Industrial Workers Federation Of Myanmar IWFM

Industrial Workers Federation Of Myanmar IWFM IWFM respects ''Responsibilities and Rights''.

IWFM is an affiliated organization of Ctum Myanmar

IWFM is an affiliated organization of IndustriALL Global Union

Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ  အဓမ္မအလုပ်ထုတ်၊ ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း ...
20/05/2026

Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ်၊ ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း

မေလ ၂၀ ၊ ၂၀၂၆

ရန်ကုန်မြို့အခြေစိုက် Peak Outdoor Yangon Co.,Ltd အထည်ချုပ်စက်ရုံ မန်နေဂျာက လုပ်ပိုင်ခွင့်ကို အလွဲသုံးပြီး အလုပ်သမားတွေကို အပေါ် ရိုင်းစိုင်းစွာ ဆက်ဆံတဲ့အပြင် အကြောင်းပြချက်မရှိဘဲ ဝမ်တိန် (သတိပေးစာ) တွေ အဓမ္မလက်မှတ်ထိုးခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ဖို့ အကွက်ကျကျ လုပ်ဆောင်တယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

*အကွက်ကျကျ ဝမ်တိန်ထိုးခိုင်း၊ နစ်နာကြေးမဲ့ အလုပ်ထုတ် *

စက်ရုံ မန်နေဂျာက EC စာချုပ်ကို ချိုးဖောက်ခြင်း မရှိဘဲ ဝမ်တိန် အတင်းအကျပ် ထိုးခိုင်းခိုင်းပြီး ဝမ်တိန် (၃) ကြိမ်ပြည့်ပါက နစ်နာကြေးပေးဖို့ မလိုဆိုတဲ့ အချက်ကို အလွဲသုံးနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း စကားပြောတာ၊ အရှက်ခွဲတာ၊ မိုက်ခရိုဖုန်းနဲ့ သိက္ခာချတာ၊ အပေါ့အပါးကိစ္စတွေမှာပါဘ ကန့်သတ်ပြီး ဝမ်တိန်ထိုးခဲ့တာလို့ ပြောပါတယ်။

“နားနေချိန်မှာ စက်လိုင်း အချင်းချင်းစကားပြောလို့ ဝမ်တိန်ထိုးခိုင်းတယ်။ အမျိုးသားအလုပ်သမားတွေကို အမျိုးသမီးတွေရှေ့မှာဘဲ အရှက်ကွဲရအောင် ပြောပြီး ဝမ်တိန်ထိုးခိုင်းပြီး အလုပ်ထုတ်တယ်။ မိုက်ခရိုဖုန်းနဲ့ မိသားစုအရေး၊ သမီးရည်းစားကိစ္စပါ ပြောပြီး သိက္ခာချတာ။ အိမ်သာသွားလည်း အချိန် ကြာတယ်ဆိုပြီး ဝမ်တိန်ထိုးခိုင်းတယ်” လို့ပြောပါတယ်။

ဝမ်တိန်လက်မှက်ကို ရုံးခန်းခေါ်ပြီး ထိုးခိုင်းတာဖြစ်ပြီး အလုပ်သမားတွေမှာ ဒီလို လက်မှတ်ထိုးတာ မှန်လား၊ မှားလား စဉ်းစားချိန် မရသလို၊ မငြင်းရဲကြလို့ ထိုးပေးရတာလို့ ပြောပါတယ်။ ဒီလို လက်မှတ် သုံးခါပြည့်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ပြီးနောက် နစ်နာကြေးမပေးဘဲ ထုတ်ပစ်တာလို့ ပြောပါတယ်။

* အလုပ်သမားရုံးနှင့် မီဒီယာများကို ဂရုမစိုက်*

စက်ရုံမန်နေဂျာက အလုပ်သမားရုံး တိုင်ကြားမှုနဲ့ မီဒီယာဖော်ပြမှု ဂရုမစိုက်ကြောင်းကို စက်ရုံအတွင်း မိုက်ခရိုဖုန်းနဲ့ င့် တစ်ရုံလုံးကြားအောင် ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"ငါက အလုပ်သမားရုံးတိုင်လည်း ဂရုမစိုက်ဘူး။ အလုပ်သမားရုံးကလာရင် ပါးစပ်ဟတာနဲ့ ငွေနဲ့ ပါးစပ် ပိတ်ပေးလိုက်မယ်။ မြန်မာလေဘာနယူး (Myanmar Labour News) က သတင်းတက်လည်း ငါက ဂရုမစိုက် ဘူး"လို့ ပြောဆိုတယ်ဆိုပြီး အလုပ်သမားတဦးက ပြောပါတယ်။

*လုပ်ခလစာ ခွဲခြားဆက်ဆံခြင်းနှင့် မတရား ဖြတ်တောက်မှုများ*

လုပ်ငန်းခွင် ဌာနအလိုက် လစာနှုန်းထားတွေကို မန်နေဂျာ စိတ်တိုင်းကျ ခွဲခြားသတ်မှတ်ထားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“စက်လိုင်းတွေက ဒေးကြေး ၁၁၀၀၀ ရတယ်၊ တခြားဌာနတွေတော့ ၁၀၀၀၀ ပဲပေးတယ်။ လုပ်သက်နည်း အလုပ်သမား နေမကောင်းလို့ ရက်ပျက်ရင်ခွင့်မပေးဘူး ချက်ချင်းအလုပ်ထုတ်တာ။ ဂိတ်ပတ်) ယူတော့ တနာရီ ၂,၅၀၀ အဖြတ်ခံရတယ်။ “ လို့ ပြောပါတယ်။

ဆေးခွင့်နှင့် ရှောင်တခင်ခွင့် ၂ ရက်ဆက်ယူလို ဝမ်တိန်ထိုးရတဲ့အပြင် ပြင်ပဆေးခန်းပြလို့ လူမှုဖူလုံရေး ဆေးခွင့်မဟုတ်ဘူး ဆိုကာ ဝမ်တိန်ထိုးခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

*တနင်္ဂနွေနေ့ အဓမ္မ OT ခေါ်ယူခြင်းနှင့် ကလေးလုပ်သား ခေါင်းပုံဖြတ်မှု*

လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမား အများအပြားကို လခစားတွေနဲ့ တန်းတူခိုင်းစေပြီး၊ လုပ်သက် ၃ လပြည့် ပေမဲ့ လခစားအဖြစ် ခန့်အပ်တာ မရှိဘဲ “ အလိုရှိကခေါ်၊ အလိုမရှိက ထုတ်” စနစ်ကို စက်ရုံက ကျင့်သုံးနေတယ် လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“ အသက်မပြည့်တဲ့၁၄ နှစ်၊ ၁၅ နှစ်ကလေးလုပ်သားတွေ’ ကို ခေါ်ခိုင်းပြီး၊ "အသက်မပြည့်ဘူး"ဆိုပြီး နစ်နာကြေးမှမပေးဘဲ အလုပ်က ထုတ်လိုက်တာ” လို့ ပြောပါတယ်။

အလုပ်ပိတ်ရက် တနင်္ဂနွေနေ့မှာ အချိန်ပို ဆင်းဖို့ ဖိအားပေးပြီး မဆင်းပါက "ဟိုကြေးဖြတ်မည်၊ ဒီကြေးဖြတ်မယ်" လို့ ခြိမ်းခြောက်တယ်လို့လည်း ပြောပါတယ်။ အလုပ်ချိန် ၈ နာရီပြည့်လို့ ပြန်လိုတဲ့ အလုပ်သမားတွေကို ဖယ်ရီကား စီစဉ်ပေးဘူးလို့ အလုပ်သမားတွေက ပြောါတယ်။

“လိုင်းကားအဆင့်ဆင့် တိုးပြန်ရတာပေါ့၊ ဖယ်ရီကလည်း လုံလုံလောက်လောက် မရှိပါဘူး။ တချို့မိန်းကလေး တွေဆို ဖယ်ရီကားအနောက် မတ်တပ်ရပ် စီးရတယ်။ စက်ရုံပြောလည်း မသိသလို နေတာပါ” လို့ ပြောပါတယ်။

