20/10/2025
၂၀.၁၀.၂၀၂၅ ရက်နေ့၊ ၁၆ ၁၆ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ ပါရမီလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ဥက္ကလာပမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ အသင်း(EC)များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်စေတနာ့လုပ်အားရှင်များကသွားရောက်ခဲ့ကြပြီး တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အုပ်ချုပ်မှုယာဥ်တစ်စီးနှင့်အတူ
မြောက်ဒဂုံ
သင်္ဃန်းကျွန်း
မြောက်ဥက္ကလာ
ဗဟန်း
မရမ်းကုန်းတို့မှတပ်ဖွဲ့ဝင်စေတနာ့လုပ်အားရှင်များကလာရောက်၍ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မီးငြှိမ်းသတ်ရာတွင်ထိခိုက်ဒဏ်ရာရရှိသူများအားရှေးဦးပြူစုခြင်းဖြင့်ပြုစုပေးခဲ့ပြီး
၁၆ ၃၆ အချိန် မီးငြိမ်းပါသည်။