PCSWA Voluntary Support

PCSWA Voluntary Support ✨ မင်းရဲ့ စေတနာတွေနဲ့ ကမ္ဘာကြီးကို ပိုမိုလှပအောင် ဖန်တီးလိုက်ပါ။ ✨
Founder ph no -09 457 394 546
Telegram -https://t.me/PCSWAOfficial

06/10/2026

အချိန်တွေဒီတိုင်းအကုန်ခံမှာလား...?အချိန်တွေ အကျိုးရှိအောင်PCSWA Joinကြည့်လိုက်နော်😗

#𝗩𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝗦𝗸𝗶𝗹𝗹𝘀

How to Study When You Have Zero Motivation 📚စာလုပ်ရမယ်ဆိုတာ သိပေမဲ့ စာအုပ်ဖွင့်ဖို့တောင် Motivation မရှိတဲ့နေ့တွေ ရှိတတ်...
05/10/2026

How to Study When You Have Zero Motivation 📚

စာလုပ်ရမယ်ဆိုတာ သိပေမဲ့ စာအုပ်ဖွင့်ဖို့တောင် Motivation မရှိတဲ့နေ့တွေ ရှိတတ်ပါတယ်။

အဲ့ဒီလိုနေ့တွေမှာ Motivation ရလာတဲ့အထိ စောင့်နေမယ့်အစား စလုပ်ဖို့ ပိုလွယ်အောင် လုပ်ကြည့်ပါ။

01. Start Small
“ဒီနေ့ အကုန်ပြီးအောင်လုပ်မယ်” လို့ မတွေးဘဲ 10–15 မိနစ်လောက်ပဲ စလုပ်ကြည့်ပါ။

02. Choose One Thing
ဘာသာရပ်တွေအများကြီးကို တစ်ပြိုင်နက်တည်း မစဉ်းစားပါနဲ့။
အခုလုပ်မယ့် တစ်ခုတည်းကို ရွေးပါ။

03. Put Your Phone Away 📱
Motivation မရှိတဲ့အချိန်မှာ Phone က ပိုပြီး အာရုံပျံ့စေတတ်ပါတယ်။ ခဏလောက် အဝေးမှာထားကြည့်ပါ။

04. Don’t Wait for Perfect Focus
100% Focus ရမှ စာလုပ်မယ်ဆိုရင် စဖို့ ပိုခက်သွားနိုင်ပါတယ်။ နည်းနည်းပဲဖြစ်ဖြစ် စလုပ်ပါ။

05. Give Yourself a Break
တကယ်ပင်ပန်းနေရင် ခဏနားပါ။ Rest လုပ်တာက စာမလုပ်ချင်လို့ ပျင်းနေတာနဲ့ မတူပါဘူး။

တစ်ခါတလေ Motivation ရှိလို့ စာလုပ်တာမဟုတ်ဘဲ၊ စလုပ်လိုက်လို့ Motivation ပြန်ရလာတာ ဖြစ်တတ်ပါတယ်။ 🌱

ဒီနေ့ အများကြီးလုပ်ဖို့ မလိုပါဘူး။
Just start with one small thing.

Content Writer - Phyo Theingi

Graphic Designer - Khaing Zin Thant

PCSWA — Sharing Knowledge, Changing Lives.

“𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 𝐯𝐬 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞” ဘာကွာလဲ?🤔နှစ်ခုလုံးက ကိုယ့်ရဲ့အတွေ့အကြုံနဲ့ skill တွေကို တိုးတက်လာစေတဲ့ အခွင့်အရေးတ...
04/10/2026

“𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 𝐯𝐬 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞” ဘာကွာလဲ?🤔

နှစ်ခုလုံးက ကိုယ့်ရဲ့အတွေ့အကြုံနဲ့ skill တွေကို တိုးတက်လာစေတဲ့ အခွင့်အရေးတွေ ဖြစ်ပေမယ့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရတဲ့ပုံစံကတော့ မတူပါဘူးနော်။

💼 𝐈𝐧𝐭𝐞𝐫𝐧𝐬𝐡𝐢𝐩 ဆိုတာဘာလဲ?