စက်ရုံမျာ ဆေးပေးခန်းရှိပေမဲ့ အခြေခံ ရှေးဦးသူနာပြုစုဖို့ ဆေးဝါးမရှိဘူးလို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။

လက်ရှိ ဝယ်လွန်အထည်၊ မိုးကာအထည်တွေက ချုပ်လုပ်ရခက်ခဲတဲ့ အထည်တွေဖြစ်ပေမဲ့ လူဦးရေ ၇၀ ရှိ စက်လိုင်းကို တစ်နာရီ ၃၅ ထည်အထိ စက်လိုင်းအောစူပါ၊ စူပါ နဲ့ လီဒါတွေတောင်းပြီး စံချိန်ပြည့်ဖို့ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆို ခိုင်းစေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်တွေက အလုပ်သမားတွေရဲ့ အခက်အခဲ ကို ဖြေရှင်းမပေးဘဲ့ မန်နေဂျာခိုင်းစေတဲ့အတိုင်း လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

Peak Outdoor Yangon Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်၊ လှိုင်သာယာမြိုန့ယ်၊ မြစိမ်းရောင် စက်မှုဇုန်၊ မြခေတ္တာလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်ပါတယ်။ အလုပ်သမား ၇၀၀ ကျော် လုပ်ကိုင်နေပြီး CMP တံဆိပ်အထည်တွေ ချုပ်လုပ်နေပါတယ်။

Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်းမေ ၂၀ ၊ ၂၀၂၆Shwe Myinn Co.,Ltd Washing F...
20/05/2026

Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း

မေ ၂၀ ၊ ၂၀၂၆

Shwe Myinn Co.,Ltd Washing Fact လျှော်ဖွတ် စက်ရုံက လုပ်သား ၁၀၀ ကျော် လျှောချပြီး ကျန် အလုပ်သမားတွေကို လုပ်ငန်းခွင်အတွင်းက နေရာစုံမှာ လိုက်လံ လုပ်ကိုင်ခိုင်းတယ်လို့ ပြောပါတယ်။ စက်ရုံမှာ လုပ်သား ၃၀၀ ကျော်နဲ့ လည်ပတ်ခဲ့ပေမဲ့ မကြာမီကမှ ကအလုပ်သမား ၁၀၀ ကျော်ကို လျော့ချပြီး ကျန်လုပ်သမားများတွေနဲ့ လုပ်ငန်းလည်ပတ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။

“ကျန်တဲ့ အလုပ်သမားတွေကို အထွေထွေသဘောမျိုး ကြုံရာအကုန်ခိုင်းတာ၊ လစာထုတ်တော့ ဘာခံ စားခွင့် မှ မရဘူး ။” လို့ ပြောပါတယ်။

ဌာနပေါင်းစုံက အလုပ်တွေကို အလုပ်သမားတွေ လိုက်လုပ်ပေးရပေမဲ့ ကျွမ်းကျင်ကြေး ကျပ် တစ်သောင်း၊ တစ်သောင်းခွဲ ဝန်းကျင်ကို အပြည့် မရဘူးလို့ ပြောပါတယ်။ စက်ရုံက ရေလျှော်လုပ်ငန်းဖြစ်လို့ ဓာတုပစ္စည်း တွေနဲ့ လုပ်ကိုင်ရပေမဲ့ လုပ်ငန်းခွင်သုံး အကာအကွယ်တွေ ပေးထားတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

“ ဓာတုပစ္စည်းတွေနဲ့ လုပ်ရတာရှိတယ် ၊ လက်အိတ်လုံးဝမပေးထားဘဲ ဒီအတိုင်းဘဲလုပ်ရတာ” လို့ ပြောပါတယ်။

အလုပ်သမားတွေ အချိန်ပိုအိုတီဆင်းပြီး နေအိမ်အပြန်မှာ လုပ်ငန်းသုံးကား တစ်စီးတည်းနဲ့ ပတ်ပို့လို့ နေအိမ်ကို နောက်ကျမှ ပြန်ရောက်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမားတွေမှာ လစာအလုပ်သမားတွေ တန်းတူ အလုပ်ဆင်းရပေမဲ့ အမြဲတမ်းခန့် အလုပ်သမား ဖြစ်ဖို့ ဖိအားတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ အလုပ် လုပ်တာ ၃လပြည့်၊ ၄လပြည့်မှ အမြဲတန်း ခန့်တယ်။ ၄ လအတွင်း အလုပ်ဆင်းရက် တစ်ရက်မှ မပျက်တဲ့ အလုပ်သမား ကိုပဲ ခန့်အပ်တယ်။” လို့ ပြောပါတယ်။

အန္တရာယ်နဲ့လုပ်နေရတဲ့ အလုပ်သမားတွေကို လစာမတိုးဘဲ မန်နေဂျာနဲ့ အဆင်ပြေတဲ့ ခေါင်းဆောင်ပိုင်းတွေကိုပဲ လစာအများအပြားပေးထားလို စက်ရုံအတွင်း လုပ်ခလစာခွဲခြားခံရပြီး ခေါင်းဆောင်းပိုင်းနဲ့ နီးစပ်သူတွေက လုပ်ခ ပိုမို ရရှိနေတယ်လို့ သိရပါတယ်။

“နေ့စားကို ၇၈၀၀ နဲ့ပဲ ရှင်းပေးတယ်။ လခစားကို ၁၁၀၀၀ အဲလို ခွဲခြားခံရတာ။ ဘယ်လောက်လုပ်သက် ကြာကြာ ခေါင်းဆောင်ပိုင်း က အလုပ်သွင်းပေးပြီး နောက်မှ ရောက်လာသူတွေဆို လုပ်ငန်းအတွေ့ကြုံမရှိလဲ အလုပ်ဝင်တာနဲ့ ကျွမ်းကျင်ကြေးကိုတန်းပေးတယ်။ လုပ်သက်ရင့်တွေ နစ်နာတာပေါ့။ “ လို့ ပြောပါတယ်။

ဒီလို မျက်နှာလိုက် ဆောင်ရွက်မှုတွေကို နစ်နာနေရပေမဲ့ စက်ရုံဘက်က ဆောင်ရွက်ပေးတာမရှိလို့ လုပ်သက် လေးငါးခြောက်နှစ်ရှိ အလုပ်သမားတွေ နစ်နာနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အလုပ်သမားတွေ လစာနည်းလည်း မပြောရဲ့၊ မတရားခံနေရလဲ မပြောရဲဘူး ။ ဘာလို့ဆို ပြောတဲ့ အလုပ်သမား တွေ ကို အငြိုးအတေး ထားခံရတယ်။ Wccတွေကလဲ အားမကိုးမရဘူး။ မန်နေဂျာကလည်း ဘာပြောပြော အရေး မလုပ်ဘူး။ “ လို့ပြောပါတယ်။

လုပ်ငန်းခွင်မှာ တစ်ပတ်နှစ်ရက် ကောင်းဇေဆေးခန်းက လာထိုင်ပေမဲ့ လူမှုဖူလုံရေးကဒ်မပါလို့ ဆေးခန်းပြ မရဘူးပြောလို့ အရေးပေါ် ဖြစ်မယ်ဆို ဆေးခန်းပြဖို့ အခက်အခဲ ရှိတယ်လို့ အလုပ်သမားတွေက ပြောဆိုထား ပါတယ်။

Shwe Myinn Co.,Ltd Washing Fact စက်ရုံက လှိုင်သာယာမြို့နယ်၊ ရွှေလင်းဗန်းစက်မှုဇုန်၊ နဝဒေးမင်းကြီး လမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် ရေလျှော်စက်ရုံဖြစ်ပါတယ်။ အလုပ်သမား၁၀၀ ကျော် လုပ်ကိုင်ပြီး Pageone, Chapter, Next တံဆိပ်အထည်တွေကို ရေလျှော် ဝန်ဆောင်မှု ပေးနေတယ်လို့ သိထားပါတယ်။

LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး ၊ သန့်ရှင်းပေးမှု အားနည်း #ပေးစာမေ ၁၈၊ ၂၀၂၆LUCKYSKY BAGS Myanmar Co.,Ltd စ...
19/05/2026

LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး ၊ သန့်ရှင်းပေးမှု အားနည်း

#ပေးစာ

မေ ၁၈၊ ၂၀၂၆

LUCKYSKY BAGS Myanmar Co.,Ltd စက်ရုံမှာ အလုပ်သမား ၉၀၀ ကျော် ရှိပါတယ်။ စက်ရုံက ရန်ကုန်မြို့ လှိုင်သာယာအနောက်ပိုင်း မြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြရတနာလမ်းမှာပါ။ ပိုင်ရှင်က တရုတ်နိုင်ငံသားပါ၊

ကျောပိုးအိပ်၊ လက်ကိုင်အိပ်တွေ ချုပ်ပါတယ်။ စက်ရုံဖွင့်ထားတာ (၇) နှစ်ကျော်ပါပြီ ။

လုပ်သား ဦးရေများပါတယ်။ (သန့်စင်ခန်း)အိမ်သာနှင့် လူဦးရေ မမျှတပါဘူး။ ရှိနေတဲ့ အိမ်သာတွေက ပျက်ဆီးနေတာက များပါတယ်။

အလုပ်သမားတွေအတွက်က ဘယ်လိုမှာ လုံခြုံမှုမရှိသလို ကျန်းမာရေးအတွက် ပြဿနာတွေပါ ကြုံနေရတာပါ။

နေမကောင်းလို့ ဂိတ်ပတ်ယူမယ်ဆိုရတောင် ဂိတ်ပတ်မပေးပါဘူး။

အရေအတွက် ထွက်နှုန်း ကျမှာ စိုးလို့ မပေးဘူးလို့ ပြောပါတယ်။ ဒါနဲ့ပဲ ခွင့်ရက်လည်းမရ ၊ ဂိတ်ပတ်စ်လည်း မရ ဖြစ်ရတာပါ။

စက်ရုံက ထူးထူးဆန်းဆန်းတွေလည်း လုပ်ပါတယ်။

ရှောင်တခင်ခွင့်ကို ကြိုတင်ရမည် ကြိုတင်ရမယ် တဲ့။ အဲလို ကြိုတင်ရင် အော်စူပါ၊ စူပါ၊ လုပ်ငန်းခွင်ထဲက တရုတ်အမျိုးသမီး။ စက်ရုံးမှူးလက်မှတ် ပါမှ အဲ့ဒီ ခွင့် ရပါတယ်။

လူမှုဖူလုံရေး ခွင့်တင်လျှင်လည်း လစာမဲ့ ခွင့်ပဲ ပေးပါတယ်။

ခွင့်ရတော့ ဒေးကြေးကို ၄၈၀၀ ကျပ်ပဲ ပေးပါတယ်။ ရက်မှန်ကြေး၊ အထည်ကြေး စတာတွေ မရတော့ဘဲ လစာထဲက ၈၀,၀၀၀ ၊ ၉၀,၀၀၀ အဖြတ်ခံရပါတော့တယ်။

ရက်ပျက်တာနှင့် တစ်လလုံးလုပ်ခဲ့သည့် အထည်ကြေးလဲမရဘူး၊ ရက်မှန်ကြေးမရတော့ပါဘူး။

တနင်္ဂနွေ ၄ ရက်ရှိရင် (၄) ရက်စာ အဖြတ်ခံရပါတယ်။

အဆိုးဆုံးက ငွေကြေးဖြတ်တောက်ခံရသည့်အပြင် သက်ဆိုင်ရာ စူပါ၊ အော်စူပါများမှ ဆဲဆို ခွဲခြားခံရတာပါ။

အထည်ကြေးပေးတယ်ဆိုပြီး စူပါ၊ အော်စူပါတွေက သက်မှတ်အထည် ရရှိဖို့အတွက် အော်ဟစ်ပြောဆို ဖိအားပေးပြီး အထည်တောင်းပါတယ်။

လုပ်ငန်းခွင်ထဲမှ ကလေးအလုပ်သမားတွေနဲ့ လူငယ်၊ လူရွယ်အလုပ်သမားတွေ အများဆုံး လုပ်ကိုင်နေကြ ပါတယ်။

ကလေးလုပ်သားဆိုပြီးတော့လည်း အလုပ်ကို သက်ညှာခိုင်းတာမရှိပါဘူး။ လူကြီး အလုပ်သမားတိုင်း လုပ်ကိုင်ကြရပါသည်။

ဒါကြောင့်လည်း ကလေးလုပ်သမားတွေ အများဆုံး ပြောဆိုခံရပါတယ်၊

စက်ရုံကို လာကြည့်မယ်ဆို ရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။

ကျေးဇူးတင်ပါတယ်ရှင့်။

Joyful  Myanmar Garment  အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်းမေ ၁၈ ၊ ၂၀၂၆Joyful  Myanmar Garment စက်ရုံက အမျိုးသ...
19/05/2026

Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း

မေ ၁၈ ၊ ၂၀၂၆

Joyful Myanmar Garment စက်ရုံက အမျိုးသား အလုပ်သမားတွေကို ထပ်မံ မခန့်ထားဘဲ အမျိုးသမီး အလုပ်သမားတွေကို ပိတ်လိပ် ထမ်းခိုင်းတယ်လို့ ပြောပါတယ်။ အမျိုးသား လုပ်သားတွေ လိုအပ်နေပေမဲ့ နောက်ထပ် လူ မခေါ်ဘူး ဆိုပြီး အောစူပါက ပြောထားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

"ပါကင်၊ ကပ်တင်၊ မီးပူ ၊ စနက် ၊ စတို လို နေရာတွေမှာ ယောက်ကျားလေး လိုပါတယ်၊ ယောက်ျားလေး ခေါ်မပေးဘူး ၊ လိုတဲ့နေရာတွေမှာ မိန်းကလေးတွေ လုပ်ခိုင်းတယ်။ ပိတ်လိပ်နဲ့ အလေးအပင်တွေ မိန်းကလေးတွေ ထမ်းပိုးနေရတာ။” လို့ ပြောပါတယ်။

လက်ရှိ အမျိုးသား အလုပ်သမားတွေကို ရက်ပျက်တာနဲ့ အလုပ်ထုတ် မယ်ဆိုပြီး အော်စူပါက ခြိမ်းခြောက်ထားလို့ အလုပ်မပျက်ရဲကြဘူးလို့လည်း အမျိုးသား အလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံမှာ ရှောင်တခင် ခွင့်၊ ဆေးခွင့်တွေ ခံစားခွင့်မရတဲ့အပြင် လူမှုဖူလုံရေကြေး လစဥ်ပေးသွင်းနေပေမဲ့ ဆေးခွင့်ပါ မရ ဖြစ်နေလို့ နစ်နာနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ နေထိုင်မကောင်းလို့ ဖြစ်ဖြစ် ၊ အရေးပေါ် ကိစ္စ ရှိရှီ ခွင့်တိုင်လည်း ခွင့်မရဘူး။ အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေး ၊ ရက်မှန်ကြေး၊ ဂရိတ်ကြေး အကုန် အဖြတ်ခံရတာ” လို့ ပြောပါတယ်။

အလုပ်ရှင်ဘက်က တစ်ဖက်သတ်တောင်းခံတဲ့ အထည်စံချိန်ကို အောစူပါတွေက ဆဲဆိုအော်ဟစ် တောင်းတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“စံချိန်တောင်းတာ အရမ်းများတယ်။ အထည်အရေအတွက် ပြည့်အောင် အလုပ်သမားအာလုံး အသည်းအသန် ချုပ်ရတာ။ ဂရိတ်အဆင့်ကိုတော့ ခွဲခြားပေးတယ်။ အောစူပါ၊ စူပါ နီးစပ်ရင် ချုပ်လုပ်တာမကျွမ်းကျင်လဲ A+ထိ ပေးထားတာ။ သူတို့က တော့ လစာများတယ်။” လို့ ပြောပါတယ်။

