YRYEA - Together We Stand

  • Home
  • YRYEA - Together We Stand

YRYEA - Together We Stand YRYEA Together We Stand

သတင်းစဉ် မတ်လ ၁၈၊ ၂၀၂၆။ ရန်ကုန်တိုင်း​ဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝗬𝗥𝗬𝗘𝗔) သည်အလှူရှင်များ၏ စုပေါင်း...
19/03/2026

သတင်းစဉ်

မတ်လ ၁၈၊ ၂၀၂၆။

ရန်ကုန်တိုင်း​ဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝗬𝗥𝗬𝗘𝗔) သည်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဖော်ဆောင်လျက်ရှိသော " အတူတည်ထောင် အိမ်တစ်ဆောင်" အစီအစဉ်ဖြင့် လျှပ်စစ်စွမ်းအင် အထောက်အကူပြုပစ္စည်းများ လှူဒါန်းမှု စတုတ္ထနေ့တွင် စစ်ကိုင်းမြို့၊ ဗြဲတရော်ကျေးရွာ၊ အမှတ် (၁၂) ရုံးတောဘုန်းတော်ကြီးသင်ပညာရေးကျောင်း, ရွှေမင်းဝံကျေးရွာ၊ အမှတ် (၃၆) ဗုဒ္ဓဂုဏာရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်း, တောင်ဖီလာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း, မင်းကွန်းကျေးရွာ၊ အရှေ့မေဃဝန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း, အုန်းတောကျေးရွာ၊ အောင်မဂ်လာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း, ဆားတောင်ကျေးရွာ၊ ရတနာသီရိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဆင်တပ်ကျေးရွာ၊ အောင်မြေရတနာရွှေကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ကို လျှပ်စစ်မီး အဆင်ပြေစွာအသုံးပြုနိုင်စေရန်အတွက် Solar Panel 300W နှင့် Power Station 1000W တို့ကို ဖြည့်စွက်ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ပါသည်။

ယခုကဲ့သို့ စနစ်တကျ ပြန်လည်ထူထောင်ပေးနိုင်ခြင်းမှာ အလှူရှင်များ၏ စေတနာသဒ္ဓါတရား ထက်သန်မှုကြောင့်ဖြစ်ပြီး၊ အလှူရှင်များ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်စေရန် အလှူမှတ်တမ်း ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန် အသိပေးအပ်ပါသည်။

𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧

☎️ 09 - 266 559 323
🏠 No.(268) Room (8A), (8th) Floor, Dagon Center (2) Pyay Road, Yangon, Myanmar
📧 [email protected]

သတင်းစဉ် မတ်လ ၁၈၊ ၂၀၂၆။ ရန်ကုန်တိုင်း​ဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝗬𝗥𝗬𝗘𝗔) သည်အလှူရှင်များ၏ စုပေါင်း...
18/03/2026

သတင်းစဉ်

မတ်လ ၁၈၊ ၂၀၂၆။

ရန်ကုန်တိုင်း​ဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝗬𝗥𝗬𝗘𝗔) သည်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဖော်ဆောင်လျက်ရှိသော " အတူတည်ထောင် အိမ်တစ်ဆောင်" အစီအစဉ်ဖြင့် လျှပ်စစ်စွမ်းအင် အထောက်အကူပြုပစ္စည်းများ လှူဒါန်းမှု စတုတ္ထနေ့တွင် ကျောက်ဆည်မြို့ စိန်ပန်းရပ်ကွက်, စစ်ကိုင်းမြို့ သာစည်ရပ်၊ ဇညဏ္ဍိစ္စပါလကမ္ဘောဇကျောင်း အမှတ် (၁၈) ဘုန်းတောင်ကြီးသင်ပညာရေးကျောင်း, ရွှေသမားရပ်၊ အမှတ် (၁) ရွှေသမား ဘုန်းတော်ကြီးသင်ပညာရေးကျောင်း, ရွှေမင်းဝံရပ်၊ အမှတ် (၃၃) မစိုးရိမ်တိုက်သစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း, သောတပန်ရပ်၊ အမှတ် (၂၅) ရတနာသိင်္ဂီ သီလရှင်သင်ပညာရေးကျောင်း, စစ်ကိုင်းတောင်၊ အမှတ် (၃၀) ရတနာမဥ္ဇူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း, သောတပန်ရပ်၊ ဒေါက်တာအရှင်သောဘိတ အမှတ် (၂၆) (IBEC) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း, အရှင်ဝိလာသ အမှတ် (၂၃) အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း, အမှတ် (၂၈) သမိဒ္ဓါသီလရှင်သင်ပညာရေးကျောင်း, မင်းကွန်းရပ်၊ အမှတ် (၃၇) လက်ဝဲမြောက် သီလရှင်သင်ပညာရေးကျောင်းနှင့် တင်းတိတ်ကျေးရွာ၊ အမှတ် (၆) ပြသာဒ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ကို လျှပ်စစ်မီး အဆင်ပြေစွာအသုံးပြုနိုင်စေရန်အတွက် Solar Panel 300W နှင့် Power Station 1000W တို့ကို ဖြည့်စွက်ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ပါသည်။

