Embassy Drivers Association - Yangon

Embassy Drivers Association - Yangon သံရုံးအသီးသီးမှ ယာဉ်မောင်း ညီအစ်ကိုများ စုစည်း၍ မိသားစုသဖွယ် အပြန်အလှန် ရိုင်းပင်းကူညီစောင့်ရှောက်ရန်

ယနေ့ ၈.၈.၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သံရုံးမှ ကိုခရစ်ထံသို့ ဖုန်းဆက်အကြောင်းကြားချက်အရ၊ ယခင်က ရုရှားသံရုံးတွင် တာဝန်ထမ...
08/08/2026

ယနေ့ ၈.၈.၂၀၂၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သံရုံးမှ ကိုခရစ်ထံသို့ ဖုန်းဆက်အကြောင်းကြားချက်အရ၊ ယခင်က ရုရှားသံရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ကားဆရာ ကိုမောင်မောင်သည် ကျန်းမာရေးချို့တဲ့ကာ အကျိတ်ကင်ဆာရောဂါဖြင့် မြောက်ဥကလာပမြို့နယ်၊ မေဒါဝီဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရှိရသဖြင့် ကျွန်ုပ်တို့ သံရုံးကားသမားအဖွဲ့မှ ကိုခရစ် သွားရောက်တွေ့ဆုံ အားပေးခဲ့ပါသည်။
​ထိုသို့ သွားရောက်တွေ့ဆုံစဉ်အတွင်း အဖက်ဖက်မှ အခက်အခဲရှိနေသော ၎င်း၏ ဆေးဝါးကုသရေးနှင့် လိုအပ်ချက်များအတွက် ကျွန်ုပ်တို့အဖွဲ့မှ ငွေကျပ် (၅) သိန်းတိတိကို စုပေါင်းထောက်ပံ့ကူညီပေးခဲ့ပါသည်။
​ကိုမောင်မောင်အနေဖြင့် ယခုကဲ့သို့ ကျန်းမာရေးအခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်ပါစေကြောင်း၊ အမြန်ဆုံး သက်သာပျောက်ကင်းပါစေကြောင်းနှင့် ယခုကဲ့သို့ ကူညီအကြောင်းကြားပေးသော ကိုခရစ်အားလည်း ကျေးဇူးတင်ရှိပါကြောင်း ကျွန်ုပ်တို့ သံရုံးကားသမားအဖွဲ့သားများက စေတနာရှေ့ထား၍ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

07/08/2026

August Member Contributions Report by Month
လက်ရှိအသင်းဝင်များ၏ လအလိုက် ထည့်ဝင်စာရင်း

Financial Statement for Augustဩဂုတ်လအတွက် ဘဏ္ဍာရေး ရှင်းတမ်း(Monthly Closing Report - August 2026)(လချုပ်စာရင်းရှင်းတမ်း...
07/08/2026

Financial Statement for August
ဩဂုတ်လအတွက် ဘဏ္ဍာရေး ရှင်းတမ်း
(Monthly Closing Report - August 2026)
(လချုပ်စာရင်းရှင်းတမ်း - ဩဂုတ် ၂၀၂၆)

Embassy Drivers Association - YangonOfficial Member Registry: New Brothers Joined in August​သံရုံးယာဉ်မောင်းများ ကူညီရေး...
07/08/2026

Embassy Drivers Association - Yangon
Official Member Registry: New Brothers Joined in August
​သံရုံးယာဉ်မောင်းများ ကူညီရေးအဖွဲ့ - ရန်ကုန်
ဩဂုတ်လပူးပေါင်းအဖွဲ့ဝင်သစ်များ စာရင်း (စိတ်တူကိုယ်ညီ ညီအစ်ကိုများ)

4.8.2026 ရက်နေ့ ည9နာရီလောက်တွင် ထိုင်းရေတပ်စစ်သံမှုးကားဆရာ ကိုနိုင်နိုင်သည်အလုပ်မှအိမ်အပြန် တာမွေ ရွှေထွဉ်တင်ကွင်းနားအရေ...
07/08/2026

4.8.2026 ရက်နေ့ ည9နာရီလောက်တွင် ထိုင်းရေတပ်စစ်သံမှုးကားဆရာ ကိုနိုင်နိုင်သည်အလုပ်မှအိမ်အပြန် တာမွေ ရွှေထွဉ်တင်ကွင်းနားအရောက်လမ်းဘေးခွေးတအုပ်လိုက်ကိုက်၍စက်ဘီးမှောက်ပြီး Sakura ဆေးရုံတွင်ဆေးကုသမှုခံယူနေရပါသည်၊5.8.2026 တွင် Indonesia သံရုံးမှ ကို ဒေးဗစ်၊ Laos သံရုံးမှ ကိုငွေတင် တို့သွားရောက်သတင်းမေးပြီ ငွေကိုင်အလှည့်ကျသူ Bangladesh သံရုံးမှ Ko Crisestee မှကိုနိုင်နိုင် Kpay account သို့ 500,000 ကျပ်တိတိလွှဲပြောင်းပေးအပ်ခဲ့ပါသည်၊ လက်ရှိ ကိုနိုင်နိုင် မှာခြေထောက်ခွဲ၍ Steel ချောင်းထည့်ထားရပြီး ခန့်မှန်း တစ်လလောက်နားရမယ်လို့သိထားရပါတယ်ဗျ။

07/07/2026

Financial Statement for July
ဇူလိုင်လအတွက် ဘဏ္ဍာရေး ရှင်းတမ်း
(Monthly Closing Report - Jun 2026)
(လချုပ်စာရင်းရှင်းတမ်း - ဇူလိုင်လ ၂၀၂၆)

Address

No 16, Natmauk Yeikthar Street, Natmauk Ward, Tamwe Township
Yangon

Website

Alerts

Be the first to know and let us send you an email when Embassy Drivers Association - Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share