လုပ်ငန်းခွင်မှာ ဘယ်လို အကြောင်းအရာလို့ မသိရဘဲ ငွေကြေးကောက်ခံတာ ၊ ဖယ်ရီ အဆင်မပြေတာတွေ ရှိသလို WCC အဖွဲလည်းမရှိဘူး လို့ အလုပ်သမားတွေက ပြောပါတယ်။

“လတိုင်း မွေးနေ့ရက်တွေကို စာရင်းကောက်တယ်။ နောက် တစ်ထောင်/ နှစ်ထောင် ပိုက်ဆံကောက်တယ်။ ဘာအတွက်လို့ မပြောဘူး။ WCCဖွဲ့လည်းမရှိဘူး။ ဖွဲ့လိုလည်း မရဘူး။ အခက်အခဲ ကြုံရင် ဘယ်သူ ပြောရမှန်း မသိဘူး ။ ဖယ်ရီးကားကျပ်တဲ့အကြောင်း အလုပ်ရှင်ဘက်ကို ပြော‌ တော့ 'ကိုယ်ပိုင်ကား ၀ယ်စီး'လို့ နှိမ်ပြီး ပြောလိုက်တယ်။” လို့ ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း ပါတာစီတမော့လို ဆေးတောင်းလည်း စာရေးမတွေက ပြောဆိုလို့ အဆင်မပြေဖြစ်ရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Joyful Myanmar Garment Co.,Ltd စက်ရုံမှာ အလုပ်သမား ၄၀၀ ကျော်လုပ်ကိုင်နေပြီး မင်းသိဒ္ဓိကျော်စွာလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။

စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး Koton တံဆိပ်အင်္ကျီ တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်းမေ ၁၈၊ ၂၀၂၆Heng Run Garment Co.,Ltd ပိုင် အထည်ချု...
19/05/2026

Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း

မေ ၁၈၊ ၂၀၂၆

Heng Run Garment Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းပြီး မပြည့်ပါက တနင်္ဂနွေပိတ်ရက်တွေမှာ အလုပ်ဆင်းခိုင်းတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

“ လူ ၅၀ ရှိတဲ့ စက်လိုင်းကို တစ်နာရီကို လိုင်းပေါက် အထည် ၅၀ ကနေ ၆၀အထိ တောင်းတယ်။ ဒါကို အလုပ်သမားတွေက နှစ်ပွိုင့် ၊ သုံးပွိုင့် ချုပ်ပေးမှ ရတာ။ အထည်စံချိန်မပြည့်ရင် တနင်္ဂနွေ အချိန်ပို ဆင်းရတယ်၊ “ လို့ ပြောပါတယ်။

စက်ရုံဘက်က နေ့စဉ် ည ၇ နာရီခွဲအထိ အချိန်ပိုဆင်းခိုင်းတဲ့ အပြင် စနေနေ့တွေမှာပါ ည၇ နာရီအထိ မဆင်းမနေရ ဆင်းခိုင်းလို့ လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုတွေ ဆင်းခိုင်းပေမဲ့ လုပ်ခ မပေးဘူးလို့လည်း ပြောပါတယ်။

“ တနင်္ဂနေနွေ အချိန်ပို ဆင်းခိုင်းပြီး အချိန်ပို အိုတီကြေးမပေးပါဘူး။” လို့ ပြောပါတယ်။

လုပ်ငန်းခွင်အတွံင်းက အလုပ်သမားအများစုက နေ့စားအလုပ်သမားတွေဖြစ်ကြပြီး လုပ်သင့်ရင် အလုပ်သမား အများအပြားကို အမြဲတန်း အလုပ်သမားအဖြစ် ခန့်တားခြင်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

“ခွင့်ရက် ခံစားခွင့်မရဘူး။ အရေးပေါ်ကိစ္စ ဖြစ်လည်း ခွင့်တိုင်လည်းမရဘူး ။ ပြီးရင် ဒေးကြေး ရက်မှန်ကြေး ကျွမ်းကျင်ကြေး အချိုးအလိုက် အဖြတ်ခံတယ်။ “ လို့ ပြောပါတယ်။

အလုပ်သမားတွေ အသုံးပြုတဲ့ အိမ်သာတွေက အမြဲညစ်ပတ်ပြီး သုံးစွဲဖို့ ခက်ခဲလို့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Heng Run Garment Co.,Ltd စက်ရုံက ဦးတရုတ်ကြီးလမ်း၊ ရွှေလင်ဗန်းစက်မှုဇုန် လှိုင်သာယာမြို့နယ်၊ ရန်ကုန်မှာ ရှိပြီး အလုပ်သမား ၄၀၀ ကျော် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

ယူနန် ပြည်နယ် VS SA   အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း #ပေးစာမေ ၁၈ ၊ ၂၀၂၆VS SA  ဝေဆာဝတ်စုံ အထည်ချုပ်စ...
18/05/2026

ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း

#ပေးစာ

မေ ၁၈ ၊ ၂၀၂၆

VS SA ဝေဆာဝတ်စုံ အထည်ချုပ်စက်ရုံမှာ အလုပ်မသား ၂၀၀ လောက် လုပ်နေတာပ။ စက်ရုံက ယူနန်ပြည်နယ်ထဲမှာပါ။ အတိအကျဆို Building 3,N0 70 Mohan Road မှာပါ ။

အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၈ နာရီခွဲ အထိ ဆင်းရပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုတွေလည်း ဆင်းရပါတယ်။

အချိန်ပိုကြေးကို တစ်နာရီ ၅ ယွမ်ပေး မယ်လို့ ပြောထားပြီး အလုပ်သမားတွေကို ည ၉ နာရီမှ ၁၀ နာရီထိ ဆက်တိုက် အချိန်ပိုဆင်းခိုင်းပါတယ်။ အခု မေလ ၁၅ ရက် လစာထုတ်တော့ အချိန်ပိုကြေးတွေ ထည့်မပေးပါဘူး။

အချိန်ပိုကြေး မပါလို့ ရှင်းပေးဖို့ ပြောတော့ ဘယ်သူမှ တိတိကျကျ ရှင်းပြတာမရှိဘူး။ အဲ့ဒီငွေတွေလည်း မရခဲ့ဘူး။ နောက်တော့ အထည်စံချိန်မပြည့်လို့ အချိန်ပိုကြေးမပေးလို့ ပြောပါတယ်။

လက်ရှိချုပ်တဲ့ အထည်စံချိန်က အရင် ၁၃၀ ကျော် ပဲ ပေးခဲ့ရတာပါ။ အခု မနက် ၈ ကနေ ည ၈ နာရီခွဲ အထိကို အထည်‌ရေ ၃၀၀ အထိတောင်းပါတယ်။ အချိန်ပို တစ်နာရီ အထည် ၃၀ စုစုပေါင်း အထည် ၃၃၀ ပြည့်မှ အချိန်ပို တစ်နာရီကို ၅ ယွမ် ပေးမှာလို့ ပြောပါတယ်။

တကယ်ဆို ၁၃၀ ပြည့်ဖို့ မနည်းချုပ် နေရတာ။ နောက် အလုပ်သမားတစ်ယောက်ကို အနည်းဆုံး ပွိုင့် ၃ ပွိုင့် လောက် တာဝန်ယူ ချုပ်ရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်ပိုကြေးမပေးတာကိုတော့ လက်ခံလို့မရပါဘူး။

မြန်မာ အလုပ်သမားတွေက ဒီစက်ရုံကို အကြွေးစနစ်နဲ့ လာရောက်လုပ်ကိုင် နေတာပါ။ အကြွေးကျေမှ မှတ်ပုံတင်၊ စမတ်ကဒ် အထောက်အထားတွေ ပြန်ပေးပါတယ်။ လက်ရှိ အထောက်အထားအားလုံးကို အလုပ်ရှင်က သိမ်းထား ပါတယ်။ အကြွေးကျေလည်း အထောက်အထားတွေကို အလုပ်ရှင်က ပြန်မပေးဘဲ သိမ်းထားပါ သေးတယ်။

