Inspire Archiviz Studio

Inspire Archiviz Studio 3D Rendering Service, Interior Design Services

Inspire viz studio မှ ကြိုဆိုပါတယ်။

ကျွန်တော်တို့ရဲ့ သင်တန်းမှာဆိုရင် ဒီဇိုင်းလောကမှာ တွင်ကျယ်စွာအသုံးပြုနေကြတဲ့ SketchUp နဲ့ 3D Rendering နည်းပညာတွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ သင်တန်းသားတွေအနေနဲ့ အခြေခံ SketchUp အသုံးပြုနည်းကစပြီး Vray နဲ့ Corona Rendering နည်းပညာတွေအထိ ကျွမ်းကျင်စွာ တတ်မြောက်သွားစေဖို့ ရည်ရွယ်ပြီး သင်ကြားပေးနေပါတယ်။
-
SketchUp Basic: 3D Modeling ရဲ့ အခြေခံသဘောတရားတွေကို န

ားလည်ပြီး SketchUp ဆော့ဖ်ဝဲကို ကျွမ်းကျင်စွာ အသုံးပြုနိုင်အောင် လေ့ကျင့်သင်ကြားပေးမှာပါ။

SketchUp Vray Rendering: SketchUp နဲ့ ဖန်တီးထားတဲ့ 3D Model တွေကို Vray Rendering Engine နဲ့ အသုံးပြုပြီး အရည်အသွေးမြင့်မားတဲ့ 3D ပုံရိပ်တွေ ဖန်တီးနိုင်အောင် သင်ကြားပေးမှာပါ။

Corona Rendering: 3D Model တွေကို Corona Rendering Engine နဲ့အသုံးပြုပြီး လက်တွေ့ဆန်တဲ့ အလင်းအမှောင်၊ အရောင်အသွေး အပြင်အဆင်တွေကို ဖန်တီးနိုင်အောင် သင်ကြားပေးမှာပါ။

20/08/2026

Design ကိုသင်ကြားချင်လို့ သင်တန်းကိုတက်တယ် ဒါပင်မဲ့ Design နဲ့ Software သင်တန်းကျောင်းတွေကို သေချာနားမလည်လို့ မှားတက်မိတဲ့ ညီ ညီမ တွေ မှားစုံစမ်းမိတဲ့ ညီ ညီမ တွေအတွက် လမ်းညွှန် ဗီဒီယို ဖိုင်ပါ
တက်ချင်တဲ့သင်တန်းနဲ့ တက်လိုက်ရတဲ့သင်တန်း လွဲမှားသွားပြီး အချိန်ကုန် ငွေကုန် တာမျိုး မဖြစ်စေချင်တဲ့ စေတနာ တစ်ခုထဲနဲ့ ဒီဖိုင်ကို ပြုလုပ်ပါတယ် ဖိုင်ကို အစအဆုံးကြည့်ဖို့လိုအပ်ပါတယ် အစပိုင်းတစ်ခုထဲနဲ့ ဆုံးဖြတ်ချက် ချရင် နားလည်မှုတွေ မှားကုန်မှာသေချာပါတယ်။

ခင်မင်လျှက်
Inspire Archiviz Studio
Yangon

📢 သင်တန်းအပ်ထားသော ကျောင်းသူ၊ ကျောင်းသားများအတွက် အသိပေးကြေညာခြင်းဒီနေ့ ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီမှစတင်ပြီး သင်တန်းအပ်...
20/08/2026

📢 သင်တန်းအပ်ထားသော ကျောင်းသူ၊ ကျောင်းသားများအတွက် အသိပေးကြေညာခြင်း

ဒီနေ့ ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီမှစတင်ပြီး သင်တန်းအပ်နှံထားပြီးသော ကျောင်းသူ၊ ကျောင်းသားများထံသို့ သင်တန်းတက်ရောက်ရန် လိုအပ်သော private telegram Link များကို အမှတ်စဉ်အလိုက် စတင်ပေးပို့နေပါပြီခင်ဗျာ။

လက်ရှိမှာ သင်တန်းအပ်နှံထားတဲ့ ကျောင်းသူ၊ ကျောင်းသားများ များပြားတာကြောင့် အားလုံးကို တစ်ပြိုင်နက်တည်း ပေးပို့နိုင်ခြင်းမရှိသေးဘဲ အမှတ်စဉ်အလိုက် အလှည့်ကျ ဆက်သွယ်ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

ဒါကြောင့် သင်တန်းအပ်ထားပြီးဖြစ်ပေမယ့် Link မရသေးတဲ့ ကျောင်းသူ၊ ကျောင်းသားများအနေနဲ့ စိတ်မပူပါနဲ့ခင်ဗျာ မိမိအလှည့်ရောက်တဲ့အခါ ဆက်သွယ်ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ 🙏

အားလုံးကို စနစ်တကျနဲ့ အဆင်ပြေပြေ သင်တန်းစတင်လေ့လာနိုင်အောင် တစ်ယောက်ချင်းစီကို အလှည့်ကျ စီစဉ်ပေးနေပါတယ်ခင်ဗျာ။ ❤️

---

🎓 Professional SketchUp Modeling + D5 Render

အခုထိ သင်တန်းမအပ်ရသေးပေမယ့် တက်ရောက်ချင်တဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက်လည်း သင်တန်းအပ်နှံလက်ခံပေးနေပါသေးတယ်ခင်ဗျာ။

SketchUp ကို Basic ကနေ Advanced Modeling အထိ လေ့လာပြီး Modeling Workflow ကို နားလည်လာစေဖို့အပြင် D5 Render ကိုအသုံးပြုပြီး Interior / Exterior Architectural Visualization တွေကို လက်တွေ့လေ့လာနိုင်မယ့် သင်တန်းဖြစ်ပါတယ်။

ကျောင်းသားအသစ်များအနေနဲ့လည်း အခုချိန်မှာ နောက်ကျသွားပြီလို့ မစိုးရိမ်ပါနဲ့။သင်တန်းအပ်နှံလက်ခံပေးနေဆဲဖြစ်တာကြောင့် တက်ရောက်ချင်သူများ Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ❤️

သင်တန်းအပ်နှံရန် — Page Messenger မှာ “စာပို့မေးမြန်းနိုင်ပါတယ်။

Inspire Archiviz Studio
Yangon

Design ကျောင်းမှာ Assignment ပြီးအောင်လုပ်နိုင်တာနဲ့ လုပ်ငန်းခွင် ရောက်တဲ့အခါ Client Project ကို ကိုင်တွယ်နိုင်ဖြေရှင်းန...
20/08/2026

Design ကျောင်းမှာ Assignment ပြီးအောင်လုပ်နိုင်တာနဲ့ လုပ်ငန်းခွင် ရောက်တဲ့အခါ Client Project ကို ကိုင်တွယ်နိုင်ဖြေရှင်းနိုင်တာက မတူပါဘူး

Design ကျောင်းမှာတော့ Design ကောင်းကောင်းလုပ်နိုင်လား၊ Presentation လှလား၊ Assignment ကို Deadline မီအောင်ပြီးလားဆိုတာတွေက အရေးကြီးပါတယ်။ ဒါပေမယ့် အလုပ်ထဲ ရောက်သွားတဲ့အခါ မေးခွန်းတွေက ပြောင်းသွားပါတယ်။ Client က Design ကို မကြိုက်ရင် ဘယ်လိုပြင်မလဲ။ Budget လျော့သွားရင် Design ကို ဘယ်လို Adjust လုပ်မလဲ။ Deadline နီးနေပြီး Revision တွေ ဆက်တိုက်ဝင်လာရင် ဘယ်လို Manage လုပ်မလဲ။ Site မှာ ကိုယ်ဆွဲထားတဲ့ Design နဲ့ မကိုက်တဲ့ ပြဿနာတစ်ခုတွေ့ရင် ဘာလုပ်မလဲ။ ကိုယ်မသိသေးတဲ့ Software တစ်ခုနဲ့ Project လာပေးရင်ရော ဘယ်လိုကိုင်တွယ်မလဲ။

ဒီနေရာမှာ Student အများစု စပြီးတွေးမိတာက ငါ ကျောင်းမှာသင်ထားတာတွေက အလုပ် အတွက် လုံလောက်ရဲ့လား ဆိုတာပါ။ အမှန်အတိုင်းပြောရရင် မလုံလောက်သေးတာ ပုံမှန်ပါပဲ။Design School က Design Thinking နဲ့ Design Knowledge ကို သင်ပေးတယ်။ Job ကတော့ Design တစ်ခုတည်းမဟုတ်ဘဲ Technical Skill, Communication, Problem Solving နဲ့ Time Management တွေကို တစ်ပြိုင်နက်တည်း အသုံးချခိုင်းပါတယ်။

ဒါကြောင့် Student တစ်ယောက်အနေနဲ့ Assignment ကောင်းကောင်းလုပ်နိုင်တာထက် Real Project တစ်ခုကို ကိုယ်တိုင်ကိုင်တွယ်နိုင်မလား ဆိုတာကို စောစောကတည်းက စမ်းကြည့်သင့်ပါတယ်။ Client Brief ကို နားလည်အောင်ဖတ်နိုင်လား။ Reference ပုံကြည့်ပြီး ကိုယ်တိုင် Model / Design ပြန်လုပ်နိုင်လား။ Revision ဝင်လာရင် စိတ်မပျက်ဘဲ ပြန်ပြင်နိုင်လား။ ကိုယ်လုပ်ထားတာကို Client ဒါမှမဟုတ် Senior ကို ရှင်းပြနိုင်လား။ Deadline ရှိတဲ့ Project ကို အစကနေအဆုံးထိ Manage လုပ်နိုင်လားဆိုတာတွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

