The Teen Library

The Teen Library Your Education Partner

FYI https://m.facebook.com/story.php?story_fbid=189245083909891&id=100084732015818&sfnsn=mo&mibextid=6aamW6
11/04/2023

FYI https://m.facebook.com/story.php?story_fbid=189245083909891&id=100084732015818&sfnsn=mo&mibextid=6aamW6

Edit - ဒါ​လေးကို April 30 ထိ Extend ထားပါတယ် 💕

𝘈𝘱𝘳𝘪𝘭 12 𝘵𝘰 18 အတွင်း GED နဲ့ပတ်သက်ပြီး အတန်းလာအပ်တဲ့သူ​တိုင်းအတွက် အထူး 𝘎𝘪𝘷𝘦𝘢𝘸𝘢𝘺 🥳

𝘏𝘦𝘭𝘭𝘰 𝘠𝘰𝘶𝘵𝘩𝘴 ! 𝘞𝘦 𝘢𝘳𝘦 𝘤𝘰𝘮𝘪𝘯𝘨 𝘣𝘢𝘤𝘬 𝘸𝘪𝘵𝘩 𝘯𝘦𝘸 𝘺𝘦𝘢𝘳 𝘎𝘪𝘷𝘦𝘢𝘸𝘢𝘺 💞

𝘈𝘱𝘳𝘪𝘭 12 ရက်နေ့မှ 𝘈𝘱𝘳𝘪𝘭 18 ရက်နေ့အတွင်း One to one class ပဲဖြစ်ဖြစ် ၊ Batch Class ပဲဖြစ်ဖြစ် အတန်းလာရောက်အပ်နှံသောကျောင်းသား ၊ ကျောင်းသူများရဲ့ GY No. ကိုမှတ်သားထားမည်ဖြစ်ပြီး ကံထူးရှင် 1 ယောက်ကိုသာ မဲဖောက်ရွေးချယ်ပြီး 𝘎𝘌𝘋 4 𝘚𝘶𝘣𝘫𝘦𝘤𝘵𝘴 လုံးအတွက် 𝘙𝘦𝘢𝘥𝘺 𝘵𝘦𝘴𝘵 ကိုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ 𝘎𝘌𝘋 𝘙𝘦𝘢𝘥𝘺 𝘛𝘦𝘴𝘵 ဈေးနှုန်းကတော့မြန်မာငွေပေါက်ဈေးနဲ့ဆို 85000 ဝန်းကျင်ရှိပါတယ်။ 𝘎𝘪𝘷𝘦𝘢𝘸𝘢𝘺 𝘞𝘪𝘯𝘯𝘦𝘳 လေးကိုကတော့ 𝘈𝘱𝘳𝘪𝘭 30 မှာ ပြုလုပ်ပေးသွားမယ့် 𝘞𝘦𝘣𝘪𝘯𝘦𝘳 မှာကြေညာပေးသွားမှာမို့အတန်းတွေပြည့်သွားအောင်အမြန်လာအပ်လိုက်ရအောင်။ 🥳 အခုပဲ အတန်း​တွေကို messenger မှာ အ​ပြေးလာစုံစမ်းလိုက်ရ​အောင်ရှင် 👀👀

One to one တက်မလား ?? Batch တက်မလား ?? 🌟

သင်​​ပေးတဲ့ Teacher ​လေး​တွေကို​တော့ Teacher training ​သေချာ​ပေးထားတာဖြစ်ပြီး Teacher profile ​တွေလည်း တင်ထား​ပေးပါတယ် ။

https://m.facebook.com/story.php?story_fbid=182136991287367&id=100084732015818&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=182785927889140&id=100084732015818&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=183250267842706&id=100084732015818&mibextid=Nif5oz

