Youth Corner Lashio Shan State "

Youth Corner Lashio Shan State " Safe space for Youth

Time to say Goodbye 👋😔Hello Youth တို့ရေ မင်မင်ဒီစာကို မျက်ရည်နဲ့ရေးလိုက်ပါတယ်။😔🥺မင်မင်တို့ရဲ့ Youth Corner ဟာဆိုရင်  20...
15/12/2023

Time to say Goodbye 👋😔

Hello Youth တို့ရေ မင်မင်ဒီစာကို မျက်ရည်နဲ့ရေးလိုက်ပါတယ်။😔🥺

မင်မင်တို့ရဲ့ Youth Corner ဟာဆိုရင် 2021 ကနေစတင်ဖွင့်လှစ်ခဲ့ပြီး .... ယခု 2023 December လတွင် အပြီးပိုင်ပိတ်သိမ်းသွားတော့မည် ဖြစ်ပါသည်🥺❤️

စာအုပ်ငှားရမ်းထားလူငယ်များလည်း 15ရက်နေ့မှာ နောက်ဆုံးထားပြီး လာရောက်အပ်နှံပေးဖို့ မေတ္တာရပ်ခံပါတယ်ဗျ😍

မင်မင်တို့လုပ်ဆောင်ခဲ့တဲ့ Activity တိုင်းမှာပါဝင်ပေးခဲ့ကြတဲ့သူတိုင်းကိုလည်း မင်မင်တို့မမေ့သလို မင်မင်တို့ကိုလည်း မမေ့သွားကြနဲ့အုံးနော် 🫶🥺

အားလုံးရှေ့ဆက်ရမယ့် အနာဂတ်မှာ အများအကျိုးဆောင်သောသူများဖြစ်ကြပြီး ထွန်းလင်းတောက်ပကြပါစေ။😍❤️🥹


Youth Corner Lashio Shan State "

16 days of activism အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲမှ ဆုရရှိသူများ😍😍😍😍ပြိုင်ပွဲတွင် ပါဝင်ပေးသူများ အားလုံးကို အထူးကျေးဇူးတင...
13/12/2023

16 days of activism အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲမှ ဆုရရှိသူများ😍😍😍😍

ပြိုင်ပွဲတွင် ပါဝင်ပေးသူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ဗျ😘😘😘

🏆 ဆုရရှိသူများသည် chatboxတွင် လာရောက်ဆက်သွယ်ပေးပါဗျ 🏆


Edited - သတ်မှတ်ချိန်လေး ပြည့်သွားပြီဖြစ်တဲ့အတွက် ထပ်မံပေးပို့လာသော ဓာတ်ပုံများ ထည့်သွင်း  မစဉ်းစား တော့ပါခင်ဗျာ။Hello!!...
06/12/2023

Edited - သတ်မှတ်ချိန်လေး ပြည့်သွားပြီဖြစ်တဲ့အတွက် ထပ်မံပေးပို့လာသော ဓာတ်ပုံများ ထည့်သွင်း မစဉ်းစား တော့ပါခင်ဗျာ။

Hello!!!🥳🥳🥳

✨16days ပွဲ ✨is coming 🎉🎊

🙋🏻‍♀️နှစ်စဉ် November 25 ကနေ December 10ရက်နေ့အထိ- ၁၆ရက်တိုင်တိုင် ကျားမအခြေပြုအကြမ်းဖက်မှု များ ပပျောက်ရေး အတွက် ပုံစံအမျိုးမျိုးနဲ့ ပညာပေး လှုပ်ရှားမှု များ ပြုလုပ်ကြပါတယ်။

🙅🏻‍♀️ကျားမအခြေပြုအကြမ်းဖက်မှုဆိုတာ လူမူရေးအရ
သတ်မှတ်ချက်များ ကွဲပြားမှု ကိုအခြေခံကာ တစ်ဦးတစ်ယောက်ရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး ကျူးလွန်တဲ့ အပြုအမှုမှန်သမျှကို‌ ဆိုလို ပါတယ်။

