Desert Gallery

Desert Gallery 𝑇𝑜𝑚𝑜𝑟𝑟𝑜𝑤 𝑎𝑛 𝐴𝑐ℎ𝑖𝑒𝑣𝑒𝑟

Spotlight Program with Conceptians✨
01/11/2024

Spotlight Program with Conceptians✨

✨𝘔𝘦𝘥𝘪𝘢 𝘗𝘢𝘳𝘵𝘯𝘦𝘳𝘴𝘩𝘪𝘱 𝘈𝘯𝘯𝘰𝘶𝘯𝘤𝘦𝘮𝘦𝘯𝘵✨Desert Gallery 🤝 The Bridge မသန်စွမ်း Community အတွက် The Bridge ကနေစီစဥ်ပေးသွားမယ့် Tra...
01/10/2024

✨𝘔𝘦𝘥𝘪𝘢 𝘗𝘢𝘳𝘵𝘯𝘦𝘳𝘴𝘩𝘪𝘱 𝘈𝘯𝘯𝘰𝘶𝘯𝘤𝘦𝘮𝘦𝘯𝘵✨
Desert Gallery 🤝 The Bridge

မသန်စွမ်း Community အတွက် The Bridge ကနေစီစဥ်ပေးသွားမယ့် Training Program များ
အစွမ်းအစကိုယ်စီပိုင်ဆိုင်ထားသူတို့အတွက် အိမ်မက်ခရီးလမ်းတွေကိုလျှောက်လမ်းတဲ့အခါ တစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်ဖို့ အမြဲအတူရှိနေတဲ့ The Bridge က

Personal Development၊ Professional Development၊ Career အတွက်လမ်းကြောင်းလေးတစ်ခုအဖြစ် ဖန်တီးပေးနိုင်ဖို့ Training Programs ပေါင်းများစွာကိုဖန်တီးယူဆောင်လာခဲ့ပါပြီ။

Training Program က ၃လတိတိကျင်းပသွားမှာဖြစ်ပြီး လုပ်ငန်းခွင်ဝင်နိုင်ဖို့လိုအပ်တဲ့ Skill တွေကို
အိမ်မှာနေရင်း Zoom Platform ကနေတစ်ဆင့်လေ့လာနိုင်မှာဖြစ်ပါတယ်။

၃လအတွင်းကျင်းပသွားမယ့် Training တွေကတော့

💎Professional Development & Skill Building

- Content Writing Training
- Content Creator (Podcast + Video Editing)
- Communication Skill Training
- Sales + Customer Service Training
- Leadership & Networking Training
- Organization Management Training
- Human Resource Management Training
- How to Find Passion/Career Training
- CV, Resume, LinkedIn Preparation

💎Future Ready :Technology & Digital Skills
- Marketing Training
- IT Knowledge
- AI Essentials
- Data Analyst Training
- Design & UI/UX Training

💎Personal Growth & Well-being

- Mental Support Program
- Music Training

လူချင်းအတူတူပဲမို့ ဂုဏ်ယူစွာရပ်တည်ပြီး ဝါသနာပါတဲ့ Career ကိုအကောင်အထည်ဖော်နိုင်ဖို့ လှေကားထစ်လေးတစ်ခု တံတားလေးတစ်ဆင်းအဖြစ် ဖြည့်ပေးနိုင်ဖို့ရည်ရွယ်စီစဥ်ထားတာဖြစ်ပါတယ်။

📌Training တွေအကြောင်းအသေးစိတ်ကို ဒီ Link ကနေကြည့်နိူင်ပါတယ်။

https://www.facebook.com/share/p/2yT3hFkwZMwf2HQo/?mibextid=oFDknk

📌The Bridge Community ဖြစ်တည်လာပုံကိုအောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/share/p/8mxbs7gXBy2ffPrA/?mibextid=oFDknk






ငယ်ရွယ်စဉ်မှာ ခံစားချက်တွေနောက်ကို အလွန်အကြူးလိုက်မိနေပြီလား ?ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်တုန်းက ဆရာမတစ်ယောက်က ဒီလိုပြ...
01/09/2024

ငယ်ရွယ်စဉ်မှာ ခံစားချက်တွေနောက်ကို အလွန်အကြူးလိုက်မိနေပြီလား ?

ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်တုန်းက ဆရာမတစ်ယောက်က ဒီလိုပြောဖူးပါတယ်။
"ဘဝဆိုတာ အဆုံးမရှိတဲ့ပင်လယ်ကြီးထဲမှာ ရွက်လွှင့်နေရသလိုပါပဲ" တဲ့။ ခန့်မှန်းရခက်တဲ့ပင်လယ်ပြင်ကြီးမှာ အတွေ့အကြုံနုနယ်နေသေးတဲ့ လူငယ်လေးတွေကတော့ စူးစမ်းလေ့လာချင်စိတ်အပြည့်နဲ့ လေနှင်ရာရွက်လွင့်ဖို့ အမြဲစိတ်အားထက်သန်နေတတ်ကြပါသတဲ့။

ကျွန်တော်ကတော့ ဘဝကိုရှင်သန်ရခြင်းဟာ ပုစ္ဆာတွေကိုဖြေရှင်းရခြင်းလို့ နားလည်သဘောပေါက်မိပါတယ်။ ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်မှာ အရွယ်အလိုက် နေ့စဉ်နဲ့အမျှ မလွဲမသွေဖြေရှင်းပြီးဖြတ်ကျော်ရမယ့် ပြဿနာတွေရှိနေလို့ပါပဲ။ ဒီလိုပြဿနာ‌တွေကို ရင်ဆိုင်ရင်းနဲ့ ကျွန်တော်တို့ဟာ ကြီးပြင်းရင့်ကျက်လာကြတာဖြစ်ပါတယ်။

ပုစ္ဆာတွေဖြေရှင်းရတဲ့အခါမှာ အရေးပါတဲ့ skill တစ်ခုကတော့ "Decision making" လို့ခေါ်တဲ့ "ဆုံးဖြတ်ချက်ချခြင်း" ပါ။ လူကြီးမိဘတွေဆုံးဖြတ်ပေးတာကို နာခံရတဲ့ကလေးဘဝကနေ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချရတဲ့လူငယ်ဘဝကို ရောက်လာတဲ့အခါမှာ ကျွန်တော်တို့ဟာအမှားတွေလုပ်မိတတ်ကြပါတယ်။ ဆုံးဖြတ်ချက်ချရမှာ အများစုလုပ်မိတဲ့အမှားကတော့ ခံစားချက်တွေကို ဦးစားပေးမိရာကနေ စပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ Desert Gallery ကနေ လူငယ်တွေဘာကြောင့် ခံစားချက်တွေကိုဦးစားပေးမိကြသလဲဆိုတာနဲ့ပတ်သက်ပြီး Scientific facts အချို့ကို ပြောပြပေးချင်ပါတယ်။