ဒီအချက်တွေထဲက အများစုကို မလုပ်နိုင်သေးဘူးဆိုပြီး စိတ်မပူပါနဲ့။ အဲ့ဒါက ပုံမှန်ပါဘဲ လုပ်ငန်းခွင်ထဲစရောက်ခါစမှာအားလုံးဒီအဆင့်ကိုကျော်ဖြတ်ရပါတယ်။ အရေးကြီးတာက ကျောင်းပြီးမှ စပြင်ဆင်တာထက် ကျောင်းတက်နေတုန်းကတည်းက Real Project တွေကို လေ့ကျင့်ပြီး လုပ်ငန်းခွင်မှာ လိုအပ်တဲ့ Skill တွေကို တဖြည်းဖြည်းတည်ဆောက်သွားဖို့ပါ။

ပြီးတော့ ကျောင်းပြီးခါနီးပြီး ငါဘာလုပ်ရမလဲ လို့ စိတ်ပူနေတဲ့ Design Student တစ်ယောက်ရှိရင် ဒီ Post ကို သူ့ဆီ Share ပေးထားပါ။ နောက်တစ်ချိန်မှာ ပြန်ဖတ်ဖို့ Save လုပ်ထားလည်း မမှားပါဘူး။ ❤️

Inspire Archiviz Studio
Yangon

🎓 ဒီနေ့ သင်တန်းစပါပြီ…Professional SketchUp Modeling + D5 RenderSecond Intake — 20.8.2026ဒီနေ့ကတော့ ဒီသင်တန်းရဲ့ Second ...
20/08/2026

🎓 ဒီနေ့ သင်တန်းစပါပြီ…

Professional SketchUp Modeling + D5 Render
Second Intake — 20.8.2026

ဒီနေ့ကတော့ ဒီသင်တန်းရဲ့ Second Intake စတင်မယ့်နေ့ ဖြစ်ပါတယ်။ အခုအချိန်အထိ သင်တန်းအပ်ထားပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဒီနေ့ညနေပိုင်းမှာ သင်ခန်းစာတွေ လေ့လာရမယ့် ကိုယ်ပိုင် Private Telegram Group Link တွေကို တစ်ယောက်ချင်းစီ ပို့ပေးသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် သင်တန်းကြော်ငြာကို အချိန်မီမတွေ့လိုက်ဘဲ အခုမှတွေ့ပြီး လာမေးတဲ့သူတွေ၊ အရင်ကတည်းက စိတ်ဝင်စားပေမယ့် မအပ်ဖြစ်သေးတဲ့သူတွေ အတွက်တော့ ဒီနေ့အထိ သင်တန်းအပ်လက်ခံပေးနေပါသေးတယ်။

အထူးသဖြင့် SketchUp ကို အခုမှစလေ့လာမယ့် Beginner တွေ၊ Architecture / Interior Design ကျောင်းသား၊ ကျောင်းသူတွေ၊ Fresh Graduate တွေ အနေနဲ့ “ဘယ်ကနေစရမလဲ” မသိသေးရင် ဒီ Course ကို အခြေခံကနေ တစ်ဆင့်ချင်း လေ့လာနိုင်အောင် စီစဉ်ထားပါတယ်။

ဒီ Course မှာ SketchUp Modeling ကို အခြေခံကနေစပြီး Exterior, Interior နဲ့ Furniture Modeling တွေကို လက်တွေ့လေ့ကျင့်သွားမှာဖြစ်ပြီး D5 Render နဲ့ Interior / Exterior Visualization အဖြစ် ပြန်လည်ဖန်တီးနိုင်အောင် Lighting, Material, Environment, Rendering, Post Production နဲ့ Video Animation အထိ ဆက်လက်လေ့လာသွားရမှာပါ။

ပြီးတော့ ဒီသင်တန်းက Video Recording တွေ ပို့ပေးပြီး ကိုယ့်ဘာသာကိုယ်ကြည့်ရုံနဲ့ ပြီးသွားတဲ့ Course မဟုတ်ပါဘူး။ သင်ခန်းစာတစ်ခုပြီးတိုင်း Assignment လုပ် ပြီးရင် Assignment ထပ် → Feedback ရ → လိုအပ်တာပြင် → နောက် Lesson ဆက် ဆိုတဲ့ပုံစံနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အလုပ်လုပ်နေသူ၊ ကျောင်းတက်နေသူတွေအတွက်လည်း သင်တန်းကာလကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတာမဟုတ်လို့ ကိုယ့်အဆင်ပြေတဲ့အချိန်မှာ လေ့လာပြီး Assignment တွေကို တင်ပြနိုင်ပါတယ်။

အရေးကြီးတာတစ်ခုက — ဒီနေ့က သင်တန်းစမယ့်နေ့ဖြစ်ပါတယ်။

အခုမှတွေ့လို့ “ဆရာ သင်တန်းအပ်လို့ရသေးလား?” ဆိုပြီး လာမေးနေတဲ့သူတွေအတွက်တော့ အခုလက်ရှိမှာ လက်ခံပေးနေပါသေးတယ်။ သင်တန်းအကြောင်း အသေးစိတ်သိချင်တာ၊ ရှိရင် Page Messenger ကနေ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။

ဒီနေ့ညနေမှာ အပ်ထားပြီးသားကျောင်းသား၊ ကျောင်းသူတွေအတွက် Private Group Link တွေ ပို့ပေးပြီး သင်တန်းကို စတင်သွားမှာပါ။

အခုမှတွေ့ပြီး စိတ်ဝင်စားလာတာဆိုရင်တော့
“နောက်တစ်ခေါက်ဖွင့်မှ အပ်မယ်” လို့ မစောင့်ဘဲ ဒီနေ့ပဲ လာမေးကြည့်ပါ။ 😊

— Sai Htet Myat (ခွန်စိုင်းလုံ)
Inspire Archiviz Studio
Professional SketchUp Modeling + D5 Render
From Beginner to Job-Ready Architectural Visualization

🔥 Client က “Interior Design အပ်မယ်” လို့ပြောလာပြီဆိုရင်… ဘာကို အရင်စလုပ်ရမလဲ? ( Beginner Guide အဆင့်လိုက်အသေးစိတ်ရေးထားပ...
19/08/2026

🔥 Client က “Interior Design အပ်မယ်” လို့ပြောလာပြီဆိုရင်… ဘာကို အရင်စလုပ်ရမလဲ? ( Beginner Guide အဆင့်လိုက်အသေးစိတ်ရေးထားပေးလို့စာရှည်ပါတယ် )

Interior Design ကို အခုမှ စလေ့လာနေတဲ့သူတွေအတွက် ဒီမေးခွန်းက တကယ်အရေးကြီးပါတယ်။

Plan အရင်ဆွဲရမလား 3D အရင်လုပ်ရမလား Client ကို ဘာတွေမေးရမလဲ
Budget ကို ဘယ်အချိန်မှာတွက်ရမလဲ Working Drawing က ဘယ်အချိန်လုပ်ရမလဲ Site မှာ Designer က ဘာတွေကြည့်စစ်ပေးရမလဲ Project ပြီးရင် အိမ်ရှင်လက်ထဲမအပ်ခင်ဘာတွေလုပ်ပေးရလဲ စတာတွေကိုသိထားဖိုလိုပါတယ်

တကယ်တော့ Interior Design Project တစ်ခုဟာ— plan ဆွဲပြီးတာနဲ့ 3D ပြပြီး လုပ်ငန်းကိုချက်ခြင်းစတင်လို့ရတာတော့မဟုတ်ပါဘူး Plan ဆွဲ 3D ထောင် ပြီးတာနဲ့ Installation ဒီ ၃ ဆင့်ထဲနဲ့လုပ်လို့ရတဲ့အလုပ်မဟုတ်ပါဘူး

Client က အလုပ်အပ်လိုက်တဲ့အချိန်ကနေ Final Handover အထိ ဘယ်အဆင့်မှာ ဘာလုပ်ရမလဲ၊ ဘယ်အဆင့်ပြီးမှ နောက်တစ်ဆင့်ကို သွားသင့်လဲဆိုတာ သိထားဖို့လိုပါတယ်။

ဒါကြောင့် Interior Design Project တစ်ခုကို Beginner တစ်ယောက်အနေနဲ့ နားလည်လွယ်အောင် Client Brief ကနေ Final Handover အထိ အဆင့် ၁၀ ဆင့်သတ်မှတ်ပြီးရေးသားလိုက်ပါတယ်ခင်ဗျာ

---
1️⃣ BRIEF — Client ဘာလိုချင်လဲ အရင်သိအောင်အိမ်ရှင်နဲ့စကားပြောပါ

Design အလုပ်မစခင် Client ကို နားလည်ဖို့ လိုအပ်ပါတယ်

ဥပမာ—

• ဘယ်သူတွေ နေမလဲ?
• လူဘယ်နှစ်ယောက် နေမှာလဲ?
• ကလေးရှိလား? Pet ရှိလား?
• Home Office လိုလား?
• Storage ဘယ်လောက်လိုလဲ?
• ဘယ်လို Style ကြိုက်လဲ?
• ဘာတွေ မကြိုက်ဘူးလဲ?
• Must-have Items ဘာတွေရှိလဲ?
• Budget ဘယ်လောက်သတ်မှတ်ထားလဲ?
• ဘယ်အချိန်အတွင်း ပြီးလိုချင်လဲ?

