12/06/2026
ဘူးသီးတောင်မြို့နယ် ၊ချင်းတောင်ဒေသ(စိုင်းဒင်)တွင် နေထိုင်ကြသော အဝခမီ၊ မရို(မြို) နှင့် အရိုင်းခူမီလူမျိုးများအကြောင်း (အပိုင်း -၇)
၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအစီရင်ခံစာ မှတ်တမ်းတွင်ဖော် ပြသော အဝခမီ (ခမီ) ၊ မြို ၊ အရိုင်းခမီ (ခူမီး) တို့အကြောင်းကို နှိုင်းချိန်တင်ပြထားသည်။
အဝခမီ ၊ မြို နှင့် အရိုင်းခမီ
နေအိမ်တွင် မိသားစုဝင်တစ်ဦး ကျန်းမာရေးမကောင်းသဖြင့် နေထိုင်မကောင်းဖြစ်သည့်အခါ ကျွဲ ၊ နွား၊ ဆိတ်၊ ဝက် ၊ ကြက်တို့ ကိုသတ်ဖြတ်ကာယဇ်ပူဇော်ကြသည်။ နေအိမ်တွင် အိမ်သားတစ်ယောက် နာဖျားမကျန်းဖြစ် လျှင်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရလျှင် ဖြစ်စေ ဆေးဝိဇ္ဇာ(နတ်ဆရာ) ၊ ဝေဖာလီဆရာထံနတ်မေးခြင်းကို အဝခမီ နှင့် မြိုလူမျိုးတို့က ပြုလုပ်လေ့ရှိကြသည်။ ဝေဖာလီ ဆိုသည်မှာ ဝါးဆစ်ပိုင်း၏အစွန်းနှစ်ဖက်တွင် ကြိုးမျှင်စ များချည်ထားသည့်အရာဖြစ်သည်။ ဝေဖာလီဆရာထံ နတ်မေးသည့်အ ခါဆရာက ဝေဖာလီကို အထပ်ထပ် ပွတ်သပ်ကာနောက်ဆုံးတွင် လူမမာကို ဖမ်းစားထားသည့် မကောင်းဆိုးရွားကိုကျေနပ်စေရန် ကြက်၊ဝက်၊ နွားတစ်ကောင်ကောင်ကိုယဇ်ပူဇော်ရမည်ဟု ဆုံးဖြတ်အဖြေပေးလေသည်။ ဝေဖာလီဆရာက အဆုံးအဖြတ် ပြုသည့်အတိုင်း ၎င်းတို့၏ကောင်းကျိုးအတွက်ယဇ်ပူဇော်ခြင်း ပြုကြလေသည်။ အဝခမီလူမျိုးတို့သည် ယဇ် ပူဇော်ရန်အတွက် ချောင်းကမ်းပါးအနီးတွင်တဲငယ်တစ်လုံးထိုးကြသည်။ ယဇ်ပူဇော်မည့်သားကောင် တစ် ကောင် သို့မဟုတ် ထို့ထက်ပိုသောအ ကောင်ရေကိုတဲတွင်သာသတ်ကြသည်။ သားကောင်၏သွေးကို မီးသင်း ထားသောစပါးပေါ်တွင်လည်းကောင်း အခြားစားဖွယ် ရာပေါ်တွင်လည်းကောင်း ပက်ဖြန်းပြီး ယဇ်ပူဇော်ရန် ပြင်ဆင်ထားသည်။ ထို့အပြင်တဲအပေါ်သို့လည်းကောင်း စမ်းချောင်းထဲသို့ လည်းကောင်း ဖြန်းပက်သည်။ အသည်း ၊ အူတို့ကိုဝါးကျည်တောက်ဖြင့်ချက်ပြုတ်ပြီး ၊ထမင်းပွဲနှင့်အတူ တဲ၌နတ်ကိုပူဇော်ပသသည်။ အနာ ရောဂါအမြန်ဆုံးသက်သာ ပျောက်ကင်းစေရန်ဆုမွန်တောင်းကြသည်။ မြိုလူမျိုးတို့သည် ဝေဖာလီဆရာက ညွှန်ပြစေခိုင်းသည့်အတိုင်း ချောင်းကမ်းနံဘေး၌ဖြစ်စေ၊ တောင်ကုန်အနီး၌ဖြစ်စေ တိစ္ဆာန်ကိုသတ်ဖြတ်ကာ ယဇ်ပူဇော်ကြသည်။ မြိုလူမျိုးတို့သည် ကြက် သို့မဟုတ်ဝက်ဖြင့်ယဇ်ပူဇော်လျှင်တဲထိုးခြင်းမပြုဘဲ၊ ဆိတ် သို့မဟုတ် နွားသို့မဟုတ် ဆိတ်ရောနွားပါ ပါဝင်သည့် တိစ္ဆာန်ယဇ်ပူဇော်ခြင်းမျိုးသာ တဲထိုးကြသည်။ မြိုတို့ သည်ချက်ပြုတ်ပြီးသားဟင်းလျာဖြင့် နတ်ကိုပူဇော်ပသခြင်း မပြုပါ။ ချောင်းနံဘေးတွင်ထိုးထားသောတဲကို တိစ္ဆာန်သွေးဖြင့်ဖြန်းပက်ခြင်း ၊ ရောဂါသက်သာပျောက်ကင်းစေရန်ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။ အရိုင်းခမီလူမျိုးတို့တွင်လည်း နာဖျားမကျန်းဖြစ်ကြသောအခါဝေဖာလီဆရာထံတွင် နတ်မေးခြင်း ပြုလုပ်ကြ သည့်ယုံကြည်မှုမျိုးရှိကြသည်။ အိမ်သားတစ်ဦးနာဖျားမကျန်းမာဖြစ်သည့်အခါ နာဖျားမကျန်းဖြစ်အောင် ကိုင်သည့် နတ်မိစ္တာကိုကျေနပ်စေရန်လှေခါးတွင် ကြက်ဥတစ်လုံးကိုခွဲပေးရသည်။ ထိုသို့ပြုလုပ်သော်ငြား ပျောက်ကင်းသက်သာမှု မရှိပါက ချောင်းကမ်းနံဘေးတွင် တဲကန္နားထိုးပြီးကြက်၊ ဝက်၊ ဆိတ်တစ်ကောင် ကောင်ကို မိသားစု၏ အလိုအရ ယဇ်ပူဇော်ရန်သတ် ဖြတ်ရသည်။ ထွက်လာသောတိစ္ဆာန်သွေးကိုစုယူပြီး ယဇ်ပူဇော်ရန်ခွဲထားသော ထမင်းပေါ်သို့ဖြန်း၍အိမ်တွင်ထားကာ နတ်ပူ ဇော်ပေးရသည်။ ထို့နောက် လူမမာ ၏အိမ်ရှေ့ကပြင်တွင် ကခုန်ပွဲပြုလုပ်ကြသည်။ အိမ်တွင်နတ်ကိုချက်ပြုတ်ထားသော အသားဟင်းလျာနှင့် ထမင်းဖြင့်တင်မြှောက်ပသသည်။ လူနာကိုရောဂါအမြန်ဆုံးသက်သာပျောက်ကင်းစေရန်ဆုတောင်းကြသည်။ သို့သော် စိတ်ကျေနပ်လောက်အောင် ရောဂါပျောက်ကင်းသက်သာလာခြင်း ဖြစ်မလာပါက နွား သို့မဟုတ် အခြား တိစ္ဆာန်ဖြင့်ယဇ် ပူဇော်ရပြန်ပါသည်။ နွားကိုရွာထဲရှိခုန်တိုင် တွင်ချည်ထားရသည်။ ကခုန်ဟစ်ကြွေးပြီး နွားကိုထိုးသတ်ရသည်။ လူမျိုးစုသုံး စုစလုံးသည်ယဇ်ပူဇော်ခြင်း အမျိုးမျိုးပြုလုပ်ပြီးသော်ငြား ရောဂါသက် သာပျောက်ကင်းမှုမရှိပါမှ ဆေးဝါးကုသခြင်းကိုနောက် ဆုံးထား၍ အနာရောဂါကင်းပျောက်စေရန် ပြုလုပ် ကြသည်။
