Insight to Marine

Website

Insight to Marine သင်္ဘောသား ရပ်ဝန်းမှ သိရှိသတိပြုမှတ်သားစရာများ

10/09/2026

War Zone နှင့်အကျင့်ပျက် SRPS များ

စက်တင်ဘာ ၁၀၊၂၀၂၆၊MSSN

အခုတလော Middle East ဒေသအတွင်း လုံခြုံရေးအခြေအနေတွေကြောင့် သင်္ဘောသားတွေအတွက် စိုးရိမ်စရာတွေ ပိုများလာပါတယ်။အထူးသဖြင့် အီရန်၊ Strait of Hormuz၊Gulf of Oman နဲ့ အနီးတဝိုက်ဒေသတွေကို ဖြတ်သန်းသွားလာရမယ့် သင်္ဘောသားတွေအတွက် ဒီကိစ္စဟာ လစာနဲ့ ဘောနပ် ဘယ်လောက်ရမလဲဆိုတာထက် ပိုပြီးအရေးကြီးတဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကိစ္စ ဖြစ်လာပါတယ်။
MSSN ကို ဆက်သွယ်လာတဲ့ သင်္ဘောသားတွေရဲ့ ပြောကြားချက်အရ ရန်ကုန်ကနေ သင်္ဘောတက်လာတဲ့ လူသစ်သင်္ဘောသားအချို့ဟာ အလုပ်ရရှိဖို့အတွက် Recruitment/Joining ကုန်ကျစရိတ်အဖြစ် ငွေအမြောက်အများ ပေးထားရတယ်လို့ သိရပါတယ်။သူတို့ပြောပြချက်ထဲမှာ “၃၅ ရွက်” လောက် ပေးခဲ့ရပြီး လစဉ်လစာက USD 100 ဝန်းကျင်သာ ရရှိတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေမှာ သင်္ဘောဟာ War Zone နဲ့ သက်ဆိုင်တဲ့ဒေသကို သွားရမယ်ဆိုရင် သင်္ဘောသားတစ်ယောက်အနေနဲ့ ရွေးချယ်ခွင့်က ဘယ်လောက်ရှိတော့မလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။
အလုပ်ရဖို့အတွက် အရင်ကတည်းက ငွေအများကြီးပေးထားရတယ်။
အလုပ်မဆင်းဘဲ ပြန်ချင်ရင်လည်း ပေးထားတဲ့ငွေတွေ ဆုံးရှုံးမှာကို စိုးရိမ်ရတယ်။
အဲဒီအပေါ်မှာ War Zone ထဲကို သွားရမယ့် အခြေအနေ ထပ်ရောက်လာတယ်။
ဒီလိုအခြေအနေမျိုးမှာ သင်္ဘောသားတစ်ယောက်ရဲ့
“မသွားချင်ဘူး” ဆိုတဲ့ ဆန္ဒဟာ တကယ်တမ်းမှာ လွတ်လပ်တဲ့ရွေးချယ်မှု ဖြစ်နိုင်ပါသေးရဲ့လား။
MSSN လက်ခံရရှိထားတဲ့ Commitment Letter တစ်စောင်မှာလည်း သင်္ဘောသားက Middle East ဒေသအတွင်း Iran၊ Strait of Hormuz၊Gulf of Oman၊Red Sea၊Gulf of Aden နဲ့ Bab-el-Mandeb စတဲ့ နေရာတွေကို သွားရောက်နိုင်ကြောင်း၊Company ရဲ့ arrangement အတိုင်း လုပ်ဆောင်မယ်ဆိုကြောင်း လက်မှတ်ထိုးထားတာ တွေ့ရပါတယ်။
အဲဒီစာထဲမှာ “There is no element of coercion involved” လို့ ဖော်ပြထားသလို၊အဆိုပါဒေသတွေကို မိမိအကြောင်းပြချက်နဲ့ မသွားခဲ့လို့ ဆုံးရှုံးမှုဖြစ်ရင် တာဝန်ယူမယ်ဆိုတဲ့ အချက်နဲ့ War-Risk Bonus ကို မိမိဆန္ဒအလျောက် စွန့်လွှတ်ကြောင်းပါ ထည့်သွင်းထားပါတယ်။
ဒီလိုစာရွက်စာတမ်းတွေ ရှိနေခြင်းကို MSSN အနေနဲ့ ပေါ့ပေါ့တန်တန် မမြင်ပါဘူး။
သင်္ဘောသားတစ်ယောက်က အလုပ်မဝင်ခင် ဘာကို လက်မှတ်ထိုးခဲ့သလဲဆိုတာ အရေးကြီးသလို၊လက်မှတ်ထိုးတဲ့အချိန်မှာ သူ့မှာ တကယ်လွတ်လပ်တဲ့ရွေးချယ်ခွင့် ရှိခဲ့သလားဆိုတာလည်း equally အရေးကြီးပါတယ်။
အထူးသဖြင့် လူသစ်သင်္ဘောသားတွေဟာ အလုပ်ရဖို့အတွက် အကြွေးတင်ပြီး၊မိသားစုဆီက ငွေချေးပြီး၊Recruitment/Joining ကုန်ကျစရိတ်တွေ ပေးထားရတဲ့အခြေအနေမျိုးဆိုရင် သင်္ဘောပေါ်ရောက်ပြီးမှ “မသွားချင်ရင် မသွားနဲ့” လို့
ပြောလိုက်ရုံနဲ့ ပြဿနာက မပြီးပါဘူး။