အလုပ်ဆက်မလုပ်လိုတဲ့ အလုပ်သမားတွေ တစ်လ ကြိုတင် အကြောင်းကြားရမယ်လို့ ပြောထားပါတယ်။ အလုပ်သမားက နေရပ်ပြန်ဖို့ ကြိုတင်ပြောလည်း အထောက်အထားတွေမပေးဘဲ ဆက်သိမ်းလို့ ပြန်ခွင့်မရတဲ့ အလုပ်သမားတွေရှိပါတယ်။

ဒါပေမဲ့ စက်ရုံဘက်က အလုပ်ထုတ်ချင်ပြီဆို ဘာအကြောင်းပြချက်မှ မရှိ ချက်ချင်း အလုပ် ထုတ်ပါတယ်။

နေမကောင်းလို့ ဆေးခန်းပြရပြီဆို ဘာသာပြန်မရှိ၊ ဘာမရှိနဲ့ အကြောဆေး တစ်လုံးထိုးပေးပြီး လစာထုတ်တော့ ဆေးဖိုး ယွမ် ၂၀၀ ဖြတ်လိုက်ပါတယ်။ ဆေးဖိုးဖြတ်ပြီးတော့ ဂရိတ်ပါ အချခံရပါတယ်။ နောက် နားတဲ့ ရက်အတွက် လစာထပ် ဖြတ်ပါသေးတယ်။

မေလ ၁၅ ရက်နေ့ လစာမှာ အချိန်ပိုကြေးထည့်မပေးတာနဲ့ ၊ အလုပ်သမားတွေရဲ့ အထောက်အထားမပေးတဲ့ မပေးတဲ့ကိစ္စတွေကို အလုပ်သမားတွေက ၁၆ ရက်နေ့မှာ အလုပ်မလုပ်ပဲ ရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

စက်ရုံဘက်က အလုပ်ပဲ လုပ်ခိုင်းပြီး လာရောက်ပြောဆိုတဲ့ အလုပ်သမားတွေကို အလုပ် ထုတ်မယ် ပြောပါတယ်။

အလုပ်ဆက်မလုပ်လိုတဲ့ အလုပ်သမားတွေကိုလည်း အထောက်အထားမပေးပါဘူး။

လက်ရှိ အချိန်ပိုကြေးလည်းမရသလို အထောက်အထားတွေလည်း မရသေးပါဘူး။ ‘

မေလ၊ ၁၇ ရက်နေ့မှာ အလုပ်သမားတချို့ ဘာအထောက်အထားမှ မယူပဲ ထွက်ပြေးကြပါတယ်။ လက်ရှိ အချိန် အထိ အယောက် ၅၀ နီးပါးရှိပြီ ဖြစ်ပါတယ်။ လက်ရှိ စက်ရုံ အလုပ်သမားတွေက အသက်အန္တရာယ် ဖြစ်လာကို စိုးရိမ်နေတာ။

အကူအညီပေးပါနော် ။

ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း

#ပေးစာ

မေ ၁၈ ၊ ၂၀၂၆

VS SA ဝေဆာဝတ်စုံ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၂၀၀ လောက် လုပ်နေတာပါ။ စက်ရုံက ယူနန်ပြည်နယ်ထဲမှာပါ။ အတိအကျဆို Building 3,N0 70 Mohan Road မှာပါ ။

အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၈ နာရီခွဲ အထိ ဆင်းရပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုတွေလည်း ဆင်းရပါတယ်။

အချိန်ပိုကြေးကို တစ်နာရီ ၅ ယွမ်ပေး မယ်လို့ ပြောထားပြီး အလုပ်သမားတွေကို ည ၉ နာရီမှ ၁၀ နာရီထိ ဆက်တိုက် အချိန်ပိုဆင်းခိုင်းပါတယ်။ အခု မေလ ၁၅ ရက် လစာထုတ်တော့ အချိန်ပိုကြေးတွေ ထည့်မပေးပါဘူး။

အချိန်ပိုကြေး မပါလို့ ရှင်းပေးဖို့ ပြောတော့ ဘယ်သူမှ တိတိကျကျ ရှင်းပြတာမရှိဘူး။ အဲ့ဒီငွေတွေလည်း မရခဲ့ဘူး။ နောက်တော့ အထည်စံချိန်မပြည့်လို့ အချိန်ပိုကြေးမပေးလို့ ပြောပါတယ်။

လက်ရှိချုပ်တဲ့ အထည်စံချိန်က အရင် ၁၃၀ ကျော် ပဲ ပေးခဲ့ရတာပါ။ အခု မနက် ၈ ကနေ ည ၈ နာရီခွဲ အထိကို အထည်‌ရေ ၃၀၀ အထိတောင်းပါတယ်။ အချိန်ပို တစ်နာရီ အထည် ၃၀ စုစုပေါင်း အထည် ၃၃၀ ပြည့်မှ အချိန်ပို တစ်နာရီကို ၅ ယွမ် ပေးမှာလို့ ပြောပါတယ်။

တကယ်ဆို ၁၃၀ ပြည့်ဖို့ မနည်းချုပ် နေရတာ။ နောက် အလုပ်သမားတစ်ယောက်ကို အနည်းဆုံး ပွိုင့် ၃ ပွိုင့် လောက် တာဝန်ယူ ချုပ်ရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အချိန်ပိုကြေးမပေးတာကိုတော့ လက်ခံလို့မရပါဘူး။

မြန်မာ အလုပ်သမားတွေက ဒီစက်ရုံကို အကြွေးစနစ်နဲ့ လာရောက်လုပ်ကိုင် နေတာပါ။ အကြွေးကျေမှ မှတ်ပုံတင်၊ စမတ်ကဒ် အထောက်အထားတွေ ပြန်ပေးပါတယ်။ လက်ရှိ အထောက်အထားအားလုံးကို အလုပ်ရှင်က သိမ်းထား ပါတယ်။ အကြွေးကျေလည်း အထောက်အထားတွေကို အလုပ်ရှင်က ပြန်မပေးဘဲ သိမ်းထားပါ သေးတယ်။

အလုပ်ဆက်မလုပ်လိုတဲ့ အလုပ်သမားတွေ တစ်လ ကြိုတင် အကြောင်းကြားရမယ်လို့ ပြောထားပါတယ်။ အလုပ်သမားက နေရပ်ပြန်ဖို့ ကြိုတင်ပြောလည်း အထောက်အထားတွေမပေးဘဲ ဆက်သိမ်းလို့ ပြန်ခွင့်မရတဲ့ အလုပ်သမားတွေရှိပါတယ်။

ဒါပေမဲ့ စက်ရုံဘက်က အလုပ်ထုတ်ချင်ပြီဆို ဘာအကြောင်းပြချက်မှ မရှိ ချက်ချင်း အလုပ် ထုတ်ပါတယ်။

နေမကောင်းလို့ ဆေးခန်းပြရပြီဆို ဘာသာပြန်မရှိ၊ ဘာမရှိနဲ့ အကြောဆေး တစ်လုံးထိုးပေးပြီး လစာထုတ်တော့ ဆေးဖိုး ယွမ် ၂၀၀ ဖြတ်လိုက်ပါတယ်။ ဆေးဖိုးဖြတ်ပြီးတော့ ဂရိတ်ပါ အချခံရပါတယ်။ နောက် နားတဲ့ ရက်အတွက် လစာထပ် ဖြတ်ပါသေးတယ်။

မေလ ၁၅ ရက်နေ့ လစာမှာ အချိန်ပိုကြေးထည့်မပေးတာနဲ့ ၊ အလုပ်သမားတွေရဲ့ အထောက်အထားမပေးတဲ့ မပေးတဲ့ကိစ္စတွေကို အလုပ်သမားတွေက ၁၆ ရက်နေ့မှာ အလုပ်မလုပ်ပဲ ရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