𝘎𝘌𝘋 ဆိုတာဘာလဲ ? ဘယ်သူတွေတက်လို့ရလဲ ? 𝘎𝘌𝘋 မှာပါဝင်တဲ့ 4 𝘚𝘶𝘣𝘫𝘦𝘤𝘵𝘴 ကကောဘာတွေလဲ? စတဲ့ 𝘎𝘌𝘋 ဆိုင်ရာမေးခွန်းတွေကိုမေးမြန်းလိုပါက Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။💞

𝘏𝘢𝘷𝘦 𝘢 𝘸𝘰𝘯𝘥𝘦𝘳𝘧𝘶𝘭 𝘥𝘢𝘺 𝘮𝘺 𝘭𝘰𝘷𝘦𝘭𝘺 𝘠𝘰𝘶𝘵𝘩𝘴 💞

အချိန်တိုအတွင်း အလွယ်တကူပြင်ဆင်နိုင်မဲ့ ငှက်ကလေးရဲ့ English Proficiency Test အကြောင်းသိပြီးသွားကြပြီလား ?!Hello Teens တိ...
24/03/2023

အချိန်တိုအတွင်း အလွယ်တကူပြင်ဆင်နိုင်မဲ့ ငှက်ကလေးရဲ့ English Proficiency Test အကြောင်းသိပြီးသွားကြပြီလား ?!

Hello Teens တို့ရေ The Teen Library ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ။ ဒီနေ့ ကတော့ IELTS , TOFEL အပြင် တခြားနည်းနဲ့ English Proficiency Test ကိုယူနိုင်မဲ့နည်းလမ်းကိုပြောပြပေးချင်ပါတယ် ။ အဲ့တာကတော့ DET လို့ခေါ်တဲ့ Duolingo English Test ပါ ။
အဲ့တော့ DET Test အကြောင်း သိဖို့အတွက် တစ်ပုံချင်းဆီမှာ အသေးစိတ်လိုက်ဖတ်ကြည့်ကြရအောင်💙

friends- နင်ကျောင်းမှာစာအရမ်းကြိုးစားမှာပေါ့me-
22/03/2023

friends- နင်ကျောင်းမှာစာအရမ်းကြိုးစားမှာပေါ့
me-

Students be like:)
18/03/2023

Students be like:)

ဖခင်က serial killer ဆိုရင် သူ့ရဲ့သားသမီးတွေကကော serial killer တွေဖြစ်မှာလား? ယောကျ်ားလေးတွေ ပန်းရောင်ကြိုက်တိုင်း gay လာ...
15/03/2023

ဖခင်က serial killer ဆိုရင် သူ့ရဲ့သားသမီးတွေကကော serial killer တွေဖြစ်မှာလား?

ယောကျ်ားလေးတွေ ပန်းရောင်ကြိုက်တိုင်း gay လား?

မိန်းမတွေက ကားမောင်းတာညံ့တာလား?

Hello Teens တို့ရေ ! The Teen Library ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ။ ဒီနေ့ပြောပြမဲ့အကြောင်းအရာလေးကတော့ How To Deal With Stereotype ဆိုတဲ့ topic လေးဘဲဖြစ်ပါတယ် ။

ပထမဦးဆုံး Stereotype ဆိုတာ ဘာလဲဆိုတာကို အဓိပ္ပါယ်ဖွင့်ကြည့်ကြရအောင်

Stereotype ဆိုတာကတော့ လူတစ်စုကိုဘဲဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခုကိုဘဲဖြစ်ဖြစ်ကို လူအမြောက်အမြား ယုံကြည်လက်ခံထားသော ယေဘူယျရုပ်ပုံသဏ္ဍာန် သို့မဟုတ် စရိုက်လက္ခဏာ ၊ ပုံသေအနေနဲ့လက်ခံထားတဲ့ အတွေးအမြင်တွေကို ဆိုလိုတာဘဲဖြစ်ပါတယ် ။ အထူးသဖြင့် လိင်၊ ကျား၊ မ လက္ခဏာ၊ လူမျိုး ၊ နိုင်ငံ ၊ အသက်၊ လူမှုစီးပွားအဆင့်အတန်း၊ သာသာရေး ဘာသာစကား စတဲ့အုပ်စုတွေအပေါ်မှာ Stereotype က အများဆုံးသက်ရောက်ပါတယ် ။

