02/04/2026
Consumer Protection and Empowerment Community CPEC အဖွဲ့အစည်းအနေဖြင့် ငလျင်ဘေးဒဏ်ခံခဲ့ကြရသော မန္တလေးမြို့ရှိလူငယ်များအတွက် TVET သက်မွေးပညာအဖြစ် "ကွန်းတန့်အကြောင်းအရာဖန်တီးခြင်းနှင့် ဒီဂျစ်တယ်ဆိုင်ရာ ဈေးကွက်ဗျူဟာသင်တန်း" ပေးခြင်း အစီအစဉ်မှာ FEG Institute နှင့်အတူ ပူးပေါင်းပါဝင်ခွင့်ရရှိခဲ့သည့်အတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူရပါသည်။ နိုင်ငံတကာ အဆင့်မီသင်ရိုးများကို အခြေခံ၍ မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေနှင့်လိုက်ဖက်လျော်ညီအောင်ပြင်ဆင်ကာ သင်တန်းသူ၊ သင်တန်းသားများနှင့် ကိုက်ညီစေမည့် သင်ကြားနည်းစနစ်များဖြင့် အရည်အသွေးပြည့်ဝစွာ သင်ယူတတ်မြောက်နိုင်စေရေး ဦးစားပေး အလေးထားလုပ်ဆောင်ဖြစ်ခဲ့ကြသည့်အပြင် ဒီဂျစ်တယ်စားသုံးသူများကို ဘက်စုံမှ အလေးပေးဂရုစိုက်စေရန်အတွက်ပါ စနစ်တကျသင်ကြားမှုများပြုလုပ်ခဲ့ကြခြင်းကြောင့် များစွာထိရောက်အကျိုးရှိမည်ဟု ယုံကြည်မျှော်လင့်ပါသည်။ CPEC စားသုံးသူရေးရာအဖွဲ့အစည်းအနေဖြင့် အခြား TWM Group အောက်မှအဖွဲ့အစည်းများ၊ မိတ်ဘက်အဖွဲ့အစည်းနဲ့ အတူ စားသုံးသူများအားလုံးကို ပိုမိုကောင်းမွန်သော အနာဂတ်များဖန်တီးပေးနိုင်ရန်နှင့် ဘေးကင်းလုံခြုံစွာ ကာကွယ်ပေးနိုင်ရန် အမြဲအဆင်သင့်ရှိနေမည်ဖြစ်ပါသည်။