စတဲ့အချက်တွေကို စုစည်းပြီး သေချာမှတ်စုရေးပါ Client ပြောတာကို မှတ်မိသလောက်နဲ့ မထားဘဲ စာနဲ့ Documentation လုပ်ထားတာ ပိုကောင်းပါတယ်။ ပြီးရင်လဲရေးထားတဲ့ Documentation ကိုအိမ်ရှင်ဆီကိုလဲပြန်ပို့ပေးပါ ဘယ်နေ့က ဘာတွေပြောခဲ့တယ် ဘယ်အချက်တွေသဘောတူခဲ့တယ်ဆိုတာ on paper လုပ်ထားပါ

ဘာကြောင့်လဲဆိုတော့—နောက်ပိုင်းမှာမလိုလားအပ်တာတွေမကြုံတွေ့ရအောင်ပါ

---

2️⃣ MEASURE & SITE SURVEY — Space ရဲ့ အမှန်တကယ်အခြေအနေကို သေချာစစ်ဆေး အတိုင်းအတာကိုရယူပါ

Brief ရပြီးရင် Site ကို သွားကြည့်ပြီး Measurement ယူရပါမယ်။

အနည်းဆုံး—

• Room Length / Width
• Ceiling Height
• Door / Window
• Column / Beam
• Existing Furniture
• Electrical Points
• Plumbing Points
• AC Points
• Existing Finishes
• Structural / Site Constraints

တွေကို စစ်ဆေးမှတ်တမ်းတင်ပါ။ Photo ရိုက်ပြီး Video ရိုက်ပြီးတော့လဲမှတ်တမ်းတင်ပါ။ ပြီးရင် Existing Plan ကို 2D ဆွဲပြီးမှတ်တမ်းတင်ထားရင်ပိုကောင်းပါတယ် အခန်းနံရံချဲ့တာ ဖယ်တာတွေလုပ်တဲ့အခါ မူရင် ဒီ plan ကနေ ဒီလို ပြောင်းလဲသွားပါတယ်ဆိုတာကိုပြသနိုင်ဖို့ပါ '

အရေးကြီးတာက Measurement မှားရင် Layout မှားနိုင်တယ်။ Layout မှားရင် Furniture၊ Joinery နဲ့ Construction အထိ ပြဿနာဆက်ဖြစ်နိုင်တယ်။

ဒါကြောင့် Measure Step ကို လွယ်တဲ့အဆင့် လို့ပဲ မမြင်ပါနဲ့။ Project အတွက် အခြေခံ Data စုဆောင်းတဲ့အဆင့် လို့ မြင်ပါ။

---

3️⃣ SPACE PLANNING — Space ကို အိမ်ရှင်လိုအပ်ချက်တွေအပေါ်မှာအခြေခံပြီးကိုယ့်ပညာနဲ့ပေါင်းစပ်ပါ

အခုအချိန်မှာ Decoration နဲ့ Color ရွေးဖို့ မလိုသေးပါဘူး။

အရင်ဆုံး—

Living ဘယ်မှာထားမလဲ?
Dining ဘယ်မှာထားမလဲ?
Kitchen ဘယ်လိုစီမလဲ?
Bedroom တွေ ဘယ်လိုခွဲမလဲ?
Bedroom နဲ့ အိမ်သာရေချိုးခန်း တွဲမလား ?
သီးသည့် ရေချိုးခန်းအိမ်သာတွေရောထည့်မလား ?
Storage ဘယ်လောက်လိုမလဲ?
လူတွေ ဘယ်လိုသွားလာမလဲ?

ဆိုတာတွေကို စဉ်းစားပါ။

ဒီအဆင့်မှာ—

Function + Circulation + Furniture Size + Ergonomics + Space Relationship တွေကို စဉ်းစားရပါတယ်။

ဥပမာ လူသွားဖို့ လမ်းကျန်ရဲ့လား?
Door ဖွင့်တဲ့အခါ Furniture နဲ့ လွတ်ကင်းလား?
Kitchen မှာ အလုပ်လုပ်ဖို့ လှည့်ပတ်သွားလာရတာ အဆင်ပြေရဲ့လား?

ဆိုတာတွေပါ စဉ်းစားရပါတယ်။

Interior Design ရဲ့ အခြေခံက “အခန်းလှအောင်လုပ်တာ” မဟုတ်ဘဲ “Space ကို သုံးရအဆင်ပြေအောင်လုပ်တာ” ပါ။

---

4️⃣ CONCEPT — ဒီ Space က ဘယ်လို ခံစားချက်ကိုပေးထားမလဲဆိုတာတွေစဉ်းစားပါ

Layout အဆင်ပြေပြီဆိုရင် Design Direction အပိုင်းဆက်ပါ

Modern လား?
Minimalist လား?
Japandi လား?
Scandinavian လား?
Luxury လား?
Warm & Cozy လား?

ပြီးရင်—Color + Material + Texture + Furniture Style + Lighting Mood တွေကို တစ်ခုနဲ့တစ်ခု ဆက်စပ်အောင် စုစည်းပြီး Moodboard / Concept Board ဖန်တီးပါ။

Reference Image တွေကို တွေ့သမျှ စုပြီး ရောထည့်တာထက်—

ဒီ Project ကို ဘာကြောင့် ဒီလို Design Direction နဲ့ ဖန်တီးတာလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိဖို့ ပိုအရေးကြီးပါတယ်။

Concept ဆိုတာ လှတဲ့ပုံတွေ စုပြထားတာမဟုတ်ပါဘူး။ Design တစ်ခုလုံးအတွက် Direction သတ်မှတ်တာပါ။

---

5️⃣ 3D VISUALIZATION — လုပ်ငန်းမစခင် ပြီးစီးတဲ့အခါမြင်ရမဲ့ပုံစံကို Rendering တွေနဲ့ဖော်ပြပါ

အခုမှ 3D Modeling + Rendering ကို အသုံးချပါတယ်။

SketchUp၊ D5 Render၊ V-Ray စတဲ့ Tools တွေနဲ့ ကိုယ်စဉ်းစားထားတဲ့ Design ကို 3D အဖြစ် ဖန်တီးပြီး Client ကို မြင်သာအောင် ပြသနိုင်ပါတယ်။

ဒီအဆင့်မှာ—

• Furniture Size မှန်ရဲ့လား?
• Material တွေ လိုက်ဖက်ရဲ့လား?
• Color အဆင်ပြေရဲ့လား?
• Lighting Mood က Concept နဲ့ ကိုက်ရဲ့လား?
• Space က တကယ်တည်ဆောက်ပြီးရင် ဘယ်လိုမြင်ရမလဲ?

ဆိုတာတွေကို ကြိုတင်စစ်ဆေးနိုင်ပါတယ်။

Client Feedback ရယူပြီး Revision လုပ်ပါ။

3D မှာ ပြင်ရတာ လွယ်တယ်။ Site မှာ ဖျက်ပြီး ပြန်လုပ်ရတာ ငွေကုန်တယ်။ ပြီးတော့ ဖြိုဖျက်ရတဲ့အပိုင်းတွေရှိရင် တိုက်ကထိခိုက်ပါတယ်

ဒါကြောင့် 3D Rendering ဆိုတာ လှအောင်ပုံဖော်ဖို့တင်မဟုတ်ဘဲ Design Decision တွေကို Client နဲ့ Confirm လုပ်ဖို့ အသုံးပြုတဲ့ Tool တစ်ခုလည်း ဖြစ်ပါတယ်။

---

6️⃣ DESIGN DEVELOPMENT + WORKING DRAWING — လုပ်ငန်းမှာလက်တွေအသုံးပြုနိုင်အောင်ပြင်ဆင်ခြင်း

3D Approved ဖြစ်သွားတာနဲ့ Construction စလို့ မရသေးပါဘူး။

ဒါကြောင့် လိုအပ်တဲ့ Technical / Working Drawings တွေကို ပြင်ဆင်ရပါတယ်။

ဥပမာ—

• Dimensioned Floor Plan
• Furniture Layout
• Ceiling Plan
• Lighting Plan
• Electrical Layout
• Switch / Socket Layout
• Elevations
• Joinery Details
• Kitchen / Wardrobe Details
• Material Details
• Other Required Construction Details

စတာတွေပါဝင်နိုင်ပါတယ်။ Project ရဲ့ Scope နဲ့ Complexity အပေါ်မူတည်ပြီး Drawing Set က ကွာနိုင်ပါတယ်။

3D က တည်ဆောက်ပြီးတဲ့အခါဘယ်လိုပုံဖြစ်လာမယ်ဆိုတာ ကို ပြတယ်။ Working Drawing က ဘယ်လိုတည်ဆောက်မလဲ ဆိုတာကို ပြတယ်။

ဒီနှစ်ခုကို ခွဲနားလည်ထားတာ Beginner တွေအတွက် အရေးကြီးပါတယ်။

---

7️⃣ BOQ + BUDGET + APPROVAL — Design ကို Budget နဲ့ ချိန်ကြည့်ပါ

ဒီအပိုင်းက Project တစ်ခုမှာ အရေးကြီးဆုံးအပိုင်းတွေထဲက တစ်ခုပါ။

တကယ်တော့ Budget ကို Step 7 ရောက်မှ စဉ်းစားတာမဟုတ်ပါဘူး။

Brief အဆင့်ကတည်းက Client ရဲ့ Budget Range ကို သိထားပြီး Design တစ်လျှောက်လုံးမှာ Budget နဲ့ လုပ်မဲ့ ဒီဇိုင်းနဲ့ကို ချိန်ဆသွားရတာပါ
Final Design အပေါ်မူတည်ပြီး—