ကိုယ်လေ့လာနေတဲ့ ဘာသာရပ် ဒါမှမဟုတ် အနာဂတ် Career နဲ့ ဆက်စပ်တဲ့ လုပ်ငန်းခွင်တစ်ခုမှာ လက်တွေ့အတွေ့အကြုံ ရရှိအောင် လေ့လာလုပ်ကိုင်ခြင်းပါ။

📌 ဥပမာ —
Marketing Company တစ်ခုမှာ Internship ဆင်းပြီး
• Social Media Management
• Customer Communication
• Data Entry
• Marketing Activities
စတာတွေကို လက်တွေ့လေ့လာခြင်း။

🤝 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 ဆိုတာဘာလဲ?

အဖွဲ့အစည်း၊ Community ဒါမှမဟုတ် လူမှုရေးလုပ်ငန်းတစ်ခုကို ကိုယ့်ရဲ့ အချိန်နဲ့ အရည်အချင်းတွေ အသုံးပြုပြီး ကူညီပေးခြင်းပါ။

📌 ဥပမာ —
Community Event တစ်ခုမှာ Volunteer အဖြစ် ပါဝင်ပြီး
• Event Organization
• Teamwork
• Communication
• Leadership
စတဲ့ Skills တွေကို လက်တွေ့တိုးတက်စေခြင်း။

✨ အလွယ်ပြောရရင် —

💼 Internship = လုပ်ငန်းခွင်ထဲမှာ လက်တွေ့လုပ်ရင်း သင်ယူတာ
🤝 Volunteering = အခြားသူတွေနဲ့ Community ကို ကူညီရင်း Skills တွေ တိုးတက်အောင်လုပ်တာ

နှစ်ခုလုံးက ကိုယ့်ရဲ့ 𝐂𝐕/𝐑𝐞𝐬𝐮𝐦𝐞 ကို ပိုမိုကောင်းမွန်စေပြီး အနာဂတ် 𝐂𝐚𝐫𝐞𝐞𝐫 အတွက် အသုံးဝင်တဲ့ အတွေ့အကြုံတွေ ရရှိစေနိုင်ပါတယ်နော်🫶

---

📘𝐀𝐭 𝐏𝐂𝐒𝐖𝐀, 𝐰𝐞 𝐛𝐞𝐥𝐢𝐞𝐯𝐞 𝐭𝐡𝐚𝐭 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 𝐢𝐬𝐧’𝐭 𝐚𝐥𝐰𝐚𝐲𝐬 𝐚𝐛𝐨𝐮𝐭 𝐠𝐞𝐭𝐭𝐢𝐧𝐠 𝐩𝐚𝐢𝐝. 𝐈𝐭’𝐬 𝐚𝐛𝐨𝐮𝐭 𝐰𝐡𝐚𝐭 𝐲𝐨𝐮 𝐥𝐞𝐚𝐫𝐧, 𝐰𝐡𝐚𝐭 𝐲𝐨𝐮 𝐜𝐨𝐧𝐭𝐫𝐢𝐛𝐮𝐭𝐞, 𝐚𝐧𝐝 𝐡𝐨𝐰 𝐲𝐨𝐮 𝐠𝐫𝐨𝐰. 🌱

လူငယ်တွေအတွက် မိမိ 𝐂𝐚𝐫𝐞𝐞𝐫 နဲ့ လက်တွေ့ဘဝမှာအသုံးဝင်တဲ့ 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေ၊ အခမဲ့ 𝐂𝐨𝐮𝐫𝐬𝐞 တွေနဲ့ 𝐒𝐤𝐢𝐥𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐂𝐥𝐚𝐬𝐬𝐞𝐬 တွေကို 𝐏𝐂𝐒𝐖𝐀 မှ ဆက်လက်ဖန်တီးပေးသွားမှာပဲ ဖြစ်ပါတယ်ရှင့်🌟

ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာသင်ယူရင်း အတွေ့အကြုံအသစ်တွေကို ရရှိချင်တယ်ဆိုရင်တော့ ကျွန်မတို့ 𝐏𝐂𝐒𝐖𝐀 ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်🤗❤️

“𝐋𝐞𝐭’𝐬 𝐆𝐫𝐨𝐰 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫🌱✨”

