She Shapes Yangon

She Shapes Yangon Her Stories, We Share

📌Day 3 July 26, 2026(Sunday)🌟 Appreciation for Our Day 3 Education Corner Partnersလူငယ်တွေအတွက် အဖိုးတန်တဲ့ Information ...
25/08/2026

📌Day 3
July 26, 2026
(Sunday)

🌟 Appreciation for Our Day 3 Education Corner Partners

လူငယ်တွေအတွက် အဖိုးတန်တဲ့ Information တွေ၊ Guidance တွေနဲ့ Learning Opportunities တွေကို တိုက်ရိုက်မျှဝေပေးခဲ့ကြတဲ့ ကျွန်ုပ်တို့ရဲ့ Education Corner Partners များကို ကျေးဇူးအထူးတင်ရှိပါတယ်—
Hype Think Education Academy: လူငယ်တွေအတွက် Quality Learning Programs တွေ၊ Study Abroad Guidance တွေနဲ့ Hype Community ရဲ့ လှုပ်ရှားမှုတွေကို မိတ်ဆက်ပေးခဲ့တဲ့အတွက်။

YES Home Education Center: GED၊ Language Programs နဲ့ နိုင်ငံတကာ (Thailand, Vietnam, Malaysia, UK) Study Abroad Admission Services တွေအကြောင်း အသေးစိတ်ချပြပေးခဲ့တဲ့အတွက်။

Talkateria: Safe space တစ်ခုဖန်တီးပေးပြီး 1-on-1 Counselling၊ Mental Health Awareness နဲ့ Psychological Support တွေရဲ့ အရေးပါပုံကို မျှဝေပေးခဲ့တဲ့အတွက်။

PrimeIcon – Pi Youth Club: ဘာသာစကားသင်တန်းတွေ၊ Crochet နဲ့ Drawing ကဲ့သို့ Vocational Trainings တွေကို လူငယ်တွေလက်လှမ်းမီအောင် ပံ့ပိုးပေးနေမှုတွေအတွက်။
Niche Education: Malaysia ရဲ့ ထိပ်တန်းတਕ္ကသိုလ်တွေနဲ့ Scholarship လမ်းကြောင်းတွေဆီ ကျောင်းသားလူငယ်တွေကို လမ်းညွှန်ချိတ်ဆက်ပေးနေတဲ့အတွက်။

🎓 Special Thanks to Our Education Speaker
New Zealand နိုင်ငံ၊ Victoria University of Wellington ကနေ Master of Arts in Teaching English to Speakers of Other Languages (TESOL) ဘွဲ့ကို Scholarship နဲ့ အောင်မြင်စွာ ရရှိခဲ့ပြီး၊ English Language Teaching နဲ့ Education နယ်ပယ်မှာ ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိတဲ့ Sayama Pwint Yee Win ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဆရာမရဲ့ ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတကာပညာရေးခရီးစဉ်၊ Scholarship Application အတွက် လက်တွေ့ကျကျ ပြင်ဆင်ပုံတွေနဲ့ အဖိုးတန်အကြံပြုချက်တွေက ပါဝင်သူလူငယ်တွေအတွက် အနာဂတ်လမ်းကြောင်းကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းဖို့ ကြီးမားတဲ့ ခွန်အားတစ်ခု ဖြစ်စေခဲ့ပါတယ်။ 🙏✨

ဒီလို အဓိပ္ပာယ်ရှိပြီး လူငယ်တွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးတဲ့ အစီအစဉ်တစ်ခုလုံးကို အစအဆုံး ကူညီထောက်ပံ့ပေးခဲ့တဲ့ မြို့ပြပုံဖော်သူလူငယ်များ —
Young City Shapers အစီအစဉ်ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Create. Connect. Her Impact. 🩷

Day 2 25 July, 2026 (Saturday)🌸 She Shapes Yangon (Day 2) —  Special Thank You! 🌸အခွင့်အလမ်းတွေကို ရှာဖွေဖို့နဲ့ ကိုယ့်ရ...
24/08/2026

Day 2
25 July, 2026 (Saturday)

🌸 She Shapes Yangon (Day 2) — Special Thank You! 🌸

အခွင့်အလမ်းတွေကို ရှာဖွေဖို့နဲ့ ကိုယ့်ရဲ့တန်ဖိုးကို Professional ကျကျ ဖော်ပြနိုင်ဖို့အတွက် She Shapes Yangon ရဲ့ Day 2 — Build Your Professional Identity အစီအစဉ်ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ 💫

ဒီအစီအစဉ်မှာ ပါဝင်တက်ရောက်ခဲ့ကြတဲ့ လူငယ်တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကိုယ့်ရဲ့ Skills တွေ၊ Strengths တွေနဲ့ Experience တွေကို ဖော်ထုတ်ပြီး Career Opportunities အသစ်တွေဆီ လက်တွေ့ခြေလှမ်းစတင်ဖို့ ပြင်ဆင်နေကြတဲ့ ပါဝင်သူအားလုံးရဲ့ စိတ်အားထက်သန်မှုက အစီအစဉ်တစ်ခုလုံးကို ပိုလို့တောက်ပစေခဲ့ပါတယ်။ 💗

