10/01/2021
လူတိုင်းပိုင်ဆိုင်နေကြတဲ့ တန်ဖိုးကြီးသယံဇာတပစ္စည်းလေးက ဘာဖြစ်မလဲ?
ယနေ့ခေတ်မှာ သူကောကိုယ်ကော လူတိုင်း ကိုယ်စီ အဖိုးတန်သယံဇာတတွေကို ပိုင်ဆိုင်နေကြပါပြီ။အဲ့တာကဘာလဲဆိုရင် အခု သင့်လက်ထဲက Mobile phone ပဲဖြစ်ပါတယ်။
ယခုအချိန်မှာဆိုရင် ဖုန်း သုံးစွဲသူတွေက များသထက်များလာပြီး လူတိုင်း အနည်းဆုံးဖုန်းတစ်လုံးကို ပိုင်ဆိုင်ကြပါတယ်။
အဲ့တာဆိုရင် ဒီ ဖုန်း လေးမှာဘယ်လို သယံဇာတတွေနဲ့ တည်ဆောက်ထားလဲဆိုတာ ကြည့်လိုက်တဲ့အခါမှာတော့ အနည်းဆုံး element အမျိုး ၃၀ လောက်ပါဝင်ရပါတယ်။ဒါတွေက mobile phone မှာတင်မဟုတ်ပဲ အခြားelectronicပစ္စည်းတွေမှာလည်း အခြေခံပစ္စည်း အားဖြင့် တူညီမှုရှိပါတယ်။
Mobile phoneတစ်လုံးမှာဆိုရင် copper, gold နဲ့ silver ကို wiringအတွက်အသုံးပြုရပြီး lithium နဲ့ cobaltကို batteryမှာအသုံးပြုပါတယ်။ screen ကိုတော့ ရှားပါးဒြပ်စင်တွေဖြစ်တဲ့ yttrium, terbium နဲ့ dysproaium တွေနဲ့ display ကို bright colourဖြစ်စေအောင် ထုတ်လုပ်ထားရပါတယ်။
ယနေ့ခေတ် ဖုန်းတစ်လုံး ရဲ့ အသုံးဝင်ပုံကကျယ်ပြန့်လာတာနဲ့ အမျှ ပတ်ဝန်းကျင် နဲ့ လူသားအပါအဝင် သတ္တဝါတွေရဲ့ ကျန်းမာရေးကိုလည်း သက်ရောက်မှုဖြစ်စေပါတယ်။
ပထမဆုံးအနေနဲ့က လိုအပ်တဲ့ သတ္တုတွေတူးဖော်တဲ့အခါမှာ မိုင်းသုံးဖြိုခွဲဖို့အတွက် အရင်းမြစ်နဲ့ စွမ်းအင်ပမာဏအများအပြားကိုအသုံးပြုရပြီး နောက်ဆက်တွဲထိခိုက်မှုတွေ အများကြီး ရရှိခံစားလာရပါတယ်။ တူးဖော်ရာကနေ ဖြစ်ပေါ်လာရတဲ့ အဆိပ်အတောက်တွကရေထုထဲစိမ့်ဝင်ခြင်း မြေဆီလွှာထဲရောက်ရှိရာကနေ မြေ ၊ ရေ ၊ လေ ၊ ရေနေသတ္တဝါတွေ နဲဲ့ လူသားတွေ အတွက် အန္တရာယ်ပေးလာပါတော့တယ်။
ဥပမာဆိုရင် Democratic Republic of the Congo က ကမ္ဘာ့ cobalt အသုံးပြုမှုကို 60% ထောက်ပံ့ပေးနေပြီး cobalt မိုင်းခွဲထုတ်ဖော်မှု လုပ်ငန်းက ဆိုရင် တရားမဝင် ထုတ်ဖော်ခြင်းတွေအပြင် child labour အသုံးပြုမှုတွေလည်း ပါဝင်ပတ်သတ်နေတာကြောင့် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းနဲ့အလွဲသုံးစားလုပ်ခြင်းတွေပါ ပါဝင်ပတ်သတ်လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာလည်း Tin နဲ့ indium တူးဖော်ရာကနေ ပတ်ဝန်းကျင် သက်ရောက်မှူတွေ ခံစားလာရပါတယ်။