𝐏𝐂𝐒𝐖𝐀 – 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞, 𝐂𝐡𝐚𝐧𝐠𝐢𝐧𝐠 𝐋𝐢𝐯𝐞𝐬 💙

Writing - Pyone Pyone
Design - Nay Chi Moe

30/09/2026

𝐖𝐡𝐚𝐭 𝐂𝐚𝐧 𝐘𝐨𝐮 𝐏𝐮𝐭 𝐎𝐧 𝐘𝐨𝐮𝐫 𝐂𝐕 𝐈𝐟 𝐘𝐨𝐮’𝐯𝐞 𝐍𝐞𝐯𝐞𝐫 𝐖𝐨𝐫𝐤𝐞𝐝? 📜🤔

အလုပ်အတွေ့အကြုံမရှိသေးလို့ လက်လျှော့စရာမလိုပါဘူး။ ကိုယ်လုပ်ထားနိုင်တဲ့အရာတွေရှိရင် CV မှာ ထည့်သွင်းပြသနိုင်ပါတယ်။ ✨

𝟭. ကိုယ်စိတ်ဝင်စားတဲ့ 𝘀𝗸𝗶𝗹𝗹 တစ်ခုခုကို စတင်လေ့လာပါ။ ✍️

𝟮. ရရှိလာတဲ့ 𝘀𝗸𝗶𝗹𝗹 တွေကို အသုံးချပြီး Volunteer လုပ်ပါ။ ✨

𝟯. ကိုယ်တိုင်လုပ်တဲ့ Project တွေ၊ Volunteer လုပ်စဉ်က Project တွေနဲ့ 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 ပြင်ဆင်ပါ။ 📑

Skill တွေ၊ Experience တွေနဲ့ Portfolio တွေ စုံသွားပြီဆိုရင် CV အလွတ်ကြီး ဖြစ်မနေတော့ပါဘူး။ 💫

It’s never too late to start.✨

𝗣𝗖𝗦𝗪𝗔—𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲, 𝗖𝗵𝗮𝗻𝗴𝗶𝗻𝗴 𝗟𝗶𝘃𝗲𝘀💙

Writing - Pyone Pyone

𝐖𝐡𝐚𝐭 𝐑𝐞𝐜𝐫𝐮𝐢𝐭𝐞𝐫𝐬 𝐋𝐨𝐨𝐤 𝐅𝐨𝐫 𝐢𝐧 𝐘𝐨𝐮𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐧𝐭𝐬 💼အလုပ်လျှောက်တဲ့အခါ “𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 မရှိသေးဘူး” ဆိုပြီး ကိုယ့်ကိုယ်ကို အားမလျော...
28/09/2026

𝐖𝐡𝐚𝐭 𝐑𝐞𝐜𝐫𝐮𝐢𝐭𝐞𝐫𝐬 𝐋𝐨𝐨𝐤 𝐅𝐨𝐫 𝐢𝐧 𝐘𝐨𝐮𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐧𝐭𝐬 💼

အလုပ်လျှောက်တဲ့အခါ “𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 မရှိသေးဘူး” ဆိုပြီး ကိုယ့်ကိုယ်ကို အားမလျော့ပါနဲ့။

𝐅𝐫𝐞𝐬𝐡𝐞𝐫𝐬 တွေမှာ 𝐑𝐞𝐜𝐫𝐮𝐢𝐭𝐞𝐫𝐬 တွေကြည့်လေ့ရှိတဲ့အရာတွေက 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 တစ်ခုတည်းမဟုတ်ပါဘူး။

𝟎𝟏. 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐤𝐢𝐥𝐥𝐬 💬
ကိုယ့်အတွေးကို ရှင်းရှင်းလင်းလင်း ပြောနိုင်၊ ရေးနိုင်တာက အရေးကြီးပါတယ်။

𝟎𝟐. 𝐖𝐢𝐥𝐥𝐢𝐧𝐠𝐧𝐞𝐬𝐬 𝐭𝐨 𝐋𝐞𝐚𝐫𝐧 🌱
မသိသေးတာကို သင်ယူဖို့ စိတ်ရှိလား၊ 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤 ရရင် ပြင်ဆင်နိုင်လားဆိုတာလည်း အရေးကြီးပါတယ်။

