ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ - KTCCA

  • Home
  • Myanmar
  • Wakema
  • ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ - KTCCA

ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့  - KTCCA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ - KTCCA, Community Center, Tap Seik Village, Wakema.

ဒီရေဝပ်ဒေသမှာ ကြိုးကြာခေါင်းနီတွေက ခန့်ညားတဲ့ ခြေလှမ်းတွေနဲ့ လမ်းလျှောက်နေသလို၊ ခရုစုတ်ငှက် အုပ်စုကလည်း ရေစပ်မှာ အေးအေးလ...
10/04/2026

ဒီရေဝပ်ဒေသမှာ ကြိုးကြာခေါင်းနီတွေက ခန့်ညားတဲ့ ခြေလှမ်းတွေနဲ့ လမ်းလျှောက်နေသလို၊ ခရုစုတ်ငှက် အုပ်စုကလည်း ရေစပ်မှာ အေးအေးလူလူ ကျက်စားနေကြတာဟာ မြင်ရသူအဖို့ စိတ်ကြည်နူးစရာပါ။
ဒေသရဲ့ ဂေဟစနစ်က ပေးထားတဲ့ အစားအစာနဲ့ အမိုးအကာအောက်မှာ ငှက်တွေကလည်း ပတ်ဝန်းကျင်ကို အလှဆင်ရင်း၊ တစ်ဖက်ကလည်း လယ်ယာမြေတွေအတွက် အကျိုးပြုတဲ့ အလုပ်တွေကို လုပ်ပေးနေကြပါတယ်။ မျိုးစိတ်မတူပေမယ့် တစ်မြေတည်းမှာ တစ်ဦးကိုတစ်ဦး မှီခိုရင်း ရှင်သန်နေကြတဲ့ ဒီမြင်ကွင်းဟာ "ဒေသရေမြေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကြားက ခွဲခြားလို့မရတဲ့ ဟန်ချက်ညီမှု" ကို အသက်ဝင်ဆုံး သက်သေပြနေတာပဲ ဖြစ်ပါတယ်။




25/03/2026

46%ဘဲရှိသေးလို့
Yellow-breasted Bunting လေးကို
Vote ပေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့
YBB ထိမ်းသိန်းရေးကို ကူညီပေးကြပါဦး၊
အောက်ကလင့်မှာ Voteပေးလို့ရပါတယ်။
YBBက နောက်ဆုံးမှာ ပါ။

https://uproar.indianapoliszoo.com/?fbclid=IwdGRjcAQwbmdjbGNrBDBt7WZkaWQWUDkXGcXjqxHlR4Im5jqEAlGoUk38TmV4dG4DYWVtAjExAHNydGMGYXBwX2lkDDM1MDY4NTUzMTcyOAABHpyXYrSRYZqJ_ESFxwObupMy7MPz0fznMwPjs9hjR9MhEQTZBQjZdoJh8uPv_aem_o_P4vwlFnOhoQvPNr4R_Rw

ကြိုးကြာခေါင်းနီငှက်၊စပါးစိုက်ပျိုးမှုနှင့် လယ်သမားတို့ကြားရှိ ဟန်ချက်ညီညီ ယှဉ်တွဲနေထိုင်မှုများမြန်မာနိုင်ငံ၊ ဧရာဝတီတို...
28/02/2026

ကြိုးကြာခေါင်းနီငှက်၊စပါးစိုက်ပျိုးမှုနှင့် လယ်သမားတို့ကြားရှိ ဟန်ချက်ညီညီ ယှဉ်တွဲနေထိုင်မှုများ
မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျုံကပြင်-တက်ဆိပ် ထိန်းသိမ်းရေးနယ်မြေသည် လူနှင့် သဘာဝပတ်ဝန်းကျင်ကြားက အံ့ဩဖွယ်ရာ ဟန်ချက်ညီမှုကို သက်သေခံနေသော နေရာတစ်ခုဖြစ်သည်။ ဤဒေသတွင် လယ်သမားကြီးများ၏ စပါးစိုက်ပျိုးမှု နှင့်အတူ မျိုးသုဉ်းလုနီးပါး ရှားပါးငှက်မျိုးစိတ်ဖြစ်သော ကြိုးကြာခေါင်းနီငှက်တို့၏ ဘဝသံသရာသည် တစ်သားတည်းကျကာ အပြန်အလှန် ယှဉ်တွဲနေထိုင်ကြပုံမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ကြိုးကြာငှက်တို့၏ အစာအာဟာရ 🍽️
ဤအရပ်ဒေသ၏ ဂေဟစနစ်ကို အဓိကထိန်းကျောင်းပေးနေသူများတွင် ကြိုးကြာငှက်များလည်း ပါဝင်ပါသည်။ ၎င်းတို့သည် လယ်ယာမြေအတွက် အန္တရာယ်ဖြစ်စေသော ရွှေခရုများကို အဓိကစားသုံးခြင်းဖြင့် တောင်သူလယ်သမားများကို သွယ်ဝိုက်သောနည်းလမ်းဖြင့် ကူညီပေးနေကြသည်။ ထို့အပြင် မြက်ဥ၊ ကိုင်းဥ၊ ပဲအမျိုးမျိုး၊ ငါး၊ ဖား၊ ပုဇွန် နှင့် အင်းဆက်ပိုးမွှားများကိုလည်း စားသုံးကာ သဘာဝပတ်ဝန်းကျင်၏ မျှခြေကို ထိန်းသိမ်းပေးပါသည်။