ယခုကဲ့သို့ စနစ်တကျ ပြန်လည်ထူထောင်ပေးနိုင်ခြင်းမှာ အလှူရှင်များ၏ စေတနာသဒ္ဓါတရား ထက်သန်မှုကြောင့်ဖြစ်ပြီး၊ အလှူရှင်များ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်စေရန် အလှူမှတ်တမ်း ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန် အသိပေးအပ်ပါသည်။

𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧

☎️ 09 - 266 559 323
🏠 No.(268) Room (8A), (8th) Floor, Dagon Center (2) Pyay Road, Yangon, Myanmar
📧 [email protected]

သတင်းစဉ် မတ်လ ၁၆၊ ၂၀၂၆။ ရန်ကုန်တိုင်း​ဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝗬𝗥𝗬𝗘𝗔) သည်အလှူရှင်များ၏ စုပေါင်း...
16/03/2026

သတင်းစဉ်

မတ်လ ၁၆၊ ၂၀၂၆။

ရန်ကုန်တိုင်း​ဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝗬𝗥𝗬𝗘𝗔) သည်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဖော်ဆောင်လျက်ရှိသော " အတူတည်ထောင် အိမ်တစ်ဆောင်" အစီအစဉ်ဖြင့် လျှပ်စစ်စွမ်းအင် အထောက်အကူပြုပစ္စည်းများ လှူဒါန်းမှု တတိယနေ့တွင် စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအတွက် နေ့စဉ်လူမှုဘဝတွင် လျှပ်စစ်မီး အဆင်ပြေစွာအသုံးပြုနိုင်စေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် Solar Panel 300W နှင့် Power Station 1000W တို့ကို ဖြည့်စွက်ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ပါသည်။

ယခုကဲ့သို့ စနစ်တကျ ပြန်လည်ထူထောင်ပေးနိုင်ခြင်းမှာ အလှူရှင်များ၏ စေတနာသဒ္ဓါတရား ထက်သန်မှုကြောင့်ဖြစ်ပြီး၊ အလှူရှင်များ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်စေရန် အလှူမှတ်တမ်း ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန် အသိပေးအပ်ပါသည်။

𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧

☎️ 09 - 266 559 323
🏠 No.(268) Room (8A), (8th) Floor, Dagon Center (2) Pyay Road, Yangon, Myanmar
📧 [email protected]

သတင်းစဉ် မတ်လ ၁၅၊ ၂၀၂၆။ ရန်ကုန်တိုင်း​ဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝗬𝗥𝗬𝗘𝗔) သည်အလှူရှင်များ၏ စုပေါင်း...
16/03/2026

