05/05/2026
HiT ရဲ့ အကြီးမားဆုံး 1 Year Software Developer Career Camp ကို ဖွင့်လိုက်ပါတယ်။
အမှန်အတိုင်း ပြောရရင် — ဒီ Camp က သင်တန်းသာသာတွက် စဉ်းစားပြီး ဖန်တီးလိုက်တာ မဟုတ်ပါဘူး။ အတွေ့အကြုံကနေ ပေါက်ဖွားလာတဲ့ Career training camp ဖြစ်ပါတယ်။
ကျွန်တော် Programming စတင်လေ့လာခဲ့တဲ့ အချိန်မှာ…
YouTube tutorials တွေကြည့်တယ်
Online course တွေဝယ်တယ်
Framework အသစ်တွေ စမ်းတယ်
Project အသေးလေးတွေ လုပ်ကြည့်တယ်
ဒါပေမယ့်…
👉 "တကယ့် Software Developer တစ်ယောက်လို အလုပ်လုပ်နိုင်ဖို့ ဘာလိုအပ်လဲ?"
👉 "Company ထဲဝင်ရင် ဘာတွေကြုံရမလဲ?"
👉 "Production project ဆိုတာ ဘယ်လိုအလုပ်လုပ်သလဲ?"
ဒီမေးခွန်းတွေကို ဖြေပေးနိုင်တဲ့ structured program မရှိခဲ့ဘူး။
နောက်ပိုင်း IT Industry ထဲ ဝင်ရောက်ပြီး Software Company တွေမှာ လုပ်ခဲ့တယ်။ အခုဆိုရင် Telecom company တစ်ခုမှာ Senior Software Engineer အဖြစ် လုပ်ရင်း၊ Software projects ပေါင်းများစွာ ရေးသားရင်း၊ Team တွေကို manage လုပ်ရင်း၊ Client requirements တွေ handle လုပ်ရင်း တစ်ခုကို အလွန်ရှင်းလင်းစွာ မြင်လာတယ်။
Junior Developer အများစုမှာ —
Knowledge ရှိတယ်
Certificate ရှိတယ်
Course တက်ထားတယ်
Framework သိတယ်
ဒါပေမယ့်…
❌ Real project workflow မသိဘူး
❌ Git collaboration experience မရှိဘူး
❌ Code review ကို မကြုံဖူးဘူး
❌ Production deployment မလုပ်ဖူးဘူး
❌ Deadline pressure မတွေ့ဖူးဘူး
❌ Problem-solving thinking မခိုင်မာဘူး
သူတို့ မလုပ်နိုင်တာ မဟုတ်ဘူး။ သူတို့ကို "Industry-ready" ဖြစ်အောင် လေ့ကျင့်ပေးတဲ့ System မရှိတာပါ။ အဲ့ဒီ gap က Education system နဲ့ Real industry world ကြားက gap ဖြစ်ပါတယ်။ ကျွန်တော် ဒီ gap ကို ဖြည့်ချင်ခဲ့တယ်။ ဒါကြောင့်ပဲ ဒီ Camp ကို ဖန်တီးလိုက်တာပါ။
ဒီ Camp က သင်တန်းတစ်ခု မဟုတ်ပါဘူး။ Career transformation system တစ်ခုပါ။
ဒီ ၁၂ လအတွင်းမှာ Student တစ်ယောက်ကို —
• HTML, CSS, JavaScrip, etc ... သိရုံမက
• Frontend framework တွေဖြစ်ကြတဲ့ Vue, React, etc ... သုံးတတ်ရုံမက
• Backend CRUD လုပ်တတ်ရုံမက
👉 Real production-level web applications တည်ဆောက်နိုင်တဲ့
👉 Team collaboration နဲ့ အလုပ်လုပ်နိုင်တဲ့
👉 Clean code & scalable architecture စဉ်းစားတတ်တဲ့
👉 Real client requirement ကို analyze လုပ်နိုင်တဲ့
👉 Interview technical questions ကို logic နဲ့ ဖြေနိုင်တဲ့
👉 Portfolio ခိုင်မာပြီး confidence ရှိတဲ့