လယ်ယာနှင့် ကြိုးကြာတို့၏ တစ်နှစ်တာ ပြက္ခဒိန် 🗓️
ကျုံကပြင်-တက်ဆိပ်ဒေသ၏ လယ်ယာလုပ်ငန်းစဉ်များနှင့် ကြိုးကြာငှက်တို့၏ ဘဝစက်ဝန်းသည် မြန်မာ့ဆယ့်နှစ်လရာသီနှင့်အညီ အောက်ပါအတိုင်း အချိန်ကိုက် ချိတ်ဆက်နေသည်ကို အံ့ဩဖွယ် တွေ့ရှိရသည်။

မြန်မာလ လယ်သမားများ၏ လုပ်ငန်းဆောင်တာ ကြိုးကြာငှက်တို့၏ ဘဝသံသရာ ဆက်စပ်မှု
ကဆုန်၊ နယုန် မိုးစပါး မျိုးစေ့ချခြင်း၊ ပျိုးထောင်ခြင်း မိတ်လိုက်ဖော်ရှာခြင်း၊ အဖော်အဖြစ် ရွေးချယ်ခြင်း စိုက်ပျိုးရေးရာသီအစနှင့် ကြိုးကြာတို့၏ မျိုးဆက်သစ်အတွက် အစပြုချိန်သည် တစ်ချိန်တည်းဖြစ်သည်။
ဝါဆို၊ ဝါခေါင်၊ တော်သလင်း စပါးပင်များ ကြီးထွားရှင်သန်ချိန်သည် ကြိုးကြာ‌‌ခေါင်းနီငှက်များ၏အသိုက်ဆောက်ခြင်း၊ ဥများဥခြင်း၊ အကောင်ငယ်များ ပေါက်ဖွားခြင်း စိမ်းလန်းစိုပြေနေသော လယ်ကွင်းများသည် ကြိုးကြာများအတွက် လုံခြုံသော အသိုက်ဆောက်ရန်နှင့် အစာရှာရန်နေရာ ဖြစ်လာသည်။
သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော် စပါးရိတ်သိမ်းချိန် ကြိုးကြာငယ်များ အမွေးအတောင်စုံ၍ ပျံသန်းရန် သင်ယူချိန် ရိတ်သိမ်းပြီး လယ်ကွင်းများတွင် ကျန်ရစ်သော ကောက်နှံစေ့များနှင့် ပိုးမွှားများသည် ကြိုးကြာမိသားစုအတွက် အစာအာဟာရ ပေါများစေသည်။

ဟန်ချက်ညီသော သဘာဝတရား 🌿
ဤပြက္ခဒိန်အရ လယ်သမားများ ကောက်စိုက်ရန် မြေပြင်သည့်အချိန်သည် ကြိုးကြာငှက်များ မိတ်လိုက်သည့်အချိန်ဖြစ်သည်။ စပါးပင်များ ရှင်သန်ကြီးထွားလာပြီး လယ်ကွင်းများ စိမ်းစိုလာသောအခါ ကြိုးကြာများအတွက် အသိုက်ဆောက်ရန်၊ ဥဥရန်နှင့် ရန်သူများရန်မှ ပုန်းကွယ်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာသည်။

