01/10/2026
Czech lam sang zomnuamte ading
ကျနော် ကျောင်းသားတွေ "လာပါ လာပါ" လို့တော့ မခေါ်ချင်ပါဘူး။ ဘာလို့ဆို ကျောင်းပြီးရင် အလုပ်မရတာတွေ၊ ဒုက္ခရောက်မှာတွေကို ကြိုတွေးပူပေးမိလို့ပါ။ ပုံမှန် စားသောက်ဆိုင်၊ fast food အလုပ်တွေကတော့ ဒီမှာ အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်သက်လုံး ဒါတွေပဲ ထိုင်လုပ်နေလို့တော့ အဆင်မပြေနိုင်ပါဘူး။
ပြောချင်တာက ဒီကိုလာဖို့ ပြင်ဆင်နေပေမဲ့ အချိန်မရတဲ့သူတွေကို ကျနော်လည်း တစ်ဖက်တစ်လမ်းကနေ ကျောင်းတက်ရင်း အားတဲ့အချိန် ကူညီ Service ပေးချင်ပါတယ်။
ဘယ်လိုလူတွေကို ပိုလက်ခံချင်လဲဆိုရင် —
MOFA (နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံချက်) ယူဖို့ ခက်ခဲနေတဲ့သူတွေ
မြန်မာပြည်ပြန်ပြီး စာရွက်စာတမ်း ပြန်လုပ်ဖို့ ခက်ခဲနေတဲ့သူတွေ
ဘာမေဂျာတွေ တက်ချင်လဲဆိုတာ လမ်းပျောက်နေတဲ့သူတွေကို သေချာတိုင်ပင်ဆွေးနွေးပေးပြီး Prague သို့မဟုတ် Brno အထိ ရောက်အောင် ကူညီပေးဖို့ပါပဲ။
ပွင့်ပွင့်လင်းလင်း ပြောရရင် အခု အောက်တိုဘာ (October) ကတည်းက ကျောင်းတွေ စရှာ၊ စလျှောက်မှ နောက်နှစ် စက်တင်ဘာ (September Intake) ကို သေချာမီနိုင်မှာမို့ ဝန်ဆောင်မှုတွေကို အခုကတည်းက စတင်လက်ခံပေးပါမယ်လို့ ကြေညာပါရစေခင်ဗျာ။ (ဖေဖော်ဝါရီ / Feb Intake ကတော့ ဖွင့်တဲ့ မေဂျာအတန်းတွေ ရှားတာမို့ လာချင်တယ်ဆိုရင်လည်း သေချာ ကူရှာပေးပါမယ်။)
စိတ်ဝင်စားတယ်ဆိုရင် Page Messenger ကနေဖြစ်စေ၊ Whatsapp ကနေဖြစ်စေ အသေးစိတ် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
မှတ်ချက် — Reply တွေကိုတော့ အတတ်နိုင်ဆုံး မြန်အောင် ပြန်ပေးပါမယ်။ ကျနော့်ဘက်ကလည်း အတန်းချိန်နဲ့ အလုပ်ချိန်တွေ ရှိတာမို့ တချို့အချိန်တွေမှာ နည်းနည်းလေး ကြာသွားနိုင်တာကိုတော့ ကြိုပြီး အသိပေး နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။