သတင်းစဉ်

မတ်လ ၁၅၊ ၂၀၂၆။

ရန်ကုန်တိုင်း​ဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝗬𝗥𝗬𝗘𝗔) သည်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဖော်ဆောင်လျက်ရှိသော " အတူတည်ထောင် အိမ်တစ်ဆောင်" အစီအစဉ်ဖြင့် လျှပ်စစ်စွမ်းအင် အထောက်အကူပြုပစ္စည်းများ လှူဒါန်းမှုဒုတိယနေ့တွင် ကျောက်ဆည်မြို့, စိန်ပန်းရပ်ကွက်, အောင်ပင်လယ်, ပုသိမ်ကြီးမြို့နယ်, ရေကြည်ရွာအတွင်းရှိဒေသခံပြည်သူများအတွက် နေ့စဉ်လူမှုဘဝတွင် လျှပ်စစ်မီး အဆင်ပြေစွာအသုံးပြုနိုင်စေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် Solar Panel 300W နှင့် Power Station 1000W တို့ကို ဖြည့်စွက်ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ပါသည်။

ယခုကဲ့သို့ စနစ်တကျ ပြန်လည်ထူထောင်ပေးနိုင်ခြင်းမှာ အလှူရှင်များ၏ စေတနာသဒ္ဓါတရား ထက်သန်မှုကြောင့်ဖြစ်ပြီး၊ အလှူရှင်များ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်စေရန် အလှူမှတ်တမ်း ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန် အသိပေးအပ်ပါသည်။

𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧

☎️ 09 - 266 559 323
🏠 No.(268) Room (8A), (8th) Floor, Dagon Center (2) Pyay Road, Yangon, Myanmar
📧 [email protected]

သတင်းစဉ် မတ်လ ၁၄၊ ၂၀၂၆။ ရန်ကုန်တိုင်း​ဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝗬𝗥𝗬𝗘𝗔) သည်အလှူရှင်များ၏ စုပေါင်း...
15/03/2026

သတင်းစဉ်

မတ်လ ၁၄၊ ၂၀၂၆။

ရန်ကုန်တိုင်း​ဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝗬𝗥𝗬𝗘𝗔) သည်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဖော်ဆောင်လျက်ရှိသော "အတူတည်ထောင် အိမ်တစ်ဆောင်" အစီအစဉ်အရ မန္တလေးတိုင်းအတွင်းရှိ တံတားဦး၊ ဘလဲဘ၊ အမရပူရရွာများအတွင်းရှိ ဒေသခံပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အောင်မြင်စွာ အပြီးသတ်ဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် ဒေသခံမိသားစုများ၏ နေ့စဉ်လူမှုဘဝတွင် လျှပ်စစ်မီး အဆင်ပြေစွာ အသုံးပြုနိုင်စေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် Solar Panel 300W နှင့် Power Station 1000W တို့ကို ဖြည့်စွက်ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ပါသည်။

ယခုကဲ့သို့ စနစ်တကျ ပြန်လည်ထူထောင်ပေးနိုင်ခြင်းမှာ အလှူရှင်များ၏ စေတနာသဒ္ဓါတရား ထက်သန်မှုကြောင့်ဖြစ်ပြီး၊ အလှူရှင်များ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်စေရန် အလှူမှတ်တမ်း ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန် အသိပေးအပ်ပါသည်။

𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧

☎️ 09 - 266 559 323
🏠 No.(268) Room (8A), (8th) Floor, Dagon Center (2) Pyay Road, Yangon, Myanmar
📧 [email protected]

“ကျေးဇူးတင်လွှာ “ရန်ကုန် ၊ ဇူလိုင် ၁၆၊၂၀၂၅။ ငလျင်ဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းခဲ့တဲ့ ဦးစည်သူအောင် နှင့် ဒေါ်မာလ...
17/07/2025

“ကျေးဇူးတင်လွှာ “

ရန်ကုန် ၊ ဇူလိုင် ၁၆၊၂၀၂၅။

ငလျင်ဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းခဲ့တဲ့ ဦးစည်သူအောင် နှင့် ဒေါ်မာလာမြင့်ဌေးမိသားစု