💁🏻‍♀️ကျားမအခြေပြုအကြမ်းဖက်အမျိုးအစားများကို

၁၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
၂၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
၃၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
၄၊ စီးပွားရေးပိုင်းဆိုင်ရာအကြမ်းဖက်မှု
ဆိုပြီး ခြုံငုံ သတ်မှတ် နိုင်ပါတယ်။

အကြမ်းဖက်မှုများ သည် လက်ရှိကမ္ဘာပေါ်မှာနေ့စဉ် နှင့် အမျှဖြစ်ပေါ်လျက်ရှိပြီး အကြမ်းဖက်မှုပပျောက်ရေး နှင့်ပတ်သက်၍လည်း ကမ္ဘာတစ်ဝှမ်းတွင် လှုပ်ရှားဆောင်ရွက်လျက်ရှိကြပါတယ်။

Youth Corner အနေနဲ့ ✨16 Days ပွဲ ✨သရုပ်ဖော် ဓာတ်ပုံပြိုင်ပွဲ လုပ်ဆောင်သွားဖို့ရှိပါတယ်။
ပြိုင်ပွဲဝင်များအနေနဲ့ အောက်ဖော်ပြပါ စည်းကမ်းချက်(၄ချက်) နှင့် အညီလုပ်ဆောင်မှ သာ ပြိုင်ပွဲဝင် အဖြစ် အကျုံးဝင် မှာ ဖြစ်ပါတယ် ရှင်။

👉🏻ပြိုင်ပွဲ ပါဝင်သူများအနေနဲ့ ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော "အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပေါ်အကြမ်းဖက်မှုကာကွယ်ဖို့ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်စို့" ဆိုတဲ့ caption ကို အသုံးပြုရပါမယ်။

👉🏻ပြိုင်ပွဲကာလ - (ယခု post တင်ချိန် December 6 ရက်နေ့မှစ၍ December 12 ရက်နေ့ ညနေ ၄ နာရီ ထိ ) အတွင်းသာ ဖြစ်သည်။

👉🏻ယှဉ်ပြိုင်သူများအနေနဲ့ မိမိယှဉ်ပြိုင်ထားသော ဓာတ်ပုံများကို ယခု post ၏ comment မှာ လာရောက် ment ပေးရပါမည်။ (cb တွင်ပို့၍ မရပါ) 🙅🏻‍♀️

👉🏻 ပြိုင်ပွဲ ပြိုင်ထားသော ဓာတ်ပုံနှင့်အတူ အောက်ဖော်ပြသော hashtag ( #) 2 ခုကိုပါ တွဲ ment ပေးရပါမည်။



🤗ဆုများကိုတော့ ပုံပါ အမှတ်ပေးစည်းမျဉ်းနှင့်အညီ စီစစ်သွားမှာဖြစ်ပြီး အငြင်းပွားဖွယ်တစ်စုံတစ်ရာရှိပါက Youth Corner page မှ မင်မင်များရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

💥အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ အားလုံးလက်တွဲဆောင်ရွက်ကြပါစို့။💥


Hello Youth တို့ရေ🙋🙋 (4.12.2023)နေ့တွင်ပြုလုပ်ခဲ့‌ သော်16Days of Activism Quiz Session အစီအစဥ်၌ အမြန်ဆုံးနဲ့ အမှန်ဆုံး ဖ...
05/12/2023

Hello Youth တို့ရေ🙋🙋

(4.12.2023)နေ့တွင်ပြုလုပ်ခဲ့‌ သော်16Days of Activism Quiz Session အစီအစဥ်၌ အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေဆိုနိုင်သူ winner(15)ယောက်နဲ့ အဖြေမှန်များကိုကြေညာ ပေးသွားမှာဖြစ်ပါတယ်😍

Winner ရရှိသူများကို ဖုန်ဘေလက်ဆောင်ပေးအပ်သွားမှာဖြစ်ပြီး ဖုန်းဘေလက်ခံရရှိကြောင်း screenshotများကို page chat box သို့ပြန်လည်ပေးပို့ ဖို့မေတ္တာရပ်ခံပါတယ်။

၁။ အမျိုးသမီး အပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု ကို နှစ်စဉ်(နို၀င်ဘာ၂၅ မှ ဒီဇင်ဘာ ၁၀)ရက်ထိကျင်းပသည်။