Job-ready Fullstack Web Developer အဖြစ် ပြောင်းလဲပေးဖို့ ရည်ရွယ်ထားပါတယ်။
ဒီ Program ထဲမှာ —
Daily practice
Daily coding
Weekly project
Code review
Architecture discussion
Real client projects
Internal product development
အားလုံး ပါဝင်ပါတယ်။
Student တစ်ယောက်ဟာ "သင်ကြားခံရသူ" မဟုတ်တော့ဘူး။ "Developer trainee" ဖြစ်သွားမယ်။
ကျွန်တော်ကိုယ်တိုင် —
Curriculum design
Training
Project review
Code feedback
Career roadmap guidance
အားလုံးကို ဦးဆောင်လုပ်ပေးမယ်။
ဘာလို့ ကိုယ်တိုင် လုပ်ပေးတာလဲဆိုရင်…
Developer တစ်ယောက် ဖြစ်ဖို့ဆိုတာ Slides နဲ့ သင်လို့မရဘူး။
Hands-on practice + real pressure + real responsibility လိုအပ်တယ်။
ကျွန်တော့်ရဲ့ e-learning platform ဖြစ်တဲ့ hitmyanmar.com မှာ ထောင်ပေါင်းများစွာသော ကျောင်းသားတွေ သင်ယူနေကြပါတယ်။
softlandmyanmar.com မှာ Real software projects တွေ ဖန်တီးနေပါတယ်။
Client များစွာအသုံးပြုနေကြတဲ့ ziigwat.com လို real product တွေ manage လုပ်နေပါတယ်။
ဒီ real-world experience တွေကို Camp ထဲကို တိုက်ရိုက် ထည့်သွင်းပေးထားပါတယ်။ Certificate ထက် Portfolio ကို ပိုအရေးကြီးတယ်လို့ ယုံကြည်ပါတယ်။ Portfolio ထက် Mindset ကို ပိုအရေးကြီးတယ်လို့ ယုံကြည်ပါတယ်။
Developer ဆိုတာ Code ရေးတတ်သူ မဟုတ်ဘူး။ Problem solver ဖြစ်ရမယ်။ ဒီ Camp ဟာ Easy certificate လိုချင်သူတွေအတွက် မဟုတ်ပါဘူး။
၁ နှစ် အချိန်ပေးနိုင်သူ၊ Discipline ရှိသူ၊ Hard work လုပ်နိုင်သူ၊ Career ပြောင်းချင်သူ၊ တကယ် Developer ဖြစ်ချင်သူ အတွက်ပဲ ဖြစ်ပါတယ်။
တကယ် ၁ နှစ် စိတ်နှစ်ပြီး လေ့ကျင့်နိုင်ရင် ဘဝပြောင်းလဲနိုင်ပါတယ်။ ဒီ Camp က 1 year လောက်အချိန်ပေးနိုင်ပြီး တစ်နစ်တည်း တစ်နေရာတည်းမှာပဲ လုပ်ငန်းခွင်ဝင်နိုင်ဖို့ လေ့ကျင့်ပေးမယ့် Mission Project ပါ။
မြန်မာနိုင်ငံမှာ Industry-ready Developers ပိုများလာဖို့၊ Real skill ရှိတဲ့ လူငယ်တွေ ပိုတိုးလာဖို့၊ Global market ကို ဝင်နိုင်တဲ့ Developers ပေါ်လာဖို့ ဒီ Camp ကို ဖန်တီးလိုက်တာပါ။
1 year Camp အသေးစိတ်ကို အောက်က post မှာ ဖတ်နိုင်ပါတယ် 👇
FB post မှဖတ်ရန်
https://www.facebook.com/share/p/1D58oSJXjz/
Website မှဖတ်ရန်
https://hitmyanmar.com/blogs/software-developer-career-camp-1-year-camp
တကယ် စိတ်ပါဝင်စားပြီး ၁ နှစ် အချိန်ပေးနိုင်ရင် ဒီ Camp က သင့်ကို သင်မထင်ထားတဲ့ level တစ်ခုဆီ သာမက လုပ်ငန်းခွင်ထိပါ ခေါ်သွားမှာ ဖြစ်ပါတယ်။