1️⃣ မရင့်သန်သေးတဲ့ Prefrontal Cortex
ဆုံးဖြတ်ချက်ချတာ၊ စိတ်အားထက်သန်မှုကိုထိန်းချုပ်တာသာမက ဆင်ခြင်တုံတရားနဲ့ ဆိုင်တဲ့လုပ်ငန်းဆောင်တာတွေအတွက် အဓိကတာဝန်ရှိတဲ့ဦးနှောက်ရဲ့အစိတ်အပိုင်း Prefrontal Cortex ဟာ အသက် 25 နှစ်လောက်အထိ အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ မြီးကောင်ပေါက်အရွယ်နဲ့ အရွယ်ရောက်ပြီးချိန်တွေမှာ စိတ်ခံစားချက်တွေကို ဦးစားပေးဆောင်ရွက်တဲ့ ဦးနှောက်ရဲ့ limbic system ဟာ ပိုပြီးတက်ကြွနေပါတယ်။ ဒါကြောင့် လူငယ်အရွယ်မှာ ဂရုတစိုက်တွေးခေါ်ပြီးချမှတ်ထားတဲ့ဆုံးဖြတ်ချက်တွေထက် ခံစားချက်ကိုရှေ့တန်းတင်တဲ့ဆုံးဖြတ်ချက်တွေက ပိုပြီးများနေတာဖြစ်ပါတယ်။

2️⃣ မရင့်ကျက်သေးတဲ့ လူငယ်သဘာဝ
လေ့လာတွေ့ရှိချက်တွေအရ ဆယ်ကျော်သက်အများစုဟာ သူတို့အတွက် အလားအလာရှိတဲ့အောင်မြင်မှုဆုလာဘ်တွေကိုသာ ပြေးမြင်တတ်ကြပြီး အဲ့အတွက်‌ပေးဆပ်ရမယ့်အရာတွေနဲ့‌ နောက်ဆက်တွဲဖြစ်လာနိုင်တာတွေကို ထည့်မတွက်တတ်ကြပါဘူး။ ဒါ့ကြောင့် ရေရှည်ကိုမတွေးဘဲ ခဏတာခံစားချက်‌တွေကို အလိုလိုက်မိတတ်ကြတာဖြစ်ပါတယ်။

တကယ်တော့ ခံစားချက်တွေအတိုင်း လိုက်လုပ်ရတာက ထင်ထားတာထက် ပိုပြီးလွယ်ကူပါတယ်။ တစ်ခုခုကို လုပ်ဖို့ဆန္ဒရှိတယ်။ လူငယ်သဘာဝအတိုင်း အများကြီးမတွေးဘဲ လုပ်ချလိုက်တယ်။ လုပ်ချင်တာလုပ်လိုက်ရတဲ့အခါ တခဏတာ စိတ်ကျေနပ်သွားသလိုခံစားရမယ်။ ပြီးရင်တော့ "ငါလုပ်လိုက်မိတာ မှားများမှားသွားပြီလား" လို့ ကိုယ့်ကိုကိုယ်စပြီးသံသယဝင်လာပါမယ်။ ခံစားချက်ကိုဦးစားပေးပြီးလုပ်မိတဲ့လုပ်ရပ်တွေဟာ ကျွန်တော်တို့ကိုအမြင့်ဆုံးရောက်အောင်တွန်းပေးပေးတတ်သလို၊ တစ်ခါတရံမှာ အမှားတွေနဲ့အတူ ပြန်ဆွဲချသွားတတ်လို့ပါပဲ။

ဒီလိုပြောလို့ ခံစားချက်နောက်ကို မလိုက်ရဘူးလို့မဆိုလိုပါဘူး။ ကျွန်တော်တို့ဟာ ဦးနှောက်နဲ့ နှလုံးသားကို မျှမျှတတ‌နေရာပေးဖို့ လိုပါတယ်။ ခံစားချက်တွေကို ပိတ်လှောင်မထားသင့်သလို၊ တစ်ဖက်မှာလည်း အလွန်အကြူးအလိုလိုက်လို့မဖြစ်ပါဘူး။

ဘဝအတွေ့အကြုံ‌သိပ်မရှိသေးတဲ့ ငယ်ရွယ်တဲ့လူငယ်တစ်ယောက်အတွက် အကောင်းအဆိုးဝေဖန်ပိုင်းခြားပြီး လုပ်ဆောင်ဖို့ မလွယ်ကူ‌ပါဘူး။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချ‌နိုင်ဖို့ နောက်ထပ်အကြံပေးချင်တာကတော့ စိတ်ကိုတည်ငြိမ်အောင်လေ့ကျင့်ပြီးကိုယ့်ကိုကိုယ် အမြဲသုံးသပ်နေဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် DGs ‌တို့အနေနဲ့လည်း လူငယ်ဘဝမှာနောင်တကင်းပြီး လက်တွေ့ကျတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ ဒီ content လေးနဲ့အတူ တိုက်တွန်းလိုက်ရပါတယ်။

Sources:
🔸Galvan, A. (2010). Adolescent development of the reward system. Frontiers in Human Neuroscience.
🔸Casey, B. J., Jones, R. M., & Hare, T. A. (2008). The adolescent brain. Annals of the New York Academy of Sciences.