၂။ အမျိုးသမီးများသာလျှင် အကြမ်းဖက်မှုများကို ကြုံတွေ့ခံစား ရသည်။

အဖြေ - (မှား)

၃။ အကြမ်း ဖက်မှုများတွင် အကြမ်းဖက်ခံရသူမှာသာ တာ၀န်ရှိသည်။

အဖြေ -(မှား)

၄။မြန်မာနိုင်ငံ၏ ထုံးတမ်းအစဉ်အလာများအရ အိမ်တွင်းအကြမ်းဖက်မှုသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပြီး လက်ခံသင့်သော အကြောင်းအရာဖြစ်သည်။

အဖြေ - (မှား)

၅။လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီးနောက်မလိုချင်သာ ကိုယ်၀န်မရအောင်အ‌‌ရေး ပေါ်သန္ဓေတားဆေးကို (၅)ရက်အတွင်း သောက်လို့ရသည်။

အဖြေ - (မှန်)

၆။ ကျားမ အခြေပြုအကြမ်းဖက်မှုများကို တားဆီး ရေးသည် လူတစ်ဦး တစ်ယောက်နှင့်သာ သက်ဆိုင်သည်။

အဖြေ -(မှား)

၇။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ နေ့ကို.........ခုနှစ်မှ စတင် ကျင်းပခဲ့ကြပါသည်။

အဖြေ- (၂၀၀၆)

၈။ မည်သည့် လ မည်သည့် နေ့ သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများ နေ့ဖြစ်သနည်း။

အဖြေ - (Dec 3)

၉။ ကျားမ အခြေပြုအကြမ်း ဖက်မှုတွင် အောက်‌ဖော် ပြပါမည်သည်တို့ပါ၀င်သနည်း။

အဖြေ - (ဖော်ပြပါအချက်များအားလုံး)

၁၀။ အဖြေ - (၂၀၂၃ခုနှစ်၏ ၁၆ရက်တာလှုပ်ရှားမှုဆောင်ပုဒ်မှာ အမျိုးသမီး များနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုကာကွယ်ဖို့ရင်းနှီးမြှပ်နှံဆောင်ရွက်စို့)



Hello Youth Corner page ရဲ့ Follower တို့ရေ🙋‍♂️ Followers တို့အနေနဲ့GBVကိုကြားဖူးကြလားဗျ?။ တစ်ချို့ကကြားဖူးတဲ့သူရှိလိမ့်...
05/12/2023

Hello Youth Corner page ရဲ့ Follower တို့ရေ🙋‍♂️

Followers တို့အနေနဲ့GBVကိုကြားဖူးကြလားဗျ?။ တစ်ချို့ကကြားဖူးတဲ့သူရှိလိမ့်မယ် ။မကြားဖူးတဲ့သူလဲရှိမယ်။ဒီတော့ GBV ဆိုတာ Gender Base Violence လိုခေါ်တဲ့ “ကျားမအခြေပြု အကြမ်းဖက်မှု”ကိုပြောတာဖြစ်ပါတယ်။
ကျားမအခြေပြုအကြမ်းဖက်မှုဆိုတာ အမျိုးသမီးနဲ့ အမျိုးသား အကြားလူမှုရေးအရ သတ်မှတ်ချက်ကို အခြေခံကာ ထိခိုက်နစ်နာစေရန် ကျူးလွန်သည့် အပြုအမှု မှန်သမျှကို ဆိုလိုပါတယ်။ ကမ္ဘာပေါ်ရှိ အဆင့်အတန်း အမျိုးမျိုးမှ အမျိုးသမီး အားလုံး၏35% မှာအကြမ်းဖက်မှု ခံစားနေရသောကြောင့် ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်နေပါသည်။ ထို့အတွက်ကြောင့် အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အတွက် 16 Days of Activism လို့ခေါ်တဲ့ 16ရက်တာ လှုပ်ရှားမှု ကိုကမ္ဘာတစ်ဝှမ်းမှာ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

👉🏻16ရက်တာလှုပ်ရှားမှုဆိုတာ ဘာလဲ?