💡 Special Thanks to Our Speaker
ဒီအစီအစဉ်မှာ တန်ဖိုးရှိတဲ့ လက်တွေ့လုပ်ငန်းအတွေ့အကြုံတွေ၊ CV နဲ့ Resume ရေးသားနည်းတွေ၊ LinkedIn Profile တည်ဆောက်ပုံနဲ့ Professional ကျကျ ဆက်သွယ်ဖော်ပြပုံတွေကို အသေးစိတ် မျှဝေပေးခဲ့တဲ့ Guest Speaker ဖြစ်တဲ့ Sayama Zon Ko Htay Win ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

Customer Service နဲ့ Customer Experience Management နယ်ပယ်တို့မှာ အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိပြီး ဦးဆောင်လမ်းပြပေးခဲ့တဲ့ ဆရာမရဲ့ မျှဝေမှုတွေက ပါဝင်သူတွေအတွက် တကယ့်ကို အဖိုးတန်တဲ့ လမ်းညွှန်ချက်တွေ ဖြစ်စေခဲ့ပါတယ်။ 🙏✨
ဒီလို အဓိပ္ပာယ်ရှိတဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ကူညီထောက်ပံ့ပေးခဲ့တဲ့ မြို့ပြပုံဖော်သူလူငယ်များ — Young City Shapers အစီအစဉ်ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
Create. Connect. Her Impact. 🩷

24.8.2026 📌She Shapes Yangon ရဲ့ ပထမရက် (Day 1 — Discover Yourself. Discover Possibilities) အစီအစဉ်ကို အောင်မြင်ချောမွေ့...
04/08/2026

24.8.2026 📌

She Shapes Yangon ရဲ့ ပထမရက်
(Day 1 — Discover Yourself. Discover Possibilities)
အစီအစဉ်ကို အောင်မြင်ချောမွေ့စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။✨👏🏻

လူငယ်အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ အစွမ်းအစတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့၊ လိုအပ်တဲ့ Career လမ်းညွှန်မှုတွေ ရယူနိုင်ဖို့နဲ့ ကိုယ်ပိုင်အနာဂတ်ကို ယုံကြည်မှုရှိရှိ တည်ဆောက်နိုင်ဖို့အတွက် ဒီပွဲလေးမှာ တက်တက်ကြွကြွနဲ့ အဖိုးတန်တဲ့ အတွေ့အကြုံတွေကို လာရောက်မျှဝေပေးခဲ့ကြတဲ့ Guest Speakers တွေ၊ Partners တွေနဲ့ အားဖြည့်ပံ့ပိုးပေးကြတဲ့ အဖွဲ့အစည်းအားလုံးကို She Shapes Yangon မိသားစုအနေဖြင့် ရင်ထဲကနေ အထူးပင် ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါတယ်။

ဒီပွဲရဲ့ Day 1 Women Leadership Panel မှာဆိုရင် Simple Solutions for Change (SSFC) ရဲ့ Founder & Program Director ဖြစ်တဲ့ ဆရာမ Shwe Mar က Sustainability နယ်ပယ်က လက်တွေ့ကျတဲ့ အတွေ့အကြုံတွေ၊ လူတိုင်းရဲ့ နေ့စဉ်ရွေးချယ်မှုတွေကနေ တစ်ဆင့် အပြောင်းအလဲကောင်းတွေ ဘယ်လိုဖန်တီးနိုင်မလဲဆိုတာနဲ့ Career တည်ဆောက်ပုံတို့ကို စိတ်အားထက်သန်စွာ မျှဝေပေးခဲ့ပါတယ်။

အလားတူ How She Did It မှ Community Director နှင့် MHPSS Training Provider ဖြစ်တဲ့ ဆရာမ C Thinhnin Aye
ကလည်း ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေခြင်း (Discover Yourself)၊ Emotional Wellbeing၊ စိတ်ပိုင်းဆိုင်ရာ Resilience တည်ဆောက်ပုံနဲ့ အရင်အတွေ့အကြုံဟောင်းတွေကို နယ်ပယ်သစ်မှာ ဘယ်လိုပေါင်းစပ်အသုံးချရမလဲဆိုတဲ့ အဖိုးတန် သင်ခန်းစာတွေကို အသေးစိတ် မျှဝေပေးခဲ့တဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ဒါ့အပြင် လူငယ်တွေအတွက် ယုံကြည်စိတ်ချရတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ Career Guidance တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးပြီး Booth မှာ လာရောက်ဆွေးနွေးပေးခဲ့တဲ့ Day 1 Job Corner Partner ဖြစ်တဲ့ MyJobs Myanmar အဖွဲ့သားများနဲ့ Chairwoman ဆရာမ Mya Thandar Oo တို့အပြင်
အဖွဲ့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ထို့အတူ ဒီအစီအစဉ်တစ်ခုလုံး အောင်မြင်စွာ ပုံဖော်အကောင်အထည်ဖော်နိုင်ဖို့အတွက် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့တဲ့ မြို့ပြပုံဖော်သူလူငယ်များ Young City Shapers
အစီအစဉ်ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။

Day 1 မှာ ပါဝင်အားဖြည့်ပေးကြတဲ့ Speaker တွေ၊ Partner တွေနဲ့အတူ လာရောက်အားပေးကြတဲ့ Participants တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံအသစ်တွေရရှိပါစေကြောင်း! 💫🩷

Meet Our Day 3 Education Speaker - Sayarma Pwint Yee Win! Scholarship နဲ့ နိုင်ငံခြားးမှာ ပညာဆက်လက်သင်ယူဖို့ အိပ်မက်ရှိပ...
23/07/2026

Meet Our Day 3 Education Speaker - Sayarma Pwint Yee Win!