တောင်သူများ စပါးရိတ်သိမ်းချိန်တွင် ကြိုးကြာငယ်လေးများသည် အမွေးအတောင်စုံလင်ကာ ပျံသန်းရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။ ရိတ်သိမ်းပြီးစီးသွားသော လယ်ကွင်းများသည် ၎င်းတို့အတွက် လွတ်လပ်ကျယ်ပြန့်သော ကစားကွင်းကြီးတစ်ခုအဖြစ်သာမက ကျန်ရစ်သော စပါးစေ့များ၊ ပိုးမွှားများကို ရှာဖွေစားသောက်ရင်း မိခင်၊ ဖခင်များနှင့်အတူ အစာရှာဖွေနည်းကို သင်ယူလေ့ကျင့်ရာနေရာတစ်ခုအဖြစ် အသုံးဝင်လှသည်။

ဤသို့ဖြင့် ကျုံကပြင်-တက်ဆိပ်ဒေသရှိ လယ်သမားများနှင့် ကြိုးကြာခေါင်းနီငှက်တို့၏ ဆက်ဆံရေးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် အကျိုးပြုရင်း၊ တစ်ဦး၏ဘဝစက်ဝန်းကို တစ်ဦးက လှပစွာ ပုံဖော်ပေးရင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ သဘာဝအလှတရားကို ပိုမိုတောက်ပစေလျှက်ရှိပါသည်။ ဤထူးခြားသော ဆက်ဆံရေးသည် နောင်လာနောက်သားများအတွက် အဖိုးမဖြတ်နိုင်သော သဘာဝအမွေအနှစ်တစ်ခုအဖြစ် ဆက်လက်တည်တံ့နေစေရန်မှာ ဒေသခံများနှင့် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိပါသည်။

စိမ်းလန်းသောစပါးခင်းများနှင့် တောင်သူဦးကြီးများဆီသို့ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးဧရိယာသည် သဘာဝအလှတရားများ...
24/02/2026

စိမ်းလန်းသောစပါးခင်းများနှင့် တောင်သူဦးကြီးများဆီသို့
ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးဧရိယာသည် သဘာဝအလှတရားများဖြင့် ပြည့်နှက်နေရုံသာမက၊ ဒေသခံတို့၏ စိတ်ဝင်စားဖွယ်ကောင်းသော လယ်ယာစိုက်ပျိုးရေး ဓလေ့များဖြင့်လည်း အသက်ဝင်လှုပ်ရှားနေသော နေရာတစ်ခု ဖြစ်ပါသည်။

🌾 စပါးစိုက်ပျိုးခြင်း-
ဤဒေသ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ စပါးစိုက်ပျိုးခြင်းဖြစ်ပြီး၊ တောင်သူများက နည်းလမ်းနှစ်မျိုးဖြင့် စိုက်ပျိုးကြသည်ကို ထူးခြားစွာ လေ့လာနိုင်ပါသည်-

စပါးကျဲစိုက်ခြင်း မျိုးစပါးများကို လယ်ကွင်းထဲသို့ တိုက်ရိုက်ကြဲချ၍ စိုက်ပျိုးသည့် ရိုးရှင်းသောနည်းလမ်း ဖြစ်သည်။
ပျိုးထောင်စိုက်ခြင်း ပျိုးခင်းတွင် အပင်ငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပြီးမှ လယ်ကွင်းထဲသို့ ပြောင်းရွှေ့စိုက်ပျိုးသည့် နည်းလမ်းဖြစ်သည်။


🏞️ လှပသော တောရွာဓလေ့များနှင့် ထိတွေ့ခြင်း
စိမ်းစိုသော လယ်ကွင်းများအပြင်၊ ဒေသခံတို့၏ ဖော်ရွေးပျူငှာမှု၊ နေထိုင်မှုပုံစံ၊ဒေသအစားအစာ နှင့် တောရွာဓလေ့များသည်လည်း လာရောက်လည်ပတ်သူတို့အတွက် အတွေ့အကြုံသစ်တစ်ခု ဖြစ်စေမှာ သေချာပါသည်။
ရှေ့ဆက်ပြီးလဲ စိတ်ဝင်စားစရာ ကောင်းသော အကြောင်းအရာတွေလဲ တင်ပြသွားမှာဖြစ်ပါတယ်။

မြို့ပြရဲ့ ဆူညံမှုတွေကနေ ခဏတာ လွတ်မြောက်ပြီး သဘာဝတရားရဲ့ တေးသံကို နားဆင်ဖို့ အသင့်ပဲလား?ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိ...
23/02/2026

မြို့ပြရဲ့ ဆူညံမှုတွေကနေ ခဏတာ လွတ်မြောက်ပြီး သဘာဝတရားရဲ့ တေးသံကို နားဆင်ဖို့ အသင့်ပဲလား?
ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးဧရိယာမှ သင့်ကို နွေးထွေးစွာ ကြိုဆိုနေပါတယ်...