နားထွင်းမင်္ဂလာအခမ်းအနား - အရိုင်းခမီလူမျိုးတို့သည်မွေးပြီးမကြာမီပင်ကလေးငယ်ကိုနားဖောက်ပေးကြသဖြင့်နား ထွင်းမင်္ဂလာ အခမ်းအနားမျိုးမရှိပေ။ မြို နှင့် အဝခမီတို့က ကျွဲ၊နွားဖြင့်ယဇ်ပူဇော်ကာနတ်တင်ပြီး ကလေးငယ်များကို နင်းထွင်းမင်္ဂလာပြုလုပ်ပေးကြသည်။ မိဘ၏နေအိမ်ရှေ့ရှိချည်တိုင်တွင်ယဇ်ပူဇော်မည့် နွားကိုချည်ထားရ သည်။ မိဘဖြစ်သူကသားသ မီးကိုလက်တစ်ဖက်ဖြင့်ပွေ့ချီကာ ၊ ကျန်လက်တစ်ဖက်ကိုအားပြုလျက် နွားကို ထိုးသတ်ရသည်။ အခမ်းအနားသို့တက်ရောက် လာကြသောရွာသားများက နွားဦးခေါင်းကို ပုဆိန်ဖြင့် ခုတ်ဖြတ်ကာသတ်ဖြတ်ကြသည်။ မြိုလူမျိုးတို့ကခေါင်ရည်သောက်ပြီး နွားသေကောင်ကို ဝိုင်းပတ်ကခုန် ကြသည်။ အဝခမီလူမျိုးတို့ကနွားသေကောင်ကို အိမ်ရှေ့ကပြင်သို့သယ်လာပြီးမှ ဝိုင်းပတ်က ခုန်ကြသည်။ မြိုလူမျိုးနှင့် အဝခမီလူမျိုးတို့သည် နွားသေ၏အူအတွင်းမှအဝါရောင်သွေးရည်ကြည်ဖြင့် အိမ်နံရံကို ပက် ဖြန်းကြသည်။ အသား၊ အသည်း၊ အဆုပ်၊ အူတို့ကို တသီးတခြားစီချက်ပြုတ်ပြီး နတ်တင်ကြသည်။ ကခုန် ပြီးနောက်မကြာမီပင်နား ထွင်းမင်္ဂလာပြုလုပ်သည်။ ရွာထဲရှိတတ်နိုင်(ချမ်းသာသူ)၏ သားသမီးများ နားထွင်း မင်္ဂလာပြုလုပ်သည့်အခါ မတတ်နိုင်သူ (နွမ်းပါးသူ) တို့၏ သားသမီးများကို ထိုနားထွင်းပွဲတွင် ပါဝင်နားထွင်း ပေးကြသည်။ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းကို နားထွင်းမင်္ဂလာပွဲသို့ ဖိတ်ကြားပြီး ကျွေးမွေးဧည့်ခံလေ့ရှိ ပါသည်။ ထိုလူမျိုးစုအားလုံး၏နတ်ပွဲအားလုံးလိုလိုပင်ရွာထဲရှိလူပျိုအပျိုများ အတူတကွရောနှော ကခုန်ခြင်း များပါဝင်နေသည်။ ထိုလူမျိုးတို့၏လူမှုရေး ကိစ္စ၊ ပျော်ရွှင်ရေး ကိစ္စများသည်နတ်ပူဇော်မှုများ မဖြစ်မနေ ပါဝင်လျက်ရှိပေသည်။
လက်ထပ်ထိမ်းမြားခြင်းဥပဒေသ -အရွယ်ရောက်သူကုမ္မရီသမီးပျိုလေးများသည် ရွာထဲရှိ အိမ်တစ်အိမ်တွင် တစုတဝေးတည်း ညအိမ်ကြသည်။ လုလင်ပျိုများကညအခါ လူပျိုလှည့်လာကြပြီးချစ်ရေးဆိုကြသည်။ ချစ် ခွင့်ပန်ရသူကလက်ဆက်ခွင့်ရသည်။ လက်ထပ်ထိမ်းမြားခြင်းကို ချစ်သူမောင်နှံတို့ ကိုယ်တိုင်စီစဥ်ပြုလုပ် ကြသည်။ သတို့သမီးဘက်မှ မိဘဆွေမျိုးများကို စွက်ဖက်ခွင့်မပြုပေ။ မိန်းကလေးသည် ချစ်သူခေါ်ရာ နောက်သို့ ညအခါလိုက်ပါသွားရသည်ကို သမီးရှင်မိဘတို့က ဟန့်တားလေ့မရှိကြ ပေ။ မိန်းကလေး၏ မိဘတို့ ကသတိုးသား၏ဖခင် သို့မဟုတ် ဆွေမျိုးများထံမှသတိုးသမီး တင်တောင်းကြေးကိုနောင်တွင်တောင်းခံလိမ့် မည်။ အရိုင်းခမီမှအပ ကျန်လူမျိုးစုများသည် တစ်လင်တစ်မယားစနစ်ကျင့်သုံးကြသည်။ အလွန်နည်းပါး သည့်အရိုင်းခမီ အမျိုးသားအချို့သာ မယားပြိုင်ထားကြသည်။ ပထမဇနီးမယားနှင့် ပေါင်းသင်းနေလျက်ပင် ဒုတိယဇနီးမယားကိုအပြိုင်ယူထား နိုင်သော်လည်း ပထမဇနီးကခွင့်ပြုမှသာယူနိုင်သည်။ ပထမဇနီးကသ ဘောမတူပဲဒုတိယဇနီးယူလျင်ပထမဇနီး၏ဖခင် သို့မဟုတ် အစ်ကို သို့မဟုတ် မောင်ကို လျော်ကြေးပေးပြီးမှ ဒုတိယဇနီးကိုလက်ထပ်၍ရသည်။ မိန်းကလေးကချစ်သူယောကျ်ား ကလေးနောက်သို့ ခေါ်ရာလိုက်ပါရန် ငြင်းဆိုသည့်အခါတွင်မှသာ မိန်းကလေး၏ မိဘများကလက်ထပ်ထိမ်းမြားခြင်းကိစ္စတွင် ဝင်ရောက်စီစဥ်ခွင့် ရသည်။ အဝခမီလူမျိုးတို့တွင် အမျိုးသားကသူ၏ယောက်ခမလောင်းထံ ကိုယ်တိုင်ဖြစ်စေ၊ ကြောင်းလမ်း ပေးသူမှတဆင့်ခံဖြစ်စေသမီးတောင်းယူရသည်။ လက်ထပ်ကြောင်းလမ်းသည် ရက်သတ်မှတ်ရွေးချယ်ရ သည်။ သမီးရှင်၏ ဖခင်ကသမီးအားလက်ထပ်ရန် သဘောတူမတူဆန္ဒကိုမေးမြန်းသည်။ သမီးကငြင်းပယ် ခြင်းမပြုပါက ခေါင်ရည်အိုးနှင့် ဝက်တို့ ကိုသမီးရှင်၏အိမ်တွင် မင်္ဂလာပွဲအတွက်အသင့် ဖြစ်စေရန်စီစဥ် ထားရသည်။ မင်္ဂလာအခါတော်နေ့တွင်သတိုးသား၏ဖခင်နှင့် ရွာလူကြီးတို့ပါဝင်သော သတိုးသားဘက်က အဖွဲ့သည် သတို့သမီး၏ဖခင်အိမ်သို့ ဓါးတစ်ချောင်း၊ ခေါင်ရည်သုံးဘူး ၊ ကြက်သုံးကောင်တို့ဖြင့် ရောက်လာ ကြသည်။ ကြက်သုံးကောင်တွင်ပါဝင်သည့်တွန်သံပေးကြက်ဖကို အိမ်တွင်မွေးထားရန်လွှတ်ပေးရသည်။ ကျန်ကြက်နှစ်ကောင်ကို ဟင်းလျာချက်၍ခေါင်ရည်နှင့်အတူ သတို့သမီးဘက်ကအဖွဲ့ကို ကျွေးမွေးရသည်။ သတို့သမီး၏ ဖခင်အားဓါးကိုကမ်းပေးရသည်။ သတိုးသမီးဘက်ကဆွေမျိုးများကလည်း ဝက်သား ခေါင်ရည် တို့ဖြင့်သတို့သားဘက်ကအဖွဲ့ ကိုအပြန်အလှန်အားဖြင့်ကျွေးမွေးရသည်။ သတို့သားဘက်က ကြက်သားကို မစားရသကဲ့သို့ သတို့သမီးဘက်ကလည်းဝက်သား ကိုရှောင်ကြရသည်။ မစားရမည့်ကြက်သား သို့မဟုတ် ဝက်သားဟင်းကို မှားယွင်းစားမိပါကရူပီးငွေ(၅) မှ (၁၀)အထိပေးလျော် စေရသည်။ စားသောက်ပွဲဧည့်ခံ နေစဥ်အတွင်းသတို့သမီး၏ဖခင်က ရူပီး(၃၀)၊ ဓါး (၁၅) ချောင်း၊ ပုဆိန်(၁)လက် ၊လှံ(၁)စင်းကို အနိမ့်ဆုံး ထားပြီးသတို့သမီးတင်သကြေးအဖြစ် တောင်းဆိုရသည်။ သတို့သား၏ ဖခင်စျေးဆစ်လျှော့ပေါ့ရန် တောင်း ဆိုခြင်းမ ပြုဘဲ၊ သတို့သမီး၏ဖခင်ကတောင်းခံသမျှ သတို့သမီးတင်သကြေးကိုလက်ခံ လိုက်လျောပေးရ သည်။ သတို့သားဖက်ကအဖွဲ့ သည် ကြက်အကောင်(၃၀) ၊ခေါင်ရည်ဘူး(၂၀)နှင့် သတို့သမီး တင်သကြေး များဖြင့်သတို့သမီးအိမ်သို့လာကြရသည်။ ကြက်နှင့် ခေါင်ရည်သည် သတို့သမီးဘက်ကဧည့်ပရိတ်သတ်ကို ဧည့်ခံကျွေးမွေးရန်ဖြစ်သည်။ သတို့သမီးဘက်ကလည်း သတို့သားဘက် ကပရိတ်သတ် အတွက်ဝက်သားနှင့် ခေါင်ရည်တို့ဖြင့်ဧည့်ခံကျွေးမွေးရသည်။ မည်သည့်ဘက်ကမျှမိမိတို့အတွက်မဟုတ်သော ဟင်းလျာစားဖွယ် ကိုသုံးဆောင်ခြင်းမပြုရပေ။ သတို့သမီးတင်တောင်းကြေး ဓါးပုဆိန်လှံတို့နှင့်အတူ ရူပီး(၁၀)ကိုသတို့သမီး၏ ဖခင်သို့ပေးကြရသည်။ ငွေကြေးကိုနောင်အခါမှပေးရန်ကတိကဝတ်ပြုထားကြသည်။ သတို့သားဘက်က အဖွဲ့သည်သတို့သမီး အိမ်တွင်သုံးရက်နေထိုင်ပြီးခေါင်ရည်နှင့် စားသောက်ဖွယ်ရာများကိုသုံးဆောင်ကြသည်။ လေးရက်မြောက်နေ့တွင် သတို့သမီး သည် ယောက်ခမဖြစ်သူက သားမက်အားလက်ဆောင်လက်ဖွဲ့ ပေးထား သောဝက်နှစ်ကောင်ကို သယ်လျက်သတို့သားအိမ်သို့ လိုက်ပါရသည်။ ဇနီးမောင်နှံအသစ်စက်စက်သည် သတို့သားအိမ်တွင်သုံးရက်ကြာနေထိုင်ပြီးနောက် သတို့သမီး၏ဖခင်အိမ်သို့ နောက်နေ့တွင် ပြန်ကာတစ်ရက် ကြာအောင်ပြန်လည်နေထိုင်ရသည်။ ထို့နောက်သတို့သား၏ အိမ်သို့ပြန်သွားကြပြီးအပြီးတိုင် နေထိုင်ကြ သည်။
မြိုလူမျိုးတို့၏ဓလေ့မှာ သတို့သားကမိမိလက်ထပ်မည့်အကြောင်းကို ဖခင်အားကိုယ်တိုင် ပြောပြရ သည်။ ဖခင်ဖြစ်သူ ကသားဖြစ်သူအပါအဝင်ရွာသားသုံးလေးယောက်တို့ဖြင့် သတို့သမီးလောင်း၏နေအိမ်သို့ ကြက်သုံးကောင်၊ လှံတစ်စင်း၊ ဓါး တစ်လက်တို့ယူဆောင်လျက်သွားကြသည်။ အိမ်သို့ရောက်သောအခါ လှံ နှင့်ဓါးတို့ကိုသတို့သမီး၏ မိဘတို့အားလက်ဆောင် ပေးရသည်။ ဟင်းလျာချက်စားရန် ကြက်ကိုသတို့သမီး မိသားစုအားပေးရသည်။ သတို့သမီး မိဘများကလည်းသတို့သားဘက် ကိုဝက်သားဟင်းလျာဖြင့် ဧည့်ခံကျွေး မွေးသည်။ ဝက်သားကိုသတို့သမီးဘက်ကမစားရသလိုကြက်သားကို သတို့သားဘက်က မစားရချေ။ ဖခင် ကသမီး၏ဆန္ဒကိုမေးမြန်းပြီး လက်ထပ်ရန်သဘောထားတောင်းခံသည်။ သမီးကသဘောတူကြည်ဖြူလျှင်ဖ ခင်ကသတို့သမီးတင်သကြေးတောင်းဆိုရသည်။ သတို့သမီးကြေးသည် အနိမ့်ဆုံးရူပီး(၁၀၀)၊ ဓါးတစ်လက်၊ လှံတစ်စင်းပါဝင်ရသည်။ ဓါးနှင့်လှံကိုကြောင်းလမ်းပြောဆိုချိန်ကတည်းကပင်တစ်ခါတည်းပေးရသည်။ ငွေ ကြေးကိုမူချက်ချင်းပေးအပ်ရန် အခက်အခဲရှိပါက၊ ကတိကဝတ်ပြုထား၍ရသည်။ သတို့သား၏ဖခင်သည် သတို့သမီးကြေးကိုစျေးဆစ်ခွင့်မရှိ၊ တောင်းဆိုသည့် အတိုင်းပေးအပ်ရသည်။ သတို့သမီးတင်သကြေးများ ပြောဆိုနားဖောက်ပြီးနောက်၊ သတို့သားဘက်ကလိုက်ပါလာသူများသည် သတို့သမီး၏အိမ်တွင် သုံးရက်ကြာ အောင်နေရသည်။ ခေါင်ရည်နှင့်စားသောက်ဖွယ်ရာများဖြင့်ဧည့်ခံရသည်။ စတုတ္ထမြောက်နေ့တွင်သတို့သား ဘက်ကအဖွဲ့သည် သတို့သမီးကိုခေါ်ဆောင်လျက်သတို့သား၏ အိမ်သို့ပြန်ရသည်။