November 25 ကနေ December 10ရက်နေ့အထိ စုစုပေါင်း16ရက်တာ ကာလကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်း၊ စည်းရုံးလုံ့ဆော်ခြင်း နှင့် လှုပ်ရှားမှုပုံစံအမျိုးမျိုးဖြင့် နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်ခဲ့ကြပါသည်။16ရက်တာ လုပ်ရှားမှုကြီးကို ကုလသမဂ္ဂ၏ 54ကြီမ်မြောက် အထွေထွေညီလာခံမှ သတ်မှတ်ခဲ့သည့် November 25 ရက်နေ့ (အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအ‌ ပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ )မှ စတင်ပြီး December 10ရက်နေ့(အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့) အထိ ဖဲကြိုးဖြူများတပ်စဉ်ကာ လုပ်ရှား ဆောင်ရွက်ခဲ့ကြသည်။
နှစ်စဉ်နှစ်တိုင်း မတူညီသည့် ဆောင်ပုဒ်များဖြစ် ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ် 2023ရဲ့ ဆောင်ပုဒ်မှာ : Invest to Prevent Violence against Women & Girls " အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ကာကွယ်ဖို့ ရင်းနှီးမြုပ်နှံ ဆောင်ရွက်စို့" ဖြစ်ပါသည်။ အကြမ်းဖက်မှုကာကွယ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန် အရေးကြီးကြောင်းကို မီးမောင်းထိုးပြလျက်ရှိပါသည်။ အကြမ်းဖက်မှုသည် လူ့အခွင့်အရေးကို ကြီးမားစွာချိုးဖောက်နေခြင်းဖြစ်သည်။ အထူးသဖြင့်အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်ခြင်းသည် ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ကမ္ဘာပေါ်ရှိလူသားတိုင်းအားလုံးအနေဖြင့် အကြမ်းဖက်မှု ကာကွယ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းအား ဖြင့် အကြမ်းဖက်မှုကို ပပျောက်အောင်စုပေါင်းဆောင်ရွက်ကြ ရန်လွန်စွာအရေးကြီးလှ ပါသည်။


Edit သတ်မှတ်ချိန် ပြည့်သွားလို့ Form ပိတ်လိုက်ပါပြီဗျာHello Youth တို့ရေ🙋Welcome back to Quiz Session ❤️  ဒီနေ့ညရဲ့ Quiz...
04/12/2023

Edit သတ်မှတ်ချိန် ပြည့်သွားလို့ Form ပိတ်လိုက်ပါပြီဗျာ
Hello Youth တို့ရေ🙋

Welcome back to Quiz Session
❤️ ဒီနေ့ညရဲ့ Quiz Session လေးတော့ ကတော့ ပုံမှန်အတိုင်းမဟုတ်ဘဲ နဲနဲထူးခြားပါတယ်။ 😁16 Day of Activism လို့ခေါ်တဲ့ 16ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အနေနဲ့ Quiz Session လေးပြင်ဆင်ထားပါတယ်နော် ❤️
အမြန်ဆုံးနဲ့ အမှန် ဆုံးဖြေဆိုနိုင်သူ 15ယောက်အထိရွေးချယ်ပြီး ဖုန်းဘေလ် လက်ဆောင်3000 ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

Post ကို Like & Share လုပ်ပြီးဖြေဆိုနိုင်ပါတယ်

မေးခွန်းဖြေရန် 👇👇
https://docs.google.com/forms/d/e/1FAIpQLSchtcC0przRyMDGR2kLMvMv_LVWoGomf4FeVkPVcbWECVGIBA/viewform?usp=sf_link

ဖြေဆိုသူများအနေနဲ့ ဖုန်းနံပါတ်ကို သေချာစွာ ဖြည့်ပေးဖို့ရန်လိုအပ်ပါတယ်ဗျ🥰



04/12/2023

Hello youths ! 👋

Welcome back to Quiz Session.
[4.12.2023] SRHR Quiz လေး ဒီနေ့ည 8နာရီမှာ
ရှိပါတယ်‌‌နော်🤗။