နေ့စဉ်ဘဝရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ခဏလောက် အနားယူပြီး စိတ်ကို အပန်းဖြေဖို့ နေရာကောင်းတစ်ခုကို သင်ရှာနေပါသလား?

ဒါဆိုရင်တော့ သဘာဝတရားရဲ့ အလှတရားတွေနဲ့ ဒေသခံတို့ရဲ့ ရိုးသားတဲ့ ဧည့်ဝတ်ကျေပွန်မှုတွေ ပြည့်နှက်နေတဲ့ ကျုံကပြင်-တက်ဆိပ် က သင့်အတွက် အကောင်းဆုံး နေရာလေးတစ်ခု ဖြစ်မှာပါ။

ကျုံကပြင်-တက်ဆိပ်မှာ ဘာတွေက သင့်ကို စောင့်ကြိုနေမလဲ?
🐦 ငှက်ချစ်သူတို့ရဲ့ နံနက်ခင်းနေရောင်ခြည်အောက်မှာ သာယာနာပျော်ဖွယ် ငှက်ကလေးတို့ရဲ့ တေးသံစုံတီးဝိုင်းနဲ့အတူ နိုးထရတဲ့ ခံစားချက်ကို သင်မြင်ယောင်ကြည့်လိုက်ပါ။ ဒီနေရာဟာ ရှားပါးလှပတဲ့ ဒေသမျိုးရင်းငှက်တွေ၊ ရာသီအလိုက် ပြောင်းရွှေ့လာတတ်တဲ့ ဧည့်သည်ငှက်တွေရဲ့ လုံခြုံတဲ့ နေထိုင်ရာ ဖြစ်တာကြောင့် ငှက်ကြည့်ဝါသနာရှင်တွေအတွက်ရော၊ သဘာဝကိုချစ်မြတ်နိုးသူတိုင်းအတွက်ပါ မသွားမဖြစ် လာရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ။

🌳 စိမ်းစိုအေးချမ်းတဲ့ သဘာဝပတ်ဝန်းကျင်
မျက်စိတစ်ဆုံး စိမ်းစိုနေတဲ့ မြက်ခင်းတောတွေ၊ အေးချမ်းသာယာတဲ့ ရေပြင်ရှုခင်းတွေကြားမှာ လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း စိတ်ရဲ့ပင်ပန်းမှုတွေကို ဖြေဖျောက်လိုက်ပါ။ ဒေသခံလမ်းညွှန်နဲ့အတူ လှေလေးစီးပြီး သဘာဝရဲ့ အလှတရားတွေကို အနီးကပ်ထိတွေ့ခံစားရမယ့် အတွေ့အကြုံက သင့်အတွက် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။

🤝 ဒေသခံတို့ရဲ့ နွေးထွေးတဲ့ ရင်ခွင်
ဒီထိန်းသိမ်းရေးဧရိယာရဲ့ အသက်ဝိညာဉ်ကတော့ ဒေသခံတွေပါပဲ။ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ချစ်မြတ်နိုးမှု၊ ထိန်းသိမ်းလိုစိတ်ပြင်းပြမှုတွေက သင့်ကို အံ့အားသင့်စေမှာပါ။ သင်ရဲ့ လာရောက်လည်ပတ်မှုတိုင်းဟာ သူတို့ရဲ့ စားဝတ်နေရေးကို အထောက်အကူပြုရုံသာမက၊ ဒီသဘာဝအမွေအနှစ်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရာမှာ တစ်ထောင့်တစ်နေရာက ပါဝင်ကူညီတာနဲ့ အတူတူပါပဲ။

ဘာကြောင့် ကျုံကပြင်-တက်ဆိပ်ကို လာလည်သင့်တာလဲ?
စိတ်ငြိမ်းချမ်းမှု: စိတ်ဖိစီးမှုတွေကင်းဝေးပြီး တကယ့်အပန်းဖြေမှုကို ရရှိစေဖို့။