Stereotype ကို ဥပမာပေးရမယ်ဆိုရင် ဒီ article ရဲ့ အစမှာ ပြောခဲ့တာတွေလိုပါဘဲ ။ Stereotype မှာ ကောင်းတဲ့ positive stereotype လည်းရှိသလို negative stereotype လည်းရှိပါတယ် ။

Examples of positive stereotype -
ဂျပန်လူမျိုးတွေက အလုပ်အရမ်းကြိုးစားကြတယ် ။
ခရစ်ယာန်ဘာသာဝင်တွေက သီချင်းဆိုတာတော်ကြတယ် ။

Examples of negative stereotype -
ပြင်သစ်လူမျိုးတွေက မာနကြီးကြတယ် ။
အသက်ငယ်တဲ့သူတွေက အသက်ကြီးတဲ့သူတွေလောက် အမျှော်အမြင်မရှိဘူး ။

ဒီလောက်ဆို Stereotype ဆိုတာဘာလဲဆိုတာကို အကြမ်းဖျင်းနားလည်လောက်ပြီထင်ပါတယ် ။
ဆိုတော့ Stereotype ကို ကိုယ်တွေဘယ်လို deal လုပ်ကြမလဲ?

1. Communicate လုပ်ပါ

ဒါက abroad study လုပ်ချင်တဲ့သူတွေအတွက် အရေးကြီးပါတယ် ။ Admin တို့နိုင်ငံခြားမှာကျောင်းသွားတက်တဲ့အခါမှာ လူတွေအများကြီးနဲ့ဆက်ဆံရပါတယ် ။ communicate မလုပ်ကြည့်ဘဲလူတစ်ယောက်အကြောင်းမသိသေးဘဲနဲ့ judge မလုပ်မိပါစေနဲ့ ။ ကိုယ်ကိုယ်တိုင်က Stereotype ဘောင်ထဲကနေ ကြည့်တတ်တဲ့သူဖြစ်နိုင်သလို ကိုယ့်ကိုယ်လည်း အဲ့လို ကြည့်နေတဲ့သူတွေရှိပါတယ် ။ study abroad လုပ်ရင်လည်း အဲ့လိုလူတွေရှိနေတတ်တာမလို့ ကိုယ်က ကိုယ့်နိုင်ငံရဲ့ ကိုယ်စားပြုမျိုးဖြစ်တယ်ဆိုတာကို အမြဲသတိရနေပါ ။ ဥပမာ ကိုယ်က group project တွေလုပ်လို့ group work မှာ အများကြီး participate မလုပ်တဲ့ နိုင်ငံ A က ကျောင်းသားနဲ့ကြုံရတယ် ။ အဲ့အခါမှာ ကိုယ်က နိုင်ငံ A က လူတွေအကုန်လုံးက အပျင်းကြီးတဲ့သူတွေလို့ ယူဆလိုက်တာမျိုးတွေ ရှောင်ရပါမယ် ။ negative stereotype တွေကိုသဘောမကျတာပုံမှန်ဆိုပေမဲ့ တစ်ခါတစ်လေကျရင် ကိုယ်ကိုယ်တိုင်ကမသိလိုက်ဘဲ ပုံသေသတ်မှတ်မိနေတာမျိုးရှိတတ်ပါတယ် ။ အဲ့တာတွေကိုလည်း teens တို့ သတိထားဖို့လိုပါတယ်နော် 💁🏻‍♀️ ဆိုတော့ main ခေါင်းစဥ်ကိုပြန်သွားရမယ်ဆိုရင် နိုင်ငံအမျိုးမျိုးက လူအမျိုးမျိုးနဲ့ communicate လုပ်ကြည့်ပြီး သူတို့ဆီက ကောင်းတဲ့အရာတွေကိုဘဲသင်ယူပါ ။