ILO ရဲ့ Maritime Labour Convention (MLC, 2006) မှာလည်း သင်္ဘောသား Recruitment and Placement services တွေအတွက် သင်္ဘောသားကို Recruitment/Placement အခကြေးငွေတွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစေခြင်းမပြုရဘူးဆိုတဲ့ စံနှုန်းတွေ သတ်မှတ်ထားပါတယ်။
International Labour Organization +1
ဒါကြောင့် “ရန်ကုန်ရုံးမှာ ဘောနပ်ကို မညှိနိုင်ဘူး၊ သင်္ဘောပေါ်ရောက်မှ ညှိကြ” ဆိုတဲ့ပုံစံမျိုးနဲ့ လူသစ်သင်္ဘောသားတွေရဲ့ War Zone ဆိုင်ရာ အန္တရာယ်ကို ဖြေရှင်းဖို့ မသင့်တော်ပါဘူး။
War Risk Bonus ဆိုတာ လူ့အသက်တန်ဖိုးကို သတ်မှတ်ပေးတဲ့ ငွေကြေးမဟုတ်ပါဘူး။
တစ်လ USD 120 ပေးလိုက်ရုံနဲ့ သင်္ဘောသားတစ်ယောက်ရဲ့ အသက်အန္တရာယ်ကို “အဆင်ပြေပြီ” လို့ မပြောနိုင်ပါဘူး။
လစာ USD 100 ရတဲ့ လူသစ်သင်္ဘောသားတစ်ယောက်အတွက် War Risk Bonus USD 120 ဆိုတာ ကြီးမားတဲ့ငွေပမာဏလို ထင်ရနိုင်ပါတယ်။ဒါပေမယ့် မိသားစုကနေ ငွေချေးပြီး သင်္ဘောတက်လာရတဲ့သူတစ်ယောက်အနေနဲ့ အဲဒီငွေကြောင့် အသက်အန္တရာယ်ရှိတဲ့ voyage ကို မဖြစ်မနေ လက်ခံရမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ရင် ဒါဟာ ငွေကြေးကိစ္စတစ်ခုတည်းနဲ့ မပြီးတော့ပါဘူး။
ဒီလိုလုပ်ဆောင်နေတဲ့ SRPSတွေကို မေးချင်ပါတယ်။
“ဒီသင်္ဘောပေါ်မှာ ကိုယ့်သား၊ကိုယ့်ညီ၊ကိုယ့်အစ်ကို၊ကိုယ့်ခင်ပွန်း၊ကိုယ့်အဖေ ဖြစ်နေခဲ့ရင် ဒီလိုအခြေအနေကို လက်ခံနိုင်မလား”
ရန်ကုန်က Recruitment Agency တွေကိုလည်း MSSN အနေနဲ့ တစ်ခုတည်း ပြောချင်ပါတယ်။
သင်တို့ရုံးကနေ သင်္ဘောပေါ်တက်သွားတဲ့သူဟာ နံပါတ်တစ်ခု မဟုတ်ပါဘူး။Salary တစ်ခုရဖို့အတွက် ပို့လိုက်တဲ့ လူတစ်ယောက်လည်း မဟုတ်ပါဘူး။
သူ့နောက်မှာ မိသားစုရှိပါတယ်။
သူ့ကို ပြန်လာမယ်လို့ စောင့်နေတဲ့ မိဘရှိပါတယ်။
သူ့လစာနဲ့ စားဝတ်နေရေးကို မှီခိုနေတဲ့ မိဘ၊ဇနီး၊သားသမီးတွေ ရှိပါတယ်။
အဲဒီလူဟာ သင်တို့ကိုယ်တိုင်ရဲ့ ဆွေမျိုးသွေးသားတစ်ယောက်ဆိုရင် ဘယ်လိုဆုံးဖြတ်ပေးမလဲဆိုတာ ကိုယ်ချင်းစာပြီး စဉ်းစားပေးကြပါ။
သင်္ဘောသားတစ်ယောက်ကို War Zone ထဲ ပို့ဖို့အတွက် Bonus တစ်ခုနဲ့ပဲ ဆုံးဖြတ်လို့ မရပါဘူး။
လူ့အသက်ဟာ ဘောနပ်နဲ့ တန်ဖိုးဖြတ်လို့မရပါဘူး။
အလုပ်အကိုင်ပေးတဲ့အဖွဲ့အစည်းတွေရဲ့ ပထမဆုံးတာဝန်က သင်္ဘောသားတွေကို အလုပ်ရအောင် ပို့ပေးရုံမဟုတ်ပါဘူး။
သူတို့အလုပ်လုပ်နေတဲ့နေရာမှာ လုံခြုံစွာ ရှင်သန်နိုင်ရေးကိုလည်း အလေးထားရမှာ ဖြစ်ပါတယ်။
MSSN အနေနဲ့ သင်္ဘောသားတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို ဆက်လက်စောင့်ကြည့်ပြီး အထောက်အထားရှိတဲ့ ကိစ္စတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ တင်ပြသွားမှာ ဖြစ်ပါတယ်။
သင်္ဘောသားတွေဟာ ကုန်ပစ္စည်းမဟုတ်ပါဘူး။
သူတို့မှာ အသက်ရှိတယ်။
မိသားစုရှိတယ်။
ပြန်လာဖို့ စောင့်နေတဲ့သူတွေရှိတယ်။
လူ့အသက်ကို အမြတ်အစွန်းနဲ့ မချိန်ပါနဲ့။
War Zone ကို Bonus တစ်ခုနဲ့ မဖုံးကွယ်ပါနဲ့။
သင်္ဘောသားတွေရဲ့ အသက်ကို တန်ဖိုးထားပေးကြပါ။

