05/08/2026
“ ၂၀၂၆- ဩဂုတ်လ - သဘာဝရိပ်သာ သတင်းများ
#၂၀၂၆.၈.၃
၂၀၃ မိုင် ရိပ်သာ သတင်း
“၂၀၃ မိုင် သဘာဝတရားရိပ်သာတွင် ပေ(၅၀) လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော် တည်ထားပူဇော်မည်”
ရန်ကုန်–မန္တလေး အမြန်လမ်း၊ နေပြည်တော် ၂၀၃ မိုင် သဘာဝတရားရိပ်သာ ရှိ ဗုဒ္ဓဥယျာဉ် ဧက(၂၀) စီမံကိန်းဧရိယာအတွင်း
ဉာဏ်တော်ပေ(၅၀)ရှိသော စကျင်ကျောက်သား မဟာပရိနိဗ္ဗာန- လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျောင်းတော်မူရုပ်ပွားတော်ကို ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးပေါ်မှ ဖြတ်သန်းသွားလာကြသော ခရီးသွားများ ကားပေါ်မှပင် လှမ်း၍ဖူးမြော်နိုင်စေရန် ရိပ်သာ၏ မျက်နှာစာဘက်ရှိ ကုန်းမြင့်နေရာတွင် တည်ထားပူဇော်မည်ဖြစ်သည်။
ရုပ်ပွားတော်ကြီး၏ အောက်ခြေဧရိယာတွင် မြေပြင်အနေအထားနှင့်လိုက်လျောညီထွေသော ရင်ပြင်တော်အဆင့်ဆင့်ကို ဖော်ဆောင်သွားမည်ဖြစ်ပြီး၊ ရင်ပြင်တော်ပတ်ဝန်းကျင်တွင် မုဒြာအမျိုးမျိုးဖြင့် စကျင်ကျောက် ဗုဒ္ဓရုပ်ပွားတော်များကိုလည်း တည်ထားပူဇော်သွားမည်ဖြစ်သည်။
ထို့အပြင် ဘုရားဖူးလာရောက်သူများနှင့် အမြန်လမ်းမကြီးကို အသုံးပြုသည့် ခရီးသွားများ အဆင်ပြေစေရန် (၁၈)ခန်းတွဲ သန့်စင်ခန်းနှင့် ရေချိုးခန်းများကို လျောင်းတော်မူရုပ်ပွားတော်၏ ခြေတော်ရင်းဘက် ကုန်းနိမ့်ပိုင်းတွင် တည်ဆောက်ပြီးစီးထားပြီဖြစ်သည်။
အမြန်လမ်းမကြီးပေါ်မှ ကြည့်ရှုဖူးမြော်ရာတွင် လျောင်းတော်မူရုပ်ပွားတော်ကို ကျောဘက်မှ ဖူးမြော်နိုင်မည်ဖြစ်ပြီး၊ ထိုရုပ်ပွားတော်၏ ခြေရင်းဘက်တွင် ဉာဏ်တော် (၁၅)ပေရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကိုလည်း ရှေ့ဘက် မျက်နှာတော်တူရူမှ ဖူးမြော်နိုင်မည်ဖြစ်သည်။
အနာဂတ်တွင် ဤနေရာသည် ခရီးသွားများအတွက် ခရီးတစ်ထောက်နား၍ ဘုရားဖူးခြင်း၊ တရားထိုင်ခြင်း၊ ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်သည့် သာသနာ့အထင်ကရ နေရာတစ်ခု ဖြစ်လာနိုင်မည်ဟုယူဆရပေသည်။
