East Dagon Red Cross Branch

East Dagon Red Cross Branch မြန်မာနိုင်ငံကြက်ခြေနီအသင်း
(ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်)

ရှေးဦးပြုစုခြင်းအခြေခံ(၃/၂၀၂၅)သင်တန်းဖွင့်လှစ်_____________________________________________၂၀၂၅ခုနှစ်၊ဩဂုတ်လ၊၃၀ရက်။မြန်မ...
30/08/2025

ရှေးဦးပြုစုခြင်းအခြေခံ(၃/၂၀၂၅)သင်တန်းဖွင့်လှစ်
_____________________________________________

၂၀၂၅ခုနှစ်၊ဩဂုတ်လ၊၃၀ရက်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ဒဂုံမြို့သစ်
(အရှေ့ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့ နှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍
ရှေးဦးပြုစုခြင်းအခြေခံ(၃/၂၀၂၅)သင်တန်းအား အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၆.၈.၂၀၂၅ မှ ၂၈.၈.၂၀၂၅ရက်နေ့အထိ စာ‌တွေ့လက်တွေ့သင်ကြားပို့ချခဲ့ရာ အဆိုပါကျောင်းမှ သင်တန်းသား/သူ(၃၀)ဦး တက်ရောက်လေ့လာ
သင်ကြားခဲ့ပါသည်။



ကုရ်ဘာနီပွဲတော်တွင်ဒဂုံအရှေ့ကြက်ခြေနီမှ ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့____________________________________...
07/06/2025

ကုရ်ဘာနီပွဲတော်တွင်ဒဂုံအရှေ့ကြက်ခြေနီမှ ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့
____________________________________________

၂၀၂၅ခုနှစ်၊ ဇွန်လ၊ ၇ရက်နေ့။

၂၀၂၅ခုနှစ် ကုရ်ဘာနီပွဲတော်တွင် မတော်တဆထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုပေးခြင်းနှင့် ဆေးရုံသို့ညွှန်းပို့ပေးခြင်းကို ဒဂုံမြို့သစ်အ‌ရှေ့ပိုင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာ့လုပ်အားရှင်များက ကြက်ခြေနီအခြေခံမူ(၇)ချက်နှင့်အညီ ဆောင်ရ္ဧွက်ပေးခဲ့ကြပါသည်။



အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများတွင်ဒဂုံအရှေ့ကြက်ခြေနီမှပါဝင်ကူညီပေးလျက်ရှိ______________________________________၂၀၂၅ခုနှစ်၊...
01/06/2025

အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများတွင်ဒဂုံအရှေ့ကြက်ခြေနီမှပါဝင်ကူညီပေးလျက်ရှိ
______________________________________

၂၀၂၅ခုနှစ်၊ ဇွန်လ၊ ၁ရက်နေ့။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်းရှိ အမှတ်၇ရပ်ကွက်၊ ၈ရပ်ကွက်၊ ၁၁ရပ်ကွက်၊ ၁၂ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် စသည့်အသိပညာပေးခြင်းလုပ်ငန်းများအား
ဒဂုံအရှေ့မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်အတူပူးပေါင်းကာ ၂၆.၅.၂၀၂၅ မှ ၃၀.၅.၂၀၂၅ ရက်နေ့ထိ မြို့နယ်ကြက်ခြေနီအသင်းခွဲမှစေတနာ့လုပ်အားရှင်များက ကူ‌ညီဆောင်ရွက်ပေးခဲ့ကြပါသည်။


#သွေးလွန်တုပ်ကွေး
#အဘိတ်ဆေးခပ်

ကမ္ဘ့ာကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားနှင့်စုပေါင်းသန့်ရှင်းရေးကျင်းပပြုလုပ်ခဲ့________________________________________၂...
10/05/2025

ကမ္ဘ့ာကြက်ခြေနီနေ့အထိမ်းအမှတ်အခမ်းအနားနှင့်စုပေါင်းသန့်ရှင်းရေးကျင်းပပြုလုပ်ခဲ့
________________________________________

၂၀၂၅ခုနှစ်၊ မေလ၊ ၁၀ရက်နေ့။

ကြက်ခြေနီရဲ့ဖခင်ကြီး မစ္စတာဟင်နရီဒူးနန့်ကို ဂုဏ်ပြုကျင်းပသော (၇၇)ကြိမ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားအား မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် အကျဉ်းချုံး၍ ပြုလုပ်ခဲ့ပြီး
အမှတ်(၁၃)ရပ်ကွက်ရှိ အကျွတ်အလွတ်စေ‌တီတော်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အင်အား ၁+၃၂ဦးဖြင့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုကာ စုပေါင်းသန့်ရှင်း‌ရေးကိုကုသိုလ်ယူဆောင်ရွက်ခဲ့ကြပါသည်။



ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသည်းရောင်အသားဝါ(အေ) ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် သတိပေးချက်ထုတ်ပြန်ခြင...
02/03/2025

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသည်းရောင်အသားဝါ(အေ) ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် သတိပေးချက်ထုတ်ပြန်ခြင်း

ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၁)ရက်နေ့။မြန်မာနိုင်ငံကြက်ခြေနီအသင်း၏လမ်းညွှန်မှုဖြင့...
11/02/2025

ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၁)ရက်နေ့။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏လမ်းညွှန်မှုဖြင့်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများအား မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများဖြစ်သော
အ.လ.က (၁)အခြေခံပညာအလယ်တန်းကျောင်း နှင့်
အ.မ.က (၄) အခြေခံပညာမူလတန်းကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၆၀)ဦးအား ရှေးဦးပြုစုခြင်းအတက်ပညာများကို နည်းပြဆရာများမှ (၅.၂.၂၀၂၅ မှစ၍ ၁၀.၂.၂၀၂၅အထိ) စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ပါသည်။

Address

7ward, East Dagon
Yangon

Telephone

+959421109680

Website

Alerts

Be the first to know and let us send you an email when East Dagon Red Cross Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share