𝟎𝟑. 𝐏𝐫𝐨𝐛𝐥𝐞𝐦-𝐒𝐨𝐥𝐯𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥𝐬 🧩
အခက်အခဲတွေ့တဲ့အခါ အဖြေကို ကိုယ်တိုင်စဉ်းစားရှာဖွေနိုင်တာက 𝐏𝐥𝐮𝐬 𝐏𝐨𝐢𝐧𝐭 တစ်ခုပါ။

𝟎𝟒. 𝐓𝐞𝐚𝐦𝐰𝐨𝐫𝐤 🤝
တစ်ယောက်တည်းကောင်းတာထက် 𝐓𝐞𝐚𝐦 နဲ့အတူ ပူးပေါင်းလုပ်ဆောင်နိုင်တာကိုလည်း အလုပ်ခွင်မှာ တန်ဖိုးထားကြပါတယ်။

𝟎𝟓. 𝐀𝐭𝐭𝐢𝐭𝐮𝐝𝐞 & 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 ✨
အလုပ်ကို တာဝန်ယူတတ်တာ၊ အချိန်ကို လေးစားတာနဲ့ ကိုယ့်လုပ်ရမယ့်အရာကို တာဝန်ယူပြီး ပြီးမြောက်အောင်လုပ်တတ်တာက အရေးကြီးပါတယ်။

ဒါကြောင့် 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 မရှိသေးတာက ကိုယ့်ရဲ့ အားနည်းချက်တစ်ခုတည်း မဟုတ်ပါဘူး။

အခုကတည်းက ကိုယ်ပိုင် 𝐒𝐤𝐢𝐥𝐥𝐬 တွေကို တဖြည်းဖြည်း တည်ဆောက်ထားပါ။
𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 လုပ်တာ၊ 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွေမှာ ပါဝင်တာ၊ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 တွေကနေလည်း ကိုယ့်ရဲ့ 𝐒𝐤𝐢𝐥𝐥𝐬 နဲ့ 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 တွေကို တည်ဆောက်နိုင်ပါတယ်။ 🌱

𝐏𝐂𝐒𝐖𝐀 — 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞, 𝐂𝐡𝐚𝐧𝐠𝐢𝐧𝐠 𝐋𝐢𝐯𝐞𝐬

𝗪𝗿𝗶𝘁𝗶𝗻𝗴 - 𝗣𝗵𝘆𝗼 𝗧𝗵𝗲𝗶𝗻𝗴𝗶
𝗗𝗲𝘀𝗶𝗴𝗻 - 𝗞𝗵𝗮𝗶𝗻𝗴 𝗭𝗶𝗻 𝗧𝗵𝗮𝗻𝘁

#𝗩𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝗦𝗸𝗶𝗹𝗹𝘀 #𝐏𝐂𝐒𝐖𝐀

25/09/2026

𝐖𝐡𝐚𝐭 𝐂𝐚𝐧 𝐘𝐨𝐮 𝐆𝐚𝐢𝐧 𝐅𝐫𝐨𝐦 𝐁𝐞𝐢𝐧𝐠 𝐚 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫? ✨

Volunteer လုပ်တာက အခြားသူတွေအတွက် ကူညီပေးရုံတင်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ 𝐬𝐤𝐢𝐥𝐥𝐬 တွေကို တိုးတက်အောင် လေ့ကျင့်နိုင်ပြီး 𝐜𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧၊ 𝐭𝐞𝐚𝐦𝐰𝐨𝐫𝐤 နဲ့ 𝐩𝐫𝐨𝐛𝐥𝐞𝐦-𝐬𝐨𝐥𝐯𝐢𝐧𝐠 𝐬𝐤𝐢𝐥𝐥𝐬 တွေကိုလည်း ပိုမိုတိုးတက်လာစေပါတယ်။ 💫

အနာဂတ် 𝐜𝐚𝐫𝐞𝐞𝐫 အတွက် အတွေ့အကြုံကောင်းတွေ ရရှိနိုင်သလို၊ နိုင်ငံခြားမှာ ပညာသင်ယူဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။ 📝

𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫𝐢𝐧𝐠 𝐢𝐬 𝐧𝐨𝐭 𝐨𝐧𝐥𝐲 𝐚𝐛𝐨𝐮𝐭 𝐠𝐢𝐯𝐢𝐧, 𝐢𝐭'𝐬 𝐚𝐥𝐬𝐨 𝐚𝐛𝐨𝐮𝐭 𝐠𝐫𝐨𝐰𝐢𝐧𝐠. 🌱

𝐏𝐂𝐒𝐖𝐀 မှာလည်း ကိုယ့်ရဲ့ 𝐬𝐤𝐢𝐥𝐥𝐬 တွေကို အသုံးချရင်း အသစ်အသစ်တွေ လေ့လာနိုင်ဖို့ 𝐯𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 တွေကို ခေါ်ယူနေပါတယ်။ 🤝

၆ လပြည့်မြောက်တဲ့အခါ တက်ကြွစွာပါဝင်ပြီး တာဝန်ကျေပွန်တဲ့ 𝐯𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 တွေအတွက် 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 လည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ 🏆

အခွင့်အရေးအသစ်တွေနဲ့ လေ့လာစရာအသစ်တွေကို မလွတ်တမ်းသိရှိနိုင်ဖို့ 𝐏𝐂𝐒𝐖𝐀 𝐏𝐚𝐠𝐞 လေးကို 𝐅𝐨𝐥𝐥𝐨𝐰 ထားလိုက်တော့နော်! 🔔💙

𝐏𝐂𝐒𝐖𝐀 — 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞, 𝐂𝐡𝐚𝐧𝐠𝐢𝐧𝐠 𝐋𝐢𝐯𝐞𝐬. 💙

𝐖𝐫𝐢𝐭𝐢𝐧𝐠 - 𝐏𝐡𝐲𝐮 𝐒𝐢𝐧 𝐂𝐡𝐚𝐥🧑‍💻
#𝐏𝐂𝐒𝐖𝐀 #𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 #𝗩𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝗦𝗸𝗶𝗹𝗹𝘀 #လူငယ်အခွင့်အရေး

20/09/2026

𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 | 𝟏𝟕.𝟗.𝟐𝟎𝟐𝟓 🤍

𝐏𝐞𝐨𝐩𝐥𝐞’𝐬 𝐂𝐨𝐦𝐩𝐚𝐬𝐬𝐢𝐨𝐧 𝐒𝐨𝐜𝐢𝐚𝐥 𝐖𝐞𝐥𝐟𝐚𝐫𝐞 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐏𝐂𝐒𝐖𝐀) မှ အမေ့အိမ် လူမှုကူညီရေးအသင်းသို့ လိုအပ်သော အာဟာရပစ္စည်းများနှင့် အလှူငွေများကို မေတ္တာ၊ စေတနာအပြည့်ဖြင့် သွားရောက်လှူဒါန်းခဲ့ပြီး အလှူအစီအစဉ်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

မောင်အေးချမ်းဝင်းနိုင် + မနှင်းထက်ဝေ တို့၏ ချစ်သူသက်တမ်း ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် 𝐏𝐂𝐒𝐖𝐀 အဖွဲ့နှင့်အတူ ပူးပေါင်းလှူဒါန်းခဲ့ကြပါသည်။ 🤍

ဒီအလှူအစီအစဉ် အောင်မြင်စွာ ပြီးမြောက်နိုင်ရန် ဝိုင်းဝန်းပါဝင်ကူညီပေးခဲ့ကြသော အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အားပေးကူညီပေးခဲ့ကြသူများအားလုံးကို 𝐏𝐂𝐒𝐖𝐀 မှ အထူးကျေးဇူးတင်ရှိပါသည်။ 🤍

လူမှုအသိုင်းအဝိုင်းအတွက် တတ်နိုင်သမျှ ဆက်လက်မျှဝေကူညီသွားပါမည်။

𝐏𝐂𝐒𝐖𝐀 — 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠, 𝐂𝐡𝐚𝐧𝐠𝐢𝐧𝐠 𝐋𝐢𝐯𝐞𝐬.

