07/09/2026
🎗️ CCAM 2026 🎗️
Childhood Cancer Awareness Month 2026ကို World Child Cancer မှ ကြီးမှူး၍ Gallery Ohmar မှ Venue sponsor အဖြစ် ပါဝင်ကူညီပြီးအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
Daw Pa, Thirty Eight production, Together In Mission, Eco Edu Hub Myanmar နှင့် Sharing Our Strength မှ Partner အဖြစ်ပါဝင်ပေးခဲ့ပါတယ်။
Fundraising Bazaar မှာ ပါဝင်အားဖြည့်ပေးကြတဲ့ Vendors များကတော့ စုစုပေါင်း ၂၇ဆိုင် ဖြစ်ပြီး ရောင်းရငွေများမှ ၂၀%အပြင်၊ ထပ်တိုးအလှူများပါဝင်ပေးခဲ့ကြပါတယ်။
Panelists များဖြစ်ကြသော ဆရာမကြီး ပါမောက္ခဒေါက်တာအေးအေးခိုင်၊ သူနာပြုဆရာမကြီး Sisterနန့်ဝင်းကြည်၊ ကုသအောင်မြင်ပြီးသောသမီးလေးမေမေ ၊ ကလေးတွေကိုချစ်သော မဝင်းပပကို၊ အဆိုတော် စန္ဒီမြင့်လွင်နှင့် Moderator ဒေါက်တာရည်မွန်တို့မှ Protecting Childhood Potential” ဆိုတဲ့ CCAM 2026 ရဲ့ အဓိက Theme အောက်မှာ ကလေးကင်ဆာကုသမှု၊ ပြန်လည်ရှင်သန်မှုနဲ့ ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ပံ့ပိုးကာကွယ်ပေးခြင်းအကြောင်း အဓိပ္ပာယ်ပြည့်ဝတဲ့ Panel Discussion လေးကြောင့် ပွဲလေးရဲ့ အဓိပ္ပါယ်ပိုလေးနက်စေခဲ့ပါတယ်။
Awareness အတွက် Talk အစီအစဉ်တွင်ပါဝင်ပေးကြပါသော ဆရာမကြီးဒေါက်တာယဉ်မြတ်သူ မှ Early Warning Sign of Childhood Cancer အကြောင်း ဟောပြောချက်များမျှဝေခဲ့ခြင်းသည်လဲ တန်ဖိုးအင်မတန်ရှိတဲ့ ဗဟုသုတများရရှိခဲ့ကြပါတယ်။
ကလေးကင်ဆာရောဂါကို Warriors များကဲ့သို့ ရဲရဲဝင့်ဝင့်ရင်ဆိုင်ခဲ့သော သား နှင့် သမီးတို့နှင့်အတူ သူနာပြုဆရာမကြီး Sister Su Su Myat တို့ရဲ့ စကားဝိုင်းဆိုသည်မှာ ပွဲ့နေ့လေး အသက်ဖြစ်ခဲ့ရပါတယ်။
ကလေးတွေရဲ့ပွဲဆိုတာနဲ့ အမြဲလာရောက်အားဖြည့်ပေးကြသော အဆိုတော် ရဲလေး နှင့် မိစန္ဒီ တို့ကြောင့် ကျွန်မတို့ရဲ့ ကလေးများနှင့် မေမေတို့ရဲ့ စိတ်အမောတွေပြေခဲ့ရတာတော့ အမှတ်တရထင်ကျန်နေမှာမလွဲပါ။
Gallery Ohmar မှ ဖိတ်ကြားပေးသောကြောင့် Magic Show ကတော့ အားလုံးရဲ့ စိတ်ဝင်စားမူအပြည့်ရခဲ့ပါတယ်။
လာရောက်လေ့လာရင်းအားပေးကြတဲ့ ဧည့်သည်က ပထမနေ့ ၁၄၀ကျော် နှင့် ဒုတိယနေ့တွင် ၁၈၀ကျော် ကြောင့် AWARENESS ဆိုတဲ့ ခေါင်းစဉ်လေးဟာ ထိမိတယ်လို့ ခံစားခဲ့ရပါတယ်။
မေမေတို့ရဲ့ Food Counter လေးကို အားပေးကြ၊ အကြံညဏ်တွေပေးကြလို့ ကျွန်မတို့ရဲ့ မေမေတွေကတော့ စိတ်ခွန်အားအပြည့်နဲ့ ဆက်၍ကြိုးစားရန်အသင့်ပါနော်။
နှစ်ရက်တာပွဲ အတွက် ကျွန်မ နွယ်နီနှင့်အတူ မပ Win Pa Pa Ko တို့မှ တစ်လတာနီးပါးစီစဉ်ကြရင်း ၊ UK time နဲ့ မြန်မာ time ကြားမှာ အစစအရာရာ ကူညီ အကြံပေးကြပါသော World Child Cancer (UK) team၊ design အတွက် သား ရှင်းသန့်နိုင်၊ လင်းသန့်နိုင် နှင့် အနောက်ကနေ ကူညီအားဖြည့်ပေးကြသူများ၊ Volunteer team ကို ဦးဆောင်ပေးသော သမီး စုလှိူင်နှင်း နှင့် နှစ်ရက်တာ ပါဝင်ပေးကြသော Volunteer team တို့အားလုံးကြောင့် အစစအရာရာ အဆင်ပြေစွာဖြင့် အောင်မြင့်ခဲ့ပါတယ်။
ကျွန်မတို့ရဲ့ကလေးတွေကိုမေတ္တာတွေအပြည့်နှင့် ပါဝင်ခဲ့ကြသောသူများအားလုံးကို ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်အပ်ပါတယ်ရှင်။
Childhood Cancer Awareness Month (CCAM) 2026 was successfully organised by World Child Cancer Myanmar, with the generous support of Gallery Ohnmar as our Venue Sponsor.
We were also honoured to have Daw Pa, Thirty Eight Production, Together In Mission, Eco Edu Hub Myanmar, and Sharing Our Strength join us as valued partners in making this meaningful event possible.
The two-day Fundraising Bazaar brought together a total of 27 vendors, who generously contributed 20% of their sales, along with additional donations, to support children affected by cancer.