စက်ရုံဘက်က အလုပ်ပဲ လုပ်ခိုင်းပြီး လာရောက်ပြောဆိုတဲ့ အလုပ်သမားတွေကို အလုပ် ထုတ်မယ် ပြောပါတယ်။

အလုပ်ဆက်မလုပ်လိုတဲ့ အလုပ်သမားတွေကိုလည်း အထောက်အထားမပေးပါဘူး။

လက်ရှိ အချိန်ပိုကြေးလည်းမရသလို အထောက်အထားတွေလည်း မရသေးပါဘူး။ ‘

မေလ၊ ၁၇ ရက်နေ့မှာ အလုပ်သမားတချို့ ဘာအထောက်အထားမှ မယူပဲ ထွက်ပြေးကြပါတယ်။ လက်ရှိ အချိန် အထိ အယောက် ၅၀ နီးပါးရှိပြီ ဖြစ်ပါတယ်။ လက်ရှိ စက်ရုံ အလုပ်သမားတွေက အသက်အန္တရာယ် ဖြစ်လာကို စိုးရိမ်နေတာ။

အကူအညီပေးပါနော် ။

Yangon Nadia Clothing အထည်ချုပ် နိုင်ငံခြားသား စက်ရုံမှူးမှ ဆဲဆိုခိုင်းမေ ၁၈ ၊ ၂၀၂၆ Yangon Nadia Clothing Co.,Ltd ပိုင် ...
18/05/2026

Yangon Nadia Clothing အထည်ချုပ် နိုင်ငံခြားသား စက်ရုံမှူးမှ ဆဲဆိုခိုင်း

မေ ၁၈ ၊ ၂၀၂၆

Yangon Nadia Clothing Co.,Ltd ပိုင် အထည်ချုပ်စက်ရုံ က အထည်မရလို့ ဆိုပြီးစက်ရုံမှူး ကိုရီးယားလူမျိုးက ဆဲဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အထည်ပုံ ပြောင်းလဲ စမှာ ပွိုင်တွေအများကြီး ချုပ်ရတဲ့ အပြင် အထည်မရလို့ ဆိုပြီး အဲဒီ နိုင်ငံခြားသားက ဆဲဆိုတဲ့အပြင် ကိုယ်ထိလက် အပြုအမူတွေပါ ပြုလုပ်တာလို့ အလုပ်သမားတွေက ပြောပါတယ်။

“ စတိုလ်အသစ် ပြောင်းချုပ်ရပြီဆို လိုင်းမပေါက်သေးဘူး အထည် ၁၀၀အထိ တောင်းနေပြီ ။ အလုပ်သမား တစ်ယောက်ကို ပွိုင့်တွေ အများကြီး ချုပ်လုပ်ခိုင်းထားတယ်။ အဲ့လို ချုပ်ရလို့ အထည့်မရရင်လဲ စူပါတွေကို ရုံခန်းထဲခေါ်ပြီး ဆဲတယ်၊ အနားမှာ ရှိတဲ့ ပစ္စည်းနဲ့ ပစ်ပေါက်တာ၊ အဲ့နိုင်ငံခြားသားက စိတ်မကြည်ရင် အရမ်းအော်တယ်၊ စက်လိုင်းထဲဝင်လာတာနဲ့ အော်သံ အရင်ကြားရတယ်။” လို့ ပြောပါတယ်။

စက်လိုင်းအတွင်း အလုပ်သမားတွေ အရှေ့နဲ့အ နောက်အထည် ထယူတာကို လမ်းလျှောက်တယ်ဆိုပြီး အဲဒီ နိုင်ငံခြားသားက အော်ဟစ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ အထည်စံချိန် ဆုကြေးပေးမယ်လို့ ပြောထားပေမဲ့ စံချိန်ကို ထပ်တိုးပြီးတောင်းနေလို့ ဖိအား ဖြစ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ အထည်ပြည့်တော့ ထပ်တိုး တောင်းတယ်။ ဒါနဲ့ဘဲ ဆုကြေးက မ ရတော့ဘူး။ ဆုကြေးရတော့ တောင်း တဲ့ အထည်ထက်ပိုပြီးတော့ တောင်းပြန်တယ်။ တောင်းတဲ့အ ထည်မရရင် ဖိအားပေး ပြောနေပြန်ရော” လို့ ပြောပါတယ်။

စက်ရုံ အလုပ်ဝင်ချိန်က မနက် ၇နာရီ ၁၅မိနစ်လို့ သတ်မှတ်ထားပေမဲ့ ၇ နာရီ ၅မိနစ်ထဲက အလုပ် စလုပ်ခိုင်းပြီး အလုပ်သမားအချင်းချင်း အလုပ်စကားပြောလို့ ဝမ်တိန် ထိုးခိုင်းပြီး ဖိအားပေးတာလို့ အလုပ်သမားတွေက ပြောပါတယ်။

“ မနက်ပိုင်း အလုပ်တက်ချိန် မျက်နှာ စကမ်ဖတ် ဖို့မေ့ရင်လဲ ဝမ်တိန် ထိုးရတယ်။ လေဘယ် တစ်ရွက်ပျောက်လို့ ငါးထောင်ပေးရတယ်။ ပစ္စည်းပေါ်မူတည်ပြီး လျှော်ခိုင်းတာ။ ဝမ်တိန်လည်း ထပ်ထိုးခိုင်းတာ” လို့ ပြောပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမားတွေ အသုံးပြုနေတဲ့ အိမ်သာတွေမှာ သန့်ရှင်းမှုမရှိဘဲ ဘာကြောင်းနဲ့ဖြစ်ဖြစ် ဂိတ်ပတ်စ်ယူတိုင်း အပြောအဆို ခံနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

Yangon Nadia Clothing Co.,Ltdမှ စက်ရုံက လှိုင်သာယာမြို့နယ်၊ စက်မှူဇုန်၄၊ ပြင်စည်မင်းသားကြီးလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပြီး ကိုရီးယား နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားများ ၁၀၀၀ ဝန်းကျင်က လက်ရှိ EIDER, Umbro တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Dishang Fashion (Myanmar) အလုပ်သမားများအား စောင့်ကြည့် သတိပေးလက်မှတ်ထိုးခိုင်းမေ ၁၆၊ ၂၀၂၆ Dishang Fashion (Myanmar Co., ...
16/05/2026

Dishang Fashion (Myanmar) အလုပ်သမားများအား စောင့်ကြည့် သတိပေးလက်မှတ်ထိုးခိုင်း

မေ ၁၆၊ ၂၀၂၆

Dishang Fashion (Myanmar Co., Ltd ပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ နားချိန်တွေမှာ စောင့်ကြည့်ပြီး သတိပေးလက်မှတ်ထိုးခိုင်းတယ်လို့ သိရပါတယ်။ CCTV ကတဆင့် စောင့်ကြည့်တာတွေ ပြုလုပ်ပြီး မေးမြန်းတာတွေက ခွဲခြားဆက်ဆံသလို ခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ ထမင်းစားချိန်, မုန့်စားချိန် အချင်းချင်း စကားပြောတာကို CCTV နဲ့ ကြည့်နေတယ်။ ပြီးတော့ အော်စူပါ၊ စူပါ အဲလို ခေါင်းဆောင်တွေက ဘာအကြောင်းပြောလဲဆိုပြီး မေးတယ်။ အဓိကက အလုပ်သမားအခွင့်အရေး ပြောတက်တဲ့ အလုပ်သမားတွေနဲ့ စကားပြောတာနဲ့ အမေးခံရတာပဲ။ ပြီးတော့ မေးပြီး ဝိမ်တိန် ထိုးခိုင်းတော့တာ” လို့ အလုပ်သမားတွေက ပြောပါတယ်။