#𝐏𝐂𝐒𝐖𝐀 #𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 #𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 #𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫𝐅𝐨𝐫𝐇𝐮𝐦𝐚𝐧𝐢𝐭𝐲

𝐖𝐡𝐲 𝐖𝐞 𝐒𝐭𝐚𝐫𝐭𝐞𝐝 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞လူတိုင်းဟာ အသိပညာနဲ့ သင်ယူလေ့လာနိုင်မယ့် အခွင့်အလမ်းတွေကို တန်းတူရရှိနိုင်ကြမှာမဟုတ်ပါဘူ...
20/09/2026

𝐖𝐡𝐲 𝐖𝐞 𝐒𝐭𝐚𝐫𝐭𝐞𝐝 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞

လူတိုင်းဟာ အသိပညာနဲ့ သင်ယူ
လေ့လာနိုင်မယ့် အခွင့်အလမ်း
တွေကို တန်းတူရရှိနိုင်ကြမှာမဟုတ်ပါဘူး။

ဒီနေ့ခေတ်မှာ information နဲ့ knowledge တွေကိုရှာဖွေရတာလွယ်ကူပေမယ့် ဘာကိုလေ့လာသင့်လဲ၊ ဘယ်လိုအသုံးချကြမလဲဆိုတာ ပိုအရေးကြီးလာပါတယ်။ Knowledge ဆိုတာ ကိုယ်တစ်ယောက်တည်းသိထားရင် အကျိုးရှိသော်လည်း မျှဝေလိုက်တဲ့အခါ တခြားသူတွေအတွက်ပါ အကျိုးရှိပြီး အသိပညာဂုဏ်ရောင်ထိန်ပြောင်စေပါတယ်။

ဒါကြောင့်’’𝗪𝗲 𝗕𝗲𝗹𝗶𝗲𝘃𝗲 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗦𝗵𝗼𝘂𝗹𝗱 𝗕𝗲 𝗦𝗵𝗮𝗿𝗲𝗱’’လေ့လာသင်ယူခြင်းဆိုတာ ကိုယ်တစ်ယောက်တည်းအတွက်သာ မဟုတ်ပဲအချင်းချင်းမျှဝေရင်း အတူတူတိုးတက်သင့်တဲ့ အရာတစ်ခုလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

✨1. small knowledge can make a big difference
တစ်ခါတလေ ကိုယ်မျှဝေပေးလိုက်တဲ့ အချက်အလက်လေးတစ်ခုက တစ်ပါးသူအတွက် အသစ်တစ်ခုကို စတင်လေ့လာဖို့၊ အခွင့်အလမ်းတစ်ခုကို ရှာဖွေဖို့ ဒါမှမဟုတ် ကိုယ့်လမ်းကိုယ် ယုံကြည်မှုရှိရှိ လျှောက်လှမ်းဖို့ ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

✨ 2. Sharing creates access
ကိုယ်တိုင်ရရှိခဲ့တဲ့ အခွင့်အရေးတစ်ခုကို တစ်ခြားသူတွေနဲ့ မျှဝေပေးလိုက်တဲ့အခါ သူတို့အတွက်လည်း အလားတူအခွင့်အရေးတွေကို ရှာဖွေနိုင်မယ့် အသိပညာတံခါးလေးတစ်ချပ်ကို ဖွင့်ပေးလိုက်သလိုဖြစ်နိုင်ပါတယ်။

✨ 3. Learning becomes more meaningful when it’s shared
အသိပညာတွေကိုမျှဝေလိုက်တဲ့အခါ ကိုယ်တိုင်လဲ ပြန်လည်စဉ်းစားသုံးသပ်မိပြီး အခြားသူတွေရဲ့ အမြင်တွေ၊ မေးခွန်းတွေနဲ့ အတွေ့အကြုံတွေကနေ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကိုလည်း ပြန်လည်သင်ယူနိုင်ပါတယ်။

✨ 4. Knowledge can open new doors
အသိပညာတစ်ခုဟာ အဖြေတစ်ခုကိုပဲ ပေးနိုင်တာမဟုတ်ပါဘူး။ အခွင့်အရေးအသစ်တွေကို ရှာဖွေဖို့နဲ့ ကိုယ့်အနာဂတ်အတွက် လမ်းကြောင်းအသစ်တွေကို မြင်လာဖို့လည်းအထောက်အပံ့ပေးနိုင်ပါတယ်။