အယ်ဒီတာ
Myanmar Seafarers Support Network (MSSN)
One Voice.One Network.One Maritime Community.

03/09/2026
23/01/2026
23/01/2026

ဟာသ အမြင်နဲ့ကြည့်ပါ 🤓

23/01/2026
15/01/2026

ကက်စပီယန်ပင်လယ်တွင် အကူအညီတောင်ခံသော အီရန်ကုန်သင်္ဘောမှ အမှုထမ်း ၁၄ ဦးကို ကယ်ဆယ်

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်

အီရန် ကုန်တင်သင်္ဘော Rona သည် ဇန်နဝါရီ ၁၄ ရက် ဗုဒ္ဓဟူးနေ့တွင် ကက်စပီယံပင်လယ်ပြင်တွင် SOS အချက်ပြ သင်္ကေတ ထုတ်ပြန်ခဲ့ပြီး သင်္ဘောသား ၁၄ ဦးစလုံးကို တာ့ခ်မင်နစ္စတန် ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။

တာ့ခ်မင်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးဌာန၏ ပြောကြားချက်တွင် အရေးပေါ် တုံ့ ပြန်မှုအတွက် တာဝန်ရှိသော အစိုးရအေဂျင်စီများသည် “နိုင်ငံတကာပင်လယ်ရေကြောင်းစည်းမျဉ်းများ နှင့် အညီ သင်္ဘောပေါ်ရှိလူများကို ကယ်ဆယ်ခဲ့ပြီး လိုအပ်သည့်အစီအမံများအားလုံးကို လုပ် ဆောင်ခဲ့သည်။” ဟု ထုတ်ပြန်ထားပြီး “အချိန်မီတုံ့ပြန်မှုကြောင့် သင်္ဘောပေါ်ရှိ လူ ၁၄ ဦးလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း”လည်း ဖော်ပြထားပါသည်။