လူငယ်တွေအတွက် အမြဲမပြတ်အသစ်အသစ်သော ဗဟုသုတများကို ယူဆောင်လာပေးသော Desert Gallery ရဲ့ update တွေကို သိရစေဖို့ အောက်က Telegram Channel ကို join ထားကြပါနော်🫶🏻👇🏻👇🏻👇🏻

https://t.me/desertgallery212121







“Media Partnership” “BFY 🤝 Desert Gallery ”BFYကနေ ကျင်းပတော့မယ့်🥳 Business UK Pathway for Myanmar Studentsဆိုတဲ့ Webinar...
29/08/2024

“Media Partnership” “BFY 🤝 Desert Gallery ”

BFYကနေ ကျင်းပတော့မယ့်🥳 Business UK Pathway for Myanmar Studentsဆိုတဲ့ Webinarအတွက် Desert Gallery ကနေပြီးတော့🤝 Media Partnershipအနေနဲ့ ပါဝင်ကူညီအားဖြည့်ထားပါတယ်။

💯ဒီ Webinarမှာဆိုရင် အထက်တန်းပြီးသွားတဲ့ ကျောင်းသားလူငယ်တွေနဲ့ UKပညာရေးလမ်းပေါ်မှာ businessအပိုင်းကို စိတ်ဝင်စားပြီး လေ့လာချင်တဲ့လူငယ်တွေအတွက် 💁အဓိကရည်ရွယ်ထားပြီးတော့ ပထမရက်မှာ HND Pathway Panel discussion နဲ့ ဒုတိယရက်မှာတော့ ABE Pathway Panel Discussionဆိုပြီး အသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။

၂၀၂၄ရဲ့ နှစ်ဝက်လည်းကျော်လာပြီဆိုတော့ ဒီနှစ်အတွက်၊ ဒါမှမဟုတ် နောက်နှစ်အတွက် UKဘက်ကို ပညာရေးနဲ့ သွားချင်နေတဲ့ လူငယ်တွေ မဖြစ်မနေကို တက်ရောက်သင့်တယ့်💯 webinarပဲဖြစ်ပါတယ်။ အကယ်၍ ကိုယ်က အထက်တန်းပြီးသွားပေမဲ့ UKပညာရေးလမ်းကြောင်းကို လျှောက်မယ်လို့ 🙍မရည်ရွယ်ရသေးဘူးဆိုရင်တောင် webinarတက်ရင်း နောက်ပိုင်းအတွက် ကြိုတင် 😍ပညာဝမ်းစာဖြည့်ထားလို့ရတယ်နော်။

ကျင်းပမယ့် အချိန် နဲ့ နေ့ရက်တွေကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်👇။

Day 1 - August 30, 2024
🕒Time - 8:00 pm to 10:00 pm
💡Content - HND Panel Discussion
🧑‍💻Platform - Zoom

Day 2 - August 31, 2024
🕜Time - 8:00 pm to 10:00 pm
💡Content - ABE Panel Discussion
🧑‍💻Platform - Zoom

အဖိုးအခလည်း တစ်ပြားမှမကုန်ပဲ ဒီလို အခွင့်အရေးကြီး လက်လွှတ်မခံရလေအောင် အခုပဲ အောက်က registration form ဖြည့်ထားလိုက်တော့နော်။
https://forms.gle/aBpEJWM93XxbWHHXA

အသေးစိတ်ကိုတော့ အောက်ကလင့်ခ်မှာ ဖတ်ကြည့်လို့ရပါတယ်နော်
https://www.facebook.com/share/p/dfgfJxyqKSW36UWa/






"Sleep is your super power"လူငယ်တွေနဲ့မကင်းကွာနိုင်တာချစ်ခြင်းမေတ္တာတစ်ခုတည်းမဟုတ်ပါဘူး။ အချိန်ဆွဲခြင်း၊ Junk food တွေအစ...
31/07/2024

"Sleep is your super power"

လူငယ်တွေနဲ့မကင်းကွာနိုင်တာချစ်ခြင်းမေတ္တာတစ်ခုတည်းမဟုတ်ပါဘူး။
အချိန်ဆွဲခြင်း၊ Junk food တွေအစားများခြင်းနှင့် ကောင်းမွန်စွာအိပ်စက်ခြင်းမရှိတာတွေကလည်း ကျွန်မတို့လူငယ်တွေမကြာခဏပြုလုပ်လေ့ရှိတဲ့၊ ကင်းကွာဖို့ခက်ခဲတဲ့အကျင့်ဆိုးတွေပါပဲ။

အထူးသဖြင့်အိပ်ရေးပျက်ခြင်းဆိုတာက (၂၁ )ရာစုလူငယ်တွေအတွက်ဆိုရင် သိပ်ပြီးမစိမ်းတဲ့အလေ့အထလိုတောင်ဖြစ်နေပါပြီ။ နောက်ပြီးတော့အိပ်ရေးပျက်ခြင်းရဲ့ဆိုးကျိုးတွေကိုတော်တော်များများကြားဖူးကြပေမဲ့ ဘာဖြစ်လို့ဒီအကျင့်ဆိုးကြီးကိုမစွန့်လွှတ်နိုင်ကြတာလဲ။ ဖြစ်နိုင်တာကတော့....
🥱 Stressတွေပိ၊ pressureတွေပိလို့အိပ်မပျော်တာ
🥱 Coffeeအသောက်များလို့အိပ်ချိန်စက်၀န်းကိုထိခိုက်တာ
🥱Social mediaရဲ့ဆွဲဆောင်မှုတွေကြောင့် အိပ်စက်ချိန်လျော့ပါးလာတာတွေအပြင် ကျွန်မတို့ကိုယ်တိုင်ကလည်း အိပ်စက်ခြင်းရဲ့ကောင်းကျိုးတွေကို သေချာနားမလည်ကြတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့်မလို့ ဒီနေ့မှာတော့ အိပ်စက်ခြင်းမှာဘယ်လိုကောင်းကျိုးတွေရှိသလဲဆိုတာသေချာလေးပြောပြပေးချင်ပါတယ်။

အိပ်စက်ခြင်းဟာပင်ပန်းနွမ်းနယ်မှု‌‌တွေကို အကောင်းဆုံးကုစားတဲ့နည်းလမ်းတစ်ခုအဖြစ်
သိထားကြပါတယ်။ တကယ်တော့သူ့မှာက အဲ့ထက်မကကောင်းကျိုးတွေအများကြီးရှိပါတယ်။ ထင်ရှားတဲ့အချို့အချက်လေးတွေကတော့...