ဒါကြောင့် အသိပညာမျှဝေခြင်းဆိုတာ ကိုယ်သိထားတာတွေကို ပြောပြပေးရုံတင် မဟုတ်ပါဘူး။ တစ်ပါးသူအတွက် အခွင့်အရေး ယုံကြည်မှုနဲ့ အနာဂါတ်အသစ်တွေအတွက် ဖန်တီးပေးနိုင်တဲ့အရာလည်းဖြစ်နေတတ်ပါတယ်။

𝗔𝘁 𝗣𝗖𝗦𝗪𝗔, 𝘄𝗲 𝗯𝗲𝗹𝗶𝗲𝘃𝗲 𝘁𝗵𝗮𝘁 𝗲𝘃𝗲𝗿𝘆𝗼𝗻𝗲 𝗱𝗲𝘀𝗲𝗿𝘃𝗲𝘀 𝗮𝗰𝗰𝗲𝘀𝘀 𝘁𝗼 𝗸𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗮𝗻𝗱 𝗼𝗽𝗽𝗼𝗿𝘁𝘂𝗻𝗶𝘁𝗶𝗲𝘀 𝘁𝗼 𝗹𝗲𝗮𝗿𝗻.

𝗪𝗿𝗶𝘁𝗶𝗻𝗴 - 𝗣𝘆𝗮𝗲 𝗣𝗵𝗶𝗼 𝗔𝘂𝗻𝗴
GraphicDesigner-Kyaw ZinThant
#လူငယ်အခွင့်အရေး #𝗩𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝗦𝗸𝗶𝗹𝗹𝘀

18/09/2026

Volunteer လုပ်ကြည့်မယ်” ဆိုတဲ့ စိတ်တစ်ခုနဲ့ စခဲ့တဲ့အရာက…
တစ်နေ့မှာတော့ မမေ့နိုင်တဲ့ အမှတ်တရတွေ ဖြစ်လာခဲ့တယ်။ ❤️

အစကတော့ လူစိမ်းတွေ…
အချိန်ကြာလာတော့ Team ဖြစ်လာတယ်။
အတူတူအလုပ်လုပ်ရင်း၊
အတူတူပင်ပန်းရင်း၊
အတူတူရယ်မောရင်း
အမှတ်တရတွေ တဖြည်းဖြည်း စုဆောင်းလာခဲ့တယ်။

Volunteer လုပ်ရင်း
သူများတွေအတွက် တစ်ခုခုလုပ်ပေးနေတယ်လို့ ထင်ခဲ့ပေမယ့်…
တကယ်တော့ ကိုယ်တိုင်လည်း
အတွေ့အကြုံတွေ၊ မိတ်ဆွေတွေ၊ သင်ယူစရာတွေနဲ့
မမေ့နိုင်တဲ့ အမှတ်တရတွေ အများကြီး ရခဲ့တယ်။ ✨

အခုတော့…
နောက်ထပ်တစ်ယောက်အတွက်လည်း
ဒီလိုအမှတ်တရတွေ ဖန်တီးနိုင်ဖို့
PCSWA မှာ နေရာတစ်နေရာ ချန်ထားချင်ပါတယ်။

သင်လည်း လူတွေနဲ့အတူ အလုပ်လုပ်ရင်း
အသစ်တွေ သင်ယူချင်တယ်ဆိုရင်…
PCSWA မှာ Volunteer အဖြစ် Join လိုက်ပါ။ 🤍

#လူငယ်အခွင့်အရေး

𝐘𝐨𝐮𝐫 𝐍𝐨𝐫𝐦𝐚𝐥 𝐃𝐚𝐲 𝐈𝐬 𝐒𝐨𝐦𝐞𝐨𝐧𝐞’𝐬 𝐃𝐫𝐞𝐚𝐦 ‼️တစ်ခါတလေ ကျွန်တော်တို့ဟာ ကိုယ့်မှာရှိပြီးသား အရာတွေကို သတိမထားမိတတ်ကြပါဘူး။မနက်ခင်း...
17/09/2026

