါလည်းကျားဖြန့် နည်း တစ်ခုပါဗျို့👉မနေ့ညကအိမ်ရှင်အမတစ်ယောက်က ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ တိ...
19/08/2026

သမီးငယ် ရှိသူများ ဂရုစိုက်ကြပါ ဒါလည်းကျားဖြန့် နည်း တစ်ခုပါဗျို့
👉မနေ့ညကအိမ်ရှင်အမတစ်ယောက်က ဘယ်လိုဖြေရှင်းရင်
ကောင်းမလဲ တိုင်ပင်တာနဲ့ အားလုံးသတိထားလို့ရအောင်
တင်ပေးလိုက်ပါတယ်..........

ဖြစ်ပုံကဒီလိုပါ
၉နှစ်သမီးလေးက မိဘတွေစည်းကမ်းတင်းကြပ်ထားတဲ့ကြားက
ဖုန်းခိုးသုံးပါတယ် ttသုံးပါတယ် ttမှာ သူငယ်ချင်းတစ်ယောက်ရပါတယ်
အဲ့ကောင်လေးအသက်က၁၃နှစ်လို့ပြောပါတယ် အသက်ကမတိမ်းမယိမ်းဆိုတော့
စကားပြောဖြစ်ကြတယ် နောက်ရက်ကြတော့ line မကောင်း​လို့​ဆိုပြီး
Viberမှာ စကားပြောမယ်တောင်းဆိုလာပါတယ်
ကောင်မလေးဘက်ကလည်း သဘောရိုးနဲ့viberနံပါတ်ပေးလိုက်ပါတယ်.......
Viber တန်းဖွင့်လိုက်တာနဲ့ vc တန်းခေါ်ပါတယ်
ကောင်မလေးဖုန်းကိုင်လိုက်တဲ့အချိန်မှာ တစ်ဖက်ကမြင်ကွင်းက
Sexလုပ်နေတဲ့ vdပါ သူ့သူငယ်ချင်းကောင်းလေးမဟုတ်ပါဘူး
လူကြီးတွေ sexလုပ်နေကြတာပါ

ဒီဘက်ကခလေးမလေးက နားမလည်ပါဘူး
၅ စက္ကန့်လောက်ကြည့်မိပြီး ဖုန်းတန်းချလိုက်ပါတယ်
ဟိုဘက်က screen recording ယူထားပြီး
သူတို့sexလုပ်နေတာကို 3မိနစ်အထိ ထိုင်ကြည့်ခိုင်းပါတယ်
မကြည့်ရင် Tgမှာ အခု၅ စက္ကန့်video ကို
တင်ပြီးအရှက်ခွဲမယ်ချိန်းခြောက် ပါတယ်
ခလေးမလေးက ဘာမှနားမလည်တဲ့ ၉နှစ်သမီးပါ
ကြံမရတဲ့အဆုံး ကြည့်မယ်လို့ပြောလိုက်ပါတယ်
သူတို့sexလုပ်နေတာကို 3မိနစ်ကြည့်ရပါတယ်...
3မိနစ်ကြည့်ပြီးလည်း vd နှစ်ခုစလုံးကိုမဖျက်ပေးပါ
အိမ်သာထဲရှူးရှူးပါက်ပြရင် vdတွေဖျက်ပေးမယ်ဆိုပြီး
ထပ်ဆင့်ထပ်တိုးပြီး ချိန်းခြောက်ပါတယ်

ခလေးမလေးက ကြောက်ပြီးနှတ်ခမ်းတွေတောင်သွေးမရှိတော့ပါ
အသားတွေတုန်နေတာကို မိခင်ကသတိထားမိပြီး
ဖုန်းယူစစ်ကြည့်မှတွေ့ရတာပါ
ကျနော်နဲ့တိုင်ပင်ပြီး ဖုန်းတွေblockတာတို့ တင်ချင်သာတင်လို့
ပြောတာတို့ ရဲစခန်းမှာအမူ့ဖွင့်မှာတို့ပြောရပါတယ်
ရှူးရှူးပေါက်ခိုင်းတာလုပ်မိရင် တော်တော်အရှက်ကွဲပါပြီ
လူကိုတွေ့ချင်တာတို့ ပိုက်ဆံတောင်းတာတို့ ဖြစ်လာမှာပါ
တော်တော်ကံကောင်းသွားပါတယ်
မိန်းခလေးငယ်ငယ်လေးတွေကို အဓိကထား ပစ်မှတ်ထားနေပါတယ်
သတိထားကြပါ