🌃 ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးခြင်း
"အားရှိအောင်အိပ်ပါ"ဆိုတဲ့စကားကိုကျွန်တော်တို့ငယ်ငယ်ကတည်းကမကြားဖူးသူမရှိသလောက်ပါပဲ။ ဟုတ်ပါတယ်၊ အိပ်စက်နေတဲ့အချိန်မှာဆိုခန္ဓာကိုယ်အတွင်းက Cytokines ဆိုတဲ့ပရိုတင်းဓာတ်တစ်မျိုးကိုထုတ်လွှတ်ပေးပါတယ်။
သူကကိုယ်ခံအားစနစ်ကိုအထောက်အကူပြုတဲ့ဆဲလ်တွေကိုကြီးထွားရာမှာကူညီပေးပြီးတော့ ရောဂါပိုးတိုက်ဖျက်တဲ့ဆဲလ်တွေကိုလည်းအ‌‌ထောက်အကူပြုစေပါတယ်။ ဒါကြောင့်မလို့အိပ်ရေး၀တဲ့လူတစ်ယောက်ဟာတော်ရုံရောဂါပိုးတွေကိုအလွယ်တကူခံနိုင်ရည်ရှိနေမှာဖြစ်ပါတယ်။

🌃 နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း
ညဘက် ကျွန်‌တော်တို့အိပ်စက်နေချိန်အတွင်းမှာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့နှလုံးကဲ့သို့သောအရေးကြီးတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ စည်းချက်ညီညီအလုပ်လုပ်ကြရပါတယ်။ နှလုံးခုန်နှုန်းနှင့်သွေးတွင်းဖိအားတွေလျော့ကျနှေးကွေးလာပြီး အသက်ရှုနှုန်းကလည်းပုံမှန်ပြန်ဖြစ်လာပါတယ်။ အဲ့ဒီလုပ်ဆောင်ချက်တွေကပဲတစ်နေကုန်အလုပ်လုပ်ရလို့ပင်ပန်းနေတဲ့နှလုံးရဲ့ဖိအားကိုလျော့ကျစေပြီး နှလုံးကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်။

🌃 မှတ်ဉာဏ်ကောင်းစေခြင်း
ကျွန်တော်တို့လေ့လာသင်ယူရရှိခဲ့သမျှကိုဦးနှောက်က ကောင်းစွာသိုမှီးထိန်းသိမ်းထားနိုင်ဖို့ အတွက် အိပ်စက်ခြင်းကအကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။‌ ဒါ့အပြင်ဆန်းသစ်တဲ့အတွေး‌အခေါ်တွေရရှိဖို့နှင့် မှတ်သားထားတဲ့အရာတွေကိုထိထိရောက်ရောက်အသုံးချနိုင်ဖို့လုံလောက်တဲ့အိပ်ချိန်ကပံ့ပိုးပေးပါတယ်။

🌃ဝိတ်ထိန်းပေးခြင်း
အိပ်ရေးပျက်တဲ့လူတစ်ယောက်ဟာအိပ်သင့်တဲ့အချိန်မှာမအိပ်ဘဲ လှုပ်ရှား‌နေရတဲ့အ‌တွက်စွမ်းအင်ထုတ်သုံးဖို့လိုအပ်လာပါတယ်။ အဲ့ဒီအခါမှာမလိုအပ်ဘဲအစာစားသုံးမှုတွေဖြစ်ပေါ်စေပြီး အများစုက Snack Food‌တွေဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်မှုမကောင်းနိုင်တဲ့အတွက် အစားအသောက်ရွေးချယ်ရာမှာလည်း သင့်တော်တဲ့အစားအသောက်ကိုရွေးချယ်ဖို့အခွင့်အရေးနည်းလှပါတယ်။ ဒီလိုနဲ့ ကယ်လိုရီများတဲ့အစားအသောက်တွေကိုမကြာခဏစားသုံးမိတဲ့အတွက်ကြောင့် ဝိတ်တက်နိုင်ခြေပိုများလာပါတယ်။ ဒီအချက်ကိုရှောင်လွှဲဖို့ဆိုရင် အိပ်ရေး၀၀အိပ်ခြင်းကပဲ ခန္ဓာကိုယ်တွင်းဇီ၀ဖြစ်စဉ်ကိုမှန်ကန်စေပြီးကျန်းမာလှပစေမှာဖြစ်ပါတယ်။

🌃 အသားအရည်လှပစေခြင်း
Skin care ဘယ်လောက်သုံးသုံးမအိပ်ဘဲနဲ့တော့ ကြည်လင်၀င်းပတဲ့အသားအရည်ကိုဘယ်တော့မှရရှိနိုင်မှာမဟုတ်ပါဘူး။ အိပ်စက်ခြင်းဖြင့် အသားအရည်ပေါ်မှာရှိတဲ့ မကောင်းတဲ့ဆဲလ်တွေကိုကုစားပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်ဖို့အတွက်တွန်းအားပေးစေပါတယ်။ အသားအရည်ညစ်နွမ်းခြင်းတွေအပြင် အခြားဆိုးကျိုးတွေဖြစ်တဲ့အသားခြောက်ခြင်း၊ ၀က်ခြံစတဲ့အသားအရည်ပြဿနာတော်တော်များကအိပ်စက်ချိန်နှင့်လုံး၀ကိုသက်ဆိုင်နေပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ တက်ကြွနုပျိုတဲ့အသားအရည်ကိုပိုင်ဆိုင်နိုင်ဖို့ဆိုရင်အိပ်စက်ခြင်းကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါ၀င်နေပါတယ်။

ဒီအချက်လေးတွေကတော့အိပ်စက်ရဲ့ကောင်းကျိုးအချို့ကိုပဲဖော်ပြထားသေးတာပါ။ ကျွန်မတို့ကသာအကြောင်းအမျိုးမျိုးနဲ့လျစ်လျူရှုနေကြပေမဲ့ အိပ်စက်ခြင်းကလူသားတွေရဲ့ဟန်ချက်ကိုထိန်းညှိပေးတဲ့အခြေခံယန္တရားကြီးတစ်ခုပါပဲ။
" Tired minds don't plan,
Sleep first, plan later " ဆိုတဲ့အတိုင်းပဲအိပ်ရေး၀၀အိပ်မှသာဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်ကန်နှင့် အလုပ်လုပ်နိုင်မှာဖြစ်ပါ‌တယ်။ ကိုယ်ကိုယ်တိုင်ကတမင်သက်သက်သော်လည်းကောင်း၊ မရည်ရွယ်ဘဲနှင့်သော်လည်းကောင်း အိပ်ရေးပျက်တဲ့ညတွေများနေပြီဆိုရင် အိပ်စက်ခြင်းရဲ့ကောင်းကျိုးတွေနှင့်မဝေးကွာဖို့အတွက် အိပ်ရေး၀၀အိပ်ဖို့တိုက်တွန်းလိုက်ရပါတယ်ရှင့်🫶🏼❤️

လူငယ်တွေအတွက် အမြဲအသစ်အသစ်တွေယူဆောင်လာပေးသော Desert Gallery ရဲ့ Update ကိုလက်လွတ်မခံရအောင် အောက်က Telegram groupကို Join ပေးကြပါနော်👇🏻👇🏻👇🏻🫶🏻

https://t.me/desertgallery212121



Live Every Moment Of Your Life !!ဒီလိုခေတ်အခြေအနေကြီးမှာ လူတိုင်းလိုလိုတော့ စိတ်ဓာတ်ကျတဲ့အခါတွေ ရှိကြမှာပါ။ မြင့်တက်လာတဲ...
30/07/2024

Live Every Moment Of Your Life !!