YRYEA အသင်းကြီး Together We Stand ခရီးစဉ်တွင် ငလျင်ဘေးဒဏ်သင့်ခံရသောဒေသရှိ ပြည်သူများအတွက် လှူဒါန်းငွေ (၅,၀၀၀,၀၀၀)ကျပ်တိတိကို ကျေးဇူးရှင်ဖခင်ကြီး ဦးမြင့်ဌေး နှင့် မိခင်ကြီး ဒေါ်ကြည်ကြည်ဝင်းအား ရည်စူးရျ် လှူဒါန်းပေးပါသော ဦးစည်သူအောင် နှင့် ဒေါ်မာလာမြင့်ဌေး သား မောင်ဘုန်းမင်းသန့် မိသားစုအား အထူးပင်ဝမ်းမြောက်စွာကျေးဇူးတင်ရှိပါသည်။

လှူဒါန်းထား​သော အလှူရှင်များ၏ အလှူဒါန​မြောက်​အောင်လည်း YRYEA အသင်းသူ အသင်းသားများနှင့် Volunteers များမှ အချိန်နှင့်တ​ပြေးညီ ​ဆွေး​နွေးညှိုနှိုင်း ကူညီ​ထောက်ပံ့မှုများပြုလုပ်လျက်ရှိပါ​သော​ကြောင့် ​စေတနာရှင်အလှူရှင်များ ဝမ်း​မြောက်ဝမ်းသာ သာဓု​အနု​မောဓနာ ခေါ်ဆိုနိုင်ပါ​ကြောင်း ​လေးစားစွာ အသိ​ပေးအပ်ပါတယ်ခင်ဗျာ။🙏🙏

သတင်းစဉ်ဇူလိုင်လ ၁၅၊၂၀၂၅။ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝐘𝐑𝐘𝐄𝐀) သို့ မြန်မာ-တရုတ်ချစ်ကြည်ရ...
16/07/2025

သတင်းစဉ်
ဇူလိုင်လ ၁၅၊၂၀၂၅။

ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝐘𝐑𝐘𝐄𝐀) သို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) မှငလျင်ဒဏ်အတွက် ဒုတိယ အကြိမ် အလှူငွေပေးအပ်ခြင်းပုံရိပ်များ

*****************************************************

ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝐘𝐑𝐘𝐄𝐀) သို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) အသင်းဥက္ကဋ္ဌ ဦးတင်ဦး မှမန္တလေးငလျင်ဘေးဒဏ်သင့်ခံစားခဲ့ရသောဒေသများအတွက် ကူညီစောင့်ရှောက် ထောက်ပံ့မှုဆောင်ရွက်နိုင်ရန်နှင့် 𝐘𝐑𝐘𝐄𝐀 အသင်းကြီး​၏ အတူတည်ထောင် အိမ်တစ်ဆောင် လုပ်ငန်းစဉ်အတွက် ပထမအကြိမ်ဖြင့် လှူဒါန်းငွေသိန်း (၄၀၀) ကျပ် နှင့် ဒုတိယအကြိမ် လှူဒါန်းငွေသိန်း (၆၀၀) ကျပ် စုစုပေါင်းတန်ဖိုးငွေသိန်း(၁,၀၀၀)ကို 𝐘𝐑𝐘𝐄𝐀 အသင်း​၏ ဥက္ကဋ္ဌ ဦးသူရိန်အောင်ထံလွှဲပြောင်းလှူဒါန်းပေးအပ်ခဲ့ပါသည်။

𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧
☎️ 09 - 266 559 323
🏠 No.(268) Room (8A), (8th) Floor, Dagon Center (2) Pyay Road, Yangon, Myanmar
📧 [email protected]

သတင်းစဉ်ဇူလိုင်လ ၁၁၊၂၀၂၅။ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝐘𝐑𝐘𝐄𝐀) သို့ မြန်မာ-တရုတ်ချစ်ကြည်ရ...
14/07/2025

သတင်းစဉ်
ဇူလိုင်လ ၁၁၊၂၀၂၅။

ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝐘𝐑𝐘𝐄𝐀) သို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) မှငလျင်ဒဏ်အတွက် အလှူငွေပေးအပ်ခြင်းပုံရိပ်များ

