အေးရိပ် တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ

  • Home
  • Myanmar
  • Yangon
  • အေးရိပ် တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ

အေးရိပ် တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ Pure and undefiled religion before God the Father is this: to care for orphans and widows. James 1:27

ကလေးများအတွက် Christmas မေတ္တာလက်ဆောင်များနဲ့ လှူဒါန်းပေး​သော Star Secret Korea ကို ကျေးဇူးအထူးထင်ပါတယ်။
06/01/2026

ကလေးများအတွက် Christmas မေတ္တာလက်ဆောင်များနဲ့ လှူဒါန်းပေး​သော Star Secret Korea ကို ကျေးဇူးအထူးထင်ပါတယ်။

Christmas Gift ကလေးများအတွက် ခရစ္စမတ်လက်ဆောင်စီစဉ်ပေးသော အမ Kim Kim (US) နဲ့ သူငယ်ချင်းများအပေါ် ဘုရားရှင် သာ၍ ကောင်းကြီ...
27/12/2025

Christmas Gift
ကလေးများအတွက် ခရစ္စမတ်လက်ဆောင်စီစဉ်ပေးသော အမ Kim Kim (US) နဲ့ သူငယ်ချင်းများအပေါ် ဘုရားရှင် သာ၍ ကောင်းကြီးပေးပါစေ။

Birthday Lunch 27.12.2025မွေးနေ့အလှူရှင် မငုဝါ အသက်(၄၂)နှစ်ပြည့်အလှူအဖြစ် ကလေးများအားနေ့လည်စာနှင့် အအေး လှူဒါန်းခဲ့ပါသည်...
27/12/2025

Birthday Lunch 27.12.2025
မွေးနေ့အလှူရှင် မငုဝါ အသက်(၄၂)နှစ်ပြည့်အလှူအဖြစ် ကလေးများအားနေ့လည်စာနှင့် အအေး လှူဒါန်းခဲ့ပါသည်။
မွေးနေ့မှစ၍နောင်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်ဝမ်းမြောက်စွာဖြတ်သန်းရနိုင်ပါစေဟုဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

#အေးရိပ်တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ

Christmas Gift 🎁Elim ကလေးများအတွက် ခရစ္စမတ်လက်ဆောင်၊ ပစ္စည်းလက်ဆောင် အမျိုးမျိုးနဲ့ အလှူငွေများ လှူဒါန်းပေးသော Star Secr...
27/12/2025

Christmas Gift 🎁

Elim ကလေးများအတွက် ခရစ္စမတ်လက်ဆောင်၊ ပစ္စည်းလက်ဆောင် အမျိုးမျိုးနဲ့ အလှူငွေများ လှူဒါန်းပေးသော Star Secret Korea company CEO နှင့် လာရောက်မေတ္တာပြသော အဖွဲ့များအား ကျေးဇူးအထူး တင်ရှိပါတယ်။

ပေးကမ်းလှူဒါန်းသော company အပေါ် သာ၍ လုပ်ငန်း၌ အောင်မြင်ခြင်း၊ ကြွယ်ဝခြင်းများ ဘုရားရှင်၏ ကောင်းကြီးများ သက်ရောက်ပါစေ။

24/12/2025

Fun Memories day
Pre-Christmas Lunch Elim Family

Another Christmas gift to be thankful for 🎁Thank your our elim former senior sister blessed the kids for the Christmas s...
24/12/2025

Another Christmas gift to be thankful for 🎁
Thank your our elim former senior sister blessed the kids for the Christmas shirts and shared a beautiful time of testimony, game, worship and prayers together. Thank you for your love. May God’s anointing and favor be upon you!