အရိုင်းခမီတို့၏ ဓလေ့မှာသားဖြစ်သူက ရွေးချယ်ထားသောမိန်းကလေးနှင့် လက်ထပ်လိုကြောင်း ဖခင်အား အသိပေးရ သည်။ ဖခင်ကရွာလူကြီးနှစ်ဦးနှင့်အတူ မိန်းကလေးအိမ်သို့သွားရောက်ကာ မိန်းကလေး ရှင်၏ဆန္ဒကိုဦးစွာမေးမြန်းရသည်။ မိန်း ကလေး၏ဖခင်က သမီးဖြစ်သူကသဘောတူလျှင် တားမြစ်ခြင်းမပြု ဘဲ ယောကျ်ားလေးဘက်က ကြောင်းလမ်းမှုကိုသဘောတူရသည်။ သတို့သမီးတင်သကြေးကို သမီးရှင် ဖခင်ကတောင်းဆိုရသည်။ သတို့သမီးကြေးမှာ အနိမ့်ဆုံးအားဖြင့်ရူပီး (၁၀၀)၊ လှံ အစင်း(၃၀) ၊ ကြက်(၁၅) ကောင်နှင့်တောအရက်(၆)ပုလင်းတို့ဖြစ်သည်။ သတို့သမီးဘက်က တောင်းဆိုသမျှတင်သကြေးကိုသတို့သား ဘက်ကပေးအပ်ရန် ကတိကဝတ်ပြုရသည်။ လက်ထပ်မင်္ဂလာရက်ကို နှစ်ဘက်သဘောတူ ညှိနှိုင်းသတ်မှတ် ကြသည်။ လက်ထပ်မင်္ဂလာပွဲ့နေ့တွင်သတို့သားသည် မိဘများ၊ရွာသားအချို့တို့နှင့်အတူ လှံ(၁၅)စင်း ၊ကြက် (၁၅) ကောင်နှင့်အရက်ဖြူ(၆) ပုလင်းယူဆောင်လျက်သတို့သမီး၊ အိမ်သို့သွားရသည်။ သတို့သားကချက် ချင်းပေးရန်မတတ်နိုင်ပါက သတို့သမီးတင်သကြေး ကိုနောင်အခါမှပေးရန် ကတိထားပြီးနေနိုင်သည်။ သတို့ သမီးအိမ်သို့ရောက်သည့်အခါ သတို့သမီးဘက်ကဝက်သားဟင်းလျာ ဖြင့်ကျွေးမွေးသည်။ သတို့သားဘက်က ယူလာသည့်ကြက်များကို သတို့သမီးဘက်သို့ ဟင်းလျာချက်ပြုတ်ကျွေးမွေးကြသည်။ မိမိတို့ဘက်အတွက် မဟုတ်သော ဟင်းလျာကိုစားသုံးခြင်းမပြုရန် သတို့သားဘက်ရော သတို့သမီးဘက်ကပါ လိုက်နာကြရသည်။ သတို့သားဘက်ကအဖွဲ့သည် သတို့သမီးအိမ်တွင်ခေါင်ရည်၊ အကျွေးအမွေးတို့ဖြင့် နှစ်ရက်ကြာအောင် စား သောက်နေထိုင်ကြပြီး တတိယမြောက်နေ့တွင် သတို့သမီးကိုသတို့သားအိမ်သို့ခေါ်ဆောင်သွားကြသည်။
လက်ထပ်မင်္ဂလာပွဲအတွက် ဖခင်ကတောင်းဆိုသော သတို့သမီးတင်သကြေးကို သတို့သမီး၏မိဘ သို့မဟုတ်ဆွေမျိုး များကပိုင်ဆိုင်ရရှိသည်။ သတို့သမီးတင်သကြေးအကျေပေးပြီးသည့်အခါ ယောက်ခမဖြစ် သူက သားမက်အားလှံ ၊မောင်း၊ ပိုးပဝါ၊ လုံချည်တို့ကို သတို့သမီးတင်သကြေး အနည်းအများပေါ်မူတည်၍ သင့်လျော်သလိုစီမံကာ လက်ဆောင်အဖြစ်ပေးအပ်သည်။ သတို့သမီးတင်သကြေးမှာ အကျေပေးဆပ်ရန် နှစ်ကာလများစွာကြာမြင့်တတ်သည်။ သတို့သမီး၏မိဘဆွေမျိုးများက လည်းအကျေပေးအပ်နိုင်မည့်အချိန် အထိစောင့်ဆိုင်းပေးရသည်။ သတို့သမီး၏မိဘဆွေမျိုးများကိုပေးအပ်ရန်ရှိသည့် သတို့သ မီးတင်သကြေးမှာ ဤလူမျိုးစုများ၏ဓလေ့ထုံးတမ်းစဥ်လာအရမျိုးဆက်နှင့်ချီ၍ကြာမြင့်တတ်ပေသည်။
ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ နှစ်ဦးသဘောတူညီခြင်းကြောင့်ဖြစ်စေလင်မယားကွာရှင်းပြတ်စဲလျင်လင်ဆိုင်မယားဆိုင်အမွေ
ပုံနှင့်သားသမီးပိုင်ဆိုင်မှုဆိုင်ရာတရားရေးဆုံးဖြတ်ချက်နှင့်တောင်းဆိုခွင့်များ
ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ ၊ နှစ်ဦးသဘောတူညီခြင်းကြောင့်ဖြစ်စေ လင်မယားကွာရှင်းပြတ်စဲ လျှင်ဤလူမျိုးစုတို့၏ ဓလေ့ထုံးတမ်းစဥ်လာအရဇနီးမယား(မိခင်) ဖြစ်သူက လက်ထပ်စဥ်ဖွားသားသမီးနှင့် ဥစ္စာပစ္စည်းများကိုတောင်းဆိုပိုင်ခွင့်မရှိပေ။ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာအားလုံးနှင့်နို့စို့ကလေးမှလွဲ၍ ကျန်သော သားသမီးများကို ခင်ပွန်းသို့မဟုတ် ခင်ပွန်းဘက်တော်စပ် သောသွေးသားရင်းဆွေမျိုးများက ပိုင်ဆိုင်စောင့် ရှောက်ခွင့်ရသည်။ ဇနီးမယားကခင်ပွန်း၏ အိမ်မှကွာရှင်းထွက်ခွာလျှင်ထွက် ခွာချင်းနို့စို့ကလေးကို အတူခေါ် သွားနိုင်သည်။ ကလေးအသက်သုံးနှစ် သို့မဟုတ်လေးနှစ်ပြည့်လျှင် ပြည့်ချင်းဖခင်သို့မဟုတ် ဖခင်ဘက်က ဆွေမျိုးသားချင်းထံပြန်ပို့ရသည်။ ကလေးထိန်းစရိတ်အဖြစ်အဝခမီနှင့် မြိုလူမျိုးတို့က ရူပီး (၁၀) ပေးရသည်။ အရိုင်းခမီလူမျိုးတို့ကရူပီး(၆၀) မှ(၇၀) အထိပေးရသည်။ အဝခမီနှင့် မြိုတို့သည် နှစ်ဦးသဘောတူခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ လင်မယားကွာရှင်းပြတ်စဲလျှင် ကွာရှင်းကြောင်းလက်မှတ် သဘောမျိုးအဖြစ်သစ်ခက်များအပြန်အ လှန်လဲလှယ်ပေးအပ်ရသည်။ အရိုင်းခမီတို့တွင် ထိုသို့သစ်ခက်လဲ သည့်ဓလေ့မရှိကြပေ။ ရွာလူကြီး၏ရှေ့မှောက်တွင်လင်မယား ကွာရှင်းကြသည်။ ကွာရှင်းပြီးသောလင်နှင့် မယားသည်သဘောကြိုက်ညီပါက ဆန္ဒအလျောက်ပြန်လည်ပေါင်းသင်းနိုင်သည်။