*****************************************************

ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝐘𝐑𝐘𝐄𝐀) သို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) အသင်းဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝိတ် မှမန္တလေးငလျင်ဘေးဒဏ်သင့် ခံစားခဲ့ရသောဒေသများအတွက် ကူညီစောင့်ရှောက် ထောက်ပံ့မှုဆောင်ရွက်နိုင်ရန်နှင့် 𝐘𝐑𝐘𝐄𝐀 အသင်းကြီး​၏ အတူတည်ထောင် အိမ်တစ်ဆောင် လုပ်ငန်းစဉ်အတွက် လှူဒါန်းငွေသိန်း (၄၀၀) ကျပ်ကို လှူဒါန်းပေးအပ်ခဲ့ပါသည်။

𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧
☎️ 09 - 266 559 323
🏠 No.(268) Room (8A), (8th) Floor, Dagon Center (2) Pyay Road, Yangon, Myanmar
📧 [email protected]

16/06/2025

❝𝐘𝐑𝐘𝐄𝐀 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐖𝐞 𝐒𝐭𝐚𝐧𝐝 အတူတည်ထောင် အိမ်တစ်ဆောင် ပြန်လည်ထူထောင်ရေးအခြေအနေ❞

▪️မတ်လ(၂၈) ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြီးအပြီးမှာ ထိခိုက်ဆုံးရှုံးသွားတဲ့ အရာတွေအတွက် အသစ်တစ်ဖန် ပြန်လည်စတင်နိုင်ဖို့ YRYEA အသင်းကြီးမှ ဥက္ကဌဖြစ်တဲ့ ဦးသူရိန်အောင်ဦးစီးသော Together We Stand Volunteers များနှင့် စီမံခန့်ခွဲ​ရေး​ကော်မတီဝင်များ၊ အမှုဆောင်ဒါရိုက်တာများမှ "အတူတည်‌ထောင် အိမ်တစ်ဆောင်" အစီအစဉ်ကနေ အိမ်အလုံးစုံ ပျက်စီးသွားကြတဲ့ အိမ်ထောင်စု (၁၀၀) အတွက် (၁၂ ပေ × ၂၀ ပေ) ရှိအိမ်ကို အလှူရှင်များနှင့်အတူ စုပေါင်းလှူဒါန်းပေးလျက်ရှိပါတယ်။

▪️အလှူရှင်များရဲ့ လှုဒါန်းမှုတိုင်းကို ဂုဏ်ပြုလွှာမှတ်တမ်းများပြန်လည်ပေးအပ်ခဲ့ပြီး YRYEA အသင်းရဲ့ Media Platform များမှလည်း ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ပါသည်။

▪️YRYEA အသင်းမှ ငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အားလုံးတူညီတဲ့စိတ်ထားနဲ့ ကူညီတဲ့လက်တွေကိုလိုအပ်နေပါတယ်။

▪️ထပ်မံထည့်ဝင်ကြမည့် မိဘပြည်သူများရဲ့ စုပေါင်းလှူဒါန်းကူညီမှုအလှူငွေအားများကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိပါတယ်။ လှူဒါန်းငွေများကို အိမ်တစ်လုံးစာခြင်းဖြစ်စေ၊ စုပေါင်းအားဖြင့် ပမာဏနည်းများမဟူသော စုပေါင်းလှူဒါန်းငွေများကိုလည်း ပါဝင်လှူဒါန်းနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

#အတူတည်ထောင်အိမ်တစ်ဆောင်

သတင်းစဉ် မေလ ၃၁၊ ၂၀၂၅။ YRYEA အသင်းကြီးမှ "အတူတည်ထောင် အိမ်တစ်ဆောင်" အစီအစဉ်ဖြင့် အလှူရှင်များ YRYEA အသင်းကြီးကို စု​ပေါင...
09/06/2025

သတင်းစဉ်
မေလ ၃၁၊ ၂၀၂၅။

YRYEA အသင်းကြီးမှ "အတူတည်ထောင် အိမ်တစ်ဆောင်" အစီအစဉ်ဖြင့် အလှူရှင်များ YRYEA အသင်းကြီးကို စု​ပေါင်းလှူဒါန်းထား​သော လှူဒါန်းငွေများဖြင့် တံတားဦး, စစ်ကိုင်း, ဘလဲဘရွာ နှင့် ကျောက်တာရွာများတွင် ပြန်လည်ထူ​ထောင်​ရေးအတွက် အိမ်ဆောက်လုပ်လှူဒါန်းပြီးစီးမှု မှတ်တမ်းဓါတ်ပုံများကို အလှူရှင်များဝမ်း​မြောက်သာဓုအနု​မောဓနာ ​ခေါ်ဆိုနိုင်ရန်ဖော်ပြအပ်ပါသည်။