Scholarship နဲ့ နိုင်ငံခြားးမှာ ပညာဆက်လက်သင်ယူဖို့ အိပ်မက်ရှိပေမယ့် ဘယ်ကနေ စတင်ရမလဲ၊
ကိုယ့်အတွက် သင့်တော်တဲ့ Scholarship ကို ဘယ်လိုရှာရမလဲ၊

Application တစ်ခုအတွက် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ၊
နိုင်ငံခြားမှာ ကျောင်းတက်တဲ့အခါ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ရနိုင်သလဲဆိုတာ မသေချာသေးဘူးလား။

She Shapes Yangon ရဲ့ Day 3 - Turn Connections into Opportunities မှာ ဆရာမ Pwint Yee Win က Education Speaker အဖြစ် ပါဝင်ပြီး သူမရဲ့ Scholarship နဲ့ နိုင်ငံခြားပညာရေးခရီးစဉ်ကို Participants တွေအတွက် ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 💜

ဆရာမ Pwint Yee Win ဟာ သူမရဲ့ Master ပညာရေးခရီးစဉ်ကို Scholarshipဖြင့် နိုင်ငံခြားမှာ သင်ယူခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ဒီ Session မှာ ဆရာမက
🔺 Scholarship အခွင့်အလမ်းတွေကို ရှာဖွေခဲ့တဲ့ လမ်းကြောင်း
🔺 Scholarship Application အတွက် ပြင်ဆင်ခဲ့ရတဲ့ အဆင့်များ
🔺 မိမိကိုယ်ကို ပြင်ဆင်တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံများ
🔺 နိုင်ငံခြားမှာ ပညာသင်ယူရင်း ကြုံတွေ့ခဲ့ရတဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုများ
🔺 Scholarship လျှောက်ထားလိုတဲ့ လူငယ်တွေအတွက် လက်တွေ့အသုံးဝင်မယ့် အကြံပြုချက်များ
ကို မိမိကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ Journey အပေါ် အခြေခံပြီး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ဆရာမဟာ English Language Teaching၊ Teacher Professional Development နဲ့ English Medium Instruction နယ်ပယ်တွေမှာ ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိတဲ့—

📚 English Language Educator
🎯 Teacher Trainer
🌏 Education Specialist
တစ်ဦးလည်း ဖြစ်ပါတယ်။

ဆရာမရဲ့ ပညာရေးနောက်ခံမှာ—
🎓 Master of Arts in Teaching English to Speakers of Other Languages - TESOL
Victoria University of Wellington, New Zealand
🎓 Master of Arts in English
University of Yangon
တို့ ပါဝင်ပါတယ်။

Scholarship ရရှိခြင်းဟာ ကံကောင်းရုံနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ရှင်းလင်းစွာသိရှိခြင်း၊ မှန်ကန်တဲ့အခွင့်အလမ်းကို ရှာဖွေခြင်းနဲ့ စနစ်တကျပြင်ဆင်ကြိုးစားခြင်းတို့ လိုအပ်ပါတယ်။

ကိုယ်တိုင် Master Journey ကို ဖြတ်သန်းခဲ့တဲ့ ဆရာမ Pwint Yee Win ဆီက လက်တွေ့အတွေ့အကြုံတွေ၊ သင်ခန်းစာတွေနဲ့ လမ်းညွှန်မှုတွေကို တိုက်ရိုက်နားထောင်နိုင်မယ့် ဒီ Session ကို လက်မလွတ်လိုက်နဲ့နော်။ 💗

━━━━━━━━━━━━━━
📅 26 July 2026 — Day 3
🕧 12:30 PM–4:00 PM
📍 Botahtaung Township, Yangon
🎟️ Free Admission
📝 Registration: https://surl.li/scfxkr

🩷 Create. Connect. Her Impact. 🩷

🤝 ဒီအစီအစဉ်ကို မြို့ပြပုံဖော်သူလူငယ်များ —
Young City Shapers အစီအစဉ်ရဲ့ ကူညီထောက်ပံ့မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

ကိုယ့်အနာဂတ်ကို ရှာဖွေဖို့အတွက် ကိုယ့်ရဲ့ Strengths တွေကိုသာမက ကိုယ့်အတွင်းက ခံစားချက်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ စိန်ခေါ်မှု...
23/07/2026

ကိုယ့်အနာဂတ်ကို ရှာဖွေဖို့အတွက် ကိုယ့်ရဲ့ Strengths တွေကိုသာမက ကိုယ့်အတွင်းက ခံစားချက်တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ စိန်ခေါ်မှုတွေကိုပါ နားလည်ဖို့ လိုပါတယ်။

