01/09/2026
ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ကျွန်တော်တို့ အဖွဲ့အစည်း (၁၀)နှစ်တာခရီးဖြတ်သန်းနိုင်ခဲ့ပါပြီ။
ယနေ့ စက်တင်ဘာလ (၁)ရက်၊ ၂၀၂၆ခုနှစ်သည် Organization for Building Better Society (ခ) လောကသစ်လူမှုဖွံ့ဖြိုးရေးစွမ်းဆောင်သူများအဖွဲ့ (BBS) ၏ အဖွဲ့အစည်းသက်တမ်း (၁၀နှစ်ပြည့်အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ (၁၀)နှစ်ခုလိုအချိန်ကာလမှာ ရခိုင်ပြည််နယ်၊ စစ်တွေမြို့မှာစတင်ထူထောင်ခဲ့ပြီး၊ ရခိုင်ပြည်နယ်အတွင်းမှာ Youth Empowerment အစီအစဉ်များ၊ ဒေသတွင်းအလုပ်အကိုင်နှင့်အသက်မွေးဝမ်းကျောင်းအစီအစဉ်များ၊ ရပ်ရွာများအတွင်း ပဋိပက္ခလျော့ချရေးနှင့် ဒိုင်ယာလော့ ယဉ်ကျေးမှုထွန်းကားရေးအစီအစဉ်များအပြင်၊ လူသားချင်းစာနာမှုကူညီထောက်ပံ့ရေးအစီအစဉ်များကို အဖွဲ့အစည်းအနေဖြင့် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
၂၀၂၃ခုနှစ်အစောပိုင်းမှာ ရုံးချုပ်ကို ရန်ကုန်မြိို့သိို့ပြောင်းရွှေခဲ့ပြီးနောက်၊ငလျင်ဘေးသင့်ဒေသများဖြစ်သည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်ပြည်ထောင်စုနယ်မြေနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တို့တွင်ပါ အရေးပေါ်လူသားချင်းစာနာမှူ အကူအညီများပံ့ပိုးပေးခြင်း၊ ဘေးဒုက္ခသင့်သည့်ရပ်ရွာများအတွင်း အသက်မွေးဝမ်းကျောင်းအထောက်အပံ့များပံ့ပိုးပေးခြင်း၊ ရေကောင်းရေသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ ရပ်ရွာအတွင်းလမ်းတံတားအဆောက်အဦများကို ပြန်လည်တည်ဆောက်ခြင်းနှင့်ပြုပြင်မွမ်းမံပေးခြင်းများမှတစ်ဆင့် BBS သည် လိုအပ်နေသူများ၏ ဘေးတွင် အမြဲရပ်တည်ကာ မျှော်လင့်ချက်၊ ဂုဏ်သိက္ခာနှင့် ရေရှည်တည်တံ့သော ပြောင်းလဲမှုများကို ဖော်ဆောင်ပေးလျက်ရှိပါတယ်။
အဖွဲ့အစည်းသက်တမ်း (၁၀)နှစ်တာကာလအတွင်း လူသားချင်းစာနာမှုနှင့် ရပ်ရွာများငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းတွင် အကောင်းဆုံးလက်တွဲလုပ်ဆောင်ပံ့ပိုးပေးကြသည့်အဖွဲ့အစည်း၏ Board of Directors များ၊ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းညီအစ်ကိုမောင်နှမများအပါအဝင်နှင့် အဖွဲ့အစည်းလုပ်ငန်းများအတွက် ရန်ပုံငွေပံ့ပိုးပေးကြသည့် အလှူရှင်အသီးသီးနှင့် မိတ်ဖက်အဖွဲ့အစည်းများကို လှိုက်လှဲစွာအလေးအနက်ထား ကျေးဇူးတင်ရှိပါတယ်။
ဆက်လက်ပြီး ပိုမိုကောင်းမွန်တဲ့ ရပ်ရွာလူမှုအသိုင်းအဝိုင်းများဖြစ်ပေါ်လာရေးအတွက် BBS အနေနဲ့ အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
အဖွဲ့အစည်း (၁၀)နှစ်ပြည့်ချိိန်နဲ့တိုက်ဆိုင်စွာ၊ ဧရာဝတီတိုင်းအတွင်းရှိရေဘေးသင့်ရပ်ရွာများအတွက် BBS အနေနဲ့ အရေးပေါ်လူသားချင်းစာနာမှုအကူအညီပေးနေတဲ့ မှတ်တမ်း Videoကိုလည်းမျှဝေပေးလိုက်ပါတယ်။