အဆိုပါ မဟာကုသိုလ်စီမံကိန်းကြီးကို သဘာဝတရားရိပ်သာကြီး၏ ဦးစီးပဓာနနာယကဆရာတော် အရှင်ဥတ္တမသာရ၏ ဦးဆောင်လမ်းပြမှုဖြင့် ပြည်တွင်း၊ ပြည်ပ ကုသိုလ်ရှင်များ၏ စုပေါင်းပါဝင်လှူဒါန်းမှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
သတင်း~ သဘာဝမီဒီယာအဖွဲ့
🙏🙏🙏🙏🙏
အမေရိကား ရိပ်သာ သတင်း
ဦးတင်ပါတယ်ဆရာတော်ဘုရား 🙏
ဩဂုတ် ၂ ရက် တနင်္ဂနွေ နေ့
LA, Hacienda Highs မြို့ရှိ
အမေရိကန် သဘာ ဝတရားရိပ်သာ မှာဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပါသည်။
Cindy ခေါင်းဆောင်တဲ့ ဗီယက်နမ် အဖွဲ့ လာရောက် လှူဒါန်းကူညီ ကြပါသည်ဘုရား ။ကျေးဇူးဦးတင်ပါတယ်ဘုရား။
သတင်း- Helen Guan
🙏🙏🙏🙏🙏🙏🙏
ဦးတင်ပါတယ်ဆရာတော်ဘုရား 🙏
ဆရာတော်ဘုရား ၏ မယ်တော် ရဲ့ မိတ်ဆွေ ဒေါ်ကြည်ေဋ္ဌး ၏ ခင်ပွန်း ဦးတင်သန်းလည်း ၂ ရက်နေ့ ( မနေ့က) မနက် ၁၁:၅၅ Arcadia ဆေးရုံ မှာ ကွယ်လွန်သွားပါတယ် ဘုရား
အသက် ၉၀ ပါဘုရား
ကျောက်ကပ် ၊ အဆုတ် ၊ သွေးဖိအားနည်း ရောဂါ ၊ အစာအိမ် ( ပါးစပ်မှ မြို ချ ၍ မရပါသဖြင့် ဗိုက် ဖောက် ပြီးနို့ရည် သွင်းခြင်း ဖြင့် ၎င်း၊ အောက်ဆီ ဂျင် မတပ် လျှင် အသက်ရှူ ရပ် မှာဖြစ်၍ အောက်ဆီ ဂျင် ပိုက်ဖြင့်အသက်ရှူနေရခြင်း ၊ ကျောက်ကပ် ကို တစ်ပတ် ၃ ရက် ဆေး စစ် ရခြင်း )
စသော ရောဂါ စုံ များနှင့် ၆ နှစ်ကျော် ခံ စား ခဲ့ ရတာ
ယခု လူ့ဘဝ ဝဋ်ကြွေး တွေ ကြား မှ လွတ်မြောက် သွား ပြီ လို့ တပည့်တော်တရား အသိ ရလိုက်ပါတယ် ဘုရား
ဒါကြောင့် လူ့ဘဝ အသက်ရှင် နေ ကြဆဲ မှာ လူသားအားလုံး ဒေါသ ၊လောဘ ၊မောဟ တွေ ချုပ် ငြိမ်းပြီး ဆရာတော်ဘုရား နည်းတူ သည်းခံ ခြင်း၊ ဘုရားရဲ့ တရား စကား တွေ ၊ ဆရာတော် ဘုရား ဆုံးမ တဲ့ တရားစကားတွေ ကို နားထောင် ရုံ မဟုတ် ဘဲ လိုက်နာ ကျင့် သုံး ကြ ရမယ် ဆိုတဲ့ တရားအသိတွေ တပည့်တော် နဲ့ အတူ အားလုံး သတိ ရှိ / ထား ကြပါစေလို့ ဆုတောင်းပေးပါတယ်ဘုရား
ကျေးဇူးဦးတင်ပါတယ်ဘုရား ။
သတင်း-Helen Guan
🙏 🙏 🙏
ဆရာတော်ဘုရား 🙏