ကိုယ့်ကိုယ်ကို နားလည်လာခြင်းက စိတ်ခံစားချက်တွေကို ပိုမိုကောင်းမွန်စွာ ထိန်းညှိနိုင်ဖို့၊ စိန်ခေါ်မှုတွေကြားကနေ ပြန်လည်ရပ်တည်နိုင်ဖို့နဲ့ ကိုယ်တကယ်လိုချင်တဲ့အနာဂတ်ကို ယုံကြည်မှုရှိရှိ တည်ဆောက်နိုင်ဖို့ အရေးကြီးတဲ့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။

She Shapes Yangon ရဲ့
Day 1 – Discover Yourself. Discover Possibilities အစီအစဉ်မှာ ပါဝင်ဆွေးနွေးပေးသွားမယ့် Panelist တစ်ဦးဖြစ်တဲ့
ဆရာမ Thin Hnin Aye နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ 💗

ဆရာမဟာ လက်ရှိ How She Did It မှာ Community Director နှင့် MHPSS Training Provider အဖြစ် Community Mental Health၊ Psychosocial Support၊ Emotional Wellbeing နဲ့ Resilience Building Program တွေကို ဦးဆောင်စီစဉ်၊ Facilitate နဲ့ Deliver ပြုလုပ်ပေးနေသူ ဖြစ်ပါတယ်။

2020 ခုနှစ်ကတည်းက MHPSS Training Programs တွေကို ဦးဆောင်သင်ကြားပေးခဲ့ပြီး

🌱 အမျိုးသမီး Community Representatives နဲ့ Responders ၃၇၅ ဦးကျော် ကို လေ့ကျင့်ပံ့ပိုးပေးခဲ့ခြင်း
🧠 Structured MHPSS Training Program Batch 1 မှ 13 အထိ ဦးဆောင်ပို့ချပေးခဲ့ခြင်း
🎨 Expressive Arts၊ Mindfulness နဲ့ Mental Health Approaches တွေကို အသုံးပြုပြီး Community များကို ပံ့ပိုးပေးခဲ့ခြင်း
💗 Stress Management၊ Emotional Regulation၊ Healing နဲ့ Community Resilience Sessions တွေကို Facilitate လုပ်ပေးခဲ့ခြင်း
စတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။

ဒီ Career Journey မတိုင်ခင်မှာလည်း ဆရာမဟာ Early Childhood Educator နဲ့ Preschool Founder အဖြစ် ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့ပါတယ်။

Education နယ်ပယ်မှာ ရရှိခဲ့တဲ့ လူတွေနဲ့ ဆက်သွယ်နားလည်နိုင်ခြင်း၊ သင်ကြားပံ့ပိုးနိုင်ခြင်း၊ Safe Learning Environment တည်ဆောက်နိုင်ခြင်းနဲ့ Community ကို ဦးဆောင်နိုင်ခြင်းစတဲ့ Skills တွေကို လက်ရှိ Mental Health နဲ့ Psychosocial Support နယ်ပယ်မှာ ဆက်လက်ပေါင်းစပ်အသုံးချနေသူလည်း ဖြစ်ပါတယ်။

💬 Career ပြောင်းလဲခြင်းဆိုတာ အရင်အတွေ့အကြုံတွေကို ချန်ထားခဲ့ခြင်းမဟုတ်ဘဲ အဲဒီအတွေ့အကြုံတွေကို အဓိပ္ပာယ်အသစ်နဲ့ ဆက်လက််် ပေါင်းစပ် အသုံးချခြင်း ဖြစ်ပါတယ်။

Day 1 Panel Discussion မှာ ဆရာမရဲ့ လက်တွေ့အတွေ့အကြုံတွေနဲ့အတူ—
▫️ Career တစ်ခုက ရရှိခဲ့တဲ့ Skills တွေကို နယ်ပယ်သစ်မှာ ဘယ်လိုအသုံးချမလဲ
▫️ ကိုယ့်ရဲ့ Values နဲ့ Strengths တွေကို ဘယ်လိုရှာဖွေမလဲ
▫️ Career Transition အတွင်း စိတ်ပိုင်းဆိုင်ရာ Resilience ဘယ်လိုတည်ဆောက်မလဲ
▫️ အခက်အခဲတွေနဲ့ အပြောင်းအလဲတွေကြားကနေ ကိုယ့်လမ်းကြောင်းကို ဘယ်လိုဆက်လျှောက်မလဲ
ဆိုတဲ့ အမြင်နဲ့ သင်ခန်းစာတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ပိုမိုနားလည်ပြီး စိန်ခေါ်မှုတွေကြားကနေ ယုံကြည်မှုရှိရှိ ရှေ့ဆက်နိုင်ဖို့ ဆရာမ Thin Hnin Aye နဲ့အတူ ဒီစကားဝိုင်းမှာ ပါဝင်လိုက်ပါ။
━━━━━━━━━━━━━━
💜 DAY 1 – DISCOVER YOURSELF. DISCOVER POSSIBILITIES
📅 24 July 2026 (Friday)
🕧 12:30 PM–4:00 PM
📍 Botahtaung Township, Yangon
🎟️ Free Admission
📝 Registration: https://surl.li/scfxkr