ထပ်ဆင့် ခရစ်စမတ်လက်ဆောင်🎁
Elim senior အမ Dim En မှ ကလေးများအတွက် Christmas အင်္ကျီ လက်​ဆောင် ပေးကမ်းပြီး သက်သေခံခြင်း၊ ဂိမ်းကစားခြင်း၊ ကိုးကွယ်ခြင်းနှင့် ဆုတောင်းခြင်းပါ အချိန်ပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။
အမ Dim En အ​ပေါ်​ ဆက်လက်ပြီး ဘု​ရား​သ​ခင်​ရဲ့ ဘိ​သိက်​နဲ့အတူ ဆက်လက် အသုံးပြုပါစေ။

Fun times, full hearts and full tummy 🍗❤️ A big THANK YOU to Sayar Pau Thawn & Family (USA) for blessing Elim Kids with ...
23/12/2025

Fun times, full hearts and full tummy 🍗❤️
A big THANK YOU to Sayar Pau Thawn & Family (USA) for blessing Elim Kids with New Uniform and a joyful pre-christmas lunch. May God continue blessing abundantly over your family ✨

ပျော်စရာအချိန်၊ ဝမ်းမြောက်ခြင်းအပြည့်
Elim ကလေးများအတွက် Uniform အသစ်များနှင့် ခရစ္စမတ်အကြိုနေ့လည်စာဖြင့် ကောင်းချီးပေးသော ဆရာပေါင်ထွန်းနှင့်မိသားစုအား ကလေးများမှ အရမ်းကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီး ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာများစွာ သွန်းလောင်းပါစေ။


Happy Birthday 🎉 ဆရာမဇမ်နူး (Dean of Elim Home) ယနေ့ကျရောက်သော ဆရာမဇမ်နူး၏မွေးနေ့နှင့် ဆရာမ၏ သစ္စာရှိစွာ ပါဝင်သော အသက်တာ...
11/10/2025

Happy Birthday 🎉
ဆရာမဇမ်နူး (Dean of Elim Home)

ယနေ့ကျရောက်သော ဆရာမဇမ်နူး၏မွေးနေ့နှင့် ဆရာမ၏ သစ္စာရှိစွာ ပါဝင်သော အသက်တာအားဖြင့် ဘုရားသခင် ကျေးဇူးတော်ချီးမွမ်းပါတယ်။
ဂေဟာတွင် ကလေးအယောက် ၁၂၀ကျော်ကို ကျွေးမွေးပြုစု၊ ဦးဆောင်ပေးခဲ့ကာ မေတ္တာ၊စေတနာ ဖြင့် မိခင်/ဆရာမ နေရာ၌ အပြည့်အဝတာဝန်ယူဆက်ကပ်ခြင်းအားဖြင့် Elim Home တွင် များပြားသော ကောင်းကြီးမင်္ဂလာများ ရိတ်သိမ်းခွင့် ရခဲ့ပါတယ်။
ဆက်လက်ပြီး အဖဘုရားသခင်ထံမှ အသစ်သောခွန်အားနှင့် ဦးဆောင်နိုင်ရန် ဆုတောင်းကောင်းကြီးပေးပါတယ်။

On this special day, we thank God for the birthday of Zam Nu and for her faithful and dedicated life of service.
She has lovingly cared for and led over 120 children at the Home, serving wholeheartedly with compassion and commitment in the role of both mother and teacher. Through her devotion, Elim Home has reaped many blessings and good fruits.
We pray that our Heavenly Father will continue to bless her with renewed strength and guidance for the journey ahead.

ဖေဖေ ဦးလွင်မောင်မောင် +မေမေ ဒေါ်အေးမိုးသူ တို့ ၏ချစ်သမီးလေး မသွင်းသီရိမေ၏ (4)နှစ် ပြည့် မွေးနေ့အလှူ  🎂🥰ဒီနေ့ (25.8.2025)...
24/08/2025

ဖေဖေ ဦးလွင်မောင်မောင် +မေမေ ဒေါ်အေးမိုးသူ တို့ ၏ချစ်သမီးလေး မသွင်းသီရိမေ၏ (4)နှစ် ပြည့် မွေးနေ့အလှူ 🎂🥰
ဒီနေ့ (25.8.2025) ကျရောက်တဲ့မွေးနေ့မှ စ၍နောင် နှစ်ပေါင်းများစွာ ဖေဖေ မေမေ နဲ့ ဖိုးဖိုး ဖွားဖွား နဲ့ မိသားစု အတွက် အဖိုးတန် သမီး ရတနာ ဖြစ်နိုင်ပါစေ၊ လိုအင်ဆန္ဒများ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။❤️