ဒီလိုခေတ်အခြေအနေကြီးမှာ လူတိုင်းလိုလိုတော့ စိတ်ဓာတ်ကျတဲ့အခါတွေ ရှိကြမှာပါ။

မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေ၊ ခဲယဉ်းလာတဲ့ ပညာရေးတွေ၊ ရုန်းကန်နေရတဲ့ စားဝတ်နေရေးတွေမှာ ကြပ်တည်းလာတဲ့အခါ “ငါ့ကျမှ ဘာလို့ ဒါမျိုးတွေ ဖြစ်နေရတာလဲ” လို့တွေးဖူးပါသလား?
တခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး “ငါကျတော့ ဒါမျိုးဘာလို့မလုပ်နိုင်ရတာလဲ” လို့ အားမလိုအားမရ ဖြစ်ဖူးပါသလား?

လူတွေဟာ မရနိုင်တဲ့အရာတွေအတွက် ညည်းတွားရင်းနဲ့ ရှိထားတဲ့အရာတွေကို အသိအမှတ်ပြုဖို့မေ့လာကြပါတယ်။

သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေကို ချစ်တယ်လို့ သေချာပြောဖူးခဲ့ပါသလား။
သင့်မိဘကို ကျေးဇူးတင်ပါတယ်လို့ ဘယ်အချိန်က နောက်ဆုံးပြောခဲ့တာပါလဲ။
သင့်မွေးချင်းမောင်နှမတွေကိုရော သင်ဂရုတစိုက်ရှိကြောင်း ထုတ်ပြောခဲ့ဖူးပါသလား။ သင့်ကိုသင်ရော တော်တယ်လို့ ချီးကျူးဖူးပါသလား။

Let’s appreciate every little thing that you do! တစ်နေ့တာ ကိုယ်ပြုလုပ်သမျှ အသေးအဖွဲလေးဆိုရင်တောင်မှ အသိအမှတ်ပြုချီးကျူးကြည့်ပါ။
ဥပမာ ဒီနေ့ ငါ စာမျက်နှာတစ်မျက်နှာ ဖတ်လိုက်နိုင်တာကြောင့် အသိပညာတစ်ခုခုတော့ရသွားပြီ၊ ငါ အဝတ်ဗီရိုရှင်းလိုက်နိုင်တာကြောင့် မမြင်ရတာကြာတဲ့ င်္အကျီလေးပြန်တွေ့တယ်ဆိုတာမျိုးပေါ့။
တစ်နေ့လုံး ဘာမှမလုပ်နိုင်ခဲ့လည်း ငါဒီနေ့တစ်ရက် သေချာအနားယူခဲ့တာပဲ နက်ဖြန် အလုပ်လုပ်နိုင်သွားပြီလို့ တွေးကြည့်လိုက်ရင် ဘဝဟာ နေချင်စရာပါပဲ။

နောက်ပြီး အလုပ်တွေမအားလပ်လွန်းလို့ သင့်အကြိုက်ဆုံးအရာတွေကိုတောင် သတိရနိုင်သေးရဲ့လား။
အကြိုက်ဆုံး စားစရာတွေ၊ အကြိုက်ဆုံးသီချင်းတွေ၊ အကြိုက်ဆုံးနေရာတွေဆိုတာ ဘယ်လိုနည်းနဲ့မှ မေ့ထားလို့မရတဲ့အရာတွေပါပဲ။
မကြာခဏ စားပါ၊ မကြာခဏ နားထောင်ပါ၊ မကြာခဏသွားပါ၊ အချစ်ရဆုံးသူတွေကို မကြာခဏဆက်သွယ်ပါ။ သင့်ရဲ့ဘဝဟာ တကယ့်ကိုနေချင်စရာပါလားလို့ နားလည်လာပါလိမ့်မယ်။

တကယ်တော့ ဘဝတစ်ခုဆိုတာ တိုတိုလေးပါ။ Live, Laugh and Love ဆိုတဲ့အတိုင်း ကိုယ့်ဘဝရဲ့ အချိန်တိုင်းကို သေချာနေထိုင်ပြီး မိမိအနားမှာရှိတဲ့ လူတွေကို တန်ဖိုးထားသင့်ပါတယ်။
အမြဲပျော်ရွှင်နေရမယ်လို့ မဆိုလိုပါဘူး။ ဝမ်းနည်းတဲ့အချိန် ငိုချပစ်မယ်၊ စိတ်ညစ်အားငယ်နေတဲ့အချိန် ရင်ဖွင့်မယ်၊ အရှိကိုအရှိတိုင်း ပြုမူခြင်းကသာ အကောင်းဆုံးနေထိုင်ခြင်းပါပဲ။
အချိန်ဟာ စက္ကန့်နဲ့အမျှ သွားနေပါတယ်။ အဲ့ဒါကြောင့် စက္ကန့်တိုင်းမှာ နောင်တမရှိဘဲ နေထိုင်သွားကြရင်းနဲ့ ကိုယ့်ဘဝကိုယ် ချစ်ကြပါစို့နော်။

Desert Gallery ရဲ့ Update တွေကိုလက်လွတ်မခံရအောင် Telegram Channel လေးကို Join ထားကြပါနော်🫶🏻👇🏻👇🏻👇🏻

https://t.me/desertgallery212121




VPN အစ ဘယ်သူက?အခုအချိန်မှာ social media တစ်ခုခုကို သုံးတော့မယ်ဆိုရင် VPN ချိတ်မရတာ လိုင်းအဆင်မပြေလို VPN တစ်ခုပြီးတစ်ခုပ...
16/07/2024

VPN အစ ဘယ်သူက?

