06/06/2026
𝗧𝗵𝗲 𝗟𝗶𝘁𝘁𝗹𝗲 𝗖𝗶𝗿𝗰𝗹𝗲 ရဲ့ ပွဲဦးထွက်လေးကို နားလည်ပေးပြီး ချစ်ဖို့ကောင်းတဲ့မေမေတွေက နောက်ပွဲ ဘာတွေလုပ်ဦးမလဲ မေးကြပါတယ်။ ဒီတခါတော့ အရင်ပွဲမှာ အရမ်းကိုမှ အကတော်ကြတဲ့ကလေးတွေအတွက် 𝘿𝙖𝙣𝙘𝙚 𝙒𝙤𝙧𝙠𝙨𝙝𝙤𝙥 လေး သေချာပြန်လုပ်ပေးချင်တာပါ။ နေရာကျယ်ကျယ်၊ အေးအေးလူလူနဲ့ လွတ်လပ်စွာသင်ယူနိုင်ဖို့ပေါ့နော် …
သင်တန်းလေးကိုတော့ အရင်ပွဲလာထားတဲ့ မေမေအားလုံးအတွက် 𝐟𝐫𝐞𝐞 𝐜𝐥𝐚𝐬𝐬 လေးစီစဉ်ပေးမှာပါ။ Register တစောင်ကို လူကြီး၁ယောက်၊ ကလေး ၁ယောက်စာပေးမယ် စဉ်းစားထားပါတယ်။
ပြီးတော့ အရင်တခေါက်မှာ ကောင်းကောင်းကြီးရလိုက်တဲ့သင်ခန်းစာက 𝗩𝗲𝗻𝘂𝗲 ပါ။ ဒီ free dance class လေးမှာတော့ venue လေး supporting ပေးနိုင်မယ့်လုပ်ငန်းတခုခုနဲ့ ချိတ်ဆက်ချင်ပါတယ်။ ကလေးတွေရဲ့သဘာဝကို နားလည်ပြီး ပွဲချိန်အတွင်း flexible ဖြစ်မယ့် venue လေးပါရှင့်! အပြန်အလှန်အားဖြင့် အကျိုးရှိစေမယ့် ပူးပေါင်းမှုမျိုးကို ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
ဒီတခါပွဲလေးမှာ မေမေနဲ့ကလေးတွေအတွက် complimentary refreshments ထည့်ပေးဖို့လည်း စီစဉ်နေပါတယ်။
ပွဲလေးကို အမြဲဆုံးအကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်ရှင့်။ ဒီတခေါက်တော့ ticket ကိုင်ထားတဲ့သူတွေအားလုံးအတွက် free class ဖြစ်စေရမယ်နော်!