ဒါ့အပြင် သဘာဝ ဒြပ်စင်တွေရဲ့ ရှားပါးလာမှုတွေ သုံးလို့ကုန်သွားတာမျိုးတွေလည်း တွေ့ကြုံလာရနိုင်ပါတယ်။
ဒါဆို ကျွန်မတို့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲ နော်? 🤷♀️
ထို့နောက် mobile phone မှာပါဝင်တဲ့ cadmium ကဆိုရင် အဆုတ်နဲ့ prostate cancerအပြင် ကျောက်ကပ်၊ အသက်ရှူမှူဆိုင်ရာအဖွဲ့အစည်း ၊ နှလုံးသွေးကြောနဲ့ ဟော်မုန်းစနစ်တွေကို အဆိပ်ဖြစ်စေပါတယ်။ထိုနည်းတူစွာပဲ leadနဲ့ brominated flame retardants တွေဟာဆိုရင်လည်း ခန္ဓာကိုယ်တွင်း ကလီစာ တွေကို ကင်ဆာဖြစ်စေတာကို တွေ့ရှိရပါတယ်။နောက်ထပ်လည်း သိပြီးသားတွေ ဖြစ်တဲ့ စိတ်ကျရောဂါတွေ ၊အိပ်စက်ခြင်းဆိုင်ရာပြသနာတွေ၊ Brain tumour နဲ့ ဖွံ့ဖြိုးမှူ နှောင့်နှေးခြင်း စတဲ့ အကျိုးဆက်တွေကိုလည်း mobile phoneတွေကထုတ်တဲ့ radiation တွေကြောင့် ခံစားရနိုင်ပါတယ်။
ဒါကြောင့်မို့လို့ အထက်ပါ ကိစ္စရပ်တွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာက အာရုံစိုက်လာကြပြီး Google နဲ့ Amazon တို့လို့ company တွေကလည်း sever တွေကြောင့်တိုးလာတဲ့ carbon ပမာဏကိုလျော့ချပေးဖို့ အလေးပေးဆောင်ရွက်လျက်ရှိပါတယ်။ Amazon ကလည်း 2019 ခုနှစ်မှာ renewable energy နဲ့ လည်ပတ်နိုင်ရေးကို 42% လုပ်ဆောင်နိုင်ခဲ့ပြီး 2025 မှာ 100% လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
Mobile phoneမှာပါဝင်တဲ့ ပစ္စည်းတွေက ဆွေးမြေ့ပျက်စီးသွားတာမျိုးမရှိပဲ 99% ကပြန်အသုံးပြုနိုင်တဲ့အတွက် နိုင်ငံအနှံ့ကဖုန်း company တွေကဆိုရင် ဖုန်းဟေင်းတွေကို ပြန်လည်ဝယ်ယူပေးပြီး ဖုန်းအသစ် ဒါမှမဟုတ် အခြား product အသစ်ဖန်တီးခြင်းအားဖြင့် ပူးပေါင်းပါဝင်နေကြပါတယ်။Mobile Phone 50,000 ကို recycle လုပ်ခြင်းက တွင်းထွက်သတ္တု 99 တန်ကိုချွေတာရာရောက်ပြီး carbon dioxide ထုတ်လွှတ်ခြင်းကို 19တန် အထိ လျှော့ချပေးပါတယ်။
ဒါကြောင့်မို့လို့ လူတိုင်းပိုင်ဆိုင်နေပြီဖြစ်တဲ့ သယံဇာတပစ္စည်းလေးကို အန္တရာယ်ကင်းကင်း နဲ့ ခေတ်မီစွာ အသုံးပြုရင်း ကမ္ဘာကြီးကိုလည်း ကယ်တင်ကြရန်အတွက် Earth Wise မှ မျှဝေပေးလိုက်ရပါတယ်ရှင်။
from Google