တာ့ခ်မင်အာဏာပိုင်များထံမှ ပဏာမအချက်အလက်များအရ သင်္ဘောပေါ်တွင် အီရန်နှင့် အိန္ဒိယနိုင်ငံသားများဖြစ်ကြောင်း သိရသည်။ တာမင်အစိုးရသည် သင်္ဘောသားများအား ကယ်ဆယ်ပြီးနောက် နိုင်ငံတကာစည်း မျဉ်းများနှင့်အညီ လုပ်ထုံးလုပ်နည်းအားလုံးကို ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

ယခုအွန်လိုင်းပေါ် တွင် ပျံ့နှံ့နေသည့် အတည်မပြုနိုင်သော ပုံတစ်ပုံသည် သင်္ဘော နောက်ပိုင်း နစ်မြုပ်နေပုံပေါ်သော်လည်း အဆိုပါ ဓာတ်ပုံမှာ မှန်ကန်မှု ရှိ / မရှိကို သီးခြားအတည်မပြုနိုင်သေးကြောင်းလည်းဖော်ပြထားပါသည်။

14/01/2026

Credit ရေးသား: ကပ္ပတိန်အောင်မြင်မိုး
*****************
မြန်မာနိုင်ငံရဲ့ ရေကြောင်းလောက (Maritime Industry) ဟာ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးရာမှာရော၊ ပညာတတ် လူငယ်တွေ အများဆုံး ရှိရာ နေရာမှာပါ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒါပေမဲ့ သင်ထောက်ပြခဲ့တဲ့ "ပညာမာန၊ မနာလိုစိတ်နဲ့ Network အားနည်းမှု" ပြဿနာတွေဟာ ဒီလောကမှာ တော်တော်လေး သိသာထင်ရှားပါတယ်။

"ငါ့လောက် ဘယ်သူမှ မသိဘူး" ဆိုတဲ့ Seniority မာန
ရေကြောင်းလောကမှာ Rank (ရာထူး) နဲ့ Experience (အတွေ့အကြုံ) ဟာ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ တချို့သော အရာရှိကြီးတွေဟာ မိမိကိုယ်ကိုယ် "အရာရာသိသူ (Know-it-all)" လို့ သတ်မှတ်ထားတတ်ကြပါတယ်

နည်းပညာအသစ်တွေ (ဥပမာ- Digital Navigation, Green Shipping) ဝင်လာတဲ့အခါ ဒါတွေကို လေ့လာဖို့ထက် "ငါတို့တုန်းက ဒီလိုမဟုတ်ဘူး" ဆိုတဲ့ မာနနဲ့ ငြင်းပယ်တတ်ကြပါတယ်။

ဒီလိုလူမျိုးတွေဟာ သင်္ဘောပေါ်မှာရော၊ ကမ်းပေါ်က ကုမ္ပဏီတွေမှာပါ Management ကောင်းကောင်း မလုပ်နိုင်တော့ဘဲ အောင်မြင်မှုနဲ့ ဝေးကွာသွားတတ်ပါတယ်။

သင်္ဘောပေါ်မှာ အထက်လူကြီးက အောက်လူကို ပညာသင်ပေးရမယ့်အစား မိမိသိထားတဲ့ နည်းပညာကို လက်နက် (Weapon) လို သုံးပြီး အောက်လူကို ခြောက်လှန့်တာ၊ အမှားရှာတာတွေ လုပ်တတ်ကြပါတယ်။ မိမိထက် တော်လာမယ့် Junior တွေကို နေရာမပေးတာ၊ လမ်းပိတ်စေတာ၊ လမ်းမှားပြတာမျိုးတွေဟာ ကျွန်တော်တို့ရေကြောင်းလောကရဲ့ ဆိုးရွားတဲ့ အလေ့အထတစ်ခုပါ။

"ပညာတတ်ရင် လူ့ကျင့်ဝတ် (Ethics) ရှိရမယ်" ဆိုတာထက် "ငါ့လက်မှတ်က ငါ့အာဏာ" လို့ ထင်နေခြင်းက Network ကောင်းတွေကို ပျက်စီးစေပါတယ်။

Maritime Network မှာ ရှောင်ဖယ်ခံရခြင်း (Ostracization)