အခုခေတ်ခလေးမလေးတွေလည်း ရည်းစားထားရင်
တွေ့ကရာ ကောင်ကိုမကြိုက်ပါနဲ့ ကောင်လေးန့hotel မှာ ဒိတ်တယ်
ကောင်လေးက vdရိုက်ထားတယ် ခေါ်တိုင်းလာလို့ပြောတယ်
မလာရင် tgမှာvdတွေတင်ပြီး အရှက်ခွဲမယ် ရောင်းစားမယ်လို့
ချိန်းခြောက်မယ် နောက်နည်းနည်းကြာလာရင်
ကောင်လေးသူငယ်ချင်းတွေနဲ့ပါ
လိင်ဆက်ဆံခိုင်းတာတို့ဘာတို့ဖြစ်လာပါတယ်
ပုံပြင်တွေမဟုတ်ပါဘူး လက်တွေ့တစ်ကယ်ရှိတာပါ....
အဲ့လိုကြုံလာတဲ့အခါ လူကြီးမိဘတွေနဲ့တိုင်ပင်ပြီး
ဖြေရှင်းပါ မကြောက်ပါနဲ့
ပြီးတော့ ကောင်လေးနဲ့လူပြတ်တဲ့နေရာတွေ ခြုံတွေထဲ
ချိန်းတွေ့ပြီး sexလုပ်နေတဲ့ ခလေးမလေးတွေလည်းရှိသေးတယ်
တချို့လူတွေက စုပြီး အဲ့လိုတွေလိုက်တဲ့အဖွဲ့တွေက သပ်သပ်ရှိပါတယ်
Vdရိုက်ပြီး ချိန်းခြောက်ပြီး ကောင်လေးကိုခေါ်သွားတာတို့
ကောင်မလေးကို ခေါ်သွားတာတို့ရှိပါတယ် ဘဝပျက်ပါတယ်
နောက်ဆုံး လူကိုရန်မပြုတာတောင် ဖုန်းတွေပိုက်ဆံတွေ
ပါသွားတတ်ပါတယ် အနေအထိုင်အသွားအလာသတိရှိကြပါ......
ဟိုတယ်တွေပေါလောနေတဲ့ခေတ်မှာ ဟိုတယ်တောင်ခေါ်sexဖို့
ပိုက်ဆံမရှိတဲ့ကောင်တွေကို ဘဝကြီးပုံမအပ်ကြပါနဲ့
အရမ်းကိုစျေးမပေါကြပါနဲ့ နှစ်နာရင်ကိုယ်ပဲနစ်နာမှာပါ

ကျနော်တို့က နယ်လှည့်သွားနေတာဖြစ်လို့ကြုံဖူးကြားဖူး
တွေ့ဖူးပါတယ် ကျနော့်တပည့်တစ်ယောက်ပျောက်သွားလို့
လိုက်ရှာတုန်းကဆိုရင် ရုပ်ရှင်ဆန်ဆန်အဖြစ်အပျက်တွေက
ဆန်းကျယ်ပါတယ် အနေအထားရှိတဲ့ကျနော့်အကိုတွေကယ်လို့
ငွေတစ်ပြားမကုန်ပဲ ပြန်ရတာပါ
အရာရာက ရှုပ်ထွေးပါတယ် အားလုံးဂရုစိုက်ကြပါ......
ပတ်ဝန်းကျင်ကို မျှဝေပေးပါ

“ဆယ်လီတွေ ရုတ်တရက် ချမ်းသာကြတာကို မြင်မိကြမှာပါ၊ အဲ့ဒီဆယ်လီကိုယ်တ်ိုင်တောင်မှ ငါ ငွေမဲခဝါချနေပါလားလို့ မသိလိုက်ဘူး”စီးပွ...
09/02/2026

“ဆယ်လီတွေ ရုတ်တရက် ချမ်းသာကြတာကို မြင်မိကြမှာပါ၊ အဲ့ဒီဆယ်လီကိုယ်တ်ိုင်တောင်မှ ငါ ငွေမဲခဝါချနေပါလားလို့ မသိလိုက်ဘူး”