အခုအချိန်မှာ social media တစ်ခုခုကို သုံးတော့မယ်ဆိုရင် VPN ချိတ်မရတာ လိုင်းအဆင်မပြေလို VPN တစ်ခုပြီးတစ်ခုပြောင်းချိတ်ရတယ် ဆိုတာတွေက မြန်မာနိုင်ငံလူတွေနဲ့ ရင်းနှီးနေတဲ့ ဖြစ်စဉ်တစ်ခုဖြစ်မယ်ထင်ပါတယ်။
Facebookတစ်ခါကြည့်ဖိုအရေး ဟိုပြောင်းဒီပြောင်း ဘယ် VPN အဆင်ပြေလဲလိုက်ရှာရနဲ့ VPN တွေလည်း အကုန်စုံနေလောက်ပါပြီ။
မြန်မာနိုင်ငံမှာ VPN ဆိုတာက ဂယက်တစ်ခုလိုမျိုး ဖြစ်နေတယ်လိုတောင် ပြောလိုရပါတယ်။
ဆိုတော့ ခုချိန်မှာ hot ဖြစ်နေတဲ့ VPN ဆိုတာကို ဘယ်သူကအရင်ဆုံးတီထွင်ခဲ့တာလဲ?🤔

VPN ကိုတီထွင်ခဲ့သူအကြောင်းမပြောခင် VPN အကြောင်းကို ပထမဆုံးပြောချင်ပါတယ်။
VPN ရဲ့ long term ကတော့ "Virtual Private Network" ဖြစ်ပါတယ်။ VPN က internet အသုံးပြုတဲ့အခါမှာ ကိုယ့်ရဲ့ အင်တာနက်ချိတ်ဆက်မှုကို ပိုပြီးလုံခြုံစေပြီးတော့မှ private ဖြစ်စေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ online activities တွေကို တခြားသူတွေမမြင်ရအောင် hide လုပ်ထားပေးမယ့် secret tunnel တစ်ခုဆိုလည်း မမှားပါဘူး။
ကိုယ့်ရဲ့ data တွေကို စာဝှက်ပြီးတော့မှ personal information တွေကို hackers တွေဆီက ကာကွယ်ပေးတာ၊ IP address တွေကို ဖုံးထားပြီးတော့ ကိုယ့်ရဲ့ဧရိယာအတွင်းမှာ ကြည့်ရှုဖို့ကန့်သတ်ထားတဲ့အကြောင်းအရာတွေ Website တွေကို ဝင်ရောက်ကြည့်ရှုလို့ရအောင်လည်း ဆောင်ရွက်ပေးပါသေးတယ်။
အရှင်းဆုံးအနေနဲ့ပြောရရင်တော့ VPN ဆိုတာက အင်တာနက်အသုံးပြုမှုကို Safe & Private ဖြစ်စေတဲ့ တကယ်ကို အသုံးဝင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ 📡

Internet က Business နဲ့ Personal Communication ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်လာတာတဲ့အတွက် Internet အသုံးပြုမှုများလာတာကြောင့် Data security & Privacy အပိုင်းမှာ စိုးရိမ်စရာတွေ ဖြစ်ပေါ်စေပြီး Online Communication ကို ကာကွယ်ဖို့အတွက် 1990 ခုနှစ်မှာ VPN ရဲ့ Concept ပေါ်ထွက်လာခဲ့ပါတယ်။

🧑‍💻Inventor - Gurdeep Singh Pall

VPN Technology ရဲ့ တီထွင်သူက‌တော့ အိန္ဒိယ-အမေရိကန် ကွန်ပျူတာသိပ္ပံပညာရှင်လည်းဖြစ်သလို Microsoft ရဲ့ Corporate Executive လည်းဖြစ်တဲ့ "Gurdeep Singh Pall" ပဲဖြစ်ပါတယ်။
Pall ကို အိန္ဒိယနိုင်ငံမှာမွေးဖွားခဲ့ပြီးတော့ University of Oregon ကနေ M.S 🎓ဘွဲ့ကိုရခဲ့ပြီး Microsoft ကို 1990မှာ အလုပ်စဝင်ခဲ့ပါတယ်။ Pall က Windows NT ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ Windows Networking အတွက် အထွေထွေမန်နေဂျာဖြစ်လာခဲ့ပါတယ်။ 1996ခုနှစ်မှာ Pall နဲ့ Microsoft မှ သူရဲ့အဖွဲ့သားတွေက VPN ရဲ့အစဖြစ်တဲ့ "Peer-to-Peer Tunneling Protocol" (PPTP) ကို ဖန်တီးခဲ့ကြပါတယ်။
အဲ့ဒီအတွက် PC Magazine မှ "Innovation of the Year" ဆုကို ချီးမြှင့်ခဲ့ပါတယ်။

PPTPက ဝေးလံခေါင်သီတဲ့နေရာမှာနေထိုင်တဲ့ ဝန်ထမ်းတွေနဲ့ Corporate Network ကြားမှာ လုံခြုံတဲ့ဆက်သွယ်မှုရှိစေဖို့အတွက် ဖန်တီးထားတာပဲဖြစ်ပါတယ်။
Data packet တွေကို သေချာသိမ်းဆည်းပေးပြီး Internetအသုံးပြုတဲ့အခါမှာ Private ဖြစ်တယ်ဆိုတာ သေချာစေဖို့ dataတွေကို Encrypted လည်းလုပ်ပေးထားပါတယ်။
ဒီဖန်တီးမှုက စီးပွားရေးလုပ်ငန်းတွေကို Public Internet ပေါ်မှာ ကိုယ့်ရဲ့ Private Network တွေကို လုံခြုံစွာနဲ့ ထားနိုင်ပြီးတော့ ဝန်ထမ်းတွေက ဝေးလံတဲ့နေရာတွေကလည်း ကုမ္ပဏီရဲ့ Resource တွေကို ရယူသုံးစွဲစေနိုင်ပါတယ်။

PPTP ကို ဖန်တီးလိုက်တာက ယနေ့ခေတ်မှာ အသုံးပြုနေကြတဲ့ VPN ရဲ့အစပဲဖြစ်ပါတယ်။
နှစ်တွေကြာပြီးတဲ့နောက်မှာ အသုံးပြုရလွယ်ကူစေဖို့အတွက် VPN Technology က Encryption methods, Security protocols တွေနဲ့ ဖွံ့ဖြိုးလာပါတယ်။
Open VPN, IPSec, Wire Guard တို့လိုမျိုး ခေတ်မီ VPN Protocols တွေက မူလ PPTP နဲ့နှိုင်ယှဉ်မယ်ဆိုရင် ပိုလုံခြုံမှုရှိပြီးတော့ လုပ်ဆောင်နိုင်စွမ်းလည်းပိုမြင့်ပါတယ်။
PPTP တီထွင်မှုကစတင်ပြီး ယနေ့ခေတ် VPN Technology က အတော်များများ ဖွံ့ဖြိုးလာပြီး စီးပွားရေးအတွက်သာမကပဲ အချင်းချင်း Internet ကနေတစ်ဆင့် Communication လုပ်တဲ့အခါမှာ မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်လာပါတယ်။
1996 ခုနှစ်မှာ Gurdeep Singh Pall နဲ့ သူရဲ့အဖွဲ့ဝင်တွေက Microsoft မှာ VPN Technology ကို တီထွင်ခဲ့ခြင်းက Internet security & Privacyကို ပိုပြီးတော့ Safe ဖြစ်စေခဲ့ပါတယ်။