Hello Youth တို့ရေ🙋🙋 (27.11.2023)နေ့တွင်ပြုလုပ်ခဲ့‌ သော် Pop Quiz အစီအစဥ်၌ အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေဆိုနိုင်သူ winner(1...
28/11/2023

Hello Youth တို့ရေ🙋🙋

(27.11.2023)နေ့တွင်ပြုလုပ်ခဲ့‌ သော် Pop Quiz အစီအစဥ်၌ အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေဆိုနိုင်သူ winner(10)ယောက်နဲ့ အဖြေမှန်များကိုကြေညာ ပေးသွားမှာဖြစ်ပါတယ်😍

Winner ရရှိသူများကို ဖုန်ဘေလက်ဆောင်ပေးအပ်သွားမှာဖြစ်ပြီး ဖုန်းဘေလက်ခံရရှိကြောင်း screenshotများကို page chat box သို့ပြန်လည်ပေးပို့ ဖို့မေတ္တာရပ်ခံပါတယ်။

1. သားအိမ်ခေါင်းကင်ဆာ အများစုသည် HPV (Human Papilloma Virus) ဟုခေါ်သော ကြွက်နို့ပိုးကြောင့် အဖြစ်များသည်။
အဖြေ မှန်

2.သားအိမ်ခေါင်းကင်ဆာသည် သားအိမ်ခေါင်းဝအရည်ကြည်ကို စစ်ဆေး၍ စောစီးစွာသိလျှင် လုံးဝပျောက်ကင်းအောင်ကုသနိုင်သည်။
အ​ဖြေ မှန်

3.HPV ပိုးကူးစက်ခံရပြီး သည်နှင့်တစ်ပြိုင်နက် သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများအား ချက်ချင်းခံစားနေရပြီဖြစ်သည်။
အ​​ဖြေ မှား
(HPV ပိုးကူးစက်ခံရပြီး သည်နှင့်တစ်ပြိုင်နက် သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများ ချက်ချင်းမပြသေးဘဲ နှစ်အတန်မှကြာမှ ကင်ဆာအဆင့် သို့ပြောင်းပြီး ရောဂါလက္ခဏာများ ပြတက်ပါသည်။)

4.ကွန်ဒုံးသည် HPV ကူးစက်ခြင်းကို အပြည့်အဝကာကွယ်ပေးနိုင်ပါသည်။
အဖြေ မှား
(ကွန်ဒုံးသည် HPV ကူးစက်ခြင်းကို အပြည့်အဝ မကာကွယ်ပေးနိုင်ပါ။)

5.သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန် အကောင်းဆုံးအသက်အပိုင်းအခြားမှာ အသက်9 နှစ်မှ 13နှစ်အတွင်းဖြစ်သည်
အဖြေ မှန်


edit သတ်မှတ်ချိန်ပြည့်သွားလို့ Form ပိတ်လိုက်ပါပြီဗျာHello Youth တို့ရေ 🙋🙋 Welcome back to Pop Quiz Session (27.11.2023)...
27/11/2023

edit သတ်မှတ်ချိန်ပြည့်သွားလို့ Form ပိတ်လိုက်ပါပြီဗျာ

Hello Youth တို့ရေ 🙋🙋

Welcome back to Pop Quiz Session (27.11.2023)

post ကို like & share လုပ်ပြီး ဖြေဆိုနိုင်ပါသည် 😘

မေးခွန်းများဖြေဆိုရန်

https://docs.google.com/forms/d/e/1FAIpQLSdR-sjQNWPjQvf_gi85pwULJx4aedezfe-vjs-kFUb1j-2R1w/viewform?usp=sharing

အချိန် ၁ နာရီအတွင်းမှာ အမြန်ဆုံး နှင့် အမှန်ဆုံး ဖြေဆိုသူ(၁၀)ယောက်အား ဖုန်းဘေလ် ၂၀၀၀ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ် 😍

ဖြေဆိုတဲ့သူတိုင်း ဖုန်းနံပါတ်ကို မှန်ကန်စွာဖြည့်ပေးဖို့လိုအပ်ပါတယ်ဗျာ



Hello youths ! 👋Welcome back to Quiz Session.[27.11.2023] SRHR Quiz လေး ဒီနေ့ည 8နာရီမှာ ရှိပါတယ်‌‌နော်🤗။
27/11/2023