ထူးခြားတဲ့အတွေ့အကြုံ: သာမန်ခရီးစဉ်တွေနဲ့မတူဘဲ သဘာဝနဲ့ ဒေသခံတွေရဲ့ ဘဝကို အမှန်တကယ် ထိတွေ့ခံစားရမှာဖြစ်ပါတယ်။

အဓိပ္ပာယ်ရှိတဲ့ ခရီးစဉ်: သင်ရဲ့ခရီးစဉ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသခံအသိုင်းအဝိုင်းကို တိုက်ရိုက်အကျိုးပြုနေလို့။

ဓာတ်ပုံဝါသနာရှင်တွေအတွက် အကောင်းဆုံးနေရာ: ငှက်ကလေးတွေရဲ့ လှုပ်ရှားမှု၊ နေဝင်ချိန်ရှုခင်း စတဲ့ သဘာဝရဲ့ လက်ရာမြောက်လှတဲ့ ပုံရိပ်တွေကို မှတ်တမ်းတင်နိုင်ဖို့။

ဒီတစ်ခေါက်တော့...
သင်ရဲ့ အားလပ်ရက်ခရီးစဉ်ကို ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးဧရိယာမှာ အဓိပ္ပာယ်ရှိရှိ အသုံးပြုလိုက်ပါ။ သဘာဝတရားရဲ့ အလှ၊ ဒေသခံတို့ရဲ့ မေတ္တာတရားတွေနဲ့အတူ သင့်ဘဝရဲ့ မမေ့နိုင်မယ့် အမှတ်တရတွေကို လာရောက်ဖန်တီးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

19/02/2026

Green-billed Malkoha (ဝါဖလေး)

🌿Happy World Wetlands Day 2026!💧Today, Kyonekapyin–Tapseik Community Conservation Area (KTCCA) celebrates our wetlands, ...
01/02/2026

🌿Happy World Wetlands Day 2026!💧

Today, Kyonekapyin–Tapseik Community Conservation Area (KTCCA) celebrates our wetlands, our culture, and our community.

Our wetlands give us birds, fish, food, and water and through local knowledge and community care, we are protecting nature for today and tomorrow.

"ပျော်ရွှင်ဖွယ် ကမ္ဘာ့ရေဝပ်ဒေသနေ့ (၂၀၂၆) ဖြစ်ပါစေ"
ကျွန်တော်တို့ ကျုံကပြင်-တက်ဆိပ်ဒေသခံသားငှက်ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ရေဝပ်ဒေသများက ငှက်မျိုးစိတ်များ၊ ငါးမျိုးစိတ်များ၊ အစားအစာနှင့် ရေအရင်းအမြစ်များကို ပံ့ပိုးလျက်ရှိပါသည်။ ဒေသခံများ၏ ရိုးရာအသိပညာနှင့် စုပေါင်းအားဖြင့် ရေဝပ်ဂေဟစနစ်များေရရှည်တည်တံ့ေရးကို ကာကွယ်ထိန်းသိမ်းလျက်ရှိပါသည်။

< Protect wetlands today, secure our future tomorrow.>








-basedEcotourism(CBET)

🌍 ကမ္ဘာပေါ်မှာ ပျံသန်းနိုင်တဲ့ အကြီးဆုံးငှက်ကို ကိုယ်တိုင်ကြည့်ချင်ပါသလား?🕊️ မိုင်ထောင်ချီ ဝေးကွာရာမှ ဆောင်းရာသီလာရောက်ခ...
24/01/2026

🌍 ကမ္ဘာပေါ်မှာ ပျံသန်းနိုင်တဲ့ အကြီးဆုံးငှက်ကို ကိုယ်တိုင်ကြည့်ချင်ပါသလား?
🕊️ မိုင်ထောင်ချီ ဝေးကွာရာမှ ဆောင်းရာသီလာရောက်ခိုလှုံတဲ့ လှပတဲ့ ဧည့်သည်ငှက်တွေကို မြင်တွေ့ချင်ပါသလား?

🌾 ဒေသခံလူထုနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ဘယ်လို အတူယှဉ်တွဲနေထိုင်ကြသလဲဆိုတာ လေ့လာချင်ပါသလား?
🐟 တောင်သူဦးကြီးများ၊ ရေလုပ်သားများနဲ့ သဘာဝတောဒလေ့ဘဝတွေကို စူးစမ်းချင်ပါသလား?