• Flooring
• Ceiling
• Painting
• Electrical
• Lighting
• Plumbing
• Joinery
• Kitchen
• Wardrobe
• Furniture
• Appliances
• Decoration

စတာတွေကို Quantity + Unit + Rate + Amount နဲ့ စနစ်တကျ စုစည်းပါ။

ဥပမာ—

Living Room
→ Flooring
→ Ceiling
→ TV Cabinet
→ Sofa
→ Lighting

Kitchen
→ Cabinet
→ Countertop
→ Sink
→ Lighting
→ Appliances

အဲ့လိုမျိုး Room-by-Room ခွဲထားရင် ပိုရှင်းပါတယ်။

ပြီးရင် Scope၊ Cost၊ Timeline နဲ့ Responsibilities တွေကို Client နဲ့ Confirm လုပ်ပြီး Quotation / Contract / Approval အပိုင်းကို သေချာစာချုပ်ချုပ်ဆိုပါ

Client Approval မရသေးဘဲ Construction ကိစ္စကိုအလျှင်စလိုမလုပ်ပါနဲ့

---

8️⃣ EX*****ON + SITE COORDINATION — Drawing အတိုင်းကို Site ပေါ်မှာ အကောင်အထည်ဖော်တဲ့အပိုင်းပါ

အခုမှ Construction / Ex*****on စတင်ပါတယ်။

အလုပ်တွေက—

Civil Work
→ Electrical
→ Plumbing
→ Ceiling
→ Flooring
→ Painting
→ Carpentry / Joinery
→ Kitchen / Wardrobe
→ Furniture Installation

စသဖြင့် Project အလိုက် အစီအစဉ်နဲ့ သွားပါမယ်။ ဒီအဆင့်မှာ Designer ရဲ့အလုပ်က Drawing ဆွဲပြီး တာနဲ့ပြီးသွားတာမဟုတ်ပါဘူး Site Condition က Drawing နဲ့ မကိုက်တာတွေ၊ Dimension ပြောင်းတာတွေ၊ Material Issue တွေ၊ Construction Conflict တွေ ဖြစ်လာနိုင်တဲ့အတွက်—

Contractor + Supplier + Client + Other Consultants တွေနဲ့ Coordination လုပ်ရနိုင်ပါတယ်။

Design က Paper ပေါ်မှာအဆင်ပြေတာတစ်ခုတည်းနဲ့ မပြီးပါဘူး။ Site ပေါ်မှာလည်း မှန်မှန်ကန်ကန် အကောင်အထည်ဖော်နိုင်ရပါမယ်။

---

9️⃣ QC + SNAGGING + STYLING

Construction ပြီးလာရင် Final Quality Check လုပ်ပါ။

စစ်ရမယ့်အရာတွေက—

• Paint Finish
• Tile Alignment
• Cabinet Alignment
• Door / Drawer Operation
• Lighting
• Switch / Socket
• Plumbing
• Furniture Position
• Joinery Finish
• Material / Color Accuracy

စတာတွေကိုတွေ့တဲ့ Defect တွေကို Snag List / Punch List အဖြစ် မှတ်တမ်းတင်ပြီး တစ်ခုချင်းစီ ပြန်ပြင်ပါ။

ပြီးရင် Project Scope ထဲမှာ Styling ပါခဲ့ရင်—

Curtain
Rug
Cushion
Artwork
Plant
Mirror
Lamp
Decorative Objects

စတာတွေကို Concept နဲ့ ကိုက်ညီအောင် Final Styling လုပ်နိုင်ပါတယ်။

ဒါပေမယ့် Styling ဆိုတာ ပစ္စည်းအများကြီး ထည့်တာမဟုတ်ပါဘူး။

Scale + Proportion + Color + Texture + Balance

ကို ထိန်းပြီး လိုအပ်တဲ့အရာကို လိုအပ်သလောက်ပဲ ထည့်တာပါ။

---

🔟 FINAL INSPECTION + REVEAL + HANDOVER — Project ကို စနစ်တကျ အဆုံးသတ်ရပါမယ်

နောက်ဆုံးမှာ Client နဲ့ Final Walkthrough လုပ်ပါ။

အရင်ဆုံး—

☑ Defect အားလုံး ပြင်ပြီးပြီလား?
☑ Cleaning ပြီးပြီလား?
☑ Furniture / Accessories အားလုံး ရှိပြီလား?
☑ Electrical / Lighting အားလုံး အလုပ်လုပ်လား?
☑ Plumbing အားလုံး OK လား?
☑ Final Design နဲ့ Site က ကိုက်ညီလား?

စစ်ဆေးပါ။ လိုအပ်ရင်—

• Final Photos
• As-built Drawings
• Material Information
• Warranty Information
• Maintenance / Care Information
• Handover Documents

စတာတွေကို စနစ်တကျ ပေးအပ်နိုင်ပါတယ်။ ဒီအဆင့်မှာ Project တစ်ခု ပြီးသွားရုံတင်မဟုတ်ဘဲ Client Experience ကိုပါ ကောင်းကောင်းအဆုံးသတ်ပေးနိုင်ဖို့အရေးကြီးပါတယ်။

---

Beginner တစ်ယောက်အနေနဲ့ ဒီ Workflow တွေကနေ ဘာကို အဓိကမှတ်ထားသင့်လဲ?

Interior Design ဆိုတာ Software တစ်ခုကို ကျွမ်းကျင်အောင် သုံးတတ်ရုံနဲ့ မပြီးပါဘူး။

အစပိုင်းမှာ—မေးရမယ်။နားထောင်ရမယ်။တိုင်းရမယ်။စဉ်းစားရမယ်။စီစဉ်ရမယ်။ ပြီးမှ—Model လုပ်ရမယ်။Render ထုတ်ရမယ်။Drawing ပြင်ရမယ်။Budget တွက်ရမယ်။Site ကို Coordinate လုပ်ရမယ်။Quality စစ်ရမယ်။

ဒါကြောင့်—

Interior Designer တစ်ယောက်ဆိုတာ Render လှလှဆွဲတတ်ရုံနဲ့ မပြီးပါဘူး။

Design Sense + Technical Skill + Site Knowledge + Communication + Budget Control + Project Management

တွေကို တဖြည်းဖြည်း တိုးတက်အောင် လေ့လာရတဲ့ Multi-disciplinary Profession တစ်ခုပါ။

အရာအားလုံးကို တစ်ခါတည်း တတ်ဖို့မလိုပါဘူး။

တစ်ဆင့်ချင်း လေ့လာပါ။Project သေးသေးလေးတွေနဲ့ လက်တွေ့ကျင့်ပါ။
အမှားတွေကို ပြန်လေ့လာပါ။

အဲဒီလိုနဲ့—Software သုံးတတ်တဲ့ Beginner ကနေ Project တစ်ခုလုံးကို နားလည်ပြီး ကိုင်တွယ်နိုင်တဲ့ Interior Designer ဖြစ်လာနိုင်ပါတယ်။ ❤️

---

🎯 ဒါဆို 3D Visualization ကို ဘယ်လိုစလေ့လာမလဲ?

ဒီ Workflow ထဲမှာ Step 1–4 က Designer တစ်ယောက်အနေနဲ့ စဉ်းစားတတ်ဖို့ လိုအပ်တဲ့အပိုင်းတွေပါ။

Client ကို နားလည်ရမယ်။Space ကို လေ့လာရမယ်။Layout စဉ်းစားရမယ်။
Concept တည်ဆောက်ရမယ်။

ပြီးရင် Step 5 — 3D Visualization ရောက်လာပါပြီ။

ဒီအဆင့်မှာ ကိုယ်စဉ်းစားထားတဲ့ Design ကို တကယ်မြင်ရအောင် ဖန်တီးတတ်ဖို့ လိုလာပါတယ်။

Plan ဆွဲထားတဲ့စာရွက်တွေကိုပြပြီး ဒီလိုပုံစံ ဖြစ်လာမှာပါ…လို့ ရှင်းပြတာထက် ကိုယ်စဉ်းစားထားတဲ့ Space ကို 3D Model + Material + Lighting + Camera + Rendering တွေနဲ့ ပြသနိုင်တာက Client Communication အတွက် အများကြီး ပိုထိရောက်ပါတယ်။

ဒါကြောင့် Interior Design ကို အခုမှ စလေ့လာနေပြီး—

SketchUp Modeling + D5 Render

ကို အခြေခံကနေ စနစ်တကျ လေ့လာချင်တဲ့သူတွေအတွက် SketchUp Modeling + D5 Render Training ကိုလည်း လေ့လာနိုင်ပါတယ်။

ဒီ Training မှာ Software Tool တွေ သိရုံမဟုတ်ဘဲ Interior Project တစ်ခုကို 3D အဖြစ် ဘယ်လိုစတင်ဖန်တီးမလဲ ဆိုတဲ့ Workflow ကို လက်တွေ့ Project အခြေခံနဲ့ လေ့လာနိုင်အောင် အဓိကထားသင်ကြားပေးတယ်

SketchUp မှာ Interior Space ကို Model တည်ဆောက်ခြင်း Furniture Arrange / Model လုပ်ခြင်း Material ထည့်ခြင်း D5 Render ထဲမှာ Lighting ချခြင်း Camera Composition Realistic Rendering

စတဲ့အဆင့်တွေကို တစ်ဆင့်ချင်း လေ့လာပြီး ကိုယ်တိုင် ပြန်လုပ်နိုင်အောင် လေ့ကျင့်နိုင်ပါတယ်။