📌 လူဦးရေကန့်သတ်ထားတာကြောင့် စိတ်ဝင်စားသူများ အမြန်ဆုံး စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်ပါတယ်။

🩷 Create. Connect. Her Impact. 🩷

🤝 ဒီအစီအစဉ်ကို မြို့ပြပုံဖော်သူလူငယ်များ —
Young City Shapers အစီအစဉ်ရဲ့ ကူညီထောက်ပံ့မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

🚨📍 URGENT ANNOUNCEMENT - EVENT LOCATION CHANGED 📍🚨She Shapes Yangon အစီအစဉ်ကို တက်ရောက်မယ့် Participants၊ Speakers၊ Part...
23/07/2026

🚨📍 URGENT ANNOUNCEMENT - EVENT LOCATION CHANGED 📍🚨

She Shapes Yangon အစီအစဉ်ကို တက်ရောက်မယ့် Participants၊ Speakers၊ Partners နဲ့ ဧည့်သည်များအားလုံး သိရှိနိုင်ရန် အားနာစွာဖြင့် အသိပေးအပ်ပါတယ်ရှင်။

မူလစီစဉ်ထားတဲ့ သန်လျင်မြို့နယ် အစား အစီအစဉ်ကျင်းပမယ့်နေရာကို ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ သို့ ပြောင်းလဲထားပါတယ်။

❌ မူလနေရာ - သန်လျင်မြို့နယ်
✅ နေရာအသစ် - ဗိုလ်တထောင်မြို့နယ်

အစီအစဉ်ရဲ့ ရက်စွဲနဲ့ အချိန်က ပြောင်းလဲမှုမရှိပါဘူး။

📅 24–26 July 2026
🕧 12:30 PM–4:00 PM
📍 Botahtaung Township, Yangon
🎟️ Free Admission
📝 Registration Link - https://surl.li/scfxkr

🤝 ဒီအစီအစဉ်ကို မြို့ပြပုံဖော်သူလူငယ်များ Young City Shapers အစီအစဉ်ရဲ့ ကူညီထောက်ပံ့မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

တက်ရောက်မယ့်သူများအနေနဲ့ မူလသန်လျင် Location ကို မသွားမိစေဖို့ Venue အသစ်ကို သေချာစစ်ဆေးပေးရန် မေတ္တာရပ်ခံပါတယ်။ မိမိနဲ့အတူ တက်ရောက်မယ့်သူများထံလည်း ဒီ Announcement ကို Share ပေးပါနော်။ 🙏

Location အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ်။ အားလုံးအတွက် ပိုမိုအဆင်ပြေပြီး အဓိပ္ပာယ်ရှိတဲ့ အတွေ့အကြုံတစ်ခု ဖန်တီးပေးနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ 💗

🩷 Create. Connect. Her Impact. 🩷

Meet Our Day 3 Education Corner Partner - Niche Education နိုင်ငံခြားမှာ ပညာသင်ယူဖို့ စိတ်ကူးရှိပေမယ့်ဘယ် University ကို...
22/07/2026

Meet Our Day 3 Education Corner Partner -
Niche Education

နိုင်ငံခြားမှာ ပညာသင်ယူဖို့ စိတ်ကူးရှိပေမယ့်
ဘယ် University ကို ရွေးချယ်သင့်လဲ၊
ကိုယ့်ရဲ့ Career Goal နဲ့ ကိုက်ညီတဲ့ Major က ဘာလဲ၊
Scholarship အခွင့်အလမ်းတွေကို ဘယ်လိုရှာဖွေရမလဲ၊
Study Abroad Journey ကို ဘယ်ကနေ စတင်ရမလဲဆိုတာ မသေချာသေးဘူးလား။

She Shapes Yangon ရဲ့ Day 3 - Turn Connections into Opportunities မှာ Niche Education က Education Corner Partner အဖြစ် ပါဝင်ပြီး Participants တွေနဲ့ တိုက်ရိုက်တွေ့ဆုံပေးသွားမှာ ဖြစ်ပါတယ်။ 💜

Niche Education ဟာ မြန်မာကျောင်းသားလူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ နိုင်ငံတကာပညာရေးအခွင့်အလမ်းတွေကို လက်လှမ်းမီနိုင်စေဖို့ ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Education Community တစ်ခု ဖြစ်ပါတယ်။

စတင်တည်ထောင်ပြီး တစ်နှစ်ကျော်အတွင်း
✨ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော် ကို Study Abroad Consultation နဲ့ Academic Counseling ပေးအပ်နိုင်ခဲ့ပြီး
✨ ကျောင်းသား၊ ကျောင်းသူ ၅၀ ကျော် ကို Malaysia နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ လမ်းညွှန်ပံ့ပိုးပေးခဲ့ပါတယ်။