သတို့သမီးတင်သကြေးမကျေမီဇနီးမယားဖောက်ပြန်မှုကြောင့်လင်မယားကွာရှင်းပြတ်စဲခြင်း - သတို့သမီး၏ဖခင်က ရရှိမည့်သတို့သမီးတင်သကြေးကိုဆုံးရှုံးခံရသည့်ဓလေ့ထုံးစံသည် အရိုင်းခမီ လူမျိုးတို့တွင်ရှိသည်။ လင်ယောကျ်ားဖြစ်သူထံ၌ ချန်ထားခဲ့ရမည့်သားသမီး မထွန်းကားလျှင် ဇနီးဖြစ်သူကို လင်ယောကျ်ားကရူပီး(၅၀)ပေးရသည်။ သားသမီးတစ်ဦးချန်ခဲ့လျှင် ဇနီးဖြစ်သူကို ရူပီး(၃၀) သို့မဟုတ် ရူပီး (၃၅)ပေးရသည်။ မြို နှင့် အဝခမီလူမျိုးတို့၏ ထုံးစံကမူခင်ပွန်းထံသားသမီး ကျန်ရစ်သည့်အတွက်ဇနီးကို ငွေ ကြေးမပေးရသည့်အပြင် ခင်ပွန်းဖြစ်သူအားနစ်နာကြေးအဖြစ်ရူပီး(၃၀)ကို ဇနီးဖြစ်သူကပေးရသည်။ အရိုင်း ခမီအမျိုးသမီးများသည်ခင်ပွန်း၏ အမှားကြောင့်လင်မယားကွာရှင်းပြတ်စဲလျှင် နစ်နာကြေး(၁၅)ရူပီးနှင့် သား သမီးနှစ်ဦးသို့ မဟုတ် နှစ်ဦးထက်ပိုမိုချန်ထားခဲ့ရလျှင်ရူပီး(၁၀၀) အထိရရှိသည်။ သားသမီးတစ်ဦးသာချန် ထားခဲ့ရလျင်ရူပီး(၆၀) မှ ရူပီး (၇၀)အထိရရှိကြသည်။ အဝခမီ နှင့် မြိုအမျိုးသမီးများသည် အရိုင်းခမီအမျိုး သမီးများကဲ့သို့အခွင့်အလန်းမရကြပေ။ ခင်ပွန်း ဖြစ်သူထံကလေးဒါဇင်ဝက်ချန်ရစ်သော်မှ ရူပီး(၃၀)ကို နစ်နာ ကြေးအဖြစ်ပေးကြရသည်။
သတို့သမီးတင်သကြေးတပိုင်းတစသို့မဟုတ် အပြည့်ပေးချေပြီးနောက်လင်မယားကွာရှင်းပြတ်စဲခြင်း -
အရိုင်းခမီလူမျိုး တို့၏ဓလေ့ထုံးစံမှာ ဇနီးမယား၏မှားယွင်းမှုကြောင့် ကွာရှင်းပြတ်စဲကြလျှင် ဇနီးမယား သို့မဟုတ်ထိုဇနီးမယားဘက်ကဆွေမျိုးသားချင်းက သတို့သမီးတင်သကြေးကိုပေးလျော်ရသည်။ မြို နှင့် အဝခမီလူမျိုးတို့ကမူ သတို့သမီးတင်သကြေးကိုပေးလျော် စရာမလိုသော်လည်း ဒဏ်ကြေးအဖြစ်ရူပီး(၆၀) ၊ရူပီး(၃၀) ကိုလူမျိုးဓလေ့အရ အသီးသီးပေးချေရသည်။ လင်ယောကျ်ား၏ အမှားကြောင့်လင်မယားကွာရှင်း ပြတ်စဲလျှင်အရိုင်းခမီလူမျိုးတို့၏ ဓလေ့ထုံးစံအရသတို့သမီး တင်သကြေးဆုံးရှုံးခံရသည့်အ ပြင်ပြစ်ဒဏ် အဖြစ် ရူပီး(၃၀) ကိုဇနီးမယားသို့ပေးရသည်။
သတို့သမီးတင်သကြေးမကျေမီလင်သို့မဟုတ်မယားတစ်ဦးဦးကွယ်လွန်သွားခြင်း
- ဇနီးမယားကွယ်လွန်ပါကပေးရန်ကျန် သည့်သတို့သမီးကြေးကို ဇနီးမယား၏မိဘသို့မဟုတ် ဆွေမျိုး ထံခင်ပွန်းကအကျေပေးရသည်။ ထိုသို့သောဓလေ့ထုံးစံကိုလူမျိုး သုံးစုစလုံးလိုက်နာကြသည်။ သတို့သမီး ကြေးမကျေမီခင်ပွန်းကွယ်လွန်ပါက ကျန်ရစ်သောဇနီးက နောက်ထပ်အိမ်ထောင်သစ်ပြုလျှင် သတို့သမီး ကြေးတောင်းခံခွင့်ရှိသည့် သတို့သမီးကြေးကိုမရရှိတော့ပေ။ ဖခင်ကွယ်လွန်ခဲ့ပါက သားသမီးများကဖခင် ဘက်ကဆွေမျိုးထံလိုက်ပါနေရသည်။ အရိုင်းခမီလူမျိုးတို့ကမူ ကျန်ရစ်သူမိခင်အားကွယ်လွန်သူ ဖခင်ဘက် ကဆွေမျိုးများက သားသမီးစရိတ်ကိုထောက်ပံ့ရသည်။
အပိုင်း ၆
https://www.facebook.com/share/p/1BBmLxemRc/
12.6 2026
ကိုးကား
ကစ္ဆပနဒီသစ္စာစကား မြိုအစစ်ဆိုသည်မှာ ၊ ဘာသာပြန်သူ ဆရာကြီးဦးထိန်ဝင်း (ကတူးအမျိုးသားစာပေ မှ ထုတ်ဝေ၊ ၂၀၂၅ ၊ စာ ၄၂- ၄၇) ဆက်ရန်
AUA KHAMIS, MROS AND AHRAING KHAMIS.
They make sacrifices of fowls, pigs, goats, and cattle during the sickness of any member of the house. It is customary among the Awa Khami and Mro to consult a Wephalisaya or, m other words, a Natsaya (witch doctor) when any member of the house falls sick or gets hurt; Wephali is a piece of bamboo tied at both ends with a piece of string. When the WephaUsaya is consulted he puts up the Wephali on his fingers several times and finally declares that the
sacrifice of a fowl, pig, goat or a cow, as the case may be, is required to propitiate the evil spirit, which, it is said, has afflicted the sick person. People, according to their means, make sacrifices of the animals declared by the Wefhalisaya. For the sacrifice, the Awa Khamis build a small hut near the bank of the stream and slaughter the animal or animals, and the blood is sprinkled over the baked paddy (eolcSsolcS) and other food prepared for the occasion and placed on the hut. The blood is also then put into the stream. The liver and the intestines of the animal killed are cOoked in a bamboo tube and an offering to the “ nat ” is made with