𝐘𝐨𝐮𝐫 𝐍𝐨𝐫𝐦𝐚𝐥 𝐃𝐚𝐲 𝐈𝐬 𝐒𝐨𝐦𝐞𝐨𝐧𝐞’𝐬 𝐃𝐫𝐞𝐚𝐦 ‼️

တစ်ခါတလေ ကျွန်တော်တို့ဟာ ကိုယ့်မှာရှိပြီးသား အရာတွေကို သတိမထားမိတတ်ကြပါဘူး။

မနက်ခင်းမှာ နိုးထလာနိုင်ခြင်း၊
ကိုယ်ကြိုက်တဲ့အစားအစာကို စားနိုင်ခြင်း၊
ပညာသင်ယူနိုင်ခြင်း၊
မိသားစုနဲ့ အချိန်ဖြုန်းနိုင်ခြင်း…

ဒါတွေဟာ ကျွန်တော်တို့အတွက် ပုံမှန်နေ့စဉ်ဘဝတစ်ခုလို ဖြစ်နေပေမယ့် တစ်စုံတစ်ယောက်အတွက်တော့ ရရှိဖို့ မျှော်လင့်နေတဲ့ အိပ်မက်တစ်ခု ဖြစ်နေနိုင်ပါတယ်။

တစ်ခါတလေ ကိုယ်မထင်မှတ်ထားတဲ့ အရာလေးတွေကပဲ တစ်ပါးသူအတွက် အကြီးမားဆုံး အဓိပ္ပာယ်ရှိနိုင်ပါတယ်။

🤍 ကိုယ်ပေးလိုက်တဲ့ အချိန်လေးတစ်ခု
🤍 ကိုယ်မျှဝေပေးလိုက်တဲ့ အရာလေးတစ်ခု
🤍 ကိုယ်ကူညီပေးလိုက်တဲ့ လုပ်ရပ်လေးတစ်ခု

ဒါတွေက တစ်စုံတစ်ယောက်ရဲ့ နေ့ရက်တွေကို ပိုကောင်းလာစေနိုင်ပါတယ်။

ဘဝမှာ ရရှိထားတဲ့အရာတွေကို တန်ဖိုးထားပါ။
ပြီးတော့ ကိုယ်တတ်နိုင်သလောက် တစ်ပါးသူတွေရဲ့ ဘဝထဲမှာ အလင်းရောင်လေးတစ်ခု ဖြစ်ပေးပါ။ 🌱

𝐒𝐨𝐦𝐞𝐭𝐢𝐦𝐞𝐬, 𝐰𝐡𝐚𝐭 𝐟𝐞𝐞𝐥𝐬 𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐭𝐨 𝐲𝐨𝐮 𝐜𝐚𝐧 𝐦𝐞𝐚𝐧 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠 𝐭𝐨 𝐬𝐨𝐦𝐞𝐨𝐧𝐞 𝐞𝐥𝐬𝐞.

---

🤍 𝐀𝐭 𝐏𝐂𝐒𝐖𝐀, 𝐰𝐞 𝐛𝐞𝐥𝐢𝐞𝐯𝐞 𝐭𝐡𝐚𝐭 𝐬𝐦𝐚𝐥𝐥 𝐚𝐜𝐭𝐬 𝐨𝐟 𝐤𝐢𝐧𝐝𝐧𝐞𝐬𝐬 𝐜𝐚𝐧 𝐜𝐫𝐞𝐚𝐭𝐞 𝐦𝐞𝐚𝐧𝐢𝐧𝐠𝐟𝐮𝐥 𝐜𝐡𝐚𝐧𝐠𝐞𝐬 𝐢𝐧 𝐩𝐞𝐨𝐩𝐥𝐞’𝐬 𝐥𝐢𝐯𝐞𝐬.

𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠, 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐒𝐮𝐩𝐩𝐨𝐫𝐭 နဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 တွေကနေ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးရှိတဲ့ အပြောင်းအလဲတွေ ဖန်တီးနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်။

𝐏𝐂𝐒𝐖𝐀 — 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞, 𝐂𝐡𝐚𝐧𝐠𝐢𝐧𝐠 𝐋𝐢𝐯𝐞𝐬 💙

Writing - Phyo Theingi
GraphicDesigner-Kyaw ZinThant

#𝗩𝗼𝗹𝘂𝗻𝘁𝗲𝗲𝗿𝗦𝗸𝗶𝗹𝗹𝘀 #လူငယ်အခွင့်အရေး

Address

Yangon

Alerts

Be the first to know and let us send you an email when PCSWA Voluntary Support posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share