Niche Education Booth ကို လာရောက်ပြီး
🔺 မိမိရဲ့ ရည်မှန်းချက်နဲ့ Career Goal အပေါ်မူတည်ပြီး University နဲ့ Major ရွေးချယ်ခြင်း
🔺 Scholarship အခွင့်အလမ်းနဲ့ လိုအပ်တဲ့ အချက်အလက်များ
🔺 University Application နဲ့ Student Visa Process
🔺 Pre-departure Preparation နဲ့ Malaysia ရောက်ရှိပြီးနောက် လိုအပ်မယ့် Support များ
🔺 မိမိသိချင်တဲ့ Study Abroad Questions များကို တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
Study Abroad ဆိုတာ University Application တင်လိုက်ရုံနဲ့ မပြီးဆုံးပါဘူး။ မိမိရဲ့ အနာဂတ်ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ Information၊ Guidance နဲ့ Support တွေလည်း လိုအပ်ပါတယ်။

လူငယ်တွေကို ပညာရေးအခွင့်အလမ်းများနဲ့ ချိတ်ဆက်ပေးပြီး အနာဂတ်အိပ်မက်တွေကို ယုံကြည်မှုရှိရှိ အကောင်အထည်ဖော်နိုင်ဖို့ အတူတကွပံ့ပိုးပေးတဲ့
Niche Education ကို She Shapes Yangon မှ နွေးထွေးစွာ ကြိုဆိုပြီး အထူးကျေးဇူးတင်ရှိပါတယ်။ 💗

📍 Day 3 Education Corner မှာ Niche Education Booth ကို လာရောက်တွေ့ဆုံဖို့ မမေ့နဲ့နော်!
━━━━━━━━━━━━━━
📅 26 July 2026 — Day 3
🕧 12:30 PM–4:00 PM
📍 Thanlyin Heritage Center
🎟️ Free Admission
📝 Registration: https://surl.li/scfxkr

🩷 Create. Connect. Her Impact. 🩷

🤝 ဒီအစီအစဉ်ကို မြို့ပြပုံဖော်သူလူငယ်များ —
Young City Shapers အစီအစဉ်ရဲ့ ကူညီထောက်ပံ့မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

Meet Our Day 3 Education Corner Partner -PrimeIcon - Pi Youth Clubဘာသာစကားအသစ်တစ်ခုကို စတင်သင်ယူချင်သလား။ကိုယ်တိုင်ဖန်တီ...
22/07/2026

Meet Our Day 3 Education Corner Partner -
PrimeIcon - Pi Youth Club

ဘာသာစကားအသစ်တစ်ခုကို စတင်သင်ယူချင်သလား။
ကိုယ်တိုင်ဖန်တီးနိုင်မယ့် အသက်မွေးဝမ်းကျောင်းစွမ်းရည်တွေ တည်ဆောက်ချင်သလား။

ကိုယ့်ရဲ့ Career၊ ပညာရေးနဲ့ အနာဂတ်ခေါင်းဆောင်မှုလမ်းကြောင်းအတွက် လိုအပ်တဲ့ အတွေ့အကြုံနဲ့ လမ်းညွှန်မှုတွေ ရယူချင်သလား။

She Shapes Yangon ရဲ့ Day 3 - Turn Connections into Opportunities မှာ PrimeIcon–Pi Youth Club က Education Corner Partner အဖြစ် ပါဝင်ပြီး Participants တွေနဲ့ တိုက်ရိုက်တွေ့ဆုံပေးသွားမှာ ဖြစ်ပါတယ်။ 💜

PrimeIcon–Pi ဟာ လူငယ်တွေရဲ့ အရည်အချင်း၊ Career Development နဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေ တိုးတက်လာစေဖို့ ပံ့ပိုးပေးနေတဲ့ လူငယ်ဦးဆောင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

PrimeIcon–Pi Youth Club က လူငယ်တွေအတွက် ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ Learning and Development Opportunities မျိုးစုံကို ဖန်တီးပေးနေပြီး

🗣️ Language Classes
Thai၊ Japanese၊ Korean၊ Italian နဲ့ English ဘာသာစကားသင်တန်းများ
🎨 Vocational Training
Crochet နဲ့ Drawing ကဲ့သို့ လက်တွေ့အသုံးချနိုင်မယ့် အသက်မွေးဝမ်းကျောင်းသင်တန်းများ
💼 Career-focused Webinars
Career နဲ့ Professional Development ဆိုင်ရာ အသိပညာ၊ အတွေ့အကြုံနဲ့ လမ်းညွှန်မှုများ
🚀 Career Development Programs
အဆင့်မြင့်ပညာရေး၊ အလုပ်အကိုင်နဲ့ အနာဂတ်ခေါင်းဆောင်မှုအခွင့်အလမ်းတွေအတွက် ပြင်ဆင်ပေးမယ့် Programs များ ကို စီစဉ်ဖန်တီးပေးနေပါတယ်။

PrimeIcon–Pi Youth Club Booth ကို လာရောက်ပြီး—
✨ မိမိစိတ်ဝင်စားတဲ့ ဘာသာစကားသင်တန်းတွေကို လေ့လာနိုင်မယ်။
✨ Crochet နဲ့ Drawing အပါအဝင် Vocational Training Opportunities တွေကို မေးမြန်းနိုင်မယ်။
✨ ပညာရေးနဲ့ Career Goal အတွက် အသုံးဝင်မယ့် Programs တွေကို သိရှိနိုင်မယ်။
✨ Professional Skills နဲ့ Leadership Development Opportunities တွေအကြောင်း တိုက်ရိုက်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