a plate of rice in the hut, accompanied by a prayer for the speedy recovery of the sick. Mros usually make a sacrifice of the animals either at the bank of the stream or near the hill as advocated by the Wephalisaya. They do not build a small hut when the sacrifice is to be made with fowls and pigs, but they do build the hut when the sacrifice is made with goats or cattle or with both. These people do not make any further offerings to the “ nats ” with the cooked
meat but the blood is sprinkled over the hut or at the bank of the stream, a prayer being said for early recovery. In the case of the Ahraing Khami, there is a similar belief in consulting a Wephalisaya for sickness. When any member of an household gets sick, an egg is broken at the staircase of the house to propitiate the evil spirit supposed to have caused the sickness and, if this does not give any relief, a small hut is generally built on the bank of the stream, and
either a fowl, pig or a goat, according to the means of the family, is slaughtered and the blood, after being collected, is sprinkled over the rice brought for the purpose and this is kept in the house in honour of the “ nats.” After this ceremony, a dance is held in the verandah of the house of the sick, and an offering of cooked meat, together with rice, is made to the “ nats ”in the house, accompanied by a prayer for the immediate recovery of the patient. When this
sacrifice does not give a satisfactory result, the slaughtering of cattle and other animals follows ;the cattle are generally tied to a post in the village, called khonedaing, and speared to the
accompaniment of hilarity and dancing. All three tribes take to medical treatment as a last resort when thdy do not obtain a cure by means of their various customary sacrifices.
Ear-boring Ceremony.—No custom prevails among the Ahraing Khami to hold an ear-boring ceremony for their children, as the ear-boring of the children is done soon after birth, but the
Mro and the Awa Khamis perform an ear-boring ceremony for their children by slaughtering cattle in honour of the “ nats.” The cattle intended for slaughter are tied up to a post in front of the house of the parent, who, carrying the child in one hand, spears the animal with the other hand and many villagers, who are present on the spot for this occasion, put the animal to death by cutting its head with axes. Mros dance around the carcass on the ground after
drinking khaung but Awa Khamis carry the carcass up to the verandah of the house and perform their dances around it. It is customary among both races to sprinkle the walls of the house
with a yellowish substance found in the intestine and to make an offering to the “ nats ” with the meat, liver, lungs, and intestines, cooked separately. The ear-boring ceremony is done soon after the dances. The children of the poor people in the village are allowed to do the ear-boring ceremony when a rich man celebrates the ear-boring ceremony for his children. Generally all the friends and relations are invited to enjoy the feast. Almost all the “ natpwes ” of these three races are accompanied by dances in which both
sexes, particularly bachelors and spinsters of the villages, join. Their amusements and social functions may be said to consist entirely of the “ natpwes ” described above.