2. Respect, Respect, Respect !

သူတစ်ပါးရဲ့ culture အပေါ် လေးစားမှုရှိပါ ။ " ဟင်..သူတို့က အဲ့လိုကြီးတွေလား " ဆိုတဲ့ comment မျိုးထက် သူတို့ရဲ့ အားသာချက်တွေကိုမြင်နိုင်အောင်ကြိုးစားပါ ။ culture တစ်ခုထဲလား? မဟုတ်ပါဘူး ဘယ်သူ့အပေါ်မှာဘဲဖြစ်ဖြစ် လေးစားသမှုနဲ့အလုပ်လုပ်ပါ ။ ငယ်သူအပေါ်ကိုအထင်သေးတာ , ကြီးသူအပေါ်မလေးစားတာမျိုးရှောင်ကျဥ်ရပါမယ် ။ အဓိကအားဖြင့်ထားရမဲ့ mindset ကတော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူဘူးဆိုတာပါဘဲ ။ admin ကတော့ လူတွေကို ပုံသေအနေနဲ့ မမှတ်ဘဲ ဒီလူဆီက ဒီလိုကျင့်စရိုက်ကိုသိလာရတယ် ။ ဒီလိုတွေသင်ယူလိုက်ရတယ်ဆိုပြီးတော့ဘဲ အမြဲတွေးပါတယ် ။

3. Be positive and open minded

နောက်ဆုံးအချက်အနေနဲ့ကတော့ communicate လုပ်ရတာအရေးကြီးတဲ့အချက်တွေအဖြစ်အမြဲကြားနေရတာမလို့ ရင်းနီးပြီးသားဖြစ်မှာပါ ။ လူမှန်ရင် negative thoughts တွေကရှိစမြဲပါ ။ ဆိုတော့ negative thoughts တွေကို overcome ဖို့ဆိုရင် positive thoughts များများရှိဖို့လိုအပ်ပါတယ် ။ အရာအားလုံး မေတ္တာထားဖို့ကိုဆိုတာမျိုးမဟုတ်ပါဘူး ။ positive thinking ရှိသင့်ရှိထိုက်တဲ့နေရာမှာ apply လုပ်ဖို့ပါဘဲ ။ တစ်ဖက်ပိတ်အမြင်မျိုးနဲ့မကြည့်ဘဲ စိတ်ကိုဖွင့်ထားပြီး တိုးတက်နေတဲ့ ကမ္ဘာကြီးရဲ့ ရေစီးကြောင်းအပေါ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်ပြုပြင်ဖို့ကအရေးကြီးပါတယ် ။

ကဲ..စာအရှည်ကြီးကိုဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင် ။ ဒီနေ့ကတော့ ဒီလောက်ပါဘဲ ။ Teens တို့လည်း ဗဟုသုတတွေရသွားမယ်လို့မျှော်လင့်ပြီး လက်တွေ့ဘဝမှာပါ apply လုပ်နိုင်ကြဖို့တိုက်တွန်းပါတယ် ။ ဒီ content ပတ်သတ်ပြီးဆွေးနွေးချင်တာရှိရင် comment မှာဘဲဖြစ်စေ ၊ chat box မှာဘဲဖြစ်စေ admin တို့နဲ့ လာဆွေးနွေးပြီး အာလုးဖုတ်လို့ရပါတယ် 🤭 နောက်လည်း ဗဟုသုတရစေမဲ့ စကားဝိုင်းတွေ host လုပ်ပေးဖို့ရှိတာမလို့ stay tuned ပါနော် ။ အားလုံးဘဲ ကောင်းမွန်တဲ့နေ့ရက်လေးတွေပိုင်ဆိုင်ကြဖို့မျှော်လင့်ပါတယ်ရှင် 💗

Subscribe Us On Telegram 🐳
https://t.me/theteenlibrary

11/03/2023
FREE ဗျို့ FREE ~Hello, everyone !Long time no see ပါရှင် 💙ဒီနေ့ကတော့ admin တို့က The Teen Library မှာ လက်ရှိ အခမဲ့ပြုလု...
10/03/2023