စီးပွားရေးပညာရှင်တွေအနေနဲ့ အများကြီး တွေးစရာမလိုပါဘူး၊ ပထမဆုံး အဲ့လို ချမ်းသာလာဖို့ ဝင်ငွေလိုတယ်။ဘယ်က ရပါသလဲ။ ရှင်းပါတယ် နောက်ကွယ်က ငွေမဲခဝါချသူတွေဆီကလာတယ်။

သူတို့မှာ ငွေမဲတွေက ပုံနေတယ်။ အဲ့တော့ ဘာလုပ်လဲဆယ်လီအချို့ကို ဌားတယ်။ နာမည် ခံခိုင်းပြီး ဈေးရောင်းပြတယ်။ အရင်း မရနိုင်တဲ့ နှုန်းထားတွေနဲ့ ရောင်းတယ်။ရောင်းလို့ရလာတဲ့ ငွေက အခွန်ဆောင်ပြီး ငွေဖြူဖြစ်လာတယ်။

နာမည်ကြီးရင် ကြီးသလို ရာခိုင်နှုန်းပိုရမယ်။ကာယကံ ရှင် ဆယ်လီကိုယ်တ်ိုင်တောင်မှ ငါ ငွေမဲခဝါချနေပါလားလို့ မသိလိုက်ဘူး။ အဲ့အထိလည်း မစဉ်းစားနိုင်ဘူး။

ကုန်ပစ္စည်းကို အရင်းမဲ့ လာပေးတယ်။ ကိုယ်က ရောင်းပေးတယ်။ရာခိုင်နှုန်းရတယ်။ အဲ့လောက်ထိပဲ သူတို့သိတာ။

ဒါမျိုး ကြုံဘူးလားဆို။ ကြုံဘူးတာပေါ့။ ဘဏ်တွေက ငွေထုတ်မရတဲ့အချိန်။၂၀၂၀။ နပေတိုးကို လူတယောက် ဖုန်းဆက်လာတယ်။ သူ့မှာ ငွေသားရှိတယ်။ အဲ့ဒါ banking နဲ့ လဲပေးမလားပေါ့။

ဘယ်ဈေးလဲဆိုတော့ 8% ပေါ့။ ဘယ်လောက်ထိ လဲပေးရမှာလဲဆိုတော့ သိန်းလေးသောင်း။ အဲ့အချိန်က နပေတိုး ငြင်းလိုက်တယ်။ အဲ့ငွေသားတွေ အိမ်ထဲမှာ ဒီလောက်ထိ သိမ်းထားတာ ဘာကြောင့်လဲလို့ သံသယရှိလို့။

အခုကြတော့ သူတို့ နည်းလမ်းပြောင်းသွားပြီ။ အချို့သော SME တွေက ထုတ်ကုန်တွေကို ရသလောက်ဝယ်တယ်။ ပြီးရင် အရှူံးခံပြီး များများရောင်းတယ်။ လုပ်ငန်းတွေကို အခြားသူကို နာမည်ခံစေတယ်။

အဓိကက တာဝန်ရှိသူတွေက သိနေလျက်နဲ့ မျက်ကွယ်ပြုနေလို့။ ကိုယ်ကျိုးရှိလို့။

အဲ့ဒီတော့ ဘာဖြစ်သလဲ။ ငွေကြေးမတန်တဆ ဖောင်းပွလာတာပေါ့။ သူက ရတဲ့ငွေဖြူတွေကို ပိုင်ဆိုင်မှုအဖြစ် အကုန်ပြောင်းပစ်လိုက်တာကိုး။ ရွှေ၊မြေ၊ဒေါ်လာအဖြစ် ပြောင်းလိုက်တာ။

အဲ့ဒီမှာ သာမန် လခစားတွေနဲ့ မူလစီးပွားရေး လုပ်ငန်းရှင်တွေ ပြိုလဲကုန်တာပဲ။ နောက်ဆက်တွဲက ပညာမဲ့တွေ ချမ်းသာလာတဲ့အခါ ပညာတတ်တွေ စော်ကားခံရတော့တာပဲ။ ပညာတတ်လာလေ အသိဉာဏ်မြင့်လာလေ။

လုပ်သင့်မလုပ်သင့် စဉ်းစားလေဆိုတော့ ချမ်းသာဖို့ သိပ်မလွယ်တော့ဘူးလေ။ တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုတာ တကယ်မှန်တဲ့ စကားပါ။

- နပေတိုး

Address

Yangon

Alerts

Be the first to know and let us send you an email when Nyinyi Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Nyinyi Htwe:

Shortcuts

Share