အခုလို သတိပေးလက်မှတ်တွေ မကြာခဏ ထိုးခိုင်းနေပေမဲ့ အော်စူပါ၊ စူပါတွေနဲ့ တာဝန်ရှိသူတွေရဲ့ လုပ်ငန်းခွင် စည်းကမ်းချိုးဖောက်မှုတွေကိုတော့ စက်ရုံမန်နေဂျာကအစ လစ်လျှုရှုပြီး အရေးယူမှုတွေ ပြုလုပ်တာ မရှိဘဲ့ ခွဲခြားဆက်ဆံခံနေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်စည်းကမ်းအရ အရေးယူသလို လုပ်ငန်းခွင်လိုအပ်ချက်တွေကိုလည်း စက်ရုံဘက်က ဖြည့်ဆည်းပေးဖို့ လိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အလုပ်နောက်ကျတာ တစ်လအတွင်း (၄) ကြိမ်ဆိုရင် ဝမ်တိန်ထိုးခိုင်းတယ်။ အဲဒါ့အပြင် လစာ အဖြတ်ခံရတယ်။ ဒါပေမဲ့ အလုပ်ပြန်ချိန် ဖယ်ရီကားနောက်ကျလို့ အလုပ်သမားတွေ စောင့်ရတာ အကြိမ်ကြိမ် နော်။ ဖယ်ရီက နောက်ကျရင် အနည်းဆုံး နာရီဝက် ၊ တစ်နာရီ စောင့်ရတယ်။ ဒီလို စောင့်ရတဲ့ အချိန်ကို အချိန်ပို ကြေး ပြန်ပေးဖို့လိုပါတယ်၊” လို့ ပြောပါတယ်။

ဌာနတွေမှာ လိုအပ်တဲ့ အလုပ်သမားတွေကို ခန့်ထားခြင်းမရှိဘဲ တာဝန်ထမ်းဆောင်ဆဲ အလုပ်သမားတွေကိုတော့ ဌာန မကြာခဏ ပြောင်းရွေ့လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ဌာနတစ်ခုကို ပြောင်းရင် တစ်လလောက်ကြာတယ်။ စက်ရုံက ပြောင်းပြီး ခိုင်းတာပဲ။ မီးပူတိုက် အလုပ်သမားခေါ် တယ်ဆို စာချုပ်ချုပ်မှာ ဖက်နရှင်ဌာနဆိုပြီး ချုပ်တယ်။ လုပ်ငန်းခွင်ထဲရောက်ရင် မီးပူတိုက်နေတုန်း အခြားဌာနက လိုတယ်ဆို သွားလုပ် ပြီးမှ ကိုယ့်နေရာကိုယ်ပြန်လာလုပ်၊ အဲလိုတွေ” လို့ ပြောပါတယ်။

အလုပ်သမားအသစ်ကို အော်စူပါ၊ စူပါတွေက ခေါ်လာတဲ့ အလုပ်သမားကိုပဲ အလုပ်ခန့်ထားပြီး တခြား အလုပ်သမားတွေ ခေါ်လာတဲ့ အလုပ်သမားတွေကိုတော့ ခန့်ပေးတာလည်း မရှိဘဲ ခွဲခြားဆက်ဆံနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံမှာ လုပ်ငန်းခွင်ညှိနှိုင်းရေးကိုယ်စားလှယ် WCC အဖွဲ့ကို ဖွဲ့စည်းရာမှာ အလုပ်သမားတွေ အဆိုပြု၊ မဲထည့် ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေ မပါဝင်ဘဲ စက်ရုံဘက်က ရွေးချယ်ထားသူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ အလုပ်သမားကိုယ်စားလှယ် အစစ်တွေမပါတော့ ကိစ္စတွေကို ဖြေရှင်းဆောင်ရွက်တဲ့အခါ ဘက်လိုက်တယ်။ WCC ကို ပြန်ရွေးပေးဖို့လည်း လိုနေပါတယ်။”

Dishang Fashion (Myanmar) Co.,L.td အထည်ချုပ်စက်ရုံက အမှတ် ၉၆ ၊ မင်းကြီးမဟာ မင်းခေါင်လမ်း ၊ ရွှေသံလွင်စက်မူဇုန်၊ လိူင်သာယာမြို့နယ်မှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၉၀၀ ကျော်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ စက်ရုံကတော့ ONLY, PImkie, FIRST DOWN, JaVa, a.v.v, niko and…, Field Gear Club တံဆိပ်အထည်တွေ ချုပ်လုပ်နေပါတယ်။


01/05/2026

လေးစားအပ်ပါသော အလုပ်သမား ညီအစ်ကိုမောင်နှမများရှင့်
ယနေ့ကျရောက်သော ၁၃၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ အားလုံးကို မဂ်လာပါ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ကျမကတော့ မြန်မာနိုင်ငံကုန်ထုတ်နဲ့ စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် (IWFM) ရဲ့ ဥက္ကဌ တာဝန် ထမ်းဆောင်နေတဲ့ မခိုင်ဇာအောင် ဖြစ်ပါတယ်။
မေဒေး ဟာ အလုပ်သမားများ၏ အခွင့်အရေးများကို ဘယ်သောအခါမှ အခမဲ့ပေးအပ်ခြင်းမရှိခဲ့ကြောင်း ကျွန်မတို့ကို သတိပေးအပ်တဲ့ နေ့ တစ်နေ့ ဖြစ်ပါတယ်။ အလုပ်သမား အခွင့်အရေးဆိုတာကို ရုန်းကန်မှု၊ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှုတို့ဖြင့် ရရှိခဲ့ကြောင်း၊ ရရှိနိုင်ကြောင်း ပြသတဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။
မေဒေးသည် ရိုးရှင်းသော အမှန်တရားတစ်ခုကို ကိုယ်စားပြုပါတယ်။ အဲဒါကတော့ အလုပ်ခွင်တွင် ဂုဏ်သိက္ခာသည် အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာ ဖြစ်ပါတယ်။ သို့သော် ယနေ့တွင် မြန်မာနိုင်ငံမှာတော့ ထိုဂုဏ်သိက္ခာသည် ခြိမ်းခြောက်ခံနေရသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားများသည် ဖိနှိပ်မှု၊ အကြမ်းဖက်မှုနှင့် မိမိတို့ရဲ့ အခြေခံအကျဆုံး အခွင့်အရေးများကို ငြင်းပယ်ခံရခြင်းနှင့် ရင်ဆိုင်နေရပါတယ်။ စည်းရုံးခွင့်၊ ပြောဆိုခွင့်နှင့် နားထောင်ခွင့် တွေကို ငြင်းပယ်ခဲ့ရခြင်းအပြင် အလုပ်သမားသမဂ္ဂများ ကို ပစ်မှတ်ထား ဖြိုခွဲခံနေရပါတယ်။ အလုပ်သမားအခွင့်အရေးရရှိရေး ထုတ်ဖော်ပြောဆိုသူကို ခြိမ်းခြောက် ဖိနှိပ်လျက်ရှိပါတယ်။
ဒါဟာ အလုပ်သမားတွေရဲ့ အသံကို တိတ်ဆိတ်သွားစေဖို့ အတွက် စစ်အာဏာရှင်တွေနဲ့ ကျမတို့အလုပ်သမားတွေအပေါ် ဂုတ်သွေးစုတ် အမြတ်ထုတ်နေတဲ့ အလုပ်ရှင်တွေရဲ့ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ပါတယ်။
သူတို့ဟာ ကျမတို့ရဲ့ ဝင်ငွေ၊ ကျန်းမာရေး၊ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာတွေကို လုယူသွားခဲ့ကြတယ်။
ကျမတို့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (IWFM) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အုလပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရဲ့ အဖွဲ့ဝင်တွေဟာ ဒါကို လက်မခံဘဲနဲ့ ခုခံတော်လှန်နေကြပါတယ်။
ကျမတို့ဟာ အလုပ်သမားများနှင့်အတူ ဆက်လက်ရပ်တည်နေကြပြီး သူတို့ရဲ့ ဖိနှိပ်မှု ချိုးဖောက်မှုတွေကို အပြည်ပြည်ဆိုင်ရာ က ကြားနိုင်အောင်၊ ကျမတို့နဲ့အတူ ရပ်တည်ပေးအောင် ကိုယ်စားပြုပြီး လုပ်ဆောင်ပေး လျက်ရှိပါတယ်။
ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံ၊ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့်နဲ့ အခွင့်အရေးများအတွက် ကိုယ်တိုင်ဆောင်ရွက်ပိုင်ခွင့် ရရှိလာရေးအတွက် ကျမတို့ အလုပ်သမားများရဲ့ သွေးစည်းညီညွတ်မှုနဲ့ အတူတကွ ရပ်တည်မှုဟာ များစွာ အရေးကြီးပါတယ်။
သို့သော် စည်းလုံးညီညွတ်မှုရှိတယ်လို့ ပြောနေခြင်း တစ်ခုတည်းဖြင့် မလုံလောက်ပါဘူး။ ကျမတို့
လုပ်ဆောင်မှု လိုအပ်ပါသည်။
ကျမတို့ နိုင်ငံမှာ ထုတ်လုပ်နေတဲ့ ထုတ်ကုန်တိုင်းသည် ကျမတို့ အလုပ်သမားများ ခံစားနေရတဲ့ ဒုက္ခဆင်းရဲများ ပါဝင်နေတယ်ဆိုတာကို သိရပါမယ်။
ဒီ မေဒေး နေ့ သည် အောက်မေ့ဖွယ်နေ့တစ်ခုမျှသာ မဟုတ်ပါ။
ဒီနေ့ဟာ ကျမတို့ရဲ့ တောင်းဆိုချက်တစ်ခုလည်း ဖြစ်ပါတယ်။
ကျမတောင်းဆိုချင်တာက မြန်မာနိုင်ငံရှိ အလုပ်သမားများ အတူတကွ ရပ်တည်ကြဖို့ ဖြစ်ပါတယ်။
လွတ်လပ်ပြီး စိုးရိမ်မှုကင်းကင်းနဲ့ အသင်းအဖွဲ့ဖွဲ့စည်းခွင့် ရရှိရေး၊ အလုပ်သမားအခွင့်အရေးများ ရရှိရေး အတွက် ဆောင်ရွက်နိုင်မည့် အခင်းအကျင်းရှိတဲ့ မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ကြဖို့ တောင်းဆိုချက် ဖြစ်ပါတယ်။
အလုပ်သမားများအားလုံးကို မှတ်သားထားစေချင်တာက ကျမတို့ အလုပ်သမားများသည် တစ်ယောက် တည်း မဟုတ်ပါဘူး။
အလုပ်သမားများသည် ဘယ်နေရာမှာ ဖြစ်စေ၊ ဘယ်လုပ်ငန်းမှာပဲ လုပ်နေ လုပ်နေ၊ ဘယ်ရုန်းကန်မှုမှာပဲ ဖြစ်စေ။ အလုပ်သမားများ အတူတကွရပ်တည်သောအခါ၊ အပြောင်းအလဲကို အမှန်တကယ် လုပ်နိုင်တယ် ဆိုတာကို၊ ယုံကြည်စွာ မှတ်သားထားစေလိုပါတယ်။
စည်းလုံးညီညွတ်မှုသည် ကျမတို့ရဲ့ ခွန်အားဖြစ်ပါတယ်။
တရားမျှတမှုသည် ကျမတို့ရဲ့ တောင်းဆိုချက်ဖြစ်တယ်၊
ဂုဏ်သိက္ခာဆိုတာ ညှိနှိုင်းရမယ့်အရာမဟုတ်ပါဘူး။ ရကို ရရမယ့်အရာပါ။ အားလုံး အတူတကွ လက်တွဲပြီး ပြန်လည် ရယူကြဖို့ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် (IWFM)
(၁) ရက် မေလ ၂၀၂၆ ခုနှစ်။
https://www.facebook.com/share/v/1JdG8awCxB/