လူငယ်တွေကို အသိပညာနဲ့ စွမ်းရည်တွေသာမက သူတို့ရဲ့ Community အတွင်း အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို ကိုယ်တိုင်ပါဝင်ဖန်တီးနိုင်သူတွေ ဖြစ်လာစေဖို့ ပံ့ပိုးပေးနေတဲ့ PrimeIcon–Pi Youth Club ကို She Shapes Yangon မှ နွေးထွေးစွာကြိုဆိုပြီး အထူးကျေးဇူးတင်ရှိပါတယ်။ 💗

📍 Day 3 Education Corner မှာ PrimeIcon–Pi Youth Club Booth ကို လာရောက်တွေ့ဆုံဖို့ မမေ့နဲ့နော်!
━━━━━━━━━━━━━━
📅 26 July 2026 — Day 3
🕧 12:30 PM–4:00 PM
📍 Thanlyin Heritage Center
🎟️ Free Admission
📝 Registration: https://surl.li/scfxkr

🩷 Create. Connect. Her Impact. 🩷

🤝 ဒီအစီအစဉ်ကို မြို့ပြပုံဖော်သူလူငယ်များ —
Young City Shapers အစီအစဉ်ရဲ့ ကူညီထောက်ပံ့မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

Meet Our Day 3 Education Corner Partner - ! ပညာရေးနဲ့ Career Journey တစ်ခုမှာ Academic Knowledge နဲ့ Professional Skills...
22/07/2026

Meet Our Day 3 Education Corner Partner - !

ပညာရေးနဲ့ Career Journey တစ်ခုမှာ Academic Knowledge နဲ့ Professional Skills တွေသာမက ကိုယ့်ရဲ့ Mental Well-being ကို နားလည်ဂရုစိုက်နိုင်ဖို့လည်း အရေးကြီးပါတယ်။

စိတ်ဖိစီးမှုတွေကို ဘယ်လိုစီမံရမလဲ၊
Burnout မဖြစ်အောင် ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲ၊
စိတ်ခံစားချက်တွေကို ကျန်းမာစွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဘယ်လို Skills တွေလိုအပ်သလဲ၊

Professional Mental Health Support ကို ဘယ်အချိန်မှာ ရယူသင့်သလဲဆိုတာ သိချင်ပါသလား။

She Shapes Yangon ရဲ့ Day 3 - Turn Connections into Opportunities မှာ Talkateria က Education Corner Partner အဖြစ် ပါဝင်ပြီး Participants တွေနဲ့ တိုက်ရိုက်တွေ့ဆုံပေးသွားမှာ ဖြစ်ပါတယ်။ 💜

Talkateria ဟာ မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချရပြီး အရည်အသွေးကောင်းမွန်တဲ့ Evidence-based Mental Health Support နဲ့ Psychological Skill-Building Services တွေကို ပေးအပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ Safe Space တစ်ခု ဖြစ်ပါတယ်။

Talkateria ရဲ့ ဝန်ဆောင်မှုနဲ့ လုပ်ဆောင်မှုတွေမှာ
🫶 1-on-1 Counselling
Stress၊ Burnout၊ Anxiety၊ Depression၊ Relationship Issues၊ Trauma၊ Grief နဲ့ Personal Growth ဆိုင်ရာ အကူအညီများ

🏢 Corporate Training Services
လုပ်ငန်းခွင်အတွင်း Mentally Healthy၊ Resilient နဲ့ Productive ဖြစ်စေမယ့် Training Programs များ

🤝 Volunteer Training
Confidentiality၊ “Do No Harm” Principle၊ Professional Boundaries နဲ့ Crisis Escalation ဆိုင်ရာ အခြေခံကျွမ်းကျင်မှုများ ပါဝင်ပါတယ်။

Talkateria Booth ကို လာရောက်ပြီး
🔺 Mental Health Awareness နဲ့ မိမိကိုယ်ကို ဂရုစိုက်နိုင်မယ့် နည်းလမ်းများ
🔺 Psychological Skills၊ Emotional Resilience နဲ့ Personal Growth
🔺 Privacy၊ Confidentiality နဲ့ Safe Support ရဲ့ အရေးပါမှု
🔺 Professional Counselling နဲ့ Training Services များအကြောင်း
ကို လေ့လာမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

Talkateria ဟာ ဝန်ဆောင်မှုတိုင်းကို
💗 Metta — Empathy
🌱 Cetana — Dedication
🛡️ Thitsar — Integrity
ဆိုတဲ့ Core Values တွေပေါ်မှာ အခြေခံပြီး Professional Standards၊ Privacy နဲ့ Zero Judgment တို့ကို ဦးစားပေးဆောင်ရွက်နေပါတယ်။

လူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအသိပညာ၊ Psychological Skills နဲ့ ယုံကြည်စိတ်ချရတဲ့ Support Options တွေကို လက်လှမ်းမီလာစေဖို့ အတူတကွပံ့ပိုးပေးတဲ့ Talkateria ကို She Shapes Yangon မှ နွေးထွေးစွာ ကြိုဆိုပြီး အထူးကျေးဇူးတင်ရှိပါတယ်။ 💗

📍 Day 3 Education Corner မှာ Talkateria Booth ကို လာရောက်တွေ့ဆုံဖို့ မမေ့နဲ့နော်!
━━━━━━━━━━━━━━
📅 26 July 2026 — Day 3
🕧 12:30 PM–4:00 PM
📍 Thanlyin Heritage Center
🎟️ Free Admission
📝 Registration: https://surl.li/scfxkr

🩷 Create. Connect. Her Impact. 🩷

🤝 ဒီအစီအစဉ်ကို မြို့ပြပုံဖော်သူလူငယ်များ —
Young City Shapers အစီအစဉ်ရဲ့ ကူညီထောက်ပံ့မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

Meet Our Day 3 Education Corner Partner - GED တက်ဖို့ စဉ်းစားနေသလား။Thai ဒါမှမဟုတ် English Language Skills ကို မြှင့်တင်...
22/07/2026

Meet Our Day 3 Education Corner Partner -


GED တက်ဖို့ စဉ်းစားနေသလား။
Thai ဒါမှမဟုတ် English Language Skills ကို မြှင့်တင်ချင်သလား။
နိုင်ငံခြားမှာ ပညာဆက်လက်သင်ယူဖို့ လမ်းကြောင်းတွေကို ရှာဖွေနေတာလား။

She Shapes Yangon ရဲ့ Day 3 - Turn Connections into Opportunities မှာ YES Home Education Center က Education Corner Partner အဖြစ် ပါဝင်ပြီး Participants တွေနဲ့ တိုက်ရိုက်တွေ့ဆုံပေးသွားမှာ ဖြစ်ပါတယ်။ 💜

YES Home Education Center ဟာ လူငယ်မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို ပုံဖော်ပေးနိုင်ဖို့ အရည်အသွေးကောင်းမွန်တဲ့ ပညာရေးဝန်ဆောင်မှုများ ပေးအပ်နေတဲ့ မြန်မာနိုင်ငံရှိ Private Education Provider တစ်ခု ဖြစ်ပါတယ်။

YES Home Education Center မှာ
🔺 GED Program
🔺 Thai Language Program
🔺 English Language Program
🔺 Study Abroad Admission Services
တို့ကို ပေးအပ်နေပြီး မြန်မာကျောင်းသားလူငယ်တွေကို

🇹🇭 Thailand
🇻🇳 Vietnam
🇲🇾 Malaysia
🇬🇧 United Kingdom
နိုင်ငံတွေမှာ Higher Education ဆက်လက်သင်ယူနိုင်ဖို့ လမ်းညွှန်ပံ့ပိုးပေးနေပါတယ်။

YES Home Education Center Booth ကို လာရောက်ပြီး
✨ GED နဲ့ Language Programs အကြောင်း စုံစမ်းမေးမြန်းနိုင်မယ်။
✨ ကိုယ့်ရဲ့ ပညာရေးရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ လမ်းကြောင်းတွေကို လေ့လာနိုင်မယ်။
✨ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ Study Abroad Admission Options တွေကို မေးမြန်းနိုင်မယ်။
✨ ကိုယ့်အနာဂတ်ပညာရေးခရီးအတွက် လိုအပ်တဲ့ Information နဲ့ Guidance တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။
အနာဂတ်အတွက် ပညာရေးလမ်းကြောင်းတစ်ခုကို ရွေးချယ်တဲ့အခါ မှန်ကန်တဲ့ Information နဲ့ ယုံကြည်စိတ်ချရတဲ့ Guidance ရရှိဖို့က အရေးကြီးပါတယ်။

လူငယ်တွေကို အရည်အသွေးကောင်းမွန်တဲ့ ပညာရေးနဲ့ နိုင်ငံတကာပညာရေးအခွင့်အလမ်းများဆီ ချိတ်ဆက်ပေးဖို့ အတူတကွပံ့ပိုးပေးတဲ့ YES Home Education Center ကို She Shapes Yangon မှ နွေးထွေးစွာ ကြိုဆိုပြီး အထူးကျေးဇူးတင်ရှိပါတယ်။ 💗

📍 Day 3 Education Corner မှာ YES Home Education Center Booth ကို လာရောက်တွေ့ဆုံဖို့ မမေ့နဲ့နော်!
━━━━━━━━━━━━━━
📅 26 July 2026 — Day 3
🕧 12:30 PM–4:00 PM
📍 Thanlyin Heritage Center
🎟️ Free Admission
📝 Registration: https://surl.li/scfxkr

🩷 Create. Connect. Her Impact. 🩷

🤝 ဒီအစီအစဉ်ကို မြို့ပြပုံဖော်သူလူငယ်များ —
Young City Shapers အစီအစဉ်ရဲ့ ကူညီထောက်ပံ့မှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when She Shapes Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share