✨ ကမ္ဘာရှားပါး ငှက်မျိုးစိတ်များ နေထိုင်ကျက်စားနေပြီး၊ ဒေသခံများကိုယ်တိုင် ဦးဆောင်ပြီး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော
🌿 ကျုံကပြင်–တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးဧရိယာ သို့
💚 သဘာဝချစ်သူများနှင့် ငှက်ချစ်သူများ အားလုံး ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်
📱 09400957767

20.1.2026 အ.ထ.က ရွှေလောင်းကျောင်းတွင် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊မြက်ခင်တောဂေဟစနစ်၊ရေဝပ်/ရေတိမ် ဂေဟစနစ်များ ...
20/01/2026

20.1.2026 အ.ထ.က ရွှေလောင်းကျောင်းတွင် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊မြက်ခင်တောဂေဟစနစ်၊ရေဝပ်/ရေတိမ် ဂေဟစနစ်များ အကြောင်းနှင့် Kyone Ka Pyin-Tap Seik Community Conservation Association ၏လုပ်ငန်းစဉ်များကို ပညာပေးမျှဝေခဲ့ပါသည်။

We’re proud to share how community-led conservation and nature-based solutions are directly benefiting local livelihoods...
15/01/2026

We’re proud to share how community-led conservation and nature-based solutions are directly benefiting local livelihoods in KTCCA.

In 2016–2017, farmers faced serious rice yields losses due to the Golden Apple Snail, an invasive species. Instead of using chemicals, the community protected biodiversity through conservation efforts.
As a result, natural predators, especially the Asian Openbill, increased and helped control the invasive snails.

One of our survey results (see photos) shows rice yields have returned to normal, alongside a growing Asian Openbill population.

This shows that:
• Nature-based solutions work
• Community conservation supports livelihoods.

Human–wildlife coexistence benefits both people and nature

“Healthy ecosystems = resilient communities”





Common Kingfisher ရေပြင်ကို မျက်လုံးတစ်စုံနဲ့ စူးစမ်းကြည့်နေတယ်ရေလှုပ်သံသေးသေးတောင် မလွတ်အောင် စောင့်ကြည့်ပြီး အချိန်ခဏလ...
04/01/2026

Common Kingfisher

ရေပြင်ကို မျက်လုံးတစ်စုံနဲ့ စူးစမ်းကြည့်နေတယ်
ရေလှုပ်သံသေးသေးတောင် မလွတ်အောင် စောင့်ကြည့်ပြီး အချိန်ခဏလေးမှာပဲ ငါးကိုဖမ်းယူနိုင်ခဲ့တယ် ဒီကောင်သိပ်မခေဘူး။
ငါးမဖမ်းရဇုန်ထဲမှာ
ငါးရှာနေတဲ့ငှက်‌ကလေး

Happy new yearစိတ်နှလုံးအေးချမ်းမှု၊ ကျန်းမာပျော်ရွှင်မှုတို့ ပြည့်ဝပါစေ· လိုချင်သည့်အိပ်မက်များ အရှိန်အဟုန်ဖြင့် အကောင်...
01/01/2026

Happy new year

စိတ်နှလုံးအေးချမ်းမှု၊ ကျန်းမာပျော်ရွှင်မှုတို့ ပြည့်ဝပါစေ
· လိုချင်သည့်အိပ်မက်များ အရှိန်အဟုန်ဖြင့် အကောင်အထည်ပေါ်လာပါစေ
· ကြိုးစားမှုတိုင်း အသီးအပွင့်ဖြင့် ချီးကျူးခံရပါစေ
· အခက်အခဲဟူသမျှ ကျော်လွှားနိုင်စွမ်းရှိပါစေ
· ချစ်ခင်သူများနှင့် အတူတကွ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနိုင်ပါစေ
· စိတ်ရှည်သည်းခံမှု၊ ကျေးဇူးသိမှု၊ မေတ္တာတို့ဖြင့် ပြည့်နှက်နေပါစေ

နှစ်ဟောင်း၏အတွေ့အကြုံများက ပညာရွှေအိုးကဲ့သို့ အဖိုးတန်သင်ခန်းစာများဖြစ်ပြီး၊ နှစ်သစ်၏လမ်းကြောင်းက ပိုမိုလှပသောအလင်းရောင်ဖြင့် တောက်ပပါစေ။

Admin ကခရီးလွန်နေလို့နောက်ကျသွားတာပါ😄

Address

Tap Seik Village
Wakema
10203

Telephone

+959250988154

Website

Alerts

Be the first to know and let us send you an email when ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ - KTCCA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share