08/10/2026
ကလေးသူငယ်များနှင့် လူငယ်များအတွက် အရေးကြီးပြီး မဖြစ်မနေ လိုအပ်သည့် လိင်မှုနှင့် မျိုးဆက်ပွားဆိုင်ရာ အသိပညာဗဟုသုတများ လူမှုအသိုက်အဝန်းအတွင်း ရောက်ရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးမှုများကို ပါတနာမိတ်ဘက်အဖွဲ့အစည်းများနဲ့အတူ ပြုလုပ်ခဲ့သည့် ပုံရိပ်များဖြစ်ပါသည်။
Hope In Action Organization ၏ ကြီးမှူးစီစဉ်ဖိတ်ကြားမှုဖြင့် Treat With Me အဖွဲ့အစည်းမှ မြေပြင်ကွင်းဆင်းကာ စက်တင်ဘာလရဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အောက်ပါနေရာများသို့ အစဉ်လိုက် သွားရောက်ပြီး ကလေးသူငယ်နှင့် လူငယ်ဆိုင်ရာ လိင်မှုနှင့်မျိုးဆက်ပွားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြကာ ရန်ကုန်မြို့ရဲ့ နေရာ ၄ နေရာက ကလေးနှင့်လူငယ် ဦးရေ ၂၀၀ ကျော်ကို အောင်မြင်စွာ ထိတွေ့၍ အသိပညာဝေမျှပေးနိုင်ခဲ့ပါသည်။
• ပထမပွဲအဖြစ် Benjamin Education Centre (တောင်ဒဂုံမြို့နယ်)
• ဒုတိယပွဲအဖြစ် မေတ္တာရင်ခွင် ပရဟိတကျောင်း (ဒလမြို့)
• တတိယပွဲအဖြစ် ရေချမ်းစင်စာသင်ဝိုင်း (လှိုင်သာယာမြို့နယ် )
• စတုတ္ထပွဲအဖြစ် မှန်ကင်းကျောင်းတိုက် (သာကေတမြို့နယ်)
ကွင်းဆင်းဆွေးနွေးမှုတလျှောက် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည့် ကလေးသူငယ်များနှင့် လူငယ်များအားလုံးကို ကျေးဇူးတင်ရှိသလို ဤအသိပညာပေးလုပ်ငန်းစဉ် ဖြစ်မြောက်အောင် ကြီးမှူးစီစဉ်ပူးပေါင်းဆောင်ရွက်ဖိတ်ကြားပေးခဲ့သည့် Hope in Action Organization အား Treat With Me အဖွဲ့အစည်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
အသိပညာပေးဆွေးနွေးပွဲများမှ မှတ်တမ်းတင် ဓာတ်ပုံများကို အတူတကွ မျှဝေဖော်ပြအပ်ပါသည်။