One of the highlights of CCAM 2026 was our meaningful Panel Discussion under the theme “Protecting Childhood Potential.” We were deeply honoured to have Professor Dr. Aye Aye Khaing, Sister Nant Win Kyi, the mother of childhood cancer survivor May May, Win Pa Pa Ko, singer Sandy Myint Lwin, and moderator Dr. Ye Mon share their experiences and perspectives.
Their discussion on childhood cancer treatment, survivorship, resilience, and the importance of protecting and supporting a child's future added great depth and meaning to our event.
Our Childhood Cancer Awareness Talk, presented by Dr. Yin Myat Thu on the topic “Early Warning Signs of Childhood Cancer,” provided valuable knowledge and important awareness for all attendees.
Another truly special and memorable moment was the talk with our young childhood cancer warriors—the brave children who have faced cancer with courage—together with Sister Su Su Myat. Their stories, strength, and smiles truly brought life and heart to the event.
We were also delighted to have singers Ye Lay and Mi Sandy, who have always shown love and support for children, join us and bring joy to our young warriors and their mothers. Their presence helped create beautiful and unforgettable memories.
Thanks to the invitation and support of Gallery Ohnmar, the Magic Show was also a wonderful highlight that captured everyone's attention and brought plenty of smiles and laughter.
Over the two days, we welcomed more than 140 visitors on the first day and over 180 visitors on the second day. Seeing so many people come to learn, participate, and show their support made us truly feel that our message of AWARENESS had reached people's hearts.
We are especially grateful to everyone who supported our mothers' Food Counter and shared valuable advice and encouragement. Their support has given our mothers renewed confidence, motivation, and strength to continue moving forward.
Behind this two-day event was nearly a month of preparation and coordination. Together with Nwe Ni, and Ma Win Pa Pa Ko, we worked tirelessly to bring CCAM 2026 to life.
We would like to express our heartfelt gratitude to the World Child Cancer UK team, who supported, guided, and advised us across the distance and time difference between the UK and Myanmar.
A special thank you also goes to Shin Thant Naing and Lin Thant Naing for their support with the designs, as well as everyone who contributed behind the scenes.
We are deeply grateful to Su Hlaing Hnin, who led our Volunteer Team, and to every volunteer who dedicated their time, energy, and love throughout the two-day event. Your commitment made everything run smoothly and successfully.
Finally, from the bottom of our hearts, we would like to thank every partner, donor, vendor, volunteer, speaker, performer, supporter, and guest who joined us with love and compassion for our children.
Together, we Protect Childhood Potential. 🎗️