ဆရာတော်ဘုရား ၏ မယ်တော် ရဲ့ မိတ်ဆွေ ဒေါ်ကြည်ေဋ္ဌး ၏ ခင်ပွန်း ဦးတင်သန်းလည်း ၂ ရက်နေ့ ( မနေ့က) မနက် ၁၁:၅၅ Arcadia ဆေးရုံ မှာ ကွယ်လွန်သွားပါတယ် ဘုရား
အသက် ၉၀ ပါဘုရား။
ကျောက်ကပ် ၊ အဆုတ် ၊ သွေးဖိအားနည်း ရောဂါ ၊ အစာအိမ် ( ပါးစပ်မှ မြို ချ ၍ မရပါသဖြင့် ဗိုက် ဖောက် ပြီးနို့ရည် သွင်းခြင်း ဖြင့် ၎င်း၊ အောက်ဆီ ဂျင် မတပ် လျှင် အသက်ရှူ ရပ် မှာဖြစ်၍ အောက်ဆီ ဂျင် ပိုက်ဖြင့်အသက်ရှူနေရခြင်း ၊ ကျောက်ကပ် ကို တစ်ပတ် ၃ ရက် ဆေး စစ် ရခြင်း )
စသော ရောဂါ စုံ များနှင့် ၆ နှစ်ကျော် ခံ စား ခဲ့ ရတာ
ယခု လူ့ဘဝ ဝဋ်ကြွေး တွေ ကြား မှ လွတ်မြောက် သွား ပြီ လို့ တပည့်တော်တရား အသိ ရလိုက်ပါတယ် ဘုရား
ဒါကြောင့် လူ့ဘဝ အသက်ရှင် နေ ကြဆဲ မှာ လူသားအားလုံး ဒေါသ ၊လောဘ ၊မောဟ တွေ ချုပ် ငြိမ်းပြီး ဆရာတော်ဘုရား နည်းတူ သည်းခံ ခြင်း၊ ဘုရားရဲ့ တရား စကား တွေ ၊ ဆရာတော် ဘုရား ဆုံးမ တဲ့ တရားစကားတွေ ကို နားထောင် ရုံ မဟုတ် ဘဲ လိုက်နာ ကျင့် သုံး ကြ ရမယ် ဆိုတဲ့ တရားအသိတွေ တပည့်တော် နဲ့ အတူ အားလုံး သတိ ရှိ / ထား ကြပါစေလို့ ဆုတောင်းပေးပါတယ်ဘုရား။
ကျေးဇူးဦးတင်ပါတယ်ဘုရား ။
သတင်း~Helen Guan
🙏 🙏 🙏
ဦးတင်ပါသည်
ဆရာတော်ဘုရား🙏
လာမည့် ဩဂုတ်လ(၁၀)ရက်နေ့တွင်
နေပြည်တော် လယ်ဝေး ဂုံမင်းအိုင် (အေးငြိမ်းချမ်းသာ) သဘာဝတရားရိပ်သာမှ ဘိုးဘွားယောဂီ အယောက် ( ၄၀မှ ၅၀)ခန့်သည် တရားစခန်းပတ်
ပြီးဆုံးပြီဖြစ်၍
(၂၀၃)မိုင် သဘာဝတရားရိပ်သာသို့ လာရောက်ပြီး
ဆရာတော်ဘုရားအား ဖူးတွေ့ဂါရဝပြု ဩဝါဒခံယူပါမည် ဘုရား။
#သတင်း-ဆရာလေးဒေါ်သီရိစန္ဒာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဗီယက်နမ်ယောဂီများသတင်း
#2026.8.4
ဦးတင်ပါသည် ဆရာတော်ဘုရား🙏
(၂၀၃)မိုင်သို့နောက်ထပ်လာရောက်မည့် ဗီယက်နမ်ယောဂီများ ပါဘုရား🙏🙏🙏
# ၇.၈.၂၆ -ည
🇻🇳ဗီယက်နမ်- ဟနိွုင်းမှ ရန်ကုန်သို့
ည (၁၁)နာရီ ဆိုက်မည့် လေယာဉ်ဖြင့်
မစ္စတာ နင်းနှင့်မိခင် ဖြစ်သူရောက်ရှိပါမည်ဘုရား။
#၁၃.၈.၂၆