ရေကြောင်းလောကဆိုတာ အလွန်ကျဉ်းမြောင်းပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက် သိကြတာ မြန်ပါတယ်။ နောက်ဆက်တွဲ တာဝန်ကနားချိန်မှာ စီးပွားရေးလုပ်မဲ့သူ တွေ ဟာ လူတစ်ယောက်ကို ရွေးချယ်တဲ့အခါ ပညာတတ်ပေမဲ့ မနာလိုစိတ်များပြီး အသင်းအဖွဲ့ကို ဖျက်စီးမယ့်သူ (Toxic Person) အိုပယ်ကြီးတွေဖြစ်ကြရတာပါပဲ။

အောင်မြင်တဲ့သူဆိုတာ "ပညာရှိသလို နှိမ့်ချမှု (Humility) ရှိသူ" တွေပါ။ "သင်္ဘောတစ်စီးဟာ စက်တစ်ခုတည်းနဲ့ မောင်းတာမဟုတ်ဘဲ လူတွေရဲ့ စိတ်ဓာတ်ပေါင်းစည်းမှုနဲ့ မောင်းနှင်တာ ဖြစ်ပါတယ်။"

ကျွန်တော့်သဘော်တစ်စီးမှာ ရာထူးတစ်ခု အတွက် Overlapping အနေနဲ့ Experience ယူဖိူ့ Company ကသတ်မှတ်ချိန်ပြည့်ချိန်မှာ ရှေ့ကအရာရှိက တောင်းဆိုပါတယ် ဆက်ပြီး နေချင်လို့ Overlapping ထပ်တောင်းပေးပါဆိုလို့ ကျွန်တော်ပိုင်နိုင်ပြီးသည့်အတိုင် Request တင်ပေးလို့ဆက်နေခွင့်ရပါတယ်။ တကယ်တမ်း ကျွန်တော့်ကွယ်ရာမှာ လေ့လာမှာမရှိတဲ့ ပင်လယ်လိပ် လိုမျိုး လုပ်နေတဲ့ သူဆက်နေရပါတယ်ဆိုပြီးပြောတဲ့ Senior မျိုးလဲကြုံဖူးပါတယ်။ ဒါ ယောကျ်ားကြီး တွေပြောတဲ့စကားတွေဖြစ်ပါတယ်။ ကူညီပြီး တော်တော်လဲ သံဝေဂရပါတယ်။

ပညာကို လက်နက်လိုသုံးပြီး မနာလိုစိတ်နဲ့ တိုက်ခိုက်နေသူတွေဟာ အချိန်တန်ရင် အထီးကျန်သွားတတ်ပြီး၊ သူတို့ထက် ပညာအရည်အချင်း နည်းပေမဲ့ Social Skill ကောင်းပြီး သူတစ်ပါးကို ကူညီတတ်သူတွေက Network ကောင်းကောင်းနဲ့ ထိပ်ဆုံးကို ရောက်သွားကြတာ လက်ရှိသာဓကတွေမှာ အထင်အရှားပါပဲ။

ရေကြောင်းလောကက လူငယ်တွေအနေနဲ့ COC (Competency Certificate) တွေနောက်ကိုပဲ လိုက်နေရုံနဲ့ မလုံလောက်ဘဲ "EQ (Emotional Intelligence)" ကိုပါ မြှင့်တင်ဖို့ လိုအပ်ပါတယ်။ Network ဆိုတာ ပညာတတ်ချင်း ချိတ်ဆက်တာထက် စိတ်ထားကောင်းသူချင်း ယုံကြည်မှု တည်ဆောက်တာ ဖြစ်တယ်ဆိုတာကို ဘဝအတွေ့အကြုံနဲ့တင်ဆက်လိုက်ရပါတယ်။

မြန်မာသင်္ဘောသားလူသစ်တွေ အတွက် ရည်ရွယ် ပြီး “Myanmar Seafarers Checklist Post” ကို📌 လက်တွေ့အသုံးချနိုင်အောင် နဲ့ 📌 Aware...
13/01/2026

မြန်မာသင်္ဘောသားလူသစ်တွေ အတွက် ရည်ရွယ် ပြီး “Myanmar Seafarers Checklist Post” ကို
📌 လက်တွေ့အသုံးချနိုင်အောင် နဲ့
📌 Awareness အတွက် သင့်တော်အောင်ရေးသားဖော်ပြထားပါတယ် 👇

⚓ Myanmar Seafarers များ သင်္ဘော အလုပ်မလုပ်ခင် စစ်ဆေးသင့်သော Checklist ✅

သင်္ဘောပေါ် အလုပ်လုပ်ဖို့ စာချုပ်မချုပ်ခင် အောက်ပါအချက်တွေကို မဖြစ်မနေ စစ်ဆေးပါ 👇

🏢 1️⃣ Manning Agency စစ်ဆေးပြီးပြီလား?