ထပ်မံထည့်ဝင်ကြမည့် မိဘပြည်သူများရဲ့ စုပေါင်းလှူဒါန်းကူညီမှုအလှူငွေအားများကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိပါတယ်။ လှူဒါန်းငွေများကို အိမ်တစ်လုံးစာခြင်းဖြစ်စေ၊ စုပေါင်းအားဖြင့် ပမာဏနည်းများမဟူသော စုပေါင်းလှူဒါန်းငွေများကိုလည်းပါဝင်လှူဒါန်းနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧

☎️ 09 - 266 559 323
🏠 No.(268) Room (8A), (8th) Floor, Dagon Center (2) Pyay Road, Yangon, Myanmar
📧 [email protected]

07/06/2025

❝ ပြန်စဖို့အိမ် ဘဝတစ်ခု ပြန်စဖို့ သင်ကအစတစ်ခုပါ ❞

ပြိုကျသွားတဲ့နံရံတွေကြား၊ ကျန်တာက အသက်တစ်ခု
နဖူးပေါ်မိုးရေစက်ချင်းနဲ့ ၊ ရှင်သန်သူမှာမျက်ရည်ရွှဲလျက်
ငလျင်ပြိုကျချိန် အိမ်မရှိတော့တဲ့အခါ၊ တိတ်ဆိတ်တဲ့အနာဂတ်တွေနဲ့အတူ ဘဝတစ်ခုပြိုသွားတာပါ။ ပြန်စဖို့အိမ် အရာအားလုံးမလိုဘူး မျှော်လင့်ခြင်းများနဲ့ YRYEA အသင်းကြီးနဲ့အတူ ကူညီမယ့်လက်တွေပဲလိုတာပါ...🤝🤝

▪️မတ်လ(၂၈) ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြီးအပြီးမှာ ထိခိုက်ဆုံးရှုံးသွားတဲ့ အရာတွေအတွက် အသစ်တစ်ဖန် ပြန်လည်စတင်နိုင်ဖို့ YRYEA အသင်းကြီးမှ ဥက္ကဌဖြစ်တဲ့ ဦးသူရိန်အောင်ဦးစီးသော Together We Stand Volunteers များနှင့် စီမံခန့်ခွဲ​ရေး​ကော်မတီဝင်များ၊ အမှုဆောင်ဒါရိုက်တာများမှ မတ်လ(၂၉) ရက်နေ့တွင် ကူညီထောက်ပံ့ရေးအစီအစဉ်များကို အထူးအစည်းအဝေးပြုလုပ်ခဲ့ပြီးဆွေးနွေးခဲ့ကြပါသည်။

▪️ကနဦးလိုအပ်ချက်များအရ မတ်လ (၃၁) ရက်နှင့် ဧပြီလ (၂) ရက်နေ့တွင် YRYEA မှ အရေးပေါ်ကျန်းမာ‌ရေးဆေးဝါးများ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ Volunteers များနှင့် ယာယီနေထိုင်နိုင်ရန်အတွက် Tent အလုံး (၁၂၀၀) တိတိကို မြန်ဆန်တဲ့အကူအညီများနှင့်တကွ လိုအပ်တဲ့နေရာဒေသများဖြစ်တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်ရှိ ငလျင်ဘေးသင့်နေရာများကို ထိရောက်စွာပံ့ပိုးလှူဒါန်းခဲ့ပါတယ်။

