GMF Myanmar

Call Contact the organization

GMF Myanmar GMF was started in 2010 for spreading the gospel to all nations,focusing on salvation, healing and oneness of all saints in Christ.

24/03/2024

သင့်ရဲ့ပိုင်ဆိုင်မှု(အိမ်၊ကား၊​ရွှေ၊​ငွေ)ကိုမက်လို့သင့်ကိုချည်းကပ်တဲ့သူ (သိုက်တူးသမား) သင်နှစ်သက်ပါ့မလား ၊ အဲ့ဒီလိုပါပဲ ဘုရားကလည်းသူ​ပေးတဲ့​ကောင်းကြီးထက်၊ သူ့ကိုသာ၍စွဲလန်းပြီး သူ့ကို စိတ်နှလုံးအကြွင်းမဲ့ချစ်​တဲ့သူ၊ သစ္စာရှိ​တဲ့ သူကိုလိုလားပါတယ်။

ဒါ​ပေမဲ့ ဒီက​နေ့ကြား​နေရတဲ့​တရား​ဟောချက်​တော်​တော်များများက​တော့ ဘုရားကိုချစ်တတ်ဖို့ ​ကြောက်တတ်ဖို့ သစ္စာရှိဖို့ထက်၊ ဘုရား​​ထံမှရရှိမယ့် ကောင်းကြီး​မဂ်လာအ​ကြောင်း၊​အောင်မြင်ခြင်းအ​ကြောင်း​တွေကိုပဲအ​ခြေခံပြီးအထူးပြု​​ဟော​​နေ​ ပြော​နေတာ​ တွေ့ရကြားရတာများလာ​တော့ စိတ်မချမ်းသာစရာ​ပါ။ ဒီလို​ဟောတတ်တဲ့ တရား​ဟောဆရာ​တွေ အလွန်များပြားလာတာဟာ ခရစ်​တော်အသက်​ပေးပြီးချစ်တဲ့ အသင်း​တော်​အတွက် အလွန်စိတ်မ​ကောင်းစရာအ​ခြေအ​နေတခုပါ။

ဘုရားသခင်​​ပြင်ဆင်​ပေး​တဲ့​ မြေကြီးနဲ့စပ်ဆိုင်တဲ့ကောင်းကြီး​တွေမလိုအပ်ဘူး မ​ဟောရဘူးလို့မဆိုလိုပါ၊ ​ ကျမ်းစာမှာလည်း ကျမ်းပိုဒ်​ပေါင်း ၅၂၈၀ မှာ​ငွေ​ကြေးဆိုင်ရာ​ကောင်းကြီးမဂ်လာ အ​ကြောင်း​ဖော်ပြထားတာကိုလည်း သတိထားမိပါတယ်။ ကျွန်​တော်ကိုယ်တိုင်လည်း ​ဘုရားပြင်ဆင်​ပေး​တဲ့ကောင်းကြီး​အကြာင်းကို ဟောပါတယ်။ ဒါ​ပေမယ့် အလွန်အကျွံဟောခြင်း(ဆင်းရဲသားခရစ်ယာန်များ၊ချို့တဲ့​သောအမှု​တော်​ဆောင်ဆရာများကို ဘုရားသခင်နဲ့လွဲ​နေသ​ယောင်​ ဟော​ပြောခြင်း၊​ပိုက်ဆံအ​ကြောင်း ၊ အောင်မြင်ခြင်းအ​ကြောင်းမပါရင် တရားဟောချက်မပြည့်စုံသလိုယူဆခြင်းမျိုး)ကို​ပြောလိုခြင်းဖြစ်ပါတယ်။

အဲ့ဒီဆရာ​တွေ သွန်သင်ချက်က ​များ​သောအားဖြင့် ကောင်းကြီး​မရရင် ဘုရားနဲ့လွဲ​နေသ​ယောင်​​၊ ကောင်းကြီးနဲ့ကြွယ်ဝ​နေမှပဲ ဘုရားသားသမီးအစစ် ဖြစ်သ​ယောင်၊ ဓမ္မအစစ်ကိုရ​သောသူဖြစ်သ​ယောင်​တွေပါပဲ။

အဲ့ဒီ​ဟော​ပြောချက်​တွေဟာ အဆင်​ပြေတုန်းခဏ​တော့ဘုရားကိုချစ်တဲ့သူ၊ ဒါ​ပေမဲ့ ဒုက္ခ ပြသာနာ၊ အခက်အခဲ​တွေ​တွေ့ကြုံရင်ဆိုင်လာရတဲ့အခါ ဘုရားက်ိုစွန့်သွားကြမယ့် သိုက်တူးသူ ခရစ်ဟန်များကိုသာ​မွေးထုတ်​ပေးမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

ခရစ်​တော်၏​​​​မေတ္တာအားဖြင့်~

Pastor Thang Cung Nung

📖ကိုးကားကျမ်းချက်များ📖

၁။ ရှင်​မဿဲ​ခ​ရစ်​ဝင် ၂၂:၃၇
၂။ ရှင်​မဿဲ​ခ​ရစ်​ဝင် ၆:၂၁
၃။ တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် ၄:၃-၄
၄။ ရှင်မာကု ၁၀:၁၇-၂၇

GOSPEL MUSIC FESTIVAL 2019 - YANGON8-10 November, 2019
14/11/2019

GOSPEL MUSIC FESTIVAL 2019 - YANGON

8-10 November, 2019

08/11/2019

လာကြ ထာဝရဘုရားသခင်အား ကိုးကွယ်ကြကုန်အ့။

GMF Event.. ကြို ပို့ ကားများ ကိစ္စအတွက် အောက်ပါ ကြော်ငြာပါ လိပ်စာ ဖုန်းနံပါတ်များဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ # လူ ...
07/11/2019

GMF Event..
ကြို ပို့ ကားများ ကိစ္စအတွက် အောက်ပါ ကြော်ငြာပါ လိပ်စာ ဖုန်းနံပါတ်များဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

# လူ ၃၀ နှင့်အထက် ကားစီစဥ်ပြီးလာရောက်သည့် အသင်းတော် အဖွဲ့များကို GMF Myanmar မှ တစ်စီး ၃၀၀၀၀ ကျပ်နှုန်းဖြင့် ပါဝင်ပေးမည်ဖြစ်သည်။ မိတ်ဆွေတို့၏ အပြန်အလှန်ပါဝင်မှုများကိုလည်း မြော်လင့်လျက် ကျေးဇူးတင်ပါသည်။

📞 095177973, 09420065244, 09782132371..

ရာသီဥတုသာယာဖို့ အထူးဆုတောင်းကြပါစို့။
​အယောက်စီတိုင်းကို ဖိတ်ခေါ်အပ်ပါသည်။

Stage building process - Nov 6, 2019Welcome to GMFYangon 2019Nov 8-10, 2019@Kyaik Ka San Ground
06/11/2019

Stage building process - Nov 6, 2019
Welcome to GMFYangon 2019
Nov 8-10, 2019@Kyaik Ka San Ground

Stage building (Nov 5, 2019)
05/11/2019

Stage building (Nov 5, 2019)

03/11/2019

GMF 2019 Preparation
GMF ၂၀၁၉ ပွဲပြင်ဆင်ခြင်း

Address


Telephone

+959425307414

Website

Alerts

Be the first to know and let us send you an email when GMF Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to GMF Myanmar:

Shortcuts

  • Want your organization to be the top-listed non profit organization?

Share