အထူးသဖြင့် Beginner တွေအတွက်—Design Thinking + Modeling + Rendering Workflow ကို နားလည်ဖို့ ပိုအရေးကြီးပါတယ်။

---

📌 တစ်ခုတော့ မှတ်ထားပါ။

SketchUp + D5 Render တတ်တာ = Interior Designer ဖြစ်သွားပြီ လို့ မဆိုလိုပါဘူး။

ဒါဟာ Interior Design Profession ထဲမှာ လိုအပ်တဲ့ Skill တွေထဲက တစ်စိတ်တစ်ပိုင်း ပဲ ဖြစ်ပါတယ်။

ဒါပေမယ့်—ကိုယ်စဉ်းစားထားတဲ့ Design ကို ကိုယ်တိုင် 3D အဖြစ် ဖန်တီးပြီး Client ကို မြင်သာအောင် ပြနိုင်ခြင်းက Beginner တစ်ယောက်အနေနဲ့ Professional Level ဆီ တက်လှမ်းဖို့ အရေးကြီးတဲ့ Skill တစ်ခု ဖြစ်ပါတယ်။

Design ကို စဉ်းစားတတ်ဖို့ လေ့လာပါ။
3D နဲ့ ဖန်တီးတတ်ဖို့ လေ့ကျင့်ပါ။
Rendering နဲ့ ကိုယ့် Design ကို ပြောပြတတ်အောင် ကြိုးစားပါ။

🔥 SketchUp Modeling + D5 Render Training အကြောင်း အသေးစိတ်သိချင်ရင် Page Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

---

📌 ဒီ Post ကို Save ထားပါ။

Client အလုပ်တစ်ခု စတင်လက်ခံတဲ့အခါ Step 01 → Step 10 အထိ ပြန်ကြည့်ပြီး Project Workflow Reference အနေနဲ့ အသုံးပြုနိုင်ပါတယ်။

📤 Interior Design ကို အခုမှ စလေ့လာနေတဲ့ Junior / Student / Classmate တစ်ယောက်ယောက်ရှိရင် Share ပေးပါ။

💬 ဒီ 10 Steps ထဲမှာ သင်အခုအချိန် အခက်ဆုံးဖြစ်နေတဲ့ Step က ဘယ် Step လဲ?

Comment မှာ ပြောပြခဲ့ပါ။ 👇

Inspire Archiviz Studio
Sai Htet Myat ( ခွန်စိုင်းလုံ )
Interior Designer

Interior Design ကျောင်း (ပြည်တွင်း / ပြည်ပ) စတက်ခါစဆိုရင်… ပထမဆုံး Jury မဝင်ခင် ဒီအချက်တွေကို သိထားပါ။Interior Design ကျ...
18/08/2026

Interior Design ကျောင်း (ပြည်တွင်း / ပြည်ပ) စတက်ခါစဆိုရင်… ပထမဆုံး Jury မဝင်ခင် ဒီအချက်တွေကို သိထားပါ။

Interior Design ကျောင်းကို အခုမှစတက်မယ့်သူတွေအတွက် “Jury” ဆိုတာ ကြားလိုက်တာနဲ့ နည်းနည်းတော့ ရင်ခုန်မိတတ်ပါတယ်။

ကိုယ်လုပ်ထားတဲ့ Design ကို ဆရာတွေရှေ့မှာ ထုတ်ပြရမယ်။ ကိုယ်ဘာကြောင့် ဒီလိုလုပ်ထားတာလဲဆိုတာ ပြန်ရှင်းပြရမယ်။ ဆရာတွေက မေးခွန်းတွေမေးမယ်။ ကိုယ်မမျှော်လင့်ထားတဲ့နေရာကနေ မေးလာရင် ဘယ်လိုဖြေရမလဲဆိုတာလည်း မသိသေးဘူး။

အထူးသဖြင့် ပထမဆုံး Jury ဆိုရင် ဘာတွေပြင်ဆင်ရမလဲ၊ ဘာတွေပြောရမလဲ၊ ဆရာတွေက ဘာတွေမေးမလဲဆိုတာ မသိသေးတာကြောင့် ကိုယ်လုပ်ထားတဲ့ Design ကိုတောင် ကိုယ်ကောင်းကောင်းမရှင်းပြနိုင်ဘဲ ဖြစ်သွားတတ်ပါတယ်။

ဒါပေမယ့် Jury မတိုင်ခင် ဆရာမေးမယ့်မေးခွန်းတွေကို ကြိုတင်ခန့်မှန်းပြီး မေးခွန်းရဲ့အဖြေတွေကို အလွတ်ကျက်ထားဖို့ ကြိုးစားတာက အလကားအချိန်ဖြုန်းတာနဲ့အတူတူပါဘဲ

ဘာလို့လဲဆိုတော့ ဆရာက ဘာမေးမယ်ဆိုတာ ဘယ်သူမှ အတိအကျ ကြိုပြောလို့မရလို့ပါ။

ညကတည်းက—

Concept ဆိုတာဘာလဲ…
ဒီ Material ကိုဘာကြောင့်သုံးတာလဲ…
ဒီ Layout ကိုဘာကြောင့်ရွေးတာလဲ…

ဆိုပြီး မေးခွန်းတွေကို ကြိုစဉ်းစားပြီး အဖြေတွေကျက်ထားလည်း မနက် Jury ရောက်တဲ့အခါ ကိုယ်ကျက်ထားတဲ့အထဲက ဆရာမေးချင်မှ မေးမှာပါ။

ဆရာက ကိုယ့် Project ကို ကြည့်ပြီး စိတ်ဝင်စားတဲ့နေရာကို မေးနိုင်ပါတယ်။ ကိုယ်မစဉ်းစားထားမိတဲ့အချက်ကိုလည်း ပြန်မေးနိုင်ပါတယ်။ ဆရာတွေကအတွေ့အကြုံရှိကြတဲ့သူတွေမို့ ဒေါင့်စေ့အောင်ကြည့်ပြီးမှမေးခွန်းကိုမေးကြတာပါ

ဒါကြောင့် Jury အတွက် တကယ်ပြင်ဆင်ရမှာက “ဆရာဘာမေးမလဲ” ဆိုတာကိုစဉ်းစားနေရမှာမဟုတ်ပါဘူး

“ကိုယ်လုပ်ထားတဲ့ Design ကို ကိုယ်တိုင် ဘယ်လောက်အထိ နားလည်ထားလဲ” ဆိုတာကိုပြန်ဆန်းစစ်နေရမှာဖြစ်ပါတဘ်

ဒါဆို Design Jury ဆိုတာ ဘာလဲ?

Jury ဆိုတာ ကိုယ်လုပ်ထားတဲ့ Design Project ကို ဆရာ၊ ဆရာမတွေရှေ့မှာ တင်ပြပြီး ကိုယ်ဘာကိုစဉ်းစားထားလဲ၊ ဘာကြောင့် ဒီလို Design လုပ်ထားလဲ၊ ဘယ်လိုဖြေရှင်းထားလဲ ဆိုတာကို ရှင်းပြရတဲ့ Design Review တစ်ခုပါ။

ကိုယ့် Project ကို ပြတယ်။ ကိုယ့် Concept ကို ရှင်းပြတယ်။ ကိုယ့် Design Decision တွေကို အကြောင်းပြချက်နဲ့ ပြန်ရှင်းတယ်။ ဆရာတွေက မေးခွန်းမေးတယ်။ လိုအပ်တဲ့နေရာတွေကို ပြန်ထောက်ပြတယ်။ တစ်ခါတလေ ကိုယ်မမြင်မိတဲ့ ပြဿနာတွေကိုလည်း ပြန်မြင်အောင် ဆရာတွေက မေးခွန်းနဲ့ လမ်းညွှန်ပေးတတ်ပါတယ်။

ဒါကြောင့် Jury ဆိုတာ ဆရာမေးတာကို အဖြေမှန်အောင် ဖြေရမယ့် စာမေးပွဲလို့ပဲ မမြင်စေချင်ပါဘူး။

ကိုယ့် Design ကို ကိုယ်တိုင်နားလည်ပြီး Professional တစ်ယောက်လို အကြောင်းပြချက်နဲ့ ရှင်းပြနိုင်ဖို့ လေ့ကျင့်ပေးတဲ့ အတွေ့အကြုံတစ်ခု လို့ မြင်ကြည့်ပါ။

Jury မတိုင်ခင် ကိုယ့် Project ကို ဒီလိုပြန်စစ်ကြည့်ပါ။

ကိုယ့် Design ရဲ့ Concept ကို ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြောနိုင်ပြီလား။ ဒါကအရေးအကြီးဆုံးဘဲ ဆွဲတော့ဆွဲလိုက်တာဘဲ ပြန်မရှင်းပြတတ်ဘူးဆိုတာမျိုးလုံး၀ဖြစ်လို့မရဘူး ဒီဇိုင်းမှာ ဆွဲလိုက်တဲ့ လိုင်းတစ်ကြောင်းကအစ သူ့အကြောင်းနဲ့သူရှိနေရမယ်

“ဒီ Design ကို ဘာကြောင့် ဒီလိုလုပ်ထားတာလဲ” ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုကိုယ်လဲပြန်မေးကြည့်ပါ နောက် ကိုယ်ဆွဲထားတဲ့ Floor Plan ကို ထောက်ပြီး Entrance ဘယ်ကဝင်တယ်၊ လူတွေ ဘယ်လိုသွားလာမယ်၊ Space တွေကို ဘာကြောင့် ဒီလိုခွဲထားတယ်၊ Furniture တွေကို ဘာကြောင့် ဒီနေရာမှာထားတယ်ဆိုတာ ရှင်းပြနိုင်ပြီလား။