Pall က VPN Technology တင်မကပဲ Microsoft မှာ အလုပ်လုပ်တဲ့ 33 နှစ်တာအတွင်း Windows Real-time Communications, Microsoft Teams, Lync, Skype နဲ့ Bing တို့လို့ Project တွေကို ဦးဆောင်ခဲ့ပါသေးတယ်။
Microsoft ရဲ့ Business AI နဲ့ Product Incubations အတွက်လည်း Corporate Vice President ဖြစ်ခဲ့ပါတယ်။
2023 ခုနှစ်မှာ Pall က Qualtrics ကို ဝင်ရောက်ခဲ့ပြီးတော့ AI Strategy ၏ President အဖြစ် အလုပ်ပြောင်းကာ Artificial Intelligence Field မှာ ဆန်းသစ်မှုတွေ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
VPN Technology နဲ့ Tech Industry အတွက် Pall ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေဟာ အခြေခံအုတ်မြစ်အနေနဲ့ အများကြီးပါဝင်တဲ့အတွက်ကြောင့် လေးစားဂုဏ်ပြုသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

နောက်ထပ်အသစ်အသစ်‌‌ေတွတင်မယ့် Desert Gallery ရဲ့ Update တွေကိုလက်လွတ်မခံရအောင် Telegram Channel ကို Join ပေးထားကြနော်👇🏻👇🏻👇🏻

https://t.me/desertgallery212121


Media Partnership AnnouncementMYEO 🤝 Desert Galleryအိမ်ကမောင်လေး/ညီမလေးတွေအတွက် Share ပေးဖို့ မမေ့ပါနဲ့။‼️MYEO  ကနေ ပြုလ...
04/07/2024

Media Partnership Announcement
MYEO 🤝 Desert Gallery

အိမ်ကမောင်လေး/ညီမလေးတွေအတွက် Share ပေးဖို့ မမေ့ပါနဲ့။‼️

MYEO ကနေ ပြုလုပ်တဲ့ Youth Skills Development program မှာ Desert Gallery Organization ကလည်း Media Collaboration အနေနဲ့ပါဝင်ထားပါတယ်။

ဆယ်ကျော်သက်အရွယ်ဆိုတာ
လောကကြီးထဲကို တိုးဝင်ဖို့
လိုအပ်တာတွေကို စပြီးသင်ယူနေတဲ့အရွယ် ဖြစ်ပါတယ်။

အဲ့ဒီအရွယ်မှာ Life အတွက်ရော၊ Career အတွက်ရော လိုအပ်တဲ့ Skills တွေကို ဖြည့်ထားမယ်ဆိုရင်တော့ တကယ်တမ်းအလုပ်လုပ်ရတဲ့အခါ
ပိုပြီးလွယ်ကူပါလိမ့်မယ်။

ဒါကြောင့် အသက်(၁၃)ကနေ (၂၀)အရွယ်
ဆယ်ကျော်သက်လူငယ်တွေအတွက်
တကယ်လိုအပ်တဲ့ Skills တွေကို (အခမဲ့) သင်ပေးမယ့်

“Youth Skills Development Program” (Batch-1)
လာပါပြီ။

ဒီ Program မှာ ဘာတွေရသွားမှာလဲဆိုရင်
✅အလုပ်ခွင်အတွက် Digital Skills တွေကို အသုံးချတတ်သွားမယ်။
✅အလုပ်ဝင်ဖို့ အဆင်သင့်ပြင်ဆင်တတ်သွားမယ်။
✅ပြီးရင် ဘဝကြီးမှာ ရှင်သန်ဖို့ လိုအပ်မယ့် Resilient Skills တွေနဲ့ Interpersonal Skills တွေကိုလည်း ရသွားမယ်။
✅Bonus အနေနဲ့ Agriculture Technical Skills တွေကိုလည်း ပေးသွားဦးမှာပါ။

ပြီးတော့ ဒီ Skills တွေက MYEO က လိုအပ်တယ်ထင်လို့ ပေးတာမျိုးမဟုတ်ပါဘူး။ အဓိကရည်ရွယ်တဲ့ Audience တွေဖြစ်တဲ့ အသက်(၁၃)ကနေ (၂၀)အတွင်း လူငယ်တွေကို Focus Group အနေနဲ့ မေးမြန်းပြီး သူတို့ရဲ့ အမြင်၊ လိုအပ်ချက်နဲ့ လိုလားချက်‌တွေအရ စီစဉ်ထားတာပါ။

ဒါကြောင့် တကယ်ကို Quality ရှိပြီး အသုံးကျမယ့် Skills တွေကို လေ့လာရမှာပါ။🤩

ဆိုတော့ အသက်(၁၃)ကနေ (၂၀)အရွယ် ကိုယ့်ရဲ့ညီ/မောင်/ညီမတွေအတွက် ဒီအခွင့်အရေးကို Share ပေးဖို့ မမေ့နဲ့‌နော်။🚨

Registration Link⬇️
https://m.me/myeo.hub?ref=youth_skills_program

(စာမကျတာ၊ မှားနှိပ်မိတာမျိုးဖြစ်ရင် MYEO Messenger မှာပဲ youth skills program ဆိုတဲ့ Keyword ပို့လိုက်လို့ရပါတယ်။)

စာရင်းပေးတဲ့အခါ Telegram Group ရအောင်ယူထားပြီး Group ထဲ Join ဖို့ မမေ့ပါနဲ့နော်။🤗





28/06/2024
📣 ❝ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ❞🤝🏼🌈 𝗠𝗘𝗟𝗜𝗦𝗦𝗔 ကပြုလုပ်ပေးသွားမဲ့ ❝ Rise Up With Pride ❞ on ground panel discussion လေး...
27/06/2024