☐ ရန်ကုန် အေဂျင့်သည် DMA SRPS List ထဲ ပါ/မပါ
☐ Office လိပ်စာ၊ ဖုန်းနံပါတ် တိတိကျကျ ရှိ / မရှိ
☐ အရင် လူဟောင်း သင်္ဘောသားများ ထံမှ အကြံပြုချက် ရ/မရ

📄 2️⃣ Contract (စာချုပ်) ကို သေချာဖတ်ပြီးပြီလား?

☐ လစာ (Basic + Overtime) တိတိကျကျ ဖော်ပြထား/မထား
☐ လစာ ပေးချေမည့် နည်းလမ်း/ရက်စွဲ ပါ/မပါ
☐ Contract Duration (အလုပ်ချိန်ကာလ) ရှင်းလင်း/မရှင်း
☐ Early termination / extension အချက်များ ပါ/မပါ

💰 3️⃣ ငွေကြေးနဲ့ ပတ်သက်ပြီး စစ်ပြီးပြီလား?

☐ Recruitment fee မတရား တောင်းခံမှု မရှိ
☐ Medical / Training / အခြား fee တွေကို မတရားတောင်းခံမှု ရှိ/မရှိ
☐ Salary deduction အကြောင်း ထည့်ရေးထား/မထား

🚢 4️⃣ သင်္ဘောအချက်အလက် သိပြီးပြီလား?

☐ Ship name / IMO number သိပြီးသားလား
☐ Flag state (အလံနိုင်ငံ)
☐ Ship type (Bulk, Container, Tanker စသည်)
☐ Trading area (ဘယ်ရေပြင်တွေမှာ လည်ပတ်မလဲ)

🧑‍✈️ 5️⃣ သင်္ဘောပေါ်မှာ အခွင့်အရေး ရှိ/မရှိ?

☐ Working hours & Rest hours ကို MLC နဲ့ ကိုက်ညီမှုရှိ / မရှိ
☐ Safety equipment & PPE အပြည့်အစုံ ရှိ / မရှိ
☐ Medical care & insurance ပါဝင်လား
☐ Repatriation (အိမ်ပြန်ခ) အာမခံထားလား

🚨 6️⃣ အရေးပေါ် အဆက်အသွယ် သိပြီးပြီလား?

☐ Seafarers’ Union / Welfare Organization
☐ သင်္ဘောပေါ် grievance procedure သိထား
☐ အရေးပေါ် အခြေအနေတွင် ဆက်သွယ်ရမည့် နေရာများ သိထား

⚠️ သတိထားရန် အချက်များ

❌ စာချုပ်မချုပ်ခင် ငွေတောင်းရင် သတိထားပါ
❌ Contract မဖတ်ဘဲ လက်မှတ်မထိုးပါနဲ့
❌ အရမ်းမြန်မြန် ဆုံးဖြတ်ခိုင်းရင် သံသယထားပါ

📣 MMWF မှ အကြံပြုချက် သင်္ဘောသားအလုပ်ဟာ အချိန်မရွေး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အလုပ်ဖြစ်သည့် အတွက်စာချုပ် လက်မှတ်ထိုးပြီးသွား ရင် နောက်ပြန်ဆုတ်ဖို့ ခက်ခဲပါတယ်။

ဒါကြောင့် Checklist ကို အသုံးပြုပြီး ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် ကာကွယ်ကြဖို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ်။

☣️☣️☣️Hold Cleaning Chemical☣️☣️☣️Cargo holds သန့်ရှင်းရာတွင် အသုံးပြုသည့် chemical များကို Previous cargo အမျိုးအစား နှ...
13/01/2026