Elevation နဲ့ Section ကို ဆွဲထားရုံပဲလား၊ ဒါမှမဟုတ် အဲ့ဒီ Drawing တွေက ကိုယ့် Design ရဲ့ ဘာကိုဖော်ပြသနေတာလဲဆိုတာ နားလည်ထားပြီလား။

Material တစ်ခုချင်းစီကို ဘာကြောင့်ရွေးထားတာလဲဆိုတာ အကျိုးအကြောင်းနဲ့ပြောနိုင်ပြီလား။

Lighting ကို ဘယ်လိုစဉ်းစားထားလဲ ၊ Space ရဲ့ Mood နဲ့ Function ကို ဘယ်လိုထောက်ပံ့ပေးထားလဲဆိုတာ သိထားပြီလား။

Render ပြမယ်ဆိုလဲ render ထဲမှာ မြင်နေရတဲ့ Design Decision တစ်ခုချင်းစီကို ပြန်ရှင်းပြနိုင်ဖို့ လိုပါတယ်။

အရေးကြီးဆုံးကတော့ ကိုယ့် Project ရဲ့ အားနည်းချက်ကို ကိုယ်တိုင်သိထားဖို့ပါ။

ဆရာက “ဒီ Design မှာ အားနည်းတာဘာရှိလဲ” လို့ မေးလာတဲ့အခါ “မရှိပါဘူး” လို့ ပြန်ဖြေဖို့ထက် ကိုယ့်အလုပ်ကို ကိုယ်တိုင် Critical Thinking လုပ်ပြီး ဘယ်နေရာက နောက်ထပ်တိုးတက်အောင်လုပ်လို့ရသေးတယ်ဆိုတာ ပြောနိုင်တာက Designer တစ်ယောက်အတွက် ပိုတန်ဖိုးရှိပါတယ်။

နောက်ပြီး Jury ရဲ့တန်ဖိုးက ကျောင်းမှာပဲ အဆုံးသတ်မသွားပါဘူး။

ဒီအချက်ကို အခုမှ Design School စတက်မယ့်သူတွေ သိထားစေချင်ပါတယ်။

Jury မှာ လေ့ကျင့်ရတဲ့ Skill တွေက လုပ်ငန်းခွင်ထဲရောက်တဲ့အခါ တကယ်အသုံးဝင်ပါတယ်။

ကျောင်းမှာ ဆရာက ကိုယ့် Design ကိုကြည့်ပြီး—

ဘာကြောင့် ဒီလိုလုပ်ထားတာလဲလို့ မေးတယ်။လုပ်ငန်းခွင်မှာ Client / အိမ်ရှင်ကလည်း—ဒီလိုလုပ်တာ ဘာကြောင့်လဲလို့ မေးပါလိမ့်မယ်။

ကျောင်းမှာ ဆရာက—ဒီ Material ကို ဘာကြောင့်ရွေးထားတာလဲလို့ မေးတယ်။လုပ်ငန်းခွင်မှာ အိမ်ရှင်ကလည်းဒီ Material ကို ဘာကြောင့်သုံးတာလဲဒီဟာက ပိုကောင်းလို့လားလို့ မေးနိုင်ပါတယ်။

ကျောင်းမှာ ကိုယ့် Layout ကိုရှင်းပြရတယ်။လုပ်ငန်းခွင်မှာလည်း ကိုယ်ဆွဲထားတဲ့ Layout ကို Client ရှေ့မှာ Presentation လုပ်ပြီး ကိုယ့် Design Decision ကို ယုံကြည်အောင် ရှင်းပြရပါတယ်။

အဲ့ဒါကြောင့် Jury ဆိုတာ အမှတ်ရဖို့အတွက်ပဲ လုပ်ရတဲ့အရာမဟုတ်ပါဘူး။ မူလတန်း အလယ်တန်း အထက်တန်းတုန်းကစာတွေလို့ စာမေးပွဲပြီးတာနဲ့မေ့လိုက်ရမဲ့အရာတွေမဟုတ်ပါဘူး

ကိုယ့်စိတ်ကူးကို အကြောင်းပြချက်နဲ့ ပြောတတ်ဖို့၊ ကိုယ့်အလုပ်ကို ကိုယ်တိုင်ကာကွယ်ရှင်းပြတတ်ဖို့၊ မေးခွန်းတစ်ခုလာတဲ့အခါ စိတ်မလှုပ်ရှားဘဲ စဉ်းစားပြီး ဖြေတတ်ဖို့၊ Feedback ရလာတဲ့အခါ ကိုယ့် Design ကို ပြန်တိုးတက်အောင်လုပ်တတ်ဖို့ လေ့ကျင့်ပေးနေတဲ့ အစိတ်အပိုင်းတစ်ခု ဆိုလည်း မမှားပါဘူး

ဒါကြောင့် ပထမဆုံး Jury အတွက် ဒီတစ်ချက်ကိုပဲ မှတ်ထားပါ။

မေးခွန်းတွေကို လိုက်ပြီးမခန့်မှန်းနေပါနဲ့ ကိုယ့် Design ကို အသေးစိတ်ရှင်းပြနိုင်အောင်ပြင်ဆင်ပါ

Concept ကနေစပြီး—
ဘာကြောင့် ဒီ Concept ကို ရွေးခဲ့တာလဲ၊ဘာကြောင့် ဒီ Layout ကို ချခဲ့တာလဲ၊ဘာကြောင့် ဒီ Furniture ကို ဒီနေရာမှာထားတာလဲ၊ဘာကြောင့် ဒီ Material ကို သုံးခဲ့တာလဲ၊ဘာကြောင့် ဒီ Lighting ကို ရွေးခဲ့တာလဲ၊
User အတွက် ဘာပြဿနာကို ဖြေရှင်းပေးထားတာလဲ၊ကိုယ့် Design ရဲ့ အားသာချက်က ဘာလဲ၊အားနည်းချက်က ဘာလဲ၊နောက်တစ်ကြိမ် ပြန်လုပ်ရင် ဘာကိုပြင်မလဲ—

ဒါတွေကို ကိုယ်တိုင်နားလည်ထားပါ။

အဲ့ဒီလို နားလည်ထားရင် ဆရာက ဘယ်နေရာက မေးလာမေးလာ ကိုယ့် Design နဲ့ ချိတ်ပြီး ပြန်ရှင်းပြနိုင်ပါလိမ့်မယ်။

အဲ့ဒါက Jury အတွက် တကယ်လိုအပ်တဲ့ Skill ပါ။

ပထမဆုံး Jury မှာ အဆင်မပြေဖြစ်သွားတာက ကိုယ်မတော်လို့ မဟုတ်ပါဘူး။

အများစုက Jury ဆိုတာ ဘာလဲ၊ ဘာတွေပြင်ရမလဲ၊ ကိုယ့် Design ကို ဘယ်လိုရှင်းပြရမလဲ ဆိုတာ မသိသေးဘဲ ပထမဆုံးအကြိမ် ဝင်ကြရတာပါ။

ဒါကြောင့် အခုမှ Interior Design ကျောင်းစတက်မယ့်သူဆိုရင် ဒီ Post ကို အခုတစ်ခါ အစအဆုံး မဖတ်နိုင်သေးရင်တောင် Save ထားပါ။

Jury နီးလာတဲ့အချိန် ပြန်ဖတ်ပြီး ကိုယ့် Project ကို တစ်ချက်ချင်း ပြန်စစ်ကြည့်လို့ရပါတယ်။

ပြီးတော့ Interior Design ကျောင်းစတက်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိရင် ဒီ Post ကို Share ပေးထားပါ။

သူ့ရဲ့ ပထမဆုံး Jury မတိုင်ခင် ဒီအချက်တွေကို သိထားတာက အမှတ်ကောင်းရဖို့ထက် ပိုအရေးကြီးတဲ့ အတွေ့အကြုံတစ်ခု ဖြစ်လာနိုင်ပါတယ်။

Design ကို ဆွဲတတ်ရုံနဲ့ Designer တစ်ယောက် မဖြစ်သေးပါဘူး။
ကိုယ်ဆွဲထားတဲ့ Design ကို ဘာကြောင့် ဒီလိုလုပ်ထားတယ်ဆိုတာ ရှင်းပြနိုင်တဲ့အချိန်မှာ Designer တစ်ယောက်ရဲ့ တန်ဖိုး ဆိုတာပိုပြီးထင်ရှားပေါ်လွင်လာစေတာပါ

Inspire Archiviz Studio
Sai Htet Myat ( ခွန်စိုင်းလုံ )
Interior Designer
Yangon

3D Modeling တတ်သွားရုံနဲ့ Architectural Visualization အလုပ်လုပ်နိုင်ပြီလား?SketchUp Modeling ကို စလေ့လာတဲ့ Beginner တော်...
17/08/2026

3D Modeling တတ်သွားရုံနဲ့ Architectural Visualization အလုပ်လုပ်နိုင်ပြီလား?