Marriage Law.—It is the custom for the spinsters of a village to collect together in a house to sleep and the lads to come at night to make love and win their hands. Most of the marriages are arranged by the young couples themselves, and the parents or relations of the girl are kept in the dark. The girls generally follow their lovers at night and the parents seldom interfere, though a girl’s parents may later make a demand for the dowry from the
father or relations of the bridegroom. All the races, except the Ahraing Khami, are monogamous. Very few, ever, of the Ahraing Khami keep two wives. They may marry a second wife during the lifetime of the first wife, when the latter gives her consent. Apart from this, the husband has to pay a penalty to the father or brother of the first wife on his second marriage.
It is only when a girl refuses to follow her lover, that the parents of the girl are approached for the marriage. Among the Awa Khami, the man informs his prospective father-in-law, either personally or through a go-between, about marriage with the daughter and fixes a date for betrothal. The father of the girl may then consult his daughter and get her consent. If she raises no objection, the khaung pot and pigs are kept ready in the girl’s house for the
occasion. On the .appointed day, the bridegroom’s party, which generally consists of the bridegroom) his father, and a village elder, approaches the bride’s father with a dah, 3 gourds
of khaung and 3 fowls, one of which should be a crowing c**k. On reaching the house of the bride, the crowing c**k is set free to be kept as a pet in the house and, with the remaining 2fowls and the khaung, a feast offering is given to the relations of the bride. The dah is handed over to the father of the bride. The bride’s party then in turn offer pork and khaung to the bridegroom’s party. The fowl should not be eaten by 'the bridegroom’s party, and the
bride’s party should refrain from eating pork. . If the bride’s or bridegroom’s party, through mistake, partake of the pork or the fowl, respectively, they are liable to pay a penalty of from
Rs. 5 to Rs. 10. During the feast, the marriage dowry, which at a minimum consists of Rs. 30, IS dahs, an axe and a spear, is asked for by the girl’s father and the bridegroom’s father has no
option to bargain but to accept the dowry asked for. The bridegroom’s party should stay for 3 days in the house of the bride and fix a date for the marriage, and on the day appointed,
the bridegroom’s party, with 30 fowls, 20 gourds of khaung, and the dowry, should visit the house of the bride. The fowls and the khaung are intended for a feast for the bride’s party.
The bride’s party should slaughter a pig to feed the opposite party, and neither should eat what has been offered to the opposite party. The dowry, dahs, the axe and the spear,together with at least Rs. 10 in cash, should be brought and handed over to the bride’s father.The payment of the balance of the money may be promised later. The bridegroom's party
should stay for 3 days drinking khaung and feasting. On the fourth day, the bride is brought to the house of the bridegroom together with 2 pigs, given by the father-in-law to the bridegroom
as a present. The new couple should stay for 3 days in the house of the bridegroom and on the following day they go to the house of the bride’s father, where they stay for a day and then return to the house of the bridegroom. In the case of the Mro, the bridegroom generally informs his father about the intended
marriage, and the father, in company with his son and a few villagers, visits the house of the prospective bride with 3 fowls, a spear, and a dah. On their arrival, the spear and the dah
are handed over to the bride’s parents as presents and the fowls are given as food to the family of the bride. The bride’s parents, in return, slaughter a pig and give a feast to the bridegroom’s party. The pork should not be eaten by the bride’s party and the fowls should not be eaten by the bridegroom’s party. The father consults his daughter and gets her consent to the proposed marriage. After obtaining the girl’s consent, the father demands a dowry.
This consists of, at least, Rs. 100, a dah, and a spear. The two latter are payable on the spotbut the money can be promised later if it cannot be paid immediately. The bridegroom’sfather may not bargain over the dowry asked for. After the settlement of the dowry terms,the bridegroom’s party should stay for 3 days in the house of the bride, drinking khaung and enjoying the feast, and, on the 4th day, the bridegroom’s party, together with the bride, leave
for the bridegroom’s house. Among the Ahraing Khami, the boy informs his father about his marriage with the girl he has selected and his f ither, accompanied by two village elders, should approach the girl and get her consent first. The father of the girl is then consulted about the proposed match and he generally does not interfere, if the girl consents. He then demands a dowry, which
at least consists of Rs. 100, 30 spears, 15 fowls, and 6 bottles of country spirit, and the opposite patty, without bargaining, must promise to pay the dowry asked for. Both the parties in
consultation fix a date for the marriage. On the day fixed, the bridegroom, together with his parents and some villagers, go to the house of the bride, taking at least 15 spears, 15 fowls;
and 6 bottles of spirit. The remaining dowry can be promised to be paid later if the bridegroom is unable to afford to pay immediately. On their arrival at the house of the bridej a pig is slaughtered by the bride’s party to give them a feast and the fowls brought by them are also killed to furnish a banquet for the bride’s family and'relations. Like the other two races the Ahraing Khami are also prohibited from eating what has been offered to the other party.
The bridegroom’s party stays for two days drinking khaung and feasting, and, [on the third day, the bride is taken away to the house of the bridegroom.
The dowry, demanded by the father on the occasion of his daughter’s marriage, is solely enjoyed by the girl’s parents or her relations. On full payment of the dowry, the bridegroom
gets presents of spears, gongs, silk turbans, and “ loongyis, ” in proportion to the dowry paid, from the father-in-law. Generally it takes years for the bridegroom to pay back the balance
of the marriage dowry, and in this case the bride’s parents and relations have to wait until the others are in a position to pay. The liability for payment of the dowry to the girl’s parents or relations descends from father to son, according to the custom of these tribes.
Right and claim as to the property and children of a married couple on their separation, either by death or by mutual consent,—On separation, either by death or mutual consent, the women of
these tribes, according to their customs, cannot make claims on the estate or the children born of a marriage. All the property and the children, except the suckling baby, have to be
left behind with the husband or the husband’s close relations. The suckling baby is generally taken away by the woman at the time of her departure from her husband’s house, but, as soon
as the baby attains the age of about 3 or 4 years, it has to be returned to the father or his relations on payment of feeding expenses.
The Awa Khami and Mro generally pay Rs. 10 for
this, but in the case of the Aharing Khami, the amount varies from Rs. 60 to Rs. 70. Ori separation by mutual consent or otherwise, it is customary for the married couple of the Awa Khami and Mro to exchange small branches of trees as tokens of their separation, but no such practice exists among the Ahraing Khami. They divorce each other in the presence of village elders. After the separation the married couple may re-marry if they like.
Separation of husband and wife due to the fault of the wife before full settlement of the dowry.
—It is customary among the Ahraing Khami to forfeit the dowry promised to the father of the girl, but she will be entitled to Rs. 50 from the husband for the children, if any, left with the
husband. If it is only, one child, she is entitled to Rs. 30 or Rs. 35. In the case of the Mro and the Awa Khami, the women are not entitled to any money for the children left with the
husband, but on the contrary, they have to pay a compensation of Rs. 30 to the husband. If the separation is due to the fault of the husband, the Ahraing Khami women get a compensation
of Rs. 15, and they are also entitled to Rs. 100 if they leave behind, with the husband, 2 or more children. If they leave behind only one child, they are entitled to Rs. 60 to Rs. 70. The Awa Khami and Mro women are not fortunate enough to enjoy the same
privileges as the Ahraing Khami women. They are only entitled to a compensation of Rs. 30 even if half a dozen children are left behind with the husband.