FREE ဗျို့ FREE ~

Hello, everyone !
Long time no see ပါရှင် 💙

ဒီနေ့ကတော့ admin တို့က The Teen Library မှာ လက်ရှိ အခမဲ့ပြုလုပ်ပေးနေတဲ့ service လေးတွေကိုပြောပြပေးသွားမှာပါရှင် ။

လက်ရှိအနေနဲ့ကတော့ The Teen Library မှာ -

1. GED Consent form တင်ပေးပါတယ် ။ [ Exam schedule ကတော့ admin တို့ အခက်အခဲလေးတွေရှိနေသေးလို့ မလုပ်ဖြစ်သေးပါဘူး ။ ]

2. GED နဲ့ပတ်သတ်ပြီး မသိတာ , ဆွေးနွေးချင်တာတွေရှိရင် admin တို့ ကူညီပေးပါတယ် ။

3. University path way တွေကို consulting လုပ်ပေးပါတယ် ။

4. လက်ရှိ Thailand ကို University လာ join မဲ့သူတွေအတွက် သိချင်တဲ့ experience တွေကို share ပေးပါတယ် ။

The Teen Library admin တွေဟာ ged ကို အောင်မြင်ပြီးဆုံးထားသူတွေဖြစ်ပြီး teens တို့အတွက် အဓိက ကူညီပေးချင်လို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် တခြား Teen တို့အတွက်လိုအပ်တဲ့ tips တွေ အကူအညီတွေပေးဖို့ အဆင်သင့်ပါဘဲ ။ နောက်ထပ်ပြင်ဆင်နေတဲ့ service တွေရှိနေသေးတာမလို့ stay tuned ပါနော် ။ 💌

Telegram channel လေးကိုလဲ subscribe လုပ်ထားပေးကြပါအုန်းနော်💜
https://t.me/theteenlibrary

မဂ်လာပါ Teens လေးတို့ရေThe Teen Library ကနေပြန်ကြိုဆိုပါတယ်ခင်ဗျ။ ဒီရက်ပိုင်းတွေမှာ admin အကိုတွေအမတွေ အလုပ်လေးရှိနေတာကြ...
08/02/2023

မဂ်လာပါ Teens လေးတို့ရေ

The Teen Library ကနေပြန်ကြိုဆိုပါတယ်ခင်ဗျ။ ဒီရက်ပိုင်းတွေမှာ admin အကိုတွေအမတွေ အလုပ်လေးရှိနေတာကြောင့် ဘာမှမတင်ဖြစ်ကျတာပါခင်ဗျ။

ဒီနေ့တော့အကိုလည်း မတင်တာကြာတာမို့လို့ နိုင်ငံရပ်ခြားမှာပညာသွားသင်တဲ့ ကျောင်းသားအများစုကြုံရနိုင်တဲ့ အခက်အခဲလေးတွေမျှဝေပေးသွားပါမယ်ဗျ။