☣️☣️☣️Hold Cleaning Chemical☣️☣️☣️

Cargo holds သန့်ရှင်းရာတွင် အသုံးပြုသည့် chemical များကို Previous cargo အမျိုးအစား နှင့် ပြန်တင်မည့် next cargo ၏ သန့်ရှင်းမှုစံချိန်စံညွှန်း လိုအပ်ချက်အပေါ် အခြေခံ၍ ရွေးချယ်အသုံးပြုရသည်။ အဓိကအသုံးများသော chemical များနှင့် cargo အမျိုးအစား များ ကိုဖော်ပြ ပေးထားပါသည်။

☣️ 1.(Alkaline Cleaners)
ဥပမာ ထုတ်ကုန်များနာမည်များ.....
BUFFERSOL, RBM HoldWash-HD®, CargoCare HF, CargoCare HD

📌အဓိကအသုံးပြုသည့် cargo များ....
ကျောက်မီးသွေး (Coal)
Petcoke → ညိုမည်းသောအစွန်းများ၊ ဆီချေးများကို ဖယ်ရှားရန်
Sulphur
Salt

✅ရေနှင့်ရောစပ်အသုံးပြု၍ ဖြူဖွေးသောအမြှုပ်ထုတ်ပေးခြင်းဖြင့် ဒေါင်လိုက်မျက်နှာပြင်များတွင် ကြာရှည်စွာ ကပ်ငြိနိုင်စေပြီး အစွန်းများ လွယ်ကူစွာ ကွာကျစေသည် ။

☣️2. အက်ဆစ်အခြေခံ ဆေးများ (Acid-Based Cleaners)
ဥပမာ ထုတ်ကုန်နာမည်များ ....
Lime Remover,
Cement Remover,
Hydrochloric Acid

📌အဓိကအသုံးပြုသည့်ကုန်စည်များ
ဘိလပ်မြေ (Cement)
, ဘိလပ်မြေကြမ်း (Clinker) → မာကျောသော အစိုင်အခဲများကို ဖြေလျှော့‌စေရန်။
ထုံးကျောက် (Limestone),
ထုံးမှုန့် (Lime)→ ထုံးချေးများ ဖယ်ရှားရန်။

🚨သတိပြုရန်: သတ္တုမျက်နှာပြင်ကို ချေးချွတ်နိုင်သောကြောင့် သင့်တော်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း (corrosion inhibitors) ပါဝင်မှု အရေးကြီးသည် ။

☣️3.အကာအကွယ်အလွှာဆေး(Protective Coatings)
ဥပမာထုတ်ကုန်နာမည်များ....
Marine Barrier, Fat Cargo Slip, Prewash Chemicals

📌အဓိကအသုံးပြုသည့်ကုန်စည်များ
Sulphur.
Salt
Fertilizer→ သတ္တုမျက်နှာပြင်ကို စားခြင်းမှ ကာကွယ်ရန်။

✅Cargo ကပ်ငြိမှုကို လျှော့ချပေးသဖြင့် သန့်ရှင်းရေးအတွက် လွယ်ကူစေသည် ။

☣️4. အထူးချေးချွတ်ဆေးများ (Specialized Removers)
ဥပမာထုတ်ကုန် နာမည်များ....
-Cargo PC Remover (Petcoke) အစွန်းများအတွက် ။
- Ore Dust Remover သတ္တုမှုန့် (Ore Dust) ကပ်ငြိမှုကို ဖယ်ရှားရန် ။

☣️5. သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းသော ဆေးများ (Eco-Friendly Chemicals)

📌ဇီဝချေဖျက်နိုင်သော (biodegradable) ပစ္စည်းများဖြင့် ဖော်စပ်ထားပြီး MARPOL စည်းမျဉ်းများနှင့် ကိုက်ညီသည် ။

🚨🚨🚨🚨🚨
1. Chemical ရွေးချယ်ခြင်း သည် ယခင်ကုန်စည်၏ အကြွင်းအကျန်များ၊ နောက်တင်မည့်ကုန်စည်၏ ချို့ယွင်းချက်မခံသော အခြေအနေနှင့် cargo hold အတွင်း မျက်နှာပြင် အခြေအနေပေါ် မူတည်သည် ။

Chemical အသုံးပြုစဉ် PPE (Personal Protective Equipment) ဝတ်ဆင်ရန် အရေးကြီးပြီး၊ MSDS ကို တိကျစွာ လိုက်နာရမည် ။

3. CLIIN Cargo Hold Robot ကဲ့သို့သော စက်ရုပ်များဖြင့် chemical အသုံးပြုမှုကို 80–100% လျှော့ချနိုင်သည်။

အသေးစိတ်အချက်အလက်များအတွက် [West of England P&I Club](https://www.westpandi.com/news-and-resources/loss-prevention-bulletins/cargo-hold-cleaning/) နှင့် [RBM HoldSolutions](https://www.holdsolutions.com/blog/the-importance-of-marine-cleaning-chemicals-for-cargo-holds) တို့တွင် လေ့လာနိုင်ပါသည်။
.... BCKS.....