📣 ❝ 𝗠𝗲𝗱𝗶𝗮 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 ❞🤝🏼

🌈 𝗠𝗘𝗟𝗜𝗦𝗦𝗔 ကပြုလုပ်ပေးသွားမဲ့ ❝ Rise Up With Pride ❞ on ground panel discussion လေးမှာ 𝟑𝐙𝐞𝐫𝐨 𝐇𝐨𝐮𝐬𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 က Venue Sponsor အနေနဲ့ ပါဝင်ထားတာဖြစ်ပြီးတော့ Media Partnership အနေနဲ့ အတူပါဝင် လက်တွဲသွားကြမဲ့ Organisation တွေ ကိုလည်း တင်ပြပေးလိုက်ပါတယ်နော်.. ။📣

🌈 LGBTQ++ တွေရဲ့ ဖြစ်တည်မှုကို အသိအမှတ် ပြုလေးစားဖို့နဲ့ တန်းတူညီမျှစွာ အခွင့်အရေးရရှိဖို့အတွက် နှစ်စဉ်နှစ်တိုင်း ဇွန်လကို Pride month အဖြစ် သတ်မှတ်ခဲ့ကြပြီးတော့ အခုခေတ်မှာ LGBTQ++ community နဲ့ ပတ်သက်တဲ့ ခံယူချက် တွေ၊ လူ့အဖွဲ့အစည်းအတွင်းလက်ခံမှု၊ အမြင်တွေဟာ အရင်ကထက်စာရင် ပွင့်လင်းလာပြီဆိုပေမယ့် နေရာတော်တော်များများမှာ ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်ခံရမှုတွေကို အခုထိတိုင် ခံစားနေရဆဲဖြစ်ပါတယ်။‼️

🌈 ဒါကြောင့် Le***an, Gay, Bisexual, Transgender, Qu**rs, Asexual စတဲ့ LGBTQ++ community ရဲ့ ခွဲခြားဆက်ဆံခံရမှု၊ ဘဝရပ်တည်မှု၊ ခံစားမှု၊ ဘဝအတွေ့အကြုံ စတာတွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်ဆွေးနွေးနိုင်မယ့် ❝ Rise Up With Pride ❞ ဆိုတဲ့ on ground panel discussion လေးတစ်ခုကို ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ ဒီ program လေးကိုတော့ 𝗠𝗘𝗟𝗜𝗦𝗦𝗔 ရဲ့ ဦးဆောင်မှုနဲ့အတူ…………

▪️Rainbow Platform
▪️Hyper Sharing Organization
▪️For The Future Myanmar
▪️Hypen
▪️Sii Puu
▪️အမျိုးသမီးများအားထားရာ
▪️The Convo
▪️Better for Youths
▪️Desert Gallery
▪️Better Tomorrow
▪️Here Youth

စတဲ့ Organisation တွေက Media Partnership အနေနဲ့ ပါဝင်အားဖြည့်ပေးထားတာဖြစ်ပြီးတော့ ~Your Organisation Name ~ ကလဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်..။

🌈 ဒီ event လေးမှာတော့ …
LGBTQ++ တွေရဲ့ အကြောင်းကို မတူညီတဲ့နယ်ပယ်အသီးသီးက Panelists တွေနဲ့အတူ သူတို့ရဲ့ ဘဝအတွေ့အကြုံတွေအပါအဝင် တခြား LGBTQ++ community ကို ဘယ်လို အားပေးကူညီနိုင်မလဲဆိုတာတွေကို သိရှိရမယ့်အပြင် တခြားသော စိတ်ဝင်စားဖွယ်ရာ Art & Craft Session, Game Session တွေလည်းပါဝင်ဦးမှာဖြစ်လို့ အခု Program လေးကို Sunday ရဲ့ ပိတ်ရက်မှာ လက်လွှတ်မခံပဲ တက်ရောက်ဖို့ အခုပဲ စာရင်း သွင်းလိုက်တော့နော်..။ 🎀

🖇️ Registration Link : https://shorturl.at/F8SyX

‼️ Limited audience up to 50 participants ဖြစ်တာကြောင့် လက်မနှေးဖို့တော့လိုမယ်နော်‼️

Program Details : https://shorturl.at/VGlFk
🗓️Date : 30th June 2024 (Sunday)
🕰️Time : 12 PM - 4 PM
📍Location : 3ZERO House Myanmar, No.167, 47th Street (Upper Block), Botahtaung Township
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
🩸𝗠𝗘𝗟𝗜𝗦𝗦𝗔 က ကောင်းမွန်လုံခြုံတဲ့ရာသီလာခြင်းဆိုင်ရာ တကိုယ်ရည် သန့်ရှင်းရေးစီမံခန့်ခွဲမှု (menstrual hygiene management) ကို တဖက်တလမ်းက ပံ့ပိုးပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ် လျက်ရှိတဲ့ ❝ တစ်ထုပ်ဝယ်ယူ တစ်ထုပ်ကူ 🩸❞ ဆိုတဲ့ Menstrual Products Contribution Movement လေးကတစ်ဆင့် ရာသီလာခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာတွေ၊ လစဉ်သုံးပစ္စည်းများ ပံ့ပိုးပေးခြင်းနဲ့ ရာသီလာခြင်းအပေါ်မှာ လွဲမှားစွာပြောနေကြတဲ့ အယူအဆမှားတွေနဲ့ အမည်းစက်တွေကို လျှော့ချပယ်ဖျောက်ပေးခြင်းတို့မှာ m.me/melissagcw ကတစ်ဆင့် အခုပဲ ပါဝင်လိုက်ပါ..။ 🩸🔴
~~~
🔸Instagram
https://shorturl.at/iLM12
🔸LinkedIn
https://t.ly/r2G_R
🔸Threads
https://t.ly/K-w9P
🔸 Telegram
https://t.me/melissagcw
https://t.me/watchtolearnMLS




#တစ်ထုပ်ဝယ်ယူတစ်ထုပ်ကူ




25/06/2024

လူငယ်များရဲ့ လောကဓံရိုက်ခတ်မှုများကို ပြေလည်အောင်ဖြေရှင်းနိုင်မည့် နည်းလမ်းလေးကို Desert Gallery ကနေ မျှဝေပေးလိုက်ပါပြီဗျ😍

လူငယ်တွေအတွက် အကျိုးရှိစေမယ့် အခွင့်အလမ်းများစွာကို မပြတ်တင်ပေးနေတဲ့အတွက် Desert Gallery ရဲ့ Telegram Channel လေးကို Join လိုက်ကြတော့နော်။🫶

https://t.me/desertgallery212121



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Desert Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Desert Gallery:

Share