သရပါစာကြည့်တိုက်ကို ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ မှာ volunteer ၈ ယောက်နဲ့  စတင်ဖွဲ့  စည်းခဲ့ပါတယ်။
စာကြည့်တိုက် မှာ ရှိတဲ့ လိုအပ်တဲ့ စာအုပ်စာတမ်း ၊ အခန်းနေရာ ၊ စရိတ်စက အကုန်လုံးကို စာကြည့်တိုက်တည်ထောင်သူ ကိုရဲထက်ဦးကနေ တဥိးတည်း ထောက်ပံ့ထားခြင်းဖြစ်ပါတယ်။ စာအုပ်စင် ၄ စင် ၊ လုပ်အားပေး ၈ ယောက် နဲ့ စခဲ့တဲ့ သရပါ စာကြည့်တိုက်ဟာဆိုရင် အခု ချိန်မှာ အသင်းဝင် ၄၀၀ ကျော် နဲ့  စာအုပ်ပေါင်း ၅၀၀၀ ကျော် ရှိေ
နပြီဖြစ်ပါတယ်။
သရပါစာကြည့်တိုက်ကို မည့်  သည့် အကျိုးအမြတ်ကို မျှ မမျှော်ကိုးထားပဲ ဖွင့်လှစ်ထားပြီး စာပေပြန့် ပွားရေး ၊ စာဖတ်ဦးရေ တိုးတက်ရေး ၊ လူငယ်များ စာများများဖတ်ရှု နိုင်ရေးစသည့် ရည်ရွယ်ချက်များ ဖြင့်သာဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။
သရပါစာကြည့်တိုက်ကို ရန်ကုန်မြို့  ၂ဂလမ်း အထက်ဘလောက် အမှတ် ၁၈၈ မှာဖွင့်လှစ်ထားရှိပြီး ၊ ခုဆို အင်တာနက်ပါ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက် ထားပါပြီ။
အသင်းဝင်ကြေးအနေနဲ့  တနှစ် ၆၀၀၀ ကျပ် သာ ကျသင့်မည်ဖြစ်ပြီး ၊ မည်သူမဆို စာအုပ် ၂ အုပ် ၁၀ရက် ငှားယူနိုင်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
သရပါစာကြည့်တိုက် ဖွင့်လှစ်ခြင်းရည်ရွယ်ချက်များ
(၁) စာပေကို ချစ်မြတ်နိုးသူများ ၊ စာပေကို လေ့လာသူများ အတွက် စာအုပ်စာပေများ အလွယ်တကူရရှိစေရန်။
(၂) မြန်မာပြည်သူ ပြည်သား များ စာပေ အသိပညာ အတတ်ပညာ တိုးပွားစေရန်။
(၃) မြန်မာပြည်ရှိ တန်ဖိုးရှိ စာအုပ်စာပေများ မပျောက်မပျက်ထိန်းသိမ်းထား နိုင်ရန်။
(၄) လူငယ် လူရွယ် များ ပရဟိတ စိတ်ဓာတ်များ တိုးပွားစေရန်။
(၅) နိုင်ငံတ၀န်းတွင် စာကြည့်တိုက် အသုံးပြုခြင်းကို မြှင့်တင်ပေးရန်။
(၆)တပိုင်တနိုင် Public Library, Private Library များ တိုးပွားစေရန်။
သရပါ စာကြည့်တိုက် လုပ်ငန်းများ။
(၁)စာအုပ်စာပေတွေကို အကျိုးအမြတ် မယူပဲ ငှားရမ်းပေးပါတယ်။
(၂) E books, Internet access တွေ လုပ်ပေးထားပါတယ်။
(၃) လိုအပ်တဲ့ နေရာတွေ မှာ စာအုပ်စာတမ်းတွေ လှူဒါန်းပါတယ်။
(၄) အခါအားလျှော်စွာ ပညာရေး ဆွေးနွေးပွဲတွေ ၊ အကြံပေးပွဲတွေ ကျင်းပပေးပါတယ်။
(၅) စိတ်ပါဝင်စားတဲ့ လူငယ်လူရွယ်တွေ ၊ ပရဟိတ စိတ်ဓာတ်ရှိအောင် ၊ စေတနာ့ ၀န်ထမ်း (volunteer) အဖြစ် လက်ခံပါတယ်။
(၆) နွမ်းပါတဲ့ နေရာတွေမှာ စာကြည့်တိုက် ဖွင့် နိုင်အောင် ကူညီပါတယ်။
(၇) အစိုးရပညာရေးကျောင်းတွေ ၊ ဘုန်းကြီးကျောင်းတွေ များ မှာ စာကြည့်တိုက် ဖွင့်နိုင်အောင် ပံ့ပိုးပေး၊ ကူညီပေးပါတယ်။
စာကြည့်တိုက်ကို ပံ့ပိုးခြင်းသူများ သည် လူအား ၊ စိတ်ခွန်အား၊ အလှူငွေ ၊အသုံးအဆောင်ပစ္စည်းများဖြင့် ဆက်သွယ် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။