အရင်ဆုံး နိုင်ငံရပ်ခြားက စရောက်ပြီဆိုတာနဲ့ စတင်ကြုံတွေ့ရမဲ့အခက်ခဲကတော့ အစားအသောက်ပဲဖြစ်ပါတယ်ဗျ။ ဒီပြသာနာကိုတော့ စစရောက်တဲ့ရက်ကစပြီး တစ်ပတ်လောက်ထိ ကြုံတွေ့ရမှာဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ဘာသာစကားပါ။ ဒါကတော့ကျောင်းသားတိုင်းကြုံတွေ့ရတဲ့အခက်ခဲလေးပါ။ ဘယ်နိုင်ငံရောက်ရောက် ပထမဆုံးလမှာတော့ ဘာသာစကားနဲ့ပြောဆိုဆက်ဆံဖို့အတော်လေးအခက်ခဲနဲ့ကြုံတွေ့ရနိုင်ပါတယ်။အထူးသဖြင့် အာရှနိုင်ငံတော်တော်များများမှာ ဘာသာစကားအခက်ခဲလေးတွေကြုံတွေ့ရနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ပို့ဆောင်ဆက်သွယ်ရေးပါဗျ။ဒါကတော့ ကိုယ့်နိုင်ငံမှာမဟုတ်တဲ့အတွက် သူတို့ရဲ့ အသုံးအများဆုံးပို့ဆောင်ဆက်သွယ်ရေးကိုမသိတဲ့အတွက် အဆင်မပြေဖြစ်တတ်ပါတယ်။ဒါပေမဲ့ အကိုကိုယ်တိုင် ကြုံတွေ့နေရတဲ့အရာမို့လို့ အဆင်ပြေဆုံးဖြေရှင်းနည်းလေးပေးပါ့မယ်နော်။ ဒါကတော့ Google map ကိုအသုံးပြုတာပဲဖြစ်ပါတယ်ဗျ။ တကယ်လည်းအလုပ်ဖြစ်တာမို့လို့ သုံးကြည့်ဖို့အကြံပေးပါရစေခင်ဗျ။

ဒါကတော့ ကျောင်းသူကျောင်းသား‌ေတွအများဆုံး ကြုံတွေ့ရတဲ့ အဓိကအခက်ခဲလေးတွေပဲဖြစ်ပါတယ်ခင်ဗျ။

GED အတွက်မသိတာရှိရင်လည်း အကိုတို့page telegram link ကနေလဲ information တွေတင်ပေးတဲ့အတွက်join ထားလို့ရပါတယ်
https://t.me/theteenlibrary

Happy new year ပါ teens တို့ရေMay your wishes come true ၂၀၂၃ ကနေစပြီးteens တို့ရည်မှန်းချက်တွေကိုဖြည့်ဆည်းနိုင်ကြပါစေလို...
31/12/2022

Happy new year ပါ teens တို့ရေ
May your wishes come true
၂၀၂၃ ကနေစပြီးteens တို့ရည်မှန်းချက်တွေကိုဖြည့်ဆည်းနိုင်ကြပါစေလို့ the teen library ကadmin တွေကနေဆုတောင်းေပးလိုက်ပါတယ်

Christmas လက်ဆောင်ဖြစ်တဲ့ Counselling Session Winner တွေထွက်ပေါ်လာခဲ့ပါပြီနော် ။ GA winner တွေက page cb တစ်ချက်လောက်လာပြ...
25/12/2022

Christmas လက်ဆောင်ဖြစ်တဲ့ Counselling Session Winner တွေထွက်ပေါ်လာခဲ့ပါပြီနော် ။ GA winner တွေက page cb တစ်ချက်လောက်လာပြီး အချိန်လေးတွေလာညှိပေးကြပါနော် ။ အားလုံးဘဲ Congratulations ပါလို့ 🐳💌
https://t.me/theteenlibrary

Merry Christmas Everyone!ဒီနေ့ကျရောက်တဲ့ Christmas ‌ကစပြီး Teens လေးတို့ရဲ့ဘဝမှာ ပျော်ရွှင်ခြင်းကိုအပြည့်ဝဆုံးခံစားရပြီး...
25/12/2022

Merry Christmas Everyone!

ဒီနေ့ကျရောက်တဲ့ Christmas ‌ကစပြီး Teens လေးတို့ရဲ့ဘဝမှာ ပျော်ရွှင်ခြင်းကိုအပြည့်ဝဆုံးခံစားရပြီး ဘဝတိုးတတ်အောင်မြင်မှုများစွာကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါရစေ။

သူငယ်ချင်းမှစာမရဘူးပြောပြီး ကိုယ့်ထက်အမှတ်များနေသောအခါ😊
22/12/2022

သူငယ်ချင်းမှစာမရဘူးပြောပြီး ကိုယ့်ထက်အမှတ်များနေသောအခါ😊

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Teen Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to The Teen Library:

Share