01/06/2025

🎊၂၃ နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း🎊
၂၀၀၂ ခုမှ စတင်၍ ယနေ့ ၂၀၂၅ခုနှစ် ထိ ကလေး
အယောက် ၁၆၀ကျော်ခန့်ကို ပြုစု ပျိုးထောင်နိုင်ခဲ့ပါတယ်။
ယခု ၂၀၂၅ ခုနှစ်တွင် ကလေး ၅၀ယောက်ခန့်ကိုလည်းပညာသင် ပြုစုပျိုးထောင်နေပါတယ်။
ပါဝင်လှူဒါန်းသော အသင်းတော်၊ ဂတိငွေအားဖြင့် ပါဝင်သော ရပ်နီးရပ်ဝေးရှိ မိသားစု/အသင်းတော်များ
နှင့် အလှူဒါနအသီးသီးအားဖြင့် ပါဝင်ပေးကမ်းသော စေတနာအလှုရှင်အသီးသီးပေါ်၌ ကျေးဇူးတင်ပါတယ်။



Song: See A Victory | Elevation Worship

၂၀၂၃-၂၀၂၄ (၂၄၊၁၊၂၀၂၅) ပညာသင်နှစ် ပညာရည်ချွန်ဆု​ပေးပွဲ တွင် အေးရိပ် ကလေး ၃ ယောက်မှ ဆုအသီးသီး ဆွတ်ခူးနိုင်မှုအပေါ် ဂုဏ်ပြု...
21/04/2025

၂၀၂၃-၂၀၂၄ (၂၄၊၁၊၂၀၂၅) ပညာသင်နှစ် ပညာရည်ချွန်ဆု​ပေးပွဲ တွင် အေးရိပ် ကလေး ၃ ယောက်မှ ဆုအသီးသီး ဆွတ်ခူးနိုင်မှုအပေါ် ဂုဏ်ပြု ချီးမြင့်ပါတယ် 👏🎊

🏆 မောင် ပန်တွောင် Grade 10 အတန်း အဆင့် A
🏆 မောင် တွောင်ပီး နှင့် မောင် ကျော်မြင့်အောင် အားကစားဆုများဖြင့် အောင်မြင်စွာ ဆွတ်ခူး နိုင်ခဲ့ပါတယ်။

ဒီနေ့ အသက် ၇၀ ပြည့် မွေးနေ့ကျရောက်သော အေးရိပ်ကလေး (Elim ကလေးများ) ရဲ့ ဆရာကြီး ဖေဖေ Pu Khai 🎂ယနေ့ထိ ကျန်းမာစွာနှင့် သားသမ...
07/04/2025

ဒီနေ့ အသက် ၇၀ ပြည့် မွေးနေ့ကျရောက်သော
အေးရိပ်ကလေး (Elim ကလေးများ) ရဲ့ ဆရာကြီး ဖေဖေ
Pu Khai 🎂

ယနေ့ထိ ကျန်းမာစွာနှင့် သားသမီးတို့နှင့်အတူတူ မွေးနေ့ ကျင်းပရသည့်အတွက် အဖဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ဆက်လက်ပြီး သားသမီးတို့အတွက် မားမားမတ်မတ် ရပ်တည်ပြီး ဦးဆောင်နိုင်ဖို့ သက်ရှည်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်း နှင့် ရူပါရုံ အကောင်အထည်များ ဖြစ်ပေါ်လာရန် ဘုရားရှင် ကောင်းကြီးများ သွန်းလောင်းပေးပါစေ။

ဆရာကြီး ဖေဖေ Pu Khai မွေးနေ့ ဂုဏ်ပြုခြင်း
နေ့လည်စာ (နွားတစ်ကောင်) အတွက် ပါဝင်လှူဒါန်းပေးသော နိုင်ငံအသီးသီး၌ ရှိ( USA, Malaysia, Oman, Myanmar) Elim ညီအစ်ကိုအမ များကိုလည်း ကျေးဇူးတင်ကြောင်း နှင့်ဘုရားရှင် ကောင်းကြီးပေးပါစေ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when အေးရိပ် တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share