Hello youths ! 👋

Welcome back to Quiz Session.
[27.11.2023] SRHR Quiz လေး ဒီနေ့ည 8နာရီမှာ
ရှိပါတယ်‌‌နော်🤗။



Hello Youth တို့ရေ🙋🙋 (13.11.2023)နေ့တွင်ပြုလုပ်ခဲ့‌ သော် Pop Quiz အစီအစဥ်၌ အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေဆိုနိုင်သူ winner(1...
14/11/2023

Hello Youth တို့ရေ🙋🙋

(13.11.2023)နေ့တွင်ပြုလုပ်ခဲ့‌ သော် Pop Quiz အစီအစဥ်၌ အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေဆိုနိုင်သူ winner(10)ယောက်နဲ့ အဖြေမှန်များကိုကြေညာ ပေးသွားမှာဖြစ်ပါတယ်😍

Winner ရရှိသူများကို ဖုန်ဘေလက်ဆောင်ပေးအပ်သွားမှာဖြစ်ပြီး ဖုန်းဘေလက်ခံရရှိကြောင်း screenshotများကို page chat box သို့ပြန်လည်ပေးပို့ရန် မေတ္တာရပ်ခံအပ်ပါတယ်

1. အပျိုဖော်၀င်ပြီးသော မိန်းက‌လေး များတွင် တစ်လတစ်ကြိမ် သားအိမ်မှ သွေးဆင်း ခြင်းကို ရာသီလာခြင်း ဟုခေါ်ပါသည်။
အဖြေ မှန်

2. ဓမ္မတာ စတင်လာပြီး မိန်းက‌‌လေးများသည် လိင်မှုဆိုင်ရာဖွံ့ဖြိုးမှုစတင်ပြီဖြစ်ပြီး ကိုယ်၀န် ရှိနိုင်၊ကလေးမွေးဖွားနိုင်ပြီဖြစ်သည်။
အဖြေ မှန်

3.ရာသီလာနေသည်ကို အခြားသူများကိုမပြောပြရ၊ရှက်စရာကောင်းသည်။
အဖြေ မှား
(ကမ္ဘာပေါ်တွင်ရှိသော အမျိုးသမီး အားလုံး အတွက် ရာသီလာခြင်း ကိုရှောင်လွှဲ၍မရပါ။မျိုးဆက်ပွားကျန်းမာရေး ၏ သဘာ၀ဖြစ်သောကြောင့် ကျန်းမာရေးအသိအမြင်ဖြင့် တွေးခေါ်နားလည် ပေးရမည် ဖြစ်သည် ရှက်စရာ မဟုတ်ပါ)

4. ရာသီလာနေချိန်တွင် အကာအကွယ်မဲ့ လိင်ဆက်ဆံပါက ကိုယ်၀န်ရနိုင်ပါသည်။
အဖြေ မှန်
(အဖိုသုတ်ပိုးသည် အမျိုးသမီး၏ ခန္ဓာကိုယ်ထဲတွင် ၅ရက်ကြာ အသက်ရှင်နေထိုင်နိုင်သည့် အတွက် အကာအကွယ် မဲ့ လိင်ဆက်ဆံပါက ဖြစ်နိုင်ခြေ နည်းသည့်တိုင် ကိုယ်၀န်ရသွားနိုင်ပါသည်)

5. ဖိုသုတ်ပိုးသည် အမျိုးသမီး၏ ခန္ဓာကိုယ်တွင်(၅)ရက်ကြာ အသက်ရှင်နေထိုင်နိုင်သည်။
အဖြေ မှန်


Address

Lashio

Opening Hours

Monday 09:30 - 16:00
Tuesday 09:30 - 16:00
Wednesday 09:30 - 16:00
Thursday 09:30 - 16:00
Friday 09:30 - 16:00

Telephone

+959456347411

Website

Alerts

Be the first to know and let us send you an email when Youth Corner Lashio Shan State " posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share