🇮🇳အိန္ဒိယ-ကာလကတ္တားမှ ရန်ကုန်သို့
ည(၉:၃၀)နာရီ ဆိုက်မည့်လေယာဉ်ဖြင့်
ဆရာလေးအန်းနှင့် ညီမဖြစ်သူ
ရောက်ရှိပါမည်ဘုရား။
#၂၀.၈.၂၆
🇻🇳ဗီယက်နမ် ဟိုချီမင်းမှ ရန်ကုန်သို့
ည(၁၀:၃၀)ဆိုက်မည့်လေယာဉ်ဖြင့်
ဗီယက်နမ်သီလရှင်(၁)ပါး၊ ကျားယောဂီ(၁)မယောဂီ(၁) - စုစုပေါင်းယောဂီ(၃)ဦးရောက်ရှိပါမည်ဘုရား။
# 🚐လေဆိပ်မှ ကြိုဆိုရေးအတွက် ကားစီစဉ်ပေးနိုင်ပါရန် လျောက်ထားအပ်
ပါသည်ဘုရား။
#သတင်း~ Apple Thatch
🙏🙏🙏🙏🙏🙏🙏
#၂၀၂၆.၈.၄
ဦးတင်ပါသည် ဆရာတော်ဘုရား။ 🙏
၂၀၂၃ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပခဲ့သော ဝါတွင်းသုံးလ တရားစခန်းတွင် စေတနာထက်သန်စွာ ပါဝင်လှူဒါန်းခဲ့သော အလှူရှင်အဖွဲ့သည် လက်ရှိ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး၊
၎င်းတို့၏ နောက်ဆုံးခရီးစဉ်အဖြစ် (၂၀၃) မိုင် သဘာဝတရားရိပ်သာသို့ တစ်ညတာ လာရောက်တည်းခိုကာ ဆရာတော်ဘုရားအား ဖူးမြော်၍ လှူဒါန်းခြင်းနှင့် ဩဝါဒခံယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်ဘုရား။
အဆိုပါ အလှူရှင်အဖွဲ့တွင် စုစုပေါင်း (၁၉) ဦး ပါဝင်ပြီး ခရီးပန်းနွမ်းနယ်နေသဖြင့် အနားယူရန် နေရာ စီစဉ်ပေးရန် လိုအပ်ကြောင်း သိရှိရပါသည်ဘုရား။
သို့ဖြစ်ပါ၍ အလှူရှင် (၁၉) ဦးအတွက် တစ်ညတာ တည်းခိုရန်နေရာ၊ ညစာနှင့် အရုဏ်ဆွမ်းတို့ကို အဆင်ပြေစွာ စီစဉ်ပေးနိုင်ပါရန် လျှောက်ထားအပ်ပါသည်ဘုရား။ 🙏🙏🙏
#သတင်း – Ngoc Dung Tran
🙏🙏🙏🙏🙏🙏🙏
# 2026.8.4
ဦးတင်ပါသည် ဆရာတော်ဘုရား။ 🙏
လက်ရှိ (၂၀၃) မိုင် သဘာဝတရားရိပ်သာ တွင် တရားစခန်းဝင်ရောက်နေသော ဗီယက်နမ်ယောဂီ (၁၉) ဦး အနက် အမျိုးသမီးယောဂီ (၂) ဦးသည် လာမည့် ဩဂုတ်လ (၁၁) ရက် နံနက်ပိုင်းတွင် (၂၀၃) မိုင်မှ ရန်ကုန်- ရွှေဥမင်တောရတရားရိပ်သာ သို့ သွားရောက်၍ တရားစခန်းဆက်လက်ဝင်ရောက်မည်ဖြစ်ကြောင်း အကြောင်းကြားလာပါသည်။
သို့ဖြစ်ပါ၍ အဆိုပါ ယောဂီ (၂) ဦးအတွက် သွားလာရေးယာဉ်စီစဉ်ပေးနိုင်ပါရန် လျှောက်ထားအပ်ပါသည်ဘုရား။ 🙏
#သတင်း – Apple Thatch
🙏🙏🙏🙏🙏