မေ​ဒေး​နေ့ အလုပ်သမားလှုပ်ရှားမှု မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) အဖွဲ့၀င် ပြည်တွ...
01/05/2026

မေ​ဒေး​နေ့ အလုပ်သမားလှုပ်ရှားမှု

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) အဖွဲ့၀င် ပြည်တွင်းပြည်ပမှ အလုပ်သမားများစု​ပေါင်းပါ၀င်ကာ ​မေ​ဒေး​နေ့ အထိမ်းအမှတ် ဓါတ်ပုံကမ်ပိန်းဖြစ်ပါတယ်။

Strong Unions, Strong Democracy”
သမဂ္ဂခိုင်မာမှ ဒီမိုကရေစီ ခိုင်မာသည်။”
“No Democracy
Without Trade Unions”
Freedom of Association is Democracy
“စုပေါင်းဖွဲ့စည်းခွင့်သည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည်။”
Respect Workers’ Rights, Respect Democracy
“အလုပ်သမားအခွင့်အရေးကို
လေးစားပါ၊ ဒီမိုကရေစီကို လေးစားပါ”
Defend Labour Rights, Defend Democracy
“အလုပ်သမားအခွင့်အရေးကို ကာကွယ်ပါ၊
ဒီမိုကရေစီကို ကာကွယ်ပါ”
“အတုအယောင်သမဂ္ဂများဖြင့်
FOA မရနိုင်”
“စစ်အာဏာရှင်ရဲ့ သုံးပွင့်ဆိုင် ယန္တရား အလုပ်သမားထုက မလိုလား”
အလုပ်သမားတွေ မငြိမ်ဘူး၊
တရားမျှတမှု လိုချင်တယ်!
“Justice at Work,
Justice in Society”
“အလုပ်နေရာတွင် တရားမျှတမှု ရှိမှ
လူမှုအသိုင်းအဝိုင်းတွင်လည်း ရှိမည်။”
Solidarity Builds Democracy
“ညီညွတ်မှုသည် ဒီမိုကရေစီကို တည်ဆောက်သည်။”


၂၀၂၆ မေဒေးနေ့ ဓါတ်ပုံကမ်းပိန်း - မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) 2026 May Day Ev...
01/05/2026

၂၀၂၆ မေဒေးနေ့ ဓါတ်ပုံကမ်းပိန်း - မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) 2026 May Day Event (Photo campaign from ndustrial Workers' Federation of Myanmar (IWFM) )

၂၀၂၆ခုနှစ် မေဒေးနေ့ကို ကြိုဆိုပါ၏
“Strong Unions, Strong Democracy”
“သမဂ္ဂခိုင်မာမှ ဒီမိုကရေစီ ခိုင်မာသည်။”
“No Democracy
Without Trade Unions”
Freedom of Association is Democracy
“စုပေါင်းဖွဲ့စည်းခွင့်သည် ဒီမိုကရေစီ၏ အခြေခံဖြစ်သည်။”
Respect Workers’ Rights, Respect Democracy
“အလုပ်သမားအခွင့်အရေးကို
လေးစားပါ၊ ဒီမိုကရေစီကို လေးစားပါ”
Defend Labour Rights, Defend Democracy
“အလုပ်သမားအခွင့်အရေးကို ကာကွယ်ပါ၊
ဒီမိုကရေစီကို ကာကွယ်ပါ”
“အတုအယောင်သမဂ္ဂများဖြင့်
FOA မရနိုင်”
“စစ်အာဏာရှင်ရဲ့ သုံးပွင့်ဆိုင် ယန္တရား အလုပ်သမားထုက မလိုလား”
အလုပ်သမားတွေ မငြိမ်ဘူး၊
တရားမျှတမှု လိုချင်တယ်!
“Justice at Work,
Justice in Society”
“အလုပ်နေရာတွင် တရားမျှတမှု ရှိမှ
လူမှုအသိုင်းအဝိုင်းတွင်လည်း ရှိမည်။”
Solidarity Builds Democracy
“ညီညွတ်မှုသည် ဒီမိုကရေစီကို တည်ဆောက်သည်။”

Address

Office Address/No(384), Corner Of Koneboung Street And Sabel Street, (15) Ward, East Dagon
Yangon

Alerts

Be the first to know and let us send you an email when Industrial Workers Federation Of Myanmar IWFM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Industrial Workers Federation Of Myanmar IWFM:

Share