27/10/2025
ကျွန်တော်တို့ ရော်ဘာကဏ္ဍအတွက် အရေးကြီးတဲ့ အသိပညာပါ၊
လေ့လာသင်ယူသင့်ပါသည်။
🌏✨ Mekong Sustainable Supply Chains Transformation & Advancement (Mekong Sustain) Project အတွက် အခမဲ့ သင်တန်းနှင့် အကြံပေးဝန်ဆောင်မှုလျှောက်လွှာခေါ်ယူခြင်း ✨🌏
📢 *ဦးဆောင်၊ ပူးပေါင်းကျင်းပသူများ*
✅ AEM-METI Economic and Industrial Cooperation Committee (AMEICC) ၏ ကမကထဖြင့်
✅ The Association for Overseas Technical Cooperation and Sustainable Partnerships (AOTS) မှ ဦးဆောင်၍
✅ Mekong Institute (MI) မှ Project Lead & Management Unit အဖြစ်
✅ AlBeam Consulting နှင့် CX Concierge တို့ ပူးပေါင်းကျင်းပသည့်အစီအစဉ်ဖြစ်ပါတယ်။
*📋 စီမံကိန်းအကျဥ်းချုပ်*
ASEAN-Japan စီးပွားရေး ပူးပေါင်းဖန်တီးမှုအရ SMEs များ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု ရှိစေရန် ESG (Environmental, Social, Governance) နိယာမများကို ပေါင်းစပ်ကျင့်သုံးရန် SME များအတွက် AMEICC/AOTS ရန်ပုံငွေပံ့ပိုးမှုဖြင့် Mekong Institute မှ ဦးဆောင်၍ MekongSustain စီမံကိန်း ကို စတင်ထားပါတယ်။
ဤစီမံကိန်းသည် မော်တော်ယာဉ်၊ အထည်အလိပ်၊ စိုက်ပျိုးရေးကဏ္ဍ လုပ်ဆောင်နေသော SMEs များအကြား ESG နည်းလမ်းများနှင့် ကာဗွန်လျှော့ချရေး လုပ်ငန်းစဉ်များကို မြှင့်တင်ပေးပြီး စွမ်းရည်မြှင့်တင်ရေး သင်တန်း၊ အကြံပေးဝန်ဆောင်မှုများ၊ နည်းပညာပံ့ပိုးသူများနှင့် ငွေကြေးပံ့ပိုးသူများကို ချိတ်ဆက်ပေးမည်ဖြစ်ပါတယ်။
📅 *ကာလ – စက်တင်ဘာ ၂၀၂၄ မှ ဩဂုတ် ၂၀၂၆*
*🚀 သင့် SME အတွက် ရရှိမည့် အကျိုးကျေးဇူးများ*
✅ ၃ ရက်တာ ESG + Decarbonization သင်တန်း (ကမ္ဘာ၊ ဒေသတွင်းနှင့် ပြည်တွင်းစည်းမျဉ်းများပါဝင်သော Toolkits)
✅ Greenhouse Gas (GHG) Emission Report (Scope 1 & 2) ပြုလုပ်ရန် အထူးအကြံပေးဝန်ဆောင်မှု
✅ ကာဗွန်လျှော့ချရေး မဟာဗျူဟာများရေးဆွဲရန် ကမ္ဘာ့အကြံပေးကုမ္ပဏီများနှင့် ချိတ်ဆက်နိုင်ခြင်း
✅ နည်းပညာပံ့ပိုးသူများ၊ ငွေကြေးအဖွဲ့အစည်းများ၊ အခြား SME များနှင့် ကမ္ဘာလုံးဆိုင်ရာ Supply Chains တို့နှင့် ကွန်ရက်ချိတ်ဆက်နိုင်ခြင်း
*🌟 အရည်အချင်းပြည့်မီရမည့် SMEs*
🔹 မော်တော်ယာဉ်၊ စိုက်ပျိုးရေး/စိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးမှ ထုတ်လုပ်သော စားသောက်ကုန်လုပ်ငန်းများ သို့မဟုတ် အထည်အလိပ်ကဏ္ဍများမှ SME များ
🔹 ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို သို့မဟုတ် မြန်မာအခြေစိုက် SMEs
🔹 နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရောင်းချနေသော သို့မဟုတ် ပြည်တွင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပံ့ပိုးနေသော SME များ
🔹 ESG/GHG နည်းလမ်းများကျင့်သုံးရန် စိတ်ပါဝင်စားသော SME များ
🔹 လုပ်ငန်းတစ်ခုလျှင် ကိုယ်စားလှယ် ၂ ဦး (နည်းပညာ နှင့် စီမံခန့်ခွဲမှု)
*📝 ရွေးချယ်မှု စံနှုန်းများ*
🔹 ESG/GHG နည်းလမ်းများကို အမှန်တကယ်ကျင့်သုံးလိုစိတ် ပြင်းပြမှု
🔹 လုပ်ငန်းလည်ပတ်မှုအပေါ် အကျိုးသက်ရောက်မှု
🔹 ၃ ရက်သင်တန်းလှုပ်ရှားမှုတွင် အပြည့်အဝပါဝင်ရန် ကတိကဝတ်ပြုမှု
*📅 သင်တန်းအချိန်ဇယား*
📌 သင်တန်းနေ့ရက် - နိုဝင်ဘာ ၁၉ – ၂၁၊ ၂၀၂၅ (မြန်မာနိုင်ငံ)
📌 သင်တန်းအချိန် - နံနက် ၉ နာရီ မှ ၅ နာရီအထိ
📌 လျှောက်လွှာတင်ရန် နောက်ဆုံးရက် - နိုဝင်ဘာ ၃၊ ၂၀၂၅ ခုနှစ်
📌 သင်တန်းစာရွက်စာတမ်းများ - အင်္ဂလိပ် + မြန်မာဘာသာပြန်ဆိုချက်
📌 လက်ခံနိုင်သောအရေအတွက် - ကုမ္ပဏီ ၁၅ ခု
📌 လျှောက်လွှာကောင်းမွန်စွာ လက်ခံရရှိကြောင်းအတည်ပြုချက်ကို လျှောက်ထားပြီး ၃ ရက်အတွင်းရရှိမည်။
📌 သင်တန်းကျင်းပမည့်နေရာ - နောက်ပိုင်း အသိပေးပါမည်။
*📲 ယခု Apply လုပ်လိုက်ပါ –*
🌐 https://mekongsustain.org/register
📧 Inquiry: [email protected], [email protected]
☎️Viber only contact: +959979912014
*💡 AMEICC – AOTS – Mekong Institute – AlBeam Consulting – CX Concierge တို့ပူးပေါင်းကျင်းပသည့် ဤအစီအစဉ်သည် သင့် SME ကို ESG/GHG Level-Up လုပ်ဖို့ Golden Chance ဖြစ်ပါတယ်။*