Bulk Carrier အကြောင်း နဲ့ ရေ‌ကြောင်းဆိုင်ရာ ဗဟုသုတ‌ တွေဟရစေဖို့ ဒီ Page လေးကို လုပ်ထားတာပါ။ ဒီလို ဗဟုသုတမျိုးတွေကို လေ့လာချင်တဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အတွက် "Like & Share" လုပ်ထားပြီး နောက်ထပ် အသစ်အသစ်တွေကို လေ့လာကြရအောင်။

Bulk carrier chief officer onjob class -
Register on Viber +959456861056


Officer
Carrier
Officer On Job
job interview



at sea

Cleaning

Modern Sea route of the planet. Soon the earth will be demolished with what mankind did.***********Creditအာတိတ် ရေပြင်မှ...
12/01/2026

Modern Sea route of the planet. Soon the earth will be demolished with what mankind did.
***********
Credit

အာတိတ် ရေပြင်မှာ ဖြတ်သန်း
သွားလာဖို့ ကြိုးစားနေကြတဲ့ အထဲ
တောင်ကိုရီးယားနိုင်ငံ လဲ ပါဝင်ဖို့
ကြိုးစားလာ...

TEUs ၃၀၀၀ တင်နိုင်တဲ့
ကုန်သေတ္တာ သင်္ဘော နဲ့ စသွားဖို့
ပြင်နေပြီး ဘူဆန် ဆိပ်ကမ်း ကနေ
ရော့တာဒန် ကို သွားမှာ ဖြစ်ပါတယ်

အာတိတ် လမ်းကြောင်း ကို သုံးပြီး
ကုန်သေတ္တာ သင်္ဘောနဲ့ ဝန်ဆောင်မှု
ပေးဖို့ကြိုးစားတဲ့ အထဲမှာ တရုတ်နိုင်ငံ
က ဦးဆောင်နေပြီး... ၁၄ ခေါက်
ပြေးဆွဲ ပြီး ဖြစ်ပါတယ်...

တရုတ်ပြည်ကနေ ယူကေ အထိ
ရက် ၂၀ ဘဲ ခရီးကို ရေမိုင် ပျှမ်းမျှခြင်း
၁၆.၇ မိုင်နဲ့ ခုတ်မောင်း ခဲ့တဲ့ စံချိန်ကိုတော့
Istanbul Bridge သင်္ဘော က တင်ထားပါတယ်

ကမ္ဘာ့ထိပ်တန်း ကုန်သေတ္တာ သင်္ဘော
လုပ်ငန်း Maersk ကတော့ ၂၀၁၈ ခုက
Venta Maersk သင်္ဘော နဲ့ တကြိမ်
စမ်းသပ်ခဲ့ပြီး...

Environmental အတွက် ထိခိုက်နိုင်တာ...
ဖြတ်သန်းစဉ် လမ်းကြောင်းမှာ တစ်ခုခု
ဖြစ်ရင် အကူအညီရဖို့ခက်တာ...
အာမခံ ရဖို့ အဆင်မပြေတာ...
စီးပွားဖြစ်နိုင်ခြေ မသေချာတာကြောင့်
ရပ်ထားခဲ့တဲ့ သာဓက ရှိခဲ့ဖူးပေမဲ့

အာတိတ် လမ်းကြောင်းကို သုံးဖို့
စမ်းသပ်ပြင်ဆင်တာကို နိုင်ငံ
အတော်များများ လုပ်လာကြပါတယ်...

Credit

https://gcaptain.com/south-korea-accelerates-arctic-shipping-push-with-september-trial-run-to-europe/

Photo Credit

Address

Hero Drive 9, New Mis-dangar
Yangon
11061

Alerts

Be the first to know and let us send you an email when Insight to Marine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share