Separation of husband and wife after part or full payment of the dowry.— If the separation
is caused by the fault of the woman, she, or her relations, have to return the dowry paid in the case of the Ahraing Khami. But, according to the customs of the Mro and the Awa Khami, the women have to pay a penalty of Rs. 60 and Rs. 30, respectively, apart from repayment of the dowry paid. If the separation is due to the fault of the man, the dowry paid is forfeited by the Ahraing Khami, but the Mro and Awa Khami, in addition to the forfeiture
of the dowry, have to pay a penalty of Rs. 30 to the woman.
Separation on the death of one of the married couple before full settlement of the dowry.—On the death of the woman, before full settlement of her dowry, the man has to pay the unpaid
dowry to the parents or relations of the woman. This custom prevails among the three tribes. If the man dies before the settlement of the dowry, the woman’s parents do not get the unpaid balance of the dowry as it is considered that a fresh dowry can be demanded for their daughter on her next marriage. On the death of the father, the children remain with the
relations of the father, but, in the case of the Ahraing Khami, the woman gets money from the relations of her deceased husband if any children are left behind with them.Enquiry on the Effect on Primitive Tribes of Contact with
Civilization.—The only primitive tribes here, as stated before, are the Awa Khami, the Ahraing Khami and the Mro. They have come into contact with the civilization of the Arakanese, both Buddhist and Mohamedan. But this contact does not appear to be as frequent as may be expected, because of the lack of good communications. To reach their villages, one has to engage a sampan or the like kind of conveyance specially for the purpose, and proceed by water part of the way, and then either walk across country or travel in canoes or rafts which have to be dragged through shallow water and rocky stretches is many places. During this irksome journeyv which generally lasts for days, one is often liable to be infected by malaria unless one takes precautions particularly with regard to drinking water.
Disease and crime, which are common among the Arakanese, are at present alien to them. But it is sad to note that many of the men of these tribes have become victims of the o***m habit. It is, I think, due to frequent visits paid by the Arakanese traders, who bring in
o***m just for the sake of alluring these tribes to- work for them. Consequently, these people are prone to be lethargic and their natural incentive for work has deadened. Most of them
are no longer possessed of ambition. They usually grow paddy, to***co, and cotton. The paddy they grow is just enough for their own consumption. They do export to***co and cotton but they are hampered by debt. Most of them have become indebted to the Arakanese people of Ponnyoleik, Pyare, and Lemro villages. When they grow their to***co, cotton, and paddy, their creditors usually come and take away almost all their produce in settlement
of debts and they are left with no option in the matter of disposing of their produce for a better price. They are a happy- go-lucky people. If they are in need, they approach their neighbours, the Arakanese people, and raise loans or Dadaung as they generally call them.
They pay back to the Arakanese in kind with exorbitant interest. They do not care to come to the law courts to have the Usurious Loans Act applied to their cases. Probably they have the no idea of the existence of this Act. These tribes do not leave their .houses for the purpose of working as labourers and have
to eke out a living in some way or another. Very few of them care to leave their hill tracts unless compelled by necessity. I have come across immense forests and land fit for cultivation
which have practically remained untouched. Occasionally, these people cut bamboos and canes from the forests to meet contracts placed with them by the Arakanese people. Very few of them have cattle. I have seen 2 or 3 families using cattle for ploughing. Up to date, there is no indication of any minerals and no outsiders have applied for licenses for prospecting for minerals. I understand that an English firm has the intention of starting a mill for
manufacture of pulp from bamboo which abounds in the area.
Each tribe speaks its own dialect. Most of them, I mean among the men, are acquainted with Arakanese, which is used for inter-tribal conversation. I have also noticed that some of
them speak Chittagonian. Almost all are illiterate. Their region is conspicious by the' absence of schools for imparting any sort of education among-them. It appears that no
civilised people have attempted to introduce education among these, tribes, but some of the Awa Khami and Mro show an inclination to acquire a knowledge of the Burmese language.
Signs are not wanting to show that they soon will have a vernacular school of their own. Most of the males of these tribes have given up the loin cioth of their ancestors and have
practically, adopted the dress of mate Arakanese Buddhists. This is due to their contact with the male Arakanese Buddhists. The females have less opportunity of meeting the female
population of Arakanese Buddhists, and hence they have net adopted the full dress of the Arakanese women but the majority of them have started imitating the Arakanese female in
wearing a jacket over their bodies. Their Thameins (skirts) which are of knee length, still remain unchanged. This imitation of dress, I think, will be rather detrimental to their health as most of them are not in the habit of washing their clothes. If the washing habit is not
acquired, I am afraid that the dirt will accumulate in their clothes and will cause ill-health.In the days gone by, the people had no rooms and compartments in their houses and all the inmates ate, lived, and slept in one big room, which formed the ho use. At present, the majority of them have changed their ideas due to their contact with the Arakanese people.
They have seen the Arakanese people with compartments in their houses and they have copied these. This is evident from the good number of new pattern houses in existence at present.
The majority of people, who have constant contact with the Arakanese, have different rooms In their houses, which are generally small in size. These small and often congested rooms
are destitute of ventilation generally, as the primitive tribes have no idea of sanitation and ventilation.
All of these tribes are Animists and, as such, they have celebrations on many occasions.in honour of various “ nats ” which they believe to exist. They are still imbued with the idea that the incidents and events, whether good or bad, of their lives are willed by the “ nats.”
They regard “nats” as omnipotent. In cases of illness, they take to medical treatment as a last resource. Their social functions and amusements are mainly connected with “ nat-pwes.”
No missionaries or civilised people have settled in this region and so their beliefs and practices have riot as yet undergone any drastic change. No doubt, some of them have notions of Buddhism and it is likely that they will be converted to Buddhism gradually in the near future.1 have actually met some of them styling themselves Buddhists. .
In former days, they followed the principle of “ Might is Right ” and “ Tit for Tat ” and they had no security- and protection. . Since the introduction of Penal Law by the British Government, they have gradually abandoned their old ideas. It is gratifying to note that they express a feeling of satisfaction with the advantages of protection and security afforded by tbe British Government, and that they are glad that their ancient customs.have dwindled. ,
Qa the "whole, the people do not seem to be discontented with the life-tfaey lead. They all appear to be optimistic. They are keen on having large families as they look towards iheir
issue for support:in their old age.
ကိုးကား
Ba Thin, U. 1931, The Awa Khamis Ahreng Khamis, and Mros in the Chin Hill Area (Saingdin) Buthidaung Township.
Census of India 1931, Vol 11, 249-256
Photo> Mro, Khami and Khumi