▪️နောက်တစ်ဆင့်အနေဖြင့် "ပြန်လည်တည်ထောင် ကူညီမှုလက်ဆောင်"Home Starter Kit များအဖြစ်အလှူရှင်များရဲ့ ပါဝင်လှူဒါန်းမှုတွေနှင့်အတူ သိန်း (၈၀၀၀) တန်ဖိုးရှိ Home Starter Kit (2500) sets ကိုအမှန်တကယ် လိုအပ်နေတဲ့
ငလျှင်ဘေးသင့်ပြည်သူများဆီသို့ အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။

▪️ဆက်လက်ပြီး YRYEA အသင်းကြီးမှ "အတူတည်‌ထောင် အိမ်တစ်ဆောင်" အစီအစဉ်ကို အိမ်အလုံးစုံ ပျက်စီးသွားတဲ့ အိမ်ထောင်စု (၁၀၀) အတွက် (၁၂ ပေ × ၂၀ ပေ) ရှိအိမ်တစ်လုံးကို အလှူရှင်များနှင့်အတူ စုပေါင်းလှူဒါန်းပေးလျက်ရှိပါတယ်။ သဘာဝငလျင်‌ဘေးက အိမ်တွေကိုဖျက်စီးနိုင်သလိုမေတ္တာနဲ့လှူတဲ့လက်တွေက အိမ်ပြန်တည်နိုင်ပါတယ်။

▪️ "အတူတည်ထောင် အိမ်တစ်ဆောင်" ဖြစ်ဖို့ရန်အတွက် တစ်ယောက်ထဲနဲ့မဖြစ်နိုင်ပါဘူး။ အားလုံးတူညီတဲ့စိတ်ထားနဲ့ ကူညီတဲ့လက်တွေကိုလိုအပ်နေပါတယ်။

▪️YRYEA အသင်းနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက်အကောင်းဆုံး ဆက်လက်လုပ်ဆောင်သွားနိုင်ရန် စုပေါင်းပါဝင်လှူဒါန်းနိုင်ဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

#အတူတည်ထောင်အိမ်တစ်ဆောင်

သတင်းစဉ် ဇွန် ၂၊ ၂၀၂၅။ YRYEA အသင်းကြီးမှ "အတူတည်ထောင် အိမ်တစ်ဆောင်" အစီအစဉ်ဖြင့် အလှူရှင်များ YRYEA အသင်းကြီးကို စု​ပေါင...
02/06/2025

သတင်းစဉ်
ဇွန် ၂၊ ၂၀၂၅။

YRYEA အသင်းကြီးမှ "အတူတည်ထောင် အိမ်တစ်ဆောင်" အစီအစဉ်ဖြင့် အလှူရှင်များ YRYEA အသင်းကြီးကို စု​ပေါင်းလှူဒါန်းထား​သော စစ်ကိုင်းတိုင်း​ဒေသရှိ ကျောက်တာရွာတွင် ငလျင်ပြန်လည်ထူ​ထောင်​ရေးအတွက် အိမ်ဆောက်လုပ်လှူဒါန်းပြီးစီးမှု မှတ်တမ်းဓါတ်ပုံများကို အလှူရှင်များဝမ်း​မြောက်သာဓုအနု​မောဓနာ ​ခေါ်ဆိုနိုင်ရန် ​ဖော်ပြအပ်ပါသည်။

ထပ်မံထည့်ဝင်ကြမည့် မိဘပြည်သူများရဲ့ စုပေါင်းလှူဒါန်းကူညီမှုအလှူငွေအားများကိုလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိပါတယ်။ လှူဒါန်းငွေများကို အိမ်တစ်လုံးစာခြင်းဖြစ်စေ၊ စုပေါင်းအားဖြင့် ပမာဏနည်းများမဟူသော စုပေါင်းလှူဒါန်းငွေများကိုလည်းပါဝင်လှူဒါန်းနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧

☎️ 09 - 266 559 323
🏠 No.(268) Room (8A), (8th) Floor, Dagon Center (2) Pyay Road, Yangon, Myanmar
📧 [email protected]

Address

Telephone

+959266559322

Website

Alerts

Be the first to know and let us send you an email when YRYEA - Together We Stand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to YRYEA - Together We Stand:

  • Want your organization to be the top-listed Non Profit Organization?

Share