SketchUp Modeling ကို စလေ့လာတဲ့ Beginner တော်တော်များများက Software ထဲက Tool တွေကို ဘယ်လိုသုံးရမလဲ၊ Model ဘယ်လိုဆွဲရမလဲဆိုတာကို အရင်ဆုံး လေ့လာကြပါတယ်။ Tutorial တွေကြည့်ပြီး ဆရာလုပ်ပြတဲ့အတိုင်း လိုက်ဆွဲရင် Model တစ်ခုတော့ ရလာတယ်။ ဒါပေမယ့် Tutorial မပါဘဲ ကိုယ်တိုင် Project တစ်ခု စလုပ်လိုက်တဲ့အချိန်မှာ “ဘယ်ကနေစရမလဲ” ဆိုတာ မသိတော့တာမျိုး ကြုံဖူးကြမှာပါ။

တကယ်တော့ Software တတ်တာနဲ့ လုပ်ငန်းခွင်မှာ အသုံးချနိုင်တာက မတူပါဘူး။ SketchUp မှာ Tool တွေသိတယ်၊ Shortcut တွေသိတယ်၊ Model ဆွဲတတ်တယ်ဆိုတာက အခြေခံ Skill တစ်ခုရထားတာပါ။ ဒါပေမယ့် Client ပေးတဲ့ Floor Plan တစ်ခုကိုယူပြီး ကိုယ်တိုင် Model တည်ဆောက်နိုင်ဖို့၊ Model ကို သေသေသပ်သပ် Organize လုပ်နိုင်ဖို့၊ Furniture နဲ့ Detail တွေကို လိုအပ်သလို ဖန်တီးနိုင်ဖို့၊ ပြီးတော့ အဲ့ဒီ Model ကို D5 Render ထဲယူပြီး Material၊ Lighting၊ Environment တွေကို သေချာစီမံကာ Presentation အတွက် အသုံးချနိုင်တဲ့ Image နဲ့ Video ထုတ်နိုင်ဖို့ဆိုရင် Software သိရုံထက် Workflow ကို နားလည်ဖို့ ပိုအရေးကြီးပါတယ်။

ဥပမာ SketchUp မှာ Model တစ်ခုဆွဲပြီး D5 ထဲထည့်လိုက်တယ်ဆိုပါစို့။ Model က လှပေမယ့် Scene Organization မကောင်းရင် နောက်ပိုင်းပြင်ရခက်နိုင်ပါတယ်။ Material တွေကို မှန်မှန်ကန်ကန်မစီမံထားရင် D5 ထဲရောက်တဲ့အခါ Material ပြန်ပြင်ရတာတွေ ဖြစ်လာနိုင်ပါတယ်။ Lighting ကို နားမလည်ရင်လဲ Render က မည်းနေတာ၊ ထုထည်မထွက်တာ၊ Natural မဖြစ်တာတွေ ကြုံရနိုင်ပါတယ်။ အဲ့ဒီပြဿနာတွေကို တစ်ခုပြီးတစ်ခု ကိုယ်တိုင်ဖြေရှင်းနိုင်လာမှ “Software သုံးတတ်တယ်” ဆိုတဲ့အဆင့်ကနေ “Project တစ်ခုကို Handle လုပ်နိုင်တယ်” ဆိုတဲ့အဆင့်ကို ရောက်လာတာပါ။

ဒါကြောင့် Architectural Visualization ကို Career အနေနဲ့ စိတ်ဝင်စားတဲ့ Beginner တစ်ယောက်အနေနဲ့ “SketchUp ဘယ်လောက်သုံးတတ်ပြီလဲ?” ဆိုတာထက် “Project တစ်ခုကို အစကနေအဆုံးထိ ကိုယ်တိုင် Handle လုပ်နိုင်ပြီလား?” ဆိုတာကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်စေချင်ပါတယ်။

တကယ်လို့ ကိုယ်က အခု Architecture / Engineering / Interior Design ကျောင်းတက်နေတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုရင် ကျောင်းမှာ Design လုပ်တတ်ဖို့၊ Drawing ဆွဲတတ်ဖို့အပြင် အဲ့ဒီ Design ကို 3D Model အဖြစ် ပြောင်းလဲတာ၊ Presentation အတွက် Visualization ပြနိုင်တာ တွေကလည်း နောက်ပိုင်းမှာ အများကြီးအသုံးဝင်လာပါလိမ့်မယ်။ Fresh Graduate ဖြစ်လာတဲ့အချိန်မှာလည်း “Software သုံးတတ်ပါတယ်” လို့ ပြောနိုင်တာထက် Project တစ်ခုကို လက်တွေ့လုပ်ပြနိုင်တဲ့ Portfolio ရှိထားတာက ပိုပြီးအရေးကြီးပါတယ်။

အဲ့ဒါကြောင့် ကျွန်တော်ကိုယ်တိုင် သင်ကြားတဲ့ Professional SketchUp Modeling + D5 Render သင်တန်းကို Software Tutorial သက်သက်အနေနဲ့ သင်ရိုးမဆွဲထားပါဘူး။

Beginner အဆင့်ကနေစပြီး SketchUp ရဲ့ အခြေခံတွေကို နားလည်အောင်သင်ပြီးတဲ့နောက် Interior၊ Exterior၊ Furniture Modeling တွေကို လက်တွေ့ Project တွေနဲ့ လေ့ကျင့်စေပါတယ်။ လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ Professional Plugins တွေကိုလည်း ဘယ် Plugin ကို ဘယ်နေရာမှာ အသုံးချရမလဲဆိုတာနဲ့အတူ သင်ကြားပေးပါတယ်။

Modeling ပိုင်းပြီးတဲ့အခါ D5 Render မှာ Environment၊ HDRI၊ Material၊ Lighting၊ Asset၊ Vegetation၊ Interior / Exterior Rendering၊ Video Animation နဲ့ Post Production အထိ ဆက်လက်လေ့လာနိုင်အောင် စီစဉ်ထားပါတယ်။ အဓိကကတော့ သင်ခန်းစာကြည့်ပြီးပြီးသွားတာမဟုတ်ဘဲ ကိုယ်တိုင်ပြန်လုပ်ပြီး Assignment တင်ရတဲ့ပုံစံ ဖြစ်ပါတယ်။

Assignment တင်တဲ့အခါလည်း တင်ပြီးတာနဲ့ ပြီးပြီ ဆိုတာမျိုးမဟုတ်ဘဲ နောက် Lesson ကို ချက်ချင်းသွားတာမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ပြန်စစ်ပြီး ဘာတွေမှားနေလဲ၊ ဘာတွေလိုအပ်နေလဲ၊ ဘယ်လိုပြင်သင့်လဲဆိုတာ Screen Recording Feedback နဲ့ ပြန်ရှင်းပြပေးပါတယ်။ လိုအပ်ရင် အဲ့ဒီအပိုင်းကို ပြန်လေ့လာပြီး ပြန်လေ့ကျင့်နိုင်ပါတယ်။ ဒါကြောင့် Video Recording Course ဖြစ်ပေမယ့် Video ကြည့်ပြီး တစ်ယောက်တည်း ပစ်ထားတဲ့သင်တန်းမျိုး မဟုတ်ပါဘူး။

နောက်တစ်ခုက အလုပ်နဲ့တစ်ဖက်၊ ကျောင်းနဲ့တစ်ဖက် လေ့လာမယ့်သူတွေအတွက် သင်တန်းကာလကို အတင်းအကျပ် သတ်မှတ်ထားတာမရှိပါဘူး။ ကိုယ့်အချိန်နဲ့ကိုယ် လေ့လာ၊ လေ့ကျင့်၊ Assignment တင်ပြီး တစ်ဆင့်ချင်း တိုးတက်သွားနိုင်အောင် စီစဉ်ထားပါတယ်။ Assignment တင်တာနောက်ကျလို့ မစစ်ပေးတော့တာ မျိုး ဘယ်ရက်ဘယ်နေ အတိအကျ အိမ်စာထပ်ရမယ်ဆုံးတာမျိုး လုံး၀မလုပ်ပါဘူး

ကျွန်တော်အနေနဲ့ ဒီသင်တန်းမှာ သင်ချင်တာက SketchUp software သုံးတတ်ယုံ D5 Setting ဘယ်မှာရှိလဲဆိုတာသိယုံတင် မဟုတ်ပါဘူး။

“Project တစ်ခုကို ကိုယ်တိုင်စပြီး ကိုယ်တိုင်ပြီးအောင် ဘယ်လို Handle လုပ်မလဲ” ဆိုတဲ့ အတွေးနဲ့ Workflow ကိုပါ ရစေချင်တာပါ။

အခု Architecture / Interior Design ကို လေ့လာနေပြီး နောက်ပိုင်းမှာ Architectural Visualization၊ Interior Visualization ဒါမှမဟုတ် Freelance Project တွေဘက်ကို သွားချင်တဲ့ Beginner ဆိုရင် ဒီ Skill Set ကို အခုကတည်းက စတင်တည်ဆောက်ထားတာ အကျိုးရှိပါတယ်။

လက်ရှိမှာ SketchUp Modeling + D5 Render (Video Recording Course) ကို ဒုတိယအကြိမ် ပြန်လည်လက်ခံပေးနေပါတယ်။

ဒီအခေါက်မှာတော့ အရင်အကြိမ် စုံစမ်းခဲ့ပေမယ့် အချိန်မကိုက်လို့ မတက်လိုက်ရတဲ့သူတွေအတွက် Early Bird အဖြစ် ပထမဆုံး (၅) ယောက်ကို သင်တန်းကြေး 30,000 MMK လျှော့ပေးထားပါတယ်။

သင်တန်းကြေး 450,000 MMK → Early Bird 420,000 MMK

သင်တန်းစာရင်းကို ဒီလကုန်အထိ လက်ခံပေးသွားမှာဖြစ်ပါတယ်။

ကိုယ်က အခုမှစမယ့် Beginner ဖြစ်ပြီး “Software တတ်ရုံမဟုတ်ဘဲ Project တစ်ခုကို ကိုယ်တိုင် Handle လုပ်နိုင်တဲ့အဆင့်ထိ သွားချင်တယ်” ဆိုရင် သင်တန်းအကြောင်းအသေးစိတ် သိချင်တာတွေကို Page Messenger ကနေ လာမေးလို့ရပါတယ်။

တကယ်တတ်ချင်တဲ့သူအတွက်တော့ Software သုံးတတ်ယုံသင်တာထက် အစအဆုံးကိုယ့်လက်ကိုယ့်ခြေလုပ်နိုင်တဲ့အဆင့်အထိသင်ပေးတဲ့သင်တန်းမှာတက်တာကပိုပြီးအကျိုးရှိပါတယ်

Inspire Archiviz Studio — Yangon
Sai Htet Myat (ခွန်စိုင်းလုံ)
Interior Designer
• SketchUp • D5 Render • V-Ray

🔴 3D Software တွေသင်ပြီးတာနဲ့ Interior Design ဆွဲတတ်ပြီလား?Interior Design ကို စတင်လေ့လာတဲ့ Beginner တော်တော်များများမှာ...
15/08/2026

🔴 3D Software တွေသင်ပြီးတာနဲ့ Interior Design ဆွဲတတ်ပြီလား?

Interior Design ကို စတင်လေ့လာတဲ့ Beginner တော်တော်များများမှာ ဒီလိုအဖြစ်မျိုး ကြုံဖူးကြမှာပါ။

SketchUp Tutorial တွေကြည့်တယ်။Tool တွေလေ့လာတယ်။Furniture Model တွေဆွဲတတ်လာတယ်။Plugin တွေသုံးတတ်လာတယ်။နောက်ဆုံး Render လည်း ထုတ်တတ်လာတယ်။

ဒါပေမယ့် တစ်နေ့ ကိုယ်တိုင် Project တစ်ခုစလုပ်ကြည့်လိုက်တဲ့အခါ…
အခု ဘာကိုအရင်လုပ်ရမလဲ plan ဘဲစကိုင်ရမလို 3d ဘဲတန်းထောင်ရမလိုလို ?Furniture တွေကို ဘယ်မှာထားရမလဲ?ဒီ Space ကို ဘယ်လိုစီစဉ်ရမလဲ?
ဘာကြောင့် ဒီ Material ကို ရွေးရတာလဲ? စတာတွေမှာ အတွေးနဲ့တင် ရပ်သွားတတ်ပါတယ်။

အဲ့လိုဘာကြောင့်ဖြစ်ရတာလဲ ဘာကြောင့်လဲ?

SketchUp Modeling Skill နဲ့ Design Skill က တူတာမဟုတ်လို့ပါ။
SketchUp Modeling လုပ်တတ်တာက Design ထုတ်တတ်တာမဟုတ်ပါဘူး။

SketchUp က ကိုယ်စဉ်းစားထားတဲ့ Design ကို 3D အဖြစ် ဖော်ပြပေးတဲ့ Tool တစ်ခုပါ။

ဥပမာ—SketchUp ကို Tool အကုန်နီးပါးသိတယ်။Modeling လည်း မြန်တယ်။Furniture တွေလည်း ကိုယ်တိုင် Model လုပ်တတ်တယ်။
ဒါပေမယ့်…

ဒီ Living Room မှာ Sofa ကို ဘာကြောင့် ဒီနေရာမှာထားတာလဲ?

လူသွားလာဖို့ ဘယ်လောက် Space ချန်ထားရမလဲ?

TV Wall နဲ့ Sofa ကြား Distance က သင့်တော်ရဲ့လား?

ဒီအခန်းမှာ Natural Light ဘယ်လိုဝင်လဲ?

ဘယ် Material က ဒီ Space ရဲ့ Function နဲ့ သင့်တော်လဲ?

Lighting ကို ဘယ်လိုစဉ်းစားမလဲ?

ဒီ Design ကို ဘာကြောင့် ဒီ Style လို့ သတ်မှတ်တာလဲ?

ဒီမေးခွန်းတွေကို ဖြေနိုင်ဖို့က Software tools တွေထက် Design Thinking လိုပါတယ်။

---

ဒါကြောင့် Beginner တစ်ယောက်အနေနဲ့ ဒီနှစ်ခုကို ခွဲပြီးမြင်ဖို့ အရေးကြီးပါတယ်။

Design Skill ဆိုတာက အောက်ပါအရာတွေပါ
→ Space Planning
→ Human Scale & Ergonomics
→ Function
→ Circulation
→ Color
→ Material
→ Lighting
→ Composition တွေဖြစ်ပြီးတော့

Software Skill ဆိုတာက
→ AutoCAD
→ SketchUp
→ V-Ray / D5 Render
→ Photoshop စတဲ့ Tools တွေဖြစ်ပါတဉ်

Design Skill က ဘယ်လို ဒီဇိုင်းထုတ်မလဲ? ကို ဆုံးဖြတ်ပေးတယ်။

Software Skill က ကိုယ့်စိတ်ကူးထဲက ဒီဇိုင်းကို ပုံဖော်နိုင်ဖို့ အကူအညီပေးတယ်။

နှစ်ခုလုံးပေါင်းသွားတဲ့အခါမှ ကိုယ်တိုင် Project တစ်ခုကို စဉ်းစား → Design လုပ် → Model လုပ် → Render ထုတ် → Presentation ပြနိုင်တဲ့ Skill တစ်ခု ဖြစ်လာတာပါ။

---

💡 ဒါကြောင့် Interior Design ကို Self-Study လုပ်မယ့်သူတွေကို ကျွန်တော် အမြဲပြောချင်တာတစ်ခုရှိပါတယ်။

Software တစ်ခုကို တတ်သွားတာနဲ့ ကိုယ့်ကိုယ်ကို Designer တစ်ယောက်လို့ မသတ်မှတ်လိုက်ပါနဲ့။

အရင်ဆုံး Design ကို နားလည်ပါ။

ပြီးရင် အဲဒီ Design ကို ဖော်ပြနိုင်မယ့် Software ကို သုံးတတ်အောင် လေ့လာပါ။

နောက်ပီး Software အသစ်တစ်ခုတွေ့တိုင်း သူများသုံးတိုင်း software ကိုလိုက်သင်နေစရာမလိုတော့ဘူး Software နောက်ကိုလိုက်စရာမလိုဘူးဘဲ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ Career Direction အပေါ်မူတည်ပြီး ကိုယ့်အတွက် တကယ်အသုံးဝင်မယ့် Tool ကို ကိုယ်တိုင်ရွေးချယ်နိုင်လာပါလိမ့်မယ်။

---

ပြီးခဲ့တဲ့ Post မှာ Interior Design ကို Beginner ကနေ Self-Study လုပ်မယ်ဆိုရင် ဘာကိုအရင်လေ့လာပြီး ဘာပြီးရင် ဘာဆက်သွားသင့်လဲဆိုတဲ့ 17-Step Roadmap ကို မျှဝေပေးခဲ့ပါတယ်။

ဒီနေ့ Post ကတော့ အဲ့ဒီ Roadmap ထဲက “Design Foundation နဲ့ Software Skill ကို ဘာကြောင့် ခွဲပြီးလေ့လာသင့်လဲ” ဆိုတာကို နည်းနည်းပိုရှင်းပြပေးတာပါ။

နောက်အပိုင်းတွေမှာတော့ Space Planning, Human Scale, Drawing, Material, Lighting စတာတွေကို Beginner တစ်ယောက်အနေနဲ့ ဘယ်လိုစပြီး လေ့လာရမလဲဆိုတာ တစ်ခုချင်းစီ ဆက်ပြီးမျှဝေပေးသွားပါမယ်။

---

🧑‍💻 ဒါကြောင့် ကျွန်တော့်ဆီမှာ Modeling လာသင်တဲ့ ကျောင်းသားတွေကိုလည်း Software ကိုပဲ သုံးတတ်အောင် သင်ပေးတာထက်

Modeling ပြီးတဲ့နောက်ပိုင်း Design / Rendering Workflow မှာ ဘယ်လိုအသုံးချမလဲ?

ဆိုတာကို နားလည်အောင် ချိတ်ဆက်ပြီး လေ့လာစေချင်တာပါ။

အထူးသဖြင့် Interior Design / Architectural Visualization ဘက်ကို သွားချင်တဲ့သူတွေအတွက် Design ကို နားလည်ပြီး Modeling → Rendering → Presentation အထိ ဆက်စပ်စဉ်းစားတတ်ဖို့ အရေးကြီးပါတယ်။

---

📌 ဒီ Post ကို အစအဆုံး ဖတ်ဖို့ အခုအချိန်မရသေးရင် Save ထားပါ။

Interior Design ကို တကယ်လေ့လာချင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိရင်လည်း Share လုပ်ပေးထားလို့ရပါတယ်။

နောက်တစ်ခါ SketchUp ဖွင့်ပြီး Model မဆွဲခင်—

ငါက Software ကို သုံးတတ်အောင်ပဲ လေ့လာနေတာလား၊ Design ကို တကယ်နားလည်အောင် လေ့လာနေတာလား ဆိုပြီး တစ်ခါလောက် ပြန်စဉ်းစားကြည့်ပါ။

Software က Tool ပါ။Design Thinking ကတော့ Designer ရဲ့ Foundation ပါ။

Inspire Archiviz Studio
Sai Htet Myat
Interior Designer
Yangon

Address

Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959451066617

Website

Alerts

Be the first to know and let us send you an email when Inspire Archiviz Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